စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, February 20, 2012

၁၅ ရက်မြောက်နေ့အဖြစ်လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု

လုပ်ခတိုးရေး ဆန္ဒပြ ၁၅ ရက်မြောက်နေ့ နံနက် စောစော အလုပ်သမတွေ ရောက်လာကြပြီ

ထမင်းချိုင့်တွေကိုယ်စီ၊ မပါသူတွေက စက်ရုံရှေ့မှာ လာရောင်းတဲ့ အသုပ်၊ မုန့်ဟင်းခါးဝယ်စားကြတယ်။


နံနက် ၈ နာရီလောက်ကတည်းက ဆာသူတွေက နံနက်စာစားနေကြပြီ။

ဖေဖေါ်ဝါရီ ၆ ရက်နေ့တွင် တရုတ်နှစ်သစ်ကူး ပိတ်ရက် လုပ်ခမပေးသည့် ကိစ္စမှ စတင်ကာ လုပ်ခတိုးပေးရန် စတင်တောင်းဆို ဆန္ဒပြခဲ့ကြသည့် လှိုင်သာယာ တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမားများ ယနေ့ ဖေဖေါ်ဝါရီ ၂၀ ရက်နေ့တွင်လည်း ဆက်လက်တောင်းဆို ဆန္ဒပြနေဆဲ ဖြစ်သည်။
အလုပ်သမား လုပ်ခတိုးပေးရေး အတွက် ပိုင်ရှင်နှင့် အလုပ်သမား အကြား အစိုးရ အလုပ်သမားညွှန်ကြားရေးမှူးချုပ် ၀င်ရောက်ညှိနှိုင်းခဲ့သော်လည်း မပြေလည်သေးပေ။ ၁၅ ရက်ကြာလာပြီဖြစ်သော်လည်း အလုပ်ရှင်က မလိုက်လျောသေးသလို အလုပ်သမားများဘက်ကလည်း ဆက်လက်တောင်းဆိုဆဲ ဖြစ်သည်။
မြန်မာနိုင်ငံတွင် အလုပ်သမား အခွင့်အရေး၊ ရပိုင်ခွင့်နှင့် ပတ်သက်ပြီး နှစ်ကာလတာရှည်စွာ ပြောဆိုခွင့် တောင်းဆိုခွင့်မရှိခဲ့ပေ။ သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီးနောက် အလုပ်သမား အဖွဲ့အစည်းများ ဖွဲ့စည်းခွင့် ဥပဒေ အတည်ပြုခဲ့သော်လည်း အလုပ်သမား ရပိုင်ခွင့် ဥပဒေမှာ အတည်မပြုရသေးပေ။ ဥပဒေကြမ်း ရေးဆွဲထားသော်လည်း လွှတ်တော်တွင် ဆွေးနွေးရန် ၊ အတည်ပြုရန် အချိန်ယူရဦးမည်ဖြစ်သည်။



0 comments: