စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, February 19, 2012

ကြားဖြတ်ရွေးကောက်ပွဲသည် အရေးအကြီးဆုံး မှတ်ကျောက်ဟု ကုလသမဂ္ဂပြော

ဗီဂျေနမ်ဘီယား

ကြားဖြတ်ရွေးကောက်ပွဲဟာ မြန်မာပြည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်မှာ အစိုးရအတွက် အရေးကြီးတဲ့ မှတ်ကျောက်ဖြစ်တယ်လို့ မြန်မာပြည်ကို ၆ ရက်တာ လာရောက်ခဲ့တဲ့ ကုလသမဂ္ဂကိုယ်စားလှယ် ဗီဂျေနမ်ဘီယားက ပြောလိုက်ပါတယ်။



ကြားဖြတ်ေရွေးကာက်ပွဲမှာ နိုင်ငံရေးပါတီအားလုံး တန်းတူရည်တူ လွတ်လွတ်လပ်လပ် ယှဉ်ပြိုင်နိုင်ဖို့ကို ကုလသမဂ္ဂကိုယ်စားလှယ်က တိုက်တွန်းလိုက်တာကိုကုလသမဂ္ဂရဲ့​ ​ပြန်ကြားရေးစာမျက်နှာမှာ​ ​ဖော်ပြထားပါတယ်။

ကချင်ပြည်နယ်က အခြေအနေတွေ တိုးတက်လာဖို့နဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေတွေ တိုးတက်လာဖို့လည်း လိုအပ်နေတယ်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချူပ်ရဲ့ အကြံပေးက ပြောတယ်။

မြန်မာပြည်မှာ တဖက်နဲ့တဖက် မယုံကြည်တာတွကို ကျော်လွှားပြီး၊ အားလုံးပါဝင် ဆွေးနွေးနိုင်တဲ့ နိုင်ငေံရးဖြစ်စဉ်ကနေ ခိုင်မြဲတဲ့ ငြိမ်းချမေ်းရး တည်ဆောက်နိုင်ဖို့ဟာ မရှိမဖြစ် အရေးကြီးတုန်းပဲ မစ္စတာ နမ်ဘီ​ယား​က ပြောပါတယ်။

နောက်ထပ် အရေးကြီးက ပြည်သူတွေအတွက် အကျိုးဖြစ်ထွန်းစေမည့်​ ​ပြုပြင်ေပြာင်းလဲမှုတွေကို အစိုးရက လက်တွေ့လုပ်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်​ ဖန်တီးရေးတို့အတွက်​ ​ပြုပြင်ပြောင်းလဲမှုတွေကို​ လုပ်ဆောင်ဖို့ ဗဟိုအစိုးရနဲ့ ဒေသအစိုးရတွေမှာ တာဝန်ရှိတယ်လို့ မစ္စတာ နမ်ဘီးယားက ပြောပါတယ်။

မစ္စတာ နမ်ဘီ​ယားဟာ သောကြာနေ့မှာ ခရီးစဉ်အဆုံးမသတ်ခင် မြန်မာပြည်မှာ ရှိနေတဲ့ ၆ ရက်အတွင်းမှာ သမ္မတဦးသိန်းစိန်၊ နိုင်ငံခြေားရးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊​ ​ဒေါ်အောင်ဆန်းစုကြည်၊ လူထုအခြေပြူအဖွဲ့တွေ၊ တိုင်းရင်းသား အဖွဲ့တွေ၊ စီးပွားရေးသမားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

Ref: BBC

0 comments: