စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Saturday, February 25, 2012

ပြည်နယ်အဆင့်ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့နှင့် မွန်ပြည်သစ်ပါတီ တို့ပဏာမသဘော တူညီမှု (၅)ချက် လက်မှတ် ရေးထိုး

ပြည်နယ် အဆင့်ငြိမ်း ချမ်းရေး ဆွေးနွေးရေး အဖွဲ့နှင့် မွန် ပြည်သစ်ပါတီ တို့ မွန်ပြည်နယ်၊မော်လမြိုင်မြို့ Strand ဟိုတယ်တွင် ဖေဖော် ဝါရီ ၂၅ရက် က တွေ့ဆုံ ဆွေးနွေးခဲ့ ကြောင်း သိရသည်။ ယင်းတွေ့ဆုံဆွေးနွေးပွဲမှ ပြည်နယ် အဆင့် ငြိမ်းချမ်းရေး တည်ဆောက်ရန် အတွက် ပဏာမသဘော တူညီမှု အတည်ပြုချက်(၅)ချက်ကို လက်မှတ် ရေးထိုး ခဲ့ကြောင်း သိရသည်။


အဆိုပါအချက်(၅)ချက် သည်

(၁)နှစ်ဦးနှစ်ဘက်ပစ်ခတ်တိုက် ခိုက်မှုရပ်ဆိုင်းရန်ကိစ္စ၊

(၂)ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ နှင့်ဆွေးနွေးရန်အတွက် ကိုယ်စားလှယ် အဖွဲ့တရားဝင် ဖွဲ့စည်းပေးရန် နှင့် ဆွေးနွေးမည့် နေ့ရက်၊အချိန်နှင့် နေရာ တို့ကိုညှိနှိုင်း ရန်ကိစ္စ၊

(၃)ဆက်ဆံရေးဇုန်ကို နှစ်ဘက်သဘောတူ သည့်သင့်တော်ရာနေရာ၌ (လက်နက် မပါ) ထားရှိရန်ကိစ္စ၊

(၄)နှစ်ဖက်သ ဘောတူညီထားသော နယ်မြေများမှ အပ နယ်မြေကျော်လက်နက်ကိုင်ဆောင် သွားလာမှုများကို နှစ်ဖက် ကြိုတင်ညှိနှိုင်းပြီးဆောင်ရွက်မည် နှင့်

(၅)နှစ်ဘက် သဘောတူညီမှု ညှိနှိုင်း ရရှိထားသည့် သတ်မှတ်နေရာများ တွင် နေထိုင်ရန်ကိစ္စ တို့ဖြစ်ကြောင်း သိရသည်။

အထက်ပါ အချက်(၅) ချက်ကို ဗိုလ်မှူးကြီးဌေးမြင့်အောင် ဦးဆောင်သည့်မွန်ပြည်နယ်ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့်မွန်ပြည် သစ်ပါတီငြိမ်ချမ်းရေး ဖော်ဆောင်ရေး အဖွဲ့မှ ဦးနိုင်ဒလမြေ တို့လက်မှတ် ရေးထိုး ခဲ့ကြောင်း သိရသည်။

Yangon Media Group

0 comments: