ဧရာဝတီတိုင်း ပုသိမ်မြို့ကနေ ဒီကနေ့ နေ့လည် ၁၂ နာရီတိတိကထွက်ခွာလာတဲ့ ပုသိမ်သု စက်လှေဟာ မွန်းလွဲ ၂ နာရီလောက်က ငပုတောမြို့အနီး ၀က်ဆုရွာတဖက်ကမ်း ကံဆိပ်ရွာအနီး တိမ်းမှောက်နစ်မြုပ်သွားတာကြောင့် ခရီးသည် ၂၀ လောက် သေဆုံးနိုင်ကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ပုသိမ်သူစက်လှေဟာ ကံဆိပ်ရွာကထွက်လာတဲ့ လှေငယ်တစီးကို ရှောင်တိမ်းယင်း ဘေးတိုက်နစ်မြုပ်သွားတာလို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။ အဲဒီ စက်လှေပေါ်မှာ စုစုပေါင်း လူ ၆၀ လောက်လိုက်ပါလာပြီး တချို့ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
0 comments:
Post a Comment