စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, March 18, 2012

မြစ်ကြီးနားမြို့ တန်ဖဲကျေးရွာရှိ ဒေသခံများကို မတ်လ(၁၇)ရက်နေ့တွင် အပြီးပြောင်းရွှေ့ပေးရန် လက်မှတ်ထိုးခိုင်းထားသဖြင့် တစ်ရွာလုံးနီးပါး ပြောင်းရွှေ့ခဲ့ရကြောင်း သိရ




မြစ်ကြီးနားမြို့နယ် တန်ဖဲကျေးရွာရှိ ဒေသခံများကို ၂၀၁၂ မတ်လ ၁၇ရက်နေ့ နောက်ဆုံးထားပြီး ပြောင်းရွှေ့နေထိုင်ကြရန် ခရိုင်မှ တာဝန်ရှိသူများနဲ့ အခြားဌာနများမှ တာဝန်ရှိသူတစ်ချို့က လက်မှတ်ထိုးခိုင်းထား သောကြောင့် ရွာသားအများစု လက်မှတ်ထိုးခဲ့ပြီး တစ်ရွာလုံးနီးပါး ပြောင်းရွှေ့ခဲ့ရကြောင်း ဒေသခံများထံမှ သိရှိရသည်။

၂၀၁၂ ခုနှစ် မတ်လ ၆ ရက်နေ့က တန်ဖဲကျေးရွာသို့ တာဝန်ရှိသူများမှ မွန်းလွဲ ၃ နာရီအချိန်ခန့်တွင် ကားများဖြင့် ရောက်ရှိလာပြီး ကျေးရွာတွင် နေထိုင်နေသည့် ဒေသခံများကို ခရိုင်အုပ်ချုပ်ရေးမှုးရုံးသို့ ခေါ်ဆောင်သွားပြီး ပြောင်းရွှေ့ပေးရန် လက်မှတ်ထိုးခိုင်းခဲ့ကြောင်း သိရှိရသည်။ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဒေသခံတစ်ဦးက "မတ်လ ၆ ရက်နေ့က ရွာထဲမှာရှိတဲ့အိမ်တွေမှာ နေထိုင်ကြတဲ့သူတွေကို တာဝန်ရှိသူတွေက တစ်အိမ်တက် တစ်အိမ်ဆင်းပြီးတော့ ရှိနေတဲ့သူတွေကို အပြင်ကိုထုတ်ပြီးတော့ ဓါတ်ပုံရိုက်တယ်ပြီးတော့ ကားပေါ်ကိုခေါ်တင်တယ် အားလုံးပေါင်း ဒေသခံ(၂၂)ယောက် ပါသွားတယ်။ ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှာ ဒေသခံအကုန်လုံးကို မတ်လ (၁၇)ရက်နေ့မှာ မိမိအိမ်ကို ဖျက်သိမ်းပြီးတော့ နောက်ဆုံးထွက်သွားရမယ်။ ပစ္စည်းတွေကို Asia World ကုမ္ပဏီကားတွေနဲ့ သယ်ပေးမယ် တကယ်လို့ အဲ့နေ့မှာ မပြောင်းဘူးဆိုရင် တည်ဆဲဥပဒေ ပုဒ်မ(၁၈၈)နဲ့ အရေးယူခံရမယ်လို့ သိရှိပြီးကြောင်း လက်မှတ်ထိုးခိုင်းတယ်။ ဒါပေမယ့် ကျွန်တော်တို့က မထိုးချင်ဘူး။ အဲ့နေ့မထိုးဘူးဆိုရင် ကျွန်တော်တို့ ဒီထက်ပိုပြီးတော့ မဖြစ်သင့်တာတွေ ဖြစ်လာနိုင်တယ်လို့ ယူဆတဲ့အတွက် အားလုံးက ထိုးပေးခဲ့ပါတယ်။ ဒါကြောင့် ဒေသခံတွေက မတ်လ (၁၇)ရက်နေ့ မတိုင်ခင်မှာ ကိုယ့်ရဲ့ အိမ်ကိုဖျက်ပြီး ပြောင်းရွှေ့တဲ့သူတွေ ရှိသလို အိမ်ကိုထားခဲ့ပြီးတော့ အတွင်းပစ္စည်းတွေကို သယ်တဲ့သူက သယ်ပြီး ပြောင်းလိုက်ပါတယ်။ အကယ်မပြောင်းပဲနဲ့ နေရင် သိရှိပြီးကြောင်းလက်မှတ်ထိုးထားတဲ့အတိုင်း အရေးယူခံရမှာလည်း ကြောက်တယ်။ ဒါ့အပြင် မတ်လ ၆ ရက်နေ့ကလို လာပြီးခေါ်သွားမှာလည်း ကြောက်တယ်။ အဲ့ဒီလိုအချက်တွေကြောင့် တစ်ရွာလုံးက ကိုယ့်ရဲ့ရွာလေးကို မပြောင်းချင်ပေမယ့်လည်း ပြောင်းပေးခဲ့ရတာပါ" ဟု ၄င်းက လက်ရှိအဖြစ်ပျက်များကို ပြောပြခဲ့သည်။

ထို့ပြင် မတ်လ ၁၃ ရက်နေ့က တန်ဖဲကျေးရွာ အ၀င်၊ ကျေးရွာ အထွက်နဲ့ အလယ်တွင် "အစိုးရမြေ ကျူးကျော်ခြင်း မပြုရ၊ ကျူးကျော်ပါက တည်ဆဲဥပဒေအရ အရေးယူခံရမည်" စသည့် ဆိုင်းဘုတ် များ ထားရှိ ထားခြင်း ကြောင့် ဒေသခံများ စိုးရိမ်မူပိုမိုခဲ့ကြောင်း သိရသည်။သက်ဆိုင်ရာမှ တန်ဖဲကျေးရွာရှိ ဒေသခံများနေထိုင်သည့် အိမ်ဟောင်းများကိုလည်း မတ်လ (၁၇)ရက်နေ့ နောက်ဆုံးထား ဖျက်သိမ်းပေး ရန် အကြောင်းကြား ထားသော်လည်း ဒေသခံအများစုမှာ သက်ဆိုင်ရာများသို့ အသနားခံလွှာ တင်ထားသဖြင့် အများစုမှာ အိမ်များကို မဖျက်သိမ်းပဲ ထားရှိထားကြောင်း သိရသည်။ ထို့ပြင် သက်ဆိုင်ရာမှ တန်ဖဲကျေးရွာရှိ ဒေသခံများကို မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်း ရေ၀ပ်ဧရိယာတွင် ပါဝင်သော ကျေးရွာသူ ကျေးရွာသားများ ပိုင်ဆိုင်သည့် စားပင် သီးပင်၊ နှစ်ရှည်ပင်၊ သစ်တော သစ်ပင်များအတွက် ဒေသပေါက်ဈေးနှုန်းထက် ပိုမိုသော ဈေးနှုန်း များဖြင့် နစ်နာကျေးများအား ကျေးရွာသူ ကျေးရွာသားများ မကျေနပ်စွာ လက်ခံရရှိပြီးဖြစ်ကြောင်း ကတိဝန်ခံချက်နှင့် ပတ်သက်ပြီး ဒေသခံတစ်ဦးက "သက်ဆိုင်ရာက အဲ့ဒီလိုပြောပြီး ထုတ်ပြန်ထားပေမယ့် ဒေသခံအများစု စားပင်သီးပင်နဲ့ ပတ်သက်တဲ့ လျော်ကြေးအနေနဲ့ပဲ ရရှိထားတယ်။ အချို့ဆိုရင် နှစ်ရှည်ပင်တွင်အတွက် လုံးဝမရရှိပါဘူး။ ဒေသခံတွေ အားလုံးနီးပါးက ဒီနေရာကနေ မပြောင်းချင်တဲ့။ အဓိကအချက်က စီးပွားရေးလုပ်ကိုင်လို့ အဆင်ပြေတယ်။ စားဝတ်နေရေး အဆင်ပြေတယ်။ အခုပြောင်းရွှေ့နေရမယ့် အောင်မြေသာနေရာက စားပင်သီးပင်တွေကို စိုက်လို့ မရဘူး။ မြေဆီလွှာမကောင်းဘူး။ စိုက်တဲ့သီးနှံတွေအားလုံး မရှင်သန်ဘူး။ မြေတွင် အားလုံးအောက်မှာက ကျောက်ခဲတုံးတွေပဲ ရှိပါတယ်။ ဒါကြောင့်အိမ်တွေထားပြီးတော့ အောင်မြေသာမှာ လာနေတဲ့ ဒေသခံတွေက တန်ဖဲကျေးရွာမှာ ပြန်ပြီး လုပ်ကိုင်စားသောက်တယ်။ ညဘက်မှာ အောင်မြေသာ မှာပြန်ပြီး အိပ်ကြတယ်။ အဲ့ဒီလို နေထိုင်လို့ရတယ်ဆိုတာကိုလည်း စစချင်းပြောင်းလို့ ပြောတဲ့နေ့မှာ သက်ဆိုင်ရာက တာဝန်ရှိသူတွေက အဲ့ဒီလိုလုပ်လို့ ရတယ်လို့ ပြောလို့ လုပ်ကြတယ်။ နောက်တစ်ဆင့်ကြတော့ လုံးဝနေလို့ မရဘူး။ ဖယ်ခိုင်းတယ်။ စီးပွားရေး သွားလုပ်တဲ့သူတွေကို ကားပေါ်ခေါ်တင်ပြီးတော့ ခံဝန်ကတိတွေ ထိုးခိုင်းပါတယ်။ ဒေသခံတွေက အမျိုးမျိုးစိုးရိမ်မူတွေကြောင့် ပြောင်းပြီးနေထိုင်ရတာပါ" ဟု ပြောကြားခဲ့သည်။

တန်ဖဲကျေးရွာမှ အောင်မြေသာစည်ကျေးရွာသို့ ပြောင်းရွှေ့နေထိုင်ရာတွင် သက်ဆိုင်ရာမှ ဆန်တစ်နှစ်စာအတွက် တစ်ဦးလျှင် (၇) ပြည်နှုန်း၊ အိမ်ထောင်စု တစ်စုလျှင် ငွေကျပ်တစ်သိန်းနှင့် ရုပ်မြင်သံကြားစက် တစ်လုံး စီမံပေးထားသော်လည်း ဒေသခံများမှာ ရေရှည်တွင် စားဝတ်နေရေး အခက်ခဲရှိနှိုင်ကြောင်း သိရှိရသည်။ အောင်မြေသာစံပြကျေးရွာတွင် တန်ဖဲကျေးရွာ၊ မြစ်ဆုံကျွေးရွာ၊ ပဒန်ကျေးရွာ၊ မလိယန်ကျေးရွာရှိ ဒေသခံ များဖြစ်ကြောင်း သိရှိရသည်။ တန်ဖဲကျေးရွာတွင် အိမ်ထောင်စု (၁၇၄)၊ လူဦးရေ (၁၀၇၅)ယောက်နေထိုင်လျှက်ရှိကြောင်း သိရသည်။

Eleven Media Group

0 comments: