စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, March 16, 2012

သတင်းသမားများအပေါ် ခြိမ်းခြောက်ခြင်း မပြုရန် ထုတ်ပြန်

သတ္တုတွင်း ၀န်ကြီးဌာနက The Voice ဂျာနယ်အား တရားစွဲဆိုရန် ထုတ်ပြန်ချက် အပါအ၀င် အစိုးရ ၀န်ကြီးဌာနများက သတင်းသမားများ အပေါ် ခြိမ်းခြောက်မှုပါသော လုပ်ရပ်များနှင့် ပတ်သက်ပြီး လွတ်လပ်စွာ ရေးသားပိုင်ခွင့်ကို အသိအမှတ်ပြုရန် မြန်မာ ဂျာနယ်လစ် ကွန်ရက် (MJN) က ယနေ့ပြောဆို လိုက်သည်။ ယခု လုပ်ရပ်သည် သမ္မတ ဦးသိန်းစိန် အစိုးရ၏ ဒီမိုကရေစီ ခြေလှမ်းများကို အဟန့်အတား ဖြစ်စေသည် ဟုလည်း အချက် ၅ ချက်ပါ MJN ထုတ်ပြန်ချက်၌ ပါရှိသည်။ MJN သည် ၀ါရင့်သတင်းစာ ဆရာကြီး များ အပါအ၀င် ပြည်တွင်း သတင်းသမား ၁၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသော အဖွဲ့ ဖြစ်သည်။

ဧရာဝတီ

0 comments: