စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, March 14, 2012

၂ သိန်းတန် ဂျီအက်စ်အမ်များ ရောင်းပြီ



၂ သိန်းတန် ဂျီအက်စ်အမ်များ ရောင်းပြီ



မတ်လ ပထမပတ်တွင်ရောင်းချမည်ဟု သတင်းထွက်ပေါ်လျှက်ရှိသည့် တန်ဖိုးနည်းဖုန်းများ ပြည်နယ်အချို့တွင် ယနေ့ နံနက်မှစတင်ရောင်းချနေပြီဖြစ်သည်။ ယခုချိန်ထိ သိရသလောက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ မွန်ပြည်နယ် မော်လမြိုင်မြို့၊ ရခိုင်ပြည်နယ် စစ်တွေမြို့၊ သံတွဲမြို့တို့တွင် ရောင်းချပေးနေပြီဟု သိရသည်။

ကယားပြည်နယ် လွိုင်ကော်မြို့တွင်မူ နက်ဖြန်ခါမှ စတင်ရောင်းချပေးမည်ဟု လွိုင်ကော်မြို့ခံ တဦးကပြောသည်။

ဆင်းကဒ်များ ရောင်းချရာတွင် ပုဂ္ဂလိကဖုန်းဆိုင်များတွင်လည်း ကျပ် ၂ သိန်းဖြင့်ရောင်းချလျှက်ရှိသည်ဟု မြစ်ကြီးနားမြို့ မော်လမြိုင်မြို့တို့ကို ဆက်သွယ်မေးမြန်းချက်အရ သိရှိရသည်။ သံတွဲမြို့တွင်မူ မြန်မာ့ဆက်သွယ်ရေးတွင်သာရောင်း ချသည်ဟု သံတွဲမြို့ခံကပြောသည်။

ယခင်အတိုင်း ၀ယ်ယူသူ၏ မှတ်ပုံတင် မိတ္တူ ၃ စောင်နှင့် ဓါတ်ပုံ ၃ ပုံတို့လိုအပ်သည်ဟု သိရှိရသည်။

0 comments: