စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, March 15, 2012

အငြင်းပွား ကျွန်း အမှု မှာ ဘင်္ဂလား ဒေရှ် အနိုင်ရ


သမိုင်းကြောင်း အရ မြန်မာ က အစဉ် အဆက် ပိုင်ခဲ့ တဲ့ ဘင်္ဂလား ပင်လယ်အော်ထဲ က ကျွန်းကို
ဘင်္ဂလားဒေရှ် ပိုင်စေ ဆိုပြီး နိုင်ငံ တကာ ပင်လယ်ရေကြောင်း တရား ရုံး က ဒီနေ့  ညနေ မှာအမိန့် 
ချမှတ် လိုက် ပြီ ဖြစ်ပါတယ်။

ဂျာမဏီ နိုင်ငံ ဟမ်းဘတ် မှာ ရုံးထိုင် တဲ့ တရား ရုံးရဲ့  ဆုံးဖြတ်ချက် အရ ဘင်္ဂလားဒေရှ် နိုင်ငံ ဟာ
ဒီကျွန်းမှာ တပ်စွဲထားခွင့် ၊ ရေနံ စတဲ့သဘာဝ တွင်းထွက် ထုတ်လုပ် ခွင့် ၊ ရေပိုင်နက် အတွင်း ငါးဖမ်းပိုင်
ခွင့် နဲ့  ၎င်း တို့  ရဲ့  မြေပုံထည့်ကို ထည့်သွင်း ခွင့် စတာ တွေ ပါ တစ်ပါတည်း ရ မယ် လို့  တရား ရုံး
ဆုံး ဖြတ် ချက် မှာ ဖော်ပြထားပါတယ်။

၁၉၉၀ ပြည့်လွန် နှစ် တွေ အထိ မြန်မာ စစ်တပ်က ဒီကျွန်းမှာ တပ် ဆွဲ ခဲ့ ဖူးတယ် လို့  စစ်တွေ မြို့  က
အငြိမ်းစား အထက် တန်း ကျောင်း အုပ်ကြီး ဦးစိုးတင့် က FNG ကို ပြောပါတယ်။ နောက်ပိုင်း မှာ
တော့ နှစ် နိုင်ငံ ဆက်ဆံရေး ဟာ ဒီကျွန်း နဲ့  ပတ်သက် ပြီး တင်းမား လာတာကြောင့် ရေတပ် စစ်
သင်္ဘော တွေ ၂၀၀၉ ခုနှစ်မှာ အပြန်အလှန် စေလွှတ် ခဲ့ ကြ ပါတယ်။

ဒီအငြင်းပွား တဲ့ ကျွန်းဟာ စစ်တကောင်း မြစ်ဝ နဲ့  ၂၈၀ ကီလိုမီတာ ကွာဝေး ပါတယ်။

Myanmar, Bangladesh, Island,Dispute, Water Territory , maritime

The court of International Tribunal for the Law of the Sea

Related articles

Freedom News Group

    0 comments: