စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, February 27, 2012

စစ်ဗိုလ်လူထွက်အစိုးရနဲ့ မြန်မာ့စီးပွားရေး


(သမတ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အရပ်သားအစိုးရသစ် တက်လာပေမဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးကို တိုးတက်အောင် လုပ်နိုင်ပါ့မလားလို့ နိုင်ငံတကာ စီးပွားရေးအဖွဲ့အစည်းတချို့က သံသယရှိပါတယ်။ ဘာကြောင့် အရပ်သားအစိုးရသစ်အပေါ် သံသယရှိရသလဲဆိုတာနဲ့ ပတ်သက်ပီး ဦးစိန်ကျော်လှိုင်က ခုလို အသေးစိတ် သုံးသပ်ထားပါတယ်)

အရပ်သားအစိုးရသစ်လက်ထက် ပြည်ထောင်စုဝန်ကြီး ၃၀ ကို ကြည့်ရင် အရပ်သားက ၄ ဦင်္းသာပါပီး ကျန်တာက ယူနီဖောင်း ၀တ်တာ မ၀တ်တာသာ ကွာခြားပီး ဗိုလ်ချုပ်နဲ့ စစ်ဗိုလ်လူထွက်တွေသာ ဖြစ်ပါတယ်။ ဒါကြောင့် ဗဟိုအစိုးရလို့ပြောနိုင်တဲ့ ပြည်ထောင်စုဝန်ကြီးအဖွဲ့ဟာ အရပ်သား ၁၃ ရာနှုန်းသာပါပီး စစ်သားက ၈၇ % ပါတဲ့ ၀န်ကြီးအဖွဲ့ ဖြစ်နေပါတယ်။

အရေးကြီးတဲ့ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၀န်ကြီးလုပ်သူက စစ်အစိုရလက်ထက် ကုန်သွယ်ရေးကို အောင်မြင်အောင် မလုပ်နိုင်ခဲ့တဲ့ စစ်ဗိုလ်လူထွက် ဦးတင်နိုင်သိန်းဖြစ်နေပါတယ် ကုန်သွယ်ရေးမှာ အရေးပါတဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်မှု ၀န်ကြီးဌာန ၀န်ကြီး ဦးဝင်းမြင့် ကြည့်ပြန်တော့လဲ အရပ်သားဖြစ်နေပေမဲ့ ဆယ်တန်းမအောင်တဲ့သူ ဖြစ်နေပါတယ် ဘုရင့်နောင်ကုန်သည်တွေကတော့ ၀န်ကြီး ဦးဝင်းမြင့်ဟာ ၅တန်း၆တန်းလောက်သာရှိသူလို့ အာအက်အေကို ပြောပါတယ်။


ခုလို စစ်ဗိုလ်လူထွက်နဲ့ ပညာရှင်မဟုတ်သူတွေက တိုင်းပြည်ရဲ အရေးပါတဲ့ စီးပွားရေးကို မကိုင်သင့်ဘူးလို့ စီးပွားရေးပညာရှင် ဒေါက်တာမျိုးညွန့်က အာအက်အေကို ပြောပြပါတယ်

အရပ်သားအစိုးရဆိုပေမဲ့ ကျွမ်းကျင်တဲ့ ပညာတတ် အရပ်သားတွေကို တာဝန်ပေးဘို့ မယုံစားတဲ့ သမတဦးသိန်းစိန်အစိုးရအနေနဲ့ စီးပွားရေးကို နိုင်နိုင်နင်းနင်း မလုပ်နိုင်ဘူးလို့ မြင်တဲ့အဖွဲ့အစည်းတွေထဲမှာ လန်ဒန်မြို့ထုတ် နာမယ်ကျော် အီးအိုင်ယူ မဂ္ဂဇင်းနဲ့ အေဒီဘီ အာရှဖွံဖြိုးရေးဘဏ်စတဲ့ နိုင်ငံတကာအဖွဲ့တွေလဲပါဝင်ပါတယ်။

ဒါကြောင့်လဲ သမတ ဦးသိန်းစိန်အစိုးရဟာ စစ်အစိုးရကနေ အရပ်သားအစိုးရလို့ နာမယ်ပြောင်းထားတာ ဖြစ်တဲ့အတွက် အရည်အသွေးရှိတဲ့ စီးပွားရေးပေါ်လစီသစ်တွေ ချမှတ်ရာမှာ လတ်တလော တိုးတက်မှု မရှိနိုင်ဘူးလို့ လန်ဒန်မြို မတ်လထုတ် အီးအိုင်ယူ မဂ္ဂဇင်းကြီးက ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

အလားတူဘဲ မြန်မာနိုင်ငံအနေနဲ့ စွမ်းဆောင်နိုင်စွမ်းရှိသလောက် ပေါက်ရောက်နိုင်ဘို့ဆိုရင် လက်ရှိအရပ်သား သမတ ဦးသိန်းစိန်အစိုးရသစ်အနေနဲ့ စီးပွားရေး ပြုပြင်မှုတွေ အများအပြားလုပ်ရမှာ ဖြစ်တယ်လို့ မကြာခင်က ထုတ်ပြန်တဲ့ အေဒီဘီ အာရှဖွံဖြိုးရေးဘဏ်ရဲ့ အစီရင်ခံစာမှာလဲ ဝေဖန်ထားပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးအလားအလာအပိုင်းကို အေဒီဘီက ခန့်မှန်းရာမှာ မကြာခင်က တက်လာတဲ့ အရပ်သားအစိုးရဘက်ကလဲ စီးပွားရေး ပြုပြင်မှုတွေ မှန်မှန်လုပ်လာမယ်-ရာသီဥတုကလဲ ပုံမှန်အနေအထားရှိမယ်လို့ ယူဆပီး ခန့်မှန်းထားတာဖြစ်ပါတယ်လို့ အေဒီဘီက အစီရင်ခံစာမှာ ၀န်ခံထားပါတယ်။

အရပ်သားအစိုးရသစ်လုပ်ရမဲ့ စီးပွားရေး ပြုပြင်မှုတွေထဲမှာ ရင်းနှီးမြုတ်နှံမှုဆိုင်ရာ အခြေအနေတွေ တိုးတက်အောင်လုပ်ပေးရေး-လူမှုရေးနဲ့ အခြေခံအဆောက်အဦ တိုးချဲ့ရေးအတွက် ငွေရင်းထုတ်ပေးနိုင်တဲ့ အရင်းအမြစ်တွေ လုပ်ကိုင်ပေးရေး-အစိုးရငွေလဲနှုန်းနဲ့ မှောင်ခိုငွေလဲနှုန်းကို ပေါင်းစည်းရေး-ဘဏ္ဍာရေးကဏ္ဍ တိုးတက်အောင် လုပ်ပေးရေး-မတ်ခရိုစီးပွားရေး စီမံခန့်ခွဲလုပ်ကိုင်မှု ခိုင်မာစေရေး-လယ်ယာနဲ့ ကုန်သွယ်ရေးကို လွတ်လပ်ခွင့်ပေးရေးစတဲ့အချက်တွေ ဖြစ်တယ်လို့ အေဒီဘီက အကြံပေးထားပါတယ် ဒီအကြံပေးချက်တွေကို ဦးသိန်းစိန်အစိုးရဘက်က ဘယ်လောက် လိုက်နာနိုင်မလဲဆိုတာလဲ အစိုးရသစ်အတွက် စိန်ခေါ်နေတဲ့ ပြဿနာတွေ ဖြစ်ပါတယ်။

၃နှစ်အတွင်း စီမံကိန်းသစ်တွေ စတင်မလည်ပတ်ခင် ဓါတ်ငွေထုတ်လုပ်မှုက ပုံမှန်အတိုင်း ရှိနေမှာဖြစ်ပေမဲ့ ထိုင်းနိုင်ငံရဲ့ လိုအပ်ချက် ကမ္ဘာ့စွမ်းအင်ဈေးနှုန်းစတဲ့အချက်တွေကြောင့် ဓါတ်ငွေ့ ပြည်ပပို့တဲ့ဈေးက မြင့်တက်လာစရာရှိပါတယ် ဒါပေမဲ့ ဓါတ်ငွေ့ရောင်းလို့ရတဲ့ငွေကို တရားဝင် တဒေါ်လာ ၆ ကျပ်နှုန်းနဲ့ တွက်တဲံ့အတွက် စီးပွားရေးတိုးတက်မှု ဂျီဒီပီကို သိပ်ပီး အထောက်အပံ့ဖြစ်မှာမဟုတ်ဘူးလို့ အေဒီဘီက ယူဆပါတယ် ဒါကြောင့် ဒီအချက်တွေကို ခြုံတွက်ရင် လာမဲ့ ၂ နှစ်အတွင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုက ၅.၅%ထိသာ တိုးနိုင်တယ်လို့ အေဒီဘီက မှန်းပါတယ်။

လာမဲ့ ၂နှစ်အတွင်း မြန်မာနိုင်ငံ ငွေဖောင်းပွမှုကလဲ ပြည်တွင်းလိုအပ်ချက် များလာတဲ့အချက် ကမ္ဘာ့လောင်စာဈေး အစားအစာဈေးတွေ တက်လာမဲ့ အချက်တွေနဲ့အညီ ၈%ထိ တိုးလာမယ်လို့ မှန်းထားပါတယ်။

ဓါတ်ငွေ့ရောင်းရငွေကြောင့် တိုင်းပြည်ရဲ့ အရံနိုင်ငံခြားငွေ တိုးလာစေပေမဲ့ တရားဝင်ငွေလဲနှုန်းကြောင့် စီးပွားရေးတိုးတက်မှု ဂျီဒီပီကို သိပ်ပီး အထောက်အပံ့ဖြစ်မှာမဟုတ်ဘူးလို့ အေဒီဘီက ပြောပါတယ် ဓါတ်ငွေ့ရောင်းရငွေကိုသာ မှောင်ခိုဈေး ငွေလဲနှုန်းနဲ့တွက်ရင် အစိုးရအခွန်တော်ငွေ တက်လာမှာဖြစ်သလို ကျန်းမာရေး ပညာရေး အသုံးစရိတ်တွေလဲ မြင့်တက်လာမှာ ဖြစ်ပါတယ်။

ယူနက်စကိုစတဲ့ ကုလအဖွဲ့အစည်းတွေရဲ့ တွက်ချက်မှုအရ မြန်မာအစိုးရဟာ ပီးခဲ့တဲ့ နှစ်တွေအတွင်း ပညာရေးအတွက် ဂျီဒီပီရဲ့ ၁.၃% သာ သုံးခဲ့ပါတယ်လို့ မကြာခင်က ထုတ်ပြန်တဲ့ မြန်မာနိုင်ငံဆိုင်ရာ လု့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ ကင်တားနားရဲ့ အစီရင်ခံစာမှာလဲ ဖော်ပြထားပါတယ်။

မစ္စတာ ကင်တားနားရဲ့ အစီရင်ခံစာမှာ ဆက်ပြောတာက မြန်မာစစ်အစိုးရ ထုတ်ပြန်ချက်အရ ၂၀၀၂ ခုနှစ်မှာ မူလတန်းပညာရေးအတွက် အသုံးစရိတ်ကို ဂျီဒီပီရဲ့ ၀.၄% သာ သုံးခဲ့တယ်။ အရှေအာရှနဲ့ ပစိဖိတ်နိုင်ငံတွေမှာ ပညာရေးအတွက် ပျမ်းမျှ ဂျီဒီပီရဲံ ၂.၅ % သုံးနိုင်တယ်ဆိုတာတောင် မြန်မာအစိုးရထက် ၃ဆ ပိုပီး ပညာရေးအတွက် သုံးထားတယ်လို့ ကင်တားနားက ထောက်ပြပါတယ်။


သောတရှင်များခင်ဗျား

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ဒုဝန်ကြီးသစ် ဒေါက်တာကံဇော်အနေနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှု ဂျီဒီပီ ရာနှုန်းကို အေဒီဘီ အီးအိုင်ယူတို့ ထောက်ပြသလို ဂဏန်းတလုံးဘဲ အမှန်အတိုင်းတွက်ပေးမလား ဂျီဒီပီကို ဂဏန်း ၂လုံးအမြဲပြခဲ့တဲ့ စစ်အစိုးရ လမ်းစဉ်လိုက်မလားဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ကြောင်းပါခင်ဗျား။

(အာအက်အေ ဦးစိန်ကျော်လှိုင်၏ သုံးသပ်ချက်ကဏ္ဍမှ ကောက်နှုတ်ချက်)

ဒေါင်းမာန်ဟုန်

0 comments: