စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, March 25, 2012

မြန်မာစာနယ်ဇင်း သမဂ္ဂ (Myanmar Journalists Union) ဖွဲ့စည်းရေး တတိယအကြိမ် အစည်းအဝေး ပြုလုပ်


First Eleven Sports ဂျာနယ် စတင်ထုတ်ဝေစဉ်က အယ်ဒီတာချုပ်အဖြစ်
တာဝန်ယူခဲ့သူ ကိုဇော်သက်ထွေး

မြန်မာစာနယ်ဇင်း သမဂ္ဂ (Myanmar Journalists Union) ဖွဲ့စည်းရေး တတိယအကြိမ် လုပ်ငန်းအကြို ညှိနှိုင်း အစည်းအဝေးပွဲကို မတ်လ ၂၄ ရက်နေ့က ရန်ကုန်မြို့ရှိ City Star ဟိုတယ်၌ ကျင်းပခဲ့သည်။

“ကျွန်တော်တို့ဟာ တိုင်းပြည်ရဲ့ အပြောင်းအလဲ ကာလမှာ Freedom of Expression ကို ကျွန်တော်တို့အဖွဲ့ က ခုခံကာကွယ် စောင့်ရှောက်ချင်တယ်။ နောက်တစ်ခုက သတင်းရယူတဲ့အခါမှာ အခက်အခဲအမျိုးမျိုး၊ အနှောင့်အယှက် အမျိုးမျိုးရင်ဆိုင် ကြုံတွေ့ရတဲ့ ဂျာနယ်လစ်တွေကို ကျွန်တော်တို့ ကာကွယ်စောင့်ရှောက်မယ်။ ကျွန်တော်တို့ဒီနှစ်ခုကို အဓိက ထားပြီးတော့ ကျွန်တော်တို့ ဒီ အဖွဲ့ ကို ဖွဲ့စည်းလိုခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ဆက်ထဲမှာပဲ ပါဝင်လာမှာ ကတော့ မီဒီယာ လောကသားတွေရဲ့ ကျင့်ဝတ်ပါပဲ။ အဲဒီကျင့်ဝတ်တွေ ကိုလည်း ပိုမိုဒီထက်ကောင်းမွန်တဲ့ ကျင့်ဝတ်တွေနဲ့မီဒီယာလောကသား တွေဖြစ်ဖို့ကိုလည်း ကျွန်တော်တို့ ဆက်လက်ပြီးတော့ ဆောင်ရွက်သွားရမှာလည်း ဖြစ်ပါတယ်”ဟု Myanmar Journalists Union ပေါ်ပေါက် လာရေးအတွက် ဦးဆောင်လှုပ်ရှားသူကို ဇော်သက်ထွေးက ပြောပါသည်။ အစည်းအဝေးတွင် အဖွဲ့၏ ရည်ရွယ်ချက်သုံးရပ်နှင့် ဆောင်ပုဒ်နှစ်ခုအား တင်ပြခြင်းများ ပြုလုပ်ခဲ့ပါသည်။

Myanmar Journalists Union အနေဖြင့် ရည်ရွယ်ချက် သုံးရပ်ထားပြီး ဖွဲ့စည်းမည်ဖြစ်ကာ အဆိုပါရည်ရွယ်ချက် သုံးရပ်မှာ (၁) ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးခြင်းနှင့် အများပြည်သူ တို့၏ လက်တွေ့ဘ၀အား အကျိုး ကျေးဇူး ဖြစ်စေနိုင်သော သတင်းလွတ်လပ်ခွင့်အား ဖော်ထုတ်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရန် (Protection of Freedom of Press) ၂။ အများပြည်သူတို့၏ အကျိုးစီးပွား နှင့် စတုတ္ထမဏ္ဍိုင်အဖြစ် တည့်မတ် စွာရပ်တည်နိုင်ရေး အတွက် ဂျာနယ်လစ်များ၏ လွတ်လပ်စွာ ရပ်တည်လှုပ်ရှား သတင်းရယူ ရေးသား ဖော်ထုတ်နိုင်ရေး များစွာ အရေးပါသည့် အတွက် ဂျာနယ်လစ် အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန် (Protection of Journalist)၊ ၃။ ဂျာနယ်လစ်များ အချင်းချင်းကြားတွင် ဖြစ်စေ၊ ဂျာနယ်လစ်များနှင့် အများပြည် သူအကြား၌ဖြစ်စေ၊ ဂျာနယ်လစ်များနှင့် အခြားမဏ္ဍိုင်ကြီး သုံးရပ် အကြား၌ဖြစ်စေ ကျင့်ဝတ်ဆိုင်ရာ ပြဿနာများ ပေါ်ပေါက်လာပါက ၎င်းပြဿနာများကို ညှိနှိုင်းအဖြေရှာသွားရန်နှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ ထိန်းသိမ်းမှုများ ပြုလုပ်သွားရန် တို့ ဖြစ်ကြောင်း သိရှိပါသည်။ အဆိုပါ အစည်းအဝေး၌ပင် ထုတ်ပြန်ခဲ့သော ဆောင်ပုဒ်နှစ်ခုမှာ To Protect The Freedom of Expression နှင့် To Defend The Rights of All Journalists တို့ဖြစ်ကြပါသည်။

Myanmar Journalists Union ဖွဲ့စည်းရေးနှင့် ပတ်သက်သော လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မတ်လ ၁၀ ရက်နေ့က ပထမအကြိမ် ပြုလုပ်ခဲ့ပြီး မတ်လ ၁၈ရက်နေ့တွင် ဒုတိယအကြိမ် ပြုလုပ်ခဲ့သည်။ ယခုပြုလုပ်သော တတိယအကြိမ်သို့ အထက် မြန်မာနိုင်ငံ သတင်းထောက်များ ကိုယ်စား မန္တလေးမြို့မှ သတင်းသမားအချို့ အပါအ၀င် အဆိုပါ သက်ဆိုင်ရာ သတင်းမီဒီယာအသီး သီးမှ ဂျာနယ်လစ် ၄၅ ဦးခန့်တက် ရောက်ခဲ့ကြပါသည်။

စတုတ္ထအကြိမ် လုပ်ငန်းအကြို ညှိနှိုင်း အစည်းအဝေးကို သင်္ကြန်အပြီး ဧပြီလအတွင်း ပြုလုပ်မည် ဖြစ်ကာ ထိုအစည်းအဝေးတွင် ဖွဲ့စည်းပုံအား အသေးစိတ် တင်ပြမည်ဖြစ်ပါသည်။ ထိုအစည်းအဝေး အပြီး ပြုလုပ်မည့် နောက်တစ်ကြိမ် အစည်းအဝေးမှာ မြန်မာတစ်နိုင်ငံလုံးရှိ သတင်းသမားအားလုံးကို ဖိတ်ခေါ်ပြီး ပြုလုပ်မည့် Mass Meeting ဖြစ်လာမည်ဖြစ်ကာ ထိုအစည်းအဝေးတွင် ဆန္ဒမဲပေးရွေးချယ်မှုဖြင့် အဖွဲ့ ၏ ဦးဆောင်ပုဂ္ဂိုလ်များကို ရွေးချယ်ပြီး ထားရှိသော ရည်ရွယ်ချက်များဖြင့် အဖွဲ့ကို သက်ဝင်လှုပ်ရှားစေမည် ဖြစ်ကြောင်း သိရပါသည်။

Eleven Media Group

0 comments: