စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, March 15, 2012

ဝန်ကြီးဋ္ဌာနမှ ဂျာနယ်သို့ တရားစွဲလာလျှင် အထောက်အထားဖြင့် ပြန်တုံ့ပြန်သွားမည်ဟု The Voice ဂျာနယ်မှဆို




မတ်လ ၁၄၊ ၂၀၁၂၊ (YPI)

The Voice weekly ဂျာနယ်မှ သတ္တုတွင်း ၀န်ကြီးဌာနမှ ဋ္ဌာနနှင့်ပတ်သက်သည့် ရေးသားချက် မှန်ကန်မှုမရှိသဖြင့် ထုတ်ဝေသူနှင့် သတင်းရေးသားသူတို့အား ဥပဒေကြောင်းအရ ဆောင်ရွက်သွားမည်ဟု ကြေငြာချက်အပေါ် အထောက်အထား ခိုင်ခိုင်မာမာဖြင့် တုံ့ပြန်သွားမည်ဖြစ်ကြောင်း The Voice Weekly မှ အမှုဆောင် အယ်ဒီတာ ဦးကျော်ဆန်းမင်းက ပြောသည်။

“ကျွန်တော်တို့က သတင်းပိုင်းနှင့် ပတ်သက်ရင် အထောက်အထား မခိုင်လုံရင် မရေးဘူး၊ Attribution (ရည်ညွှန်းကိုးကားခြင်း) မရရင် မရေးဘူး၊ ဒါနဲ့ပတ်သတ်ပြီး အချက်အလက် စာရွက်စာတမ်း တွေလည်းရှိတယ်” ဟု ၎င်းက YPI သို့ပြောသည်။

မတ်လ ၁၂-၁၈ ရက်စွဲပါ The Voice Weekly ဂျာနယ် ရှေ့စာမျက်နှာတွင် “၀န်ကြီးဌာနအချို့ ကျပ်သိန်းထောင်ချီအလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ” ဟူသောခေါင်းစဉ်ဖြင့် သတ္တုတွင်း ၀န်ကြီးဋ္ဌာန၏ အလွဲသုံးစားလုပ်မှုနှင့် ပတ်သတ်၍ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောဆိုချက် အပေါ်အခြေခံကာ ရေးသားထားခြင်းဖြစ်သည်။

အဆိုပါငွေအလွဲသုံးစားလုပ်မှုနှင့်ပတ်သက်သည့် ရေးသားချက်တွင် ၀န်ကြီးဋ္ဌာန ၅ခု ပါဝင်ပြီး ပြည်ထောင်စုစားရင်းစစ်ချုပ်ရုံးမှ စစ်ဆေးတွေ့ရှိသဖြင့် ပြည်သူ့လွှတ်တော် ကော်မတီသို့ အစီရင်ခံစာပေးပို့ခဲ့သည်ဟု ပါရှိသည်။

ယင်းအစီရင်ခံစာကို ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် တင်ပြဆွေးနွေးသွားမည် ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ ပြောကြားချက်အပေါ်အခြေခံ ရေးသားထားခြင်းဖြစ်သည်။

ရေးသားချက်နှင့်ပတ်သတ်၍ မှန်ကန်မှု မရှိကြောင်းသတ္တုတွင်းဝန်ကြီးဌာနက ဥပဒေကြောင်းအရ ဆောင်ရွက်သွားမည် ဟု ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် ကြေငြာထားသော်လည်း ဂျာနယ်တိုက်သို့ ယခုအချိန်ထိအကြောင်းကြားလာ ခြင်းမရှိသေးဟု ဦးကျော်ဆန်းမင်းကဆက်ပြောသည်။

“သူတို့ကအခုအထိ ဘာမှအကြောင်းမကြားတော့ ကျွန်တော်တို့လည်း အခုအထိဘာမှမပြင်ဆင်ရသေးဘူး၊ သူတို့ရဲ့တုံ့ပြန်မှု အပေါ်မူတည်မူတည်တယ်၊ ကျွန်တော်တို့မှာ စွပ်စွဲရေးသားချက်မရှိဘူး၊ confirm (အတည်ပြုချက်) လုပ်လို့ရတဲ့ အချက်အလက်တိုင်းကို ပြန်တင်ပြတာပါ”ဟု ၎င်းကဆက်ပြောသည်။

သတ္တုတွင်းဝန်ကြီးဌာန၏ ငွေကြေးအလွဲသုံးစားလုပ်ခြင်းနှင့်ပတ်သက်၍ The Voice Weekly မှ ရေးသားဖေါ်ပြထားရာတွင် မုံရွာကြေးနီစီမံကိန်းဧ။်အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းအားဒေါ်လာသန်းတစ်ရာဖြင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်သို့ ရောင်းချခဲ့သည့်ဖြစ်စဉ်တွင်
 ငွေပေးချေမှုများ၌ ဦးပိုင်လီမိတက်က ပေးချေရမည့်အစား နိုင်ငံခြားကုမ္ပဏီတစ်ခုက ပေးချေခဲ့သည့် ဖြစ်စဉ်များပါရှိသည်ဟု
 ဖေါ်ပြရေးသားထားသည်။

အဆိုပါသတင်းကို ဂျာနယ်တွင် မဖော်ပြမီ စာပေစိစစ်ရေးမှ ခွင့်ပြုချက်ရရှိ ထားခြင်းရှိ မရှိ မေးမြန်းရာ ၎င်းအနေဖြင့် ဖြေကြားပေးခြင်း မပြုနိုင်ကြောင်း သတင်းနှင့်ပတ်သတ်၍ ဖြေကြားပေးသည့် သတင်းအရင်းအမြစ်များကိုလည်း ဂျာနယ်မှ တမင်လျို့ဝှက်ပေးထားခြင်းဖြစ်သည်ဟုဆိုသည်။

ဂျာနယ်မှရေးသားထားသည့် ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှုပြုလုပ်ခဲ့သည့် ၀န်ကြီးဌာနများမှာ ပြန်ကြားရေး ၀န်ကြီးဌာန၊သတ္တုတွင်း ၀န်ကြီးဌာန၊လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အမှတ် (၁) စက်မှု ၀န်ကြီးဌာနနှင့် အမှတ်(၂) စက်မှုဝန်ကြီးဌာနတို့လည်း ပါဝင်သည်။


အထက်ပါသတင်းကို သတင်းထောက်တဦးက ရေးသားထားခြင်းဖြစ်ပြီး သတ္တုတွင်း ၀န်ကြီးဌာနမှ တရားစွဲဆိုလာပါက တာဝန်ရှိသည့် အယ်ဒီတာများသာ အဆင့်ဆင့် တာဝန်ယူဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်။

ဂျာနယ်များနှင့် ဌာနဆိုင်ရာအချို့ ဥပဒေကြောင်းအရ ဖြေရှင်းလာခြင်းနှင့်ပတ်သတ်၍ အပတ်စဉ်ထုတ် ဂျာနယ် တစောင်ဖြစ်သည့် မော်ဒန် ဂျာနယ်ကိုလည်းသပိတ်ကျဉ်းမြို့နယ်အတွင်း ကားလမ်းများပျက်စီးနေမှု အကြောင်းရေးသားသည့် ဆောင်းပါးနှင့်ပတ်သက်၍ သပိတ်ကျဉ်း မြို့နယ်ဆောက်လုပ် ရေးအင်ဂျင်နီယာဒေါ်နွဲ့နွဲ့ရီက ကတာဝန်ခံအယ်ဒီတာနှင့်သတင်းထောက်တို့အား အသရေဖျက်မှု ၊အားပေးကူညီမှုနှင့် တရားစွဲဆိုထားသည်။

အဆိုပါ ဂျာနယ်များရေးသားချက်နှင့် ပတ်သက်၍ ဋ္ဌာနဆိုင်ရာတို့ ဥပဒေကြောင်းအရ ရင်ဆိုင်လာခြင်းနှင့်ပတ်သက်၍ တရား လွှတ်တော်ရှေ့နေ တဦးဖြစ်သူ ဦးသန်းညွန့်က “ရေးတဲ့အခါ အချက်အလက်မှန်ဖို့ အရေးကြီးတယ် ၊ကိုယ်ကမမှန်တာရေးတာမဟုတ်ဘူး၊ မှန်ကြောင်းအထောက်အထားပြနိုင်ရင် တရားစွဲလာရင်တောင် ကိုယ်ကရှင်းလို့ရတယ်”ဟု မှတ်ချက်ပေးပြောဆိုသည်။ ။

  Yangon Press International

0 comments: