စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, February 26, 2012

လျှပ်စီးမီးခ ပေးနေရပြီး လျှပ်စစ်မီး ပုံမှန် မရရှိသည့် ရွှေတိဂုံ စေတီတော် နှစ် ၂၆၀၀ ပြည့် ပွဲတော်ကြီးမှ ဈေးသည်များ

ရွှေ့တိဂုံစေတီတော် နှစ် ၂၆၀၀ ပြည့် ဗုဒ္ဓပူဇနိယပွဲတော်


ရွှေတိဂုံ စေတီတော် နှစ်၂၆ဝဝ ပြည့် ဗုဒ္ဓပူဇနိယ တပေါင်း ပွဲတော်ကြီးကို မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ် တပေါင်းလဆန်း တစ်ရက်မှ တပေါင်း လပြည့်နေ့၊ ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့မှ
မတ်လ ၇ ရက်နေ့အထိ ရွှေတိဂုံ စေတီတော်၏ အနောက်မုခ်တွင် ရှိသော ပြည်သူ့ရင်ပြင်၌ စည်ကား သိုက်မြိုက်စွာ ကျင်းပ နေပါသည်။ အဆိုပါပွဲတော်တွင် ဈေးရောင်းသူများကို အခ
ကြေးငွေယူပြီး ဆိုင်ခန်းများ ရောင်းချပေးနေသည့် ရွှေတိဂုံ ဂေါပက အဖွဲ့က စီစဉ်ပေးသော လျှပ်စစ်မီးမှာ ပုံမှန်မလာခြင်း၊ ဗို့အားများ မပြည့်ခြင်း စသည့် အခက်အခဲများ ရှိနေပါသည်။
သို့သော် ဈေးရောင်းချ နေရသူများသည် ဆိုင်ခန်းခ ပေးရသည့် အပြင် လျှပ်စစ်မီးခကိုလည်း သပ်သပ်စီ ထပ်မံ ပေးဆောင်ရပြီး မီးပုံမှန် မရရှိသည့် အတွက် တပိုင်တနိုင် မီးစက်များ
ဖွင့်ကာ ဈေးရောင်းချနေရသဖြင့် အဆင်မပြေမှုများ တွေ့ကြုံ နေရပါသည်။



0 comments: