စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, March 14, 2012

အစိုးရ၀န်ထမ်းများ ဧပြီ ၁ ရက်မှစ၍ အပိုထောက်ပံ့ကြေး တစ်လ သုံးသောင်းနှင့် နေ့စားလုပ်သားများ တစ်ရက်လုပ်ခ တစ်ထောင်ကျပ် ထပ်မံတိုးမြှင့်ခံစားခွင့်ရ

လာမည့် ဧပြီ ၁ ရက်မှ စတင်၍ တပ်မတော်သားများအပါအ၀င် အစိုးရ၀န်ထမ်းများအားလုံး၏ စားဝတ်နေရေး သက်သာချောင်လည်မှုရှိစေရန် လက်ရှိလစာအပြင် အပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် ကျပ် သုံးသောင်းနှင့် အစိုးရဌာနများနှင့် အဖွဲ့အစည်းများရှိ နေ့စားအလုပ်သမားများ၏ လုပ်ခကို ယခင် ၁၁၀၀ ကျပ်မှ ထောက်ပံ့ကြေး တစ်ထောင်ကျပ်တိုး၍ ၂၁၀၀ ကျပ်တိတိ ထပ်မံ ခံစားခွင့်ပြုမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

နိုင်ငံ့တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများအား အပိုထောက်ပံ့ကြေးခံစားခွင့်ပြုခြင်းခေါင်းစဉ်ဖြင့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးက မတ်လ ၁၄ ရက်၊ ရက်စွဲဖြင့်ကြေညာစာအမှတ် ၁၀၀/ ၂၀၁၂ ဖြင့် နိုင်ငံတော်အတွင်း နိုင်ငံ့တာဝန်ထမ်းဆောင်နေသော ၀န်ထမ်းများ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) ၀န်ထမ်းများကို စားဝတ်နေရေးသက်သာချောင်လည်မှု ရှိစေရန်အတွက် လက်ရှိလစာအပြင် အပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် တစ်လကျပ်သုံးသောင်းတိတိနှင့် အစိုးရ ဌာနများနှင့် အဖွဲ့အစည်းများရှိ နေ့စားအလုပ်သမားများ၏ လုပ်ခကို အလုပ်ချိန် တစ်နေ့ ၈ နာရီအတွက် လက်ရှိသတ်မှတ်ထားသော လုပ်ခ ၁၁၀၀ ကျပ်အပေါ်တွင် အပို ထောက်ပံ့ကြေး ကျပ် ၁၀၀၀ တိတိကို ထပ်မံခံစားခွင့်ပြုမည်ဖြစ်၍ နေ့စားအလုပ်သမားမှာ တစ်နေ့ လုပ်ခ ၂၁၀၀ ကျပ်တိတိကို ၂၀၁၂၊ ဧပြီ ၁ ရက်မှ စတင်ခံစားခွင့်ပြုလိုက်ကြောင်း MRTV-4 တွင် ယနေ့နေ့လယ်တွင် ကြေညာသွားသည်။
7Day News Journal

0 comments: