စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, March 20, 2012

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကို သမ္မတဦးသိန်းစိန်က မတ်လ ၁၉ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန် ပြဌာန်းလိုက်


၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကို သမ္မတဦးသိန်းစိန်က မတ်လ ၁၉ ရက်နေ့ ရက်စွဲနဲ့
ထုတ်ပြန် ပြဌာန်းလိုက်ကြောင်း ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ဥပဒေထဲမှာတော့ လူတဦးချင်းစီရဲ့ ပျမ်းမျှပြည်တွင်း အသားတင် ထုတ် လုပ်မှုတန်ဘိုး (Per Capita GDP) ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်
က ကျပ် ၇ သိန်း ၄ သောင်းကျော် ရှိခဲ့ရာက လာမယ့် ဘဏ္ဍာရေးနှစ်မှာ ၈ သိန်း ၄ သောင်းနီးပါး ရလာဖို့
မျှော်မှန်းထားပါတယ်။ ဒါအပြင် ပြည်ပပို့ကုန်ကို ကျပ်ငွေ သန်းပေါင်း ၉၂ သန်းကျော် တင်ပို့ဖို့နဲ့
ပြည်ပတင်သွင်းကုန်ကို ကျပ်ငွေသန်းပေါင်း ၆၅ သန်းကျော် တင်သွင်း ဖို့ကိုလည်း မျှော်မှန်းထားတာပါ။ ဒီစီမံကိန်းတွေနဲ့ပတ်သက်ပြီးတော့လည်း အရင် အေးချမ်ဖြိုးကောင်စီလက်ထက်နဲ့ ဒီအစိုးရ သစ် လက်ထက် ချမှတ်ခဲ့တဲ့ စီမံကိန်းတွေကို လေ့လာဆန်းစစ်ပြီး နိုင်ငံသားတွေရဲ့ အကျိုးစီးပွားဖြစ်ထွန်းမှုမရှိတဲ့ စီမံကိန်းတွေကို ငြင်းပယ်၊ ဆိုင်းငံ၊ လျော့ချ ဆောင်ရွက်မယ်လို့လည်း အတိအလင်းဖော်ပြထားပါတယ်။

0 comments: