စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, February 21, 2012

မြန်မာပြည် သတင်း တိုတို ထွာထွာ များ





ဖေဖော်ဝါရီ-၂၁
ကော့မှူးမြို့နယ်မှ လေးမိုင်အကွာရှိ ထန်းမနိုင်ကျေးရွာတွင် ဒေါ်အောင်ဆန်းစုကြည်က နှစ်မိနစ်ခန့် ပြည်သူလူထုအား စကားပြောခဲ့သည်။ ထိုမှတစ်ဆင့် ဆက်လက်ထွက်ခွာလာရာ ၀ါးဘလောက်သောက်ကျေးရွာသို့ နေ့လယ် ၁၂နာရီ၃၅မိနစ်ခန့်တွင် ရောက်ရှိခဲ့သည်။
ဝါးဘလောက်သောက်ကျေးရွာရှိ ခါတော်မီကျောင်းထိုင်ဆရာတော်အား သွားရောက်ဖူးမြော်ခဲ့ကာ နေ့လယ်၁နာရီ၅၂မိနစ်၌ စောင့်ဆိုင်းနေသော လူထုပရိသတ်သုံးသောင်းကျော်ခန့်အား ၁၆မိနစ်ကျော်ကြာ မိန့်ခွန်းပြောကြားခဲ့သည်။
ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် ၀ါးဘလောက်သောက်ကျေးရွာမှ နေ့လယ်၂နာရီကျော်တွင် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာလာခဲ့သည်။

------------------------------

DVB TV News
မြန်မာနိုင်ငံမှာ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ် (၂)ခု တိုးချဲ့ ဆောက်လုပ်ဖို့ စီစဉ်နေကြောင်း တရုတ် အစိုးရပိုင် ဆင်ဟွာသတင်းအရ သိရပါတယ်။ ပဲခူးဒေသမှာ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ တနင်္သာရီဒေသ ထားဝယ်ရေနက်ဆိပ်ကမ်းမှာ ထားဝယ်အပြည်ပြည်ဆိုင်ရာလေဆိပ်သစ်တွေ ဆောက်လုပ် မှာ ဖြစ်ပါတယ်။ အနာဂါတ်မှာဖြစ်ထွန်းလာမယ့် တိုင်းပြည်ရဲ့တိုးတက်မှုတွေနဲ့ ကိုက်ညီအောင် လေဆိပ် သစ်တွေထပ်ဆောက်ဖို့  စီစဉ်တာဖြစ်ပြီး အဲဒီအတွက် ဂျပန်နဲ့ စင်ကာပူကနေ လာရောက်ရင်းနှီးမြုပ်နှံမှုဖို့ ဖိတ်ခေါ်ထားကြောင်းလဲ ဆင်ဟွာသတင်းမှာရေးသားထားပါတယ်။

-------------------------

DVB TV News
မြန်မာသစ်တောပညာရှင်တစ်ဦးနဲ့ ဂျပန်ပညာရှင်တွေ ပူးပေါင်းပြီး ကြက်ဆူဆီကတစ်ဆင့် ရွာပေါင်း တစ် ထောင် မီးလင်းရေးစီမံကိန်းကို ပြည်နယ်နဲ့တိုင်းဒေသကြီးတချို့မှာ လာမယ့်မတ်လအတွင်း စတင်လုပ် ဆောင်မယ်လို့ သိရပါတယ်။ အဲဒီစီမံကိန်းကို ရှမ်းပြည်နယ် အင်းလေး ၊ မြန်မာနိုင်ငံ အလယ်ပိုင်းနဲ. ဧရာ ၀တီတိုင်း မြစ်ဝကျွန်းပေါ်ဒေသ ကျေးရွာတွေမှာ လုပ်ဆောင်မှာ ဖြစ်ပါတယ်။ ရှမ်းပြည်နယ် အင်းလေး ဒေသရှိ ကျေးရွာပေါင်း ၁၀၀ ကျော်ကို စီမံကိန်း ပထမဆုံးဒေသအဖြစ် သတ်မှတ်ထားတယ်လို့လဲ သိရပါတယ်။

---------------------------------

DVB TV News
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန်မှာ လုပ်ခတိုးမြှင့်ရေးအတွက် ဆန္ဒပြနေတဲ့ တိုင်ရီဖိနပ် စက်ရုံက အလုပ်သမားတွေကို ရွှေည၀ါဆရာတော်က အစားအသောက်တွေ သွားရောက် စွန့်ကြဲခိုင်းခဲ့တယ် လို့ သိရပါတယ်။ ဆရာတော်ဟာ သူ့ကို ဒကာ၊ ဒကာမတွေ လာလှူထားတဲ့အထဲက စားသောက်စရာ တချို့ကို ရက်ရှည်ဆန္ဒပြအလုပ်သမားတွေအတွက် ပြန်လည်စွန့်ကြဲတာလို့ သိရပါတယ်။ ကြည့်မြင်တိုင် သာဓုပရိယတ္တိ စာသင်တိုက်က ရွှေည၀ါဆရာတော် ဘဒန္ဒဦးပညာသီဟာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ကတည်းက စာသင်တိုက်ကနေထွက်ခွာပြီး ရန်ကုန်မြို့ပြင် မှော်ဘီ သဲအင်းဂူနားက နေရာသစ်မှာ သီတင်းသုံး နေတာဖြစ်ပါတယ်။

--------------------------------

DVB TV News
မြန်မာသစ်တောပညာရှင်တစ်ဦးနဲ့ ဂျပန်ပညာရှင်တွေ ပူးပေါင်းပြီး ကြက်ဆူဆီကတစ်ဆင့် ရွာပေါင်း တစ် ထောင် မီးလင်းရေးစီမံကိန်းကို ပြည်နယ်နဲ့တိုင်းဒေသကြီးတချို့မှာ လာမယ့်မတ်လအတွင်း စတင်လုပ် ဆောင်မယ်လို့ သိရပါတယ်။ အဲဒီစီမံကိန်းကို ရှမ်းပြည်နယ် အင်းလေး ၊ မြန်မာနိုင်ငံ အလယ်ပိုင်းနဲ. ဧရာ ၀တီတိုင်း မြစ်ဝကျွန်းပေါ်ဒေသ ကျေးရွာတွေမှာ လုပ်ဆောင်မှာ ဖြစ်ပါတယ်။ ရှမ်းပြည်နယ် အင်းလေး ဒေသရှိ ရွာပေါင်း ၁၀၀ ကျော်ကို စီမံကိန်း ပထမဆုံးဒေသအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

------------------------------

DVB TV News
ဆန္ဒပြ အလုပ်သမားများကို ရွှေည၀ါ ဆရာတော် စွန့်ကြဲ

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန်မှာ တနာရီလုပ်ခ တိုးမြှင့်ရေးအတွက် ဆန္ဒပြနေတဲ့ တိုင်ရီဖိနပ်စက်ရုံက အလုပ်သမားတွေကို ရွှေည၀ါဆရာတော်က အစားအသောက်တွေ သွားရောက် စွန့်ကြဲခိုင်းခဲ့ပါတယ်။

ကြည့်မြင်တိုင် သာဓုပရိယတ္တိ စာသင်တိုက်က ရွှေည၀ါဆရာတော် ဘဒန္ဒ ဦးပညာသီဟက ဖေဖော်ဝါရီ ၁၈ ရက်နေ့ကတည်းက စာသင်တိုက်ကနေ ထွက်ခွာခဲ့ရပြီး ရန်ကုန်မြို့ပြင် မှော်ဘီ သဲအင်းဂူနားက နေရာသစ်မှာ သီတင်းသုံး နေရတာပါ။

ဆရာတော်ဟာ သူ့ကို ဒကာ၊ ဒကာမတွေ လာလှူထားတဲ့ အထဲကနေ စားသောက်စရာတွေကို ရက်ရှည် ဆန္ဒပြ အလုပ်သမားတွေအတွက် စွန့်ကြဲတာပါလို့ ဆရာတော်ကိုယ်စား သွားရောက်လှူဒါန်းခဲ့တဲ့ ကိုကိုကြီး (စမ်းချောင်း) က ပြောပါတယ်။

“အဓိကကတော့ ကျနော်တို့က သူတို့အလုပ်သမားတွေ ဆန္ဒပြခြင်း မပြခြင်းထက် ကျနော်တို့ရဲ့ ဆရာတော်ကြီးက ဒီလူတွေ လောလောဆယ် လုပ်ခမရှိဘူး၊ စားစရာတောင် မရှိဘူးဆိုတာ ကြားသိတော့ သူ့ကိုလှူဒါန်းထားတဲ့ အထဲကနေပြီးတော့ ပြန်ပြီးတော့ လောလောဆယ် စားစရာလေး အဆင်ပြေအောင်ဆိုပြီးတော့ လှူတာ။ ဒီမှာ လူဦးရေက အရမ်းများနေတော့ လှူတဲ့ပစ္စည်းက နည်းတော့ နည်းတာပေါ့နော်။ ဒါပေမယ့် ကိုယ်တတ်နိုင်သမျှလေး လှူတာပေါ့နော်။ နောက်ရက်ကိုလည်း ဆက်လှူဖို့ အစီအစဉ် ရှိပါသေးတယ်။”

ဆန် ၁၀ အိတ်၊ ခေါက်ဆွဲခြောက်ထုတ်၊ ကော်ဖီမစ်ထုတ်တွေနဲ့ သွားရောက်လှူဒါန်းခဲ့ပေမယ့် ၂,၀၀၀ လောက်ရှိတဲ့ ဆန္ဒပြ အလုပ်သမားတွေအတွက်တော့ လောက်ငမှာ မဟုတ်ဘူးလို့လည်း ကိုကိုကြီး (စမ်းချောင်း) က ပြောပါတယ်။

ဆန္ဒပြ အလုပ်သမားတွေဆီ သွားရောက် လှူဒါန်းတာ ပထမဆုံး ဖြစ်ပြီး နောက်နေ့တွေ သွားရောက်လှူဒါန်းဖို့ အစီအစဉ်ရှိတယ်လို့ ကိုကိုကြီး(စမ်းချောင်း) က ပြောပါတယ်။

တိုင်ရီစက်ရုံ ဆန္ဒပြအလုပ်သမားတွေကို အစားအသောက် သွားလှူတဲ့အခါမှာ ဒေသခံ အာဏာပိုင်တွေက နှောင့်ယှက်တာတော့ မရှိပေမယ့် စောင့် ကြည့်ပြီး ဓာတ်ပုံရိုက်တာမျိုးတော့ ရှိတယ်လို့ သိရပါတယ်။

0 comments: