စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, March 14, 2012

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရုပ်သံဟောပြောချက် မိန့်ခွန်းတစ်ချို့ဖြုတ်ပယ်ခဲ့ဟုဆို



ယနေ့ညတွင်ထုတ်လွှင့်မည့်် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီမူဝါဒဟောပြောချက် မိန့်ခွန်းတွင် အချို့စာပိုဒ်များအား ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အချိန်အခက်အခဲကြောင့်ဖြုတ်ပယ် ခဲ့ရကြောင်းဟု ယနေ့ ပြုလုပ်သော မြန်မာနိုင်ငံဆိုင်ရာမူဝါဒညှိနှိုင်းရေးမှုး ဒဲရစ်မစ်ချယ်လ်နှင့် တွေ့ဆုံပြီးတွင် သတင်းထောက်များအား ပြောကြားသည်။

“ကျွန်မရဲ့မိန့်ခွန်းက နည်းနည်းရှည်နေတယ်။ ရှည်နေတဲ့အခါကျတော့ ကျွန်မကလည်း လေ့ကျင့်ဖို့အချိန်မရှိဘူးဆိုတော့ အချိန်ကသိပ်မကိုက်ဘူးပေါ့နော် ဟိုကျတော့ပိုနေတာပေါ့ ၁၅မိနစ် လုပ်ရမှာ ၁၈မိနစ်ဖြစ်နေတဲ့အခါကျတော့ ဒုတိယအကြိမ်ပြန်ပြီးတော့ခပ်မြန်မြန်လေးပြောကြည့်တဲ့ အခါလည်းမရဘူး ၁၆ မိနစ် ။ကဲမဖြစ်တော့ဘူးဆိုပြီးတော့ တစ်ချို့ဟာတွေဖြုတ်ပြစ်လိုက်တယ်။ ကျွန်မဖြုတ်တာပါ။” ဟု ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားသတင်းထောက်တစ်ဦး၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရင်း
 ပြောဆိုသည်။

မိန့်ခွန်းအား ပြင်ဆင်ရာတွင် အချက် နှစ်ချက်ရှိကြောင်း ပထမအချက် အနေဖြင့် စာပုဒ်တစ်ပုဒ်ကို စည်းမျဉ်းနှင့်မကိုက်ညီ ဟူ၍ ဆင်ဆာလုပ် ဖြုတ်ခံခဲ့ရကြောင်း ဒုတိယအချက်အနေဖြင့် အချိန်အခက်အခဲကြောင့် ဖြုတ်လိုက်ရခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့်ပါတီများ ၏မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်ဆိုင်ရာ ဟောပြောချက် မိန့်ခွန်းများကို ယခုလ ၇ ရက်နေ့မှ စတင်ပြီး နိုင်ငံပိုင် ရုပ်သံများတွင် တစ်ရက်လျှင် နှစ်ပါတီကျ ထုတ်လွှင့်ပေးလျှက်ရှိသည်။ ။

 Yangon Press International

0 comments: