စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, February 27, 2012

ဒီမိုကရက်တစ် မြန်မာ့အသံ ညွှန်ကြားရေးမှူးနှင့် အယ်ဒီတာချုပ် ရန်ကုန်ရောက်ရှိ

ဒီမိုကရက်တစ် မြန်မာ့အသံ ညွှန်ကြားရေးမှူးနှင့် အယ်ဒီတာချုပ် ရန်ကုန်ရောက်ရှိ
ဖေဖေါ်ဝါရီ ၂၇ ရက်၊ ၂၀၁၂ / Yangon Press International
ယခင်ပြည်ပရောက် စင်ပြိုင်အစိုးရအဖွဲ့မှ စတင်တည်ထောင်ခဲ့သည့် ဒီမိုကရက်တစ် မြန်မာ့အသံ DVB ရဲ့ ညွန်ကြားရေးမှူးနှင့် အယ်ဒီတာချုပ် ဦးအေးချမ်းနိုင် မြန်မာနိုင်ငံသို့ ဒီကနေ့ မနက်ပိုင်းမှာ ရောက်ရှိလာပါတယ်။ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံး မြန်မာနိုင်ငံသို့ ပြန်လာခွင့် ရတာဖြစ်ပြီး ငါးရက်ဗီဇာနဲ့ လာရောက်ခွင့်ရတာလည်းဖြစ်ပါတယ်။

ယခုခရီးစဉ်အတွင်း မြန်မာနိုင်ငံ အစိုးရ တာဝန်ရှိသူတချို့နဲ့ တွေ့ဆုံဖို့ အစီအစဉ် ရှိသလို၊ ပြည်တွင်းက မီဒီယာ အဖွဲ့အစည်းများ မီဒီယာနယ်ပယ်ကို ဦးဆောင်နေသူများနဲ့လည်း တွေ့ဆုံသွားမယ်လို့ သိရပါတယ်။

ဒီဗွီဘီ သတင်းဋ္ဌာနရဲ့ ယာယီညွှန်ကြားရေးမှူး တာဝန်ယူထားတဲ့ ဦးဟန်ညောင်ဝေလည်း ယမန်နှစ်နှောင်းပိုင်းက မြန်မာနိုင်ငံကို လာရောက်ခဲ့ပါသေးတယ်။ န၀တအစိုးရလက်ထက် တလျှောက်လုံး ပြည်ပအခြေစိုက် မြန်မာမီဒီယာများကို လေလှိုင်းပေါ်က လူသတ်သမားများလို့ အစိုးရပိုင် သတင်းစာ၊ ရုပ်သံများမှာ ခေါ်ဆို သုံးစွဲနေခဲ့ရာမှ ယမန်နှစ် သြဂုတ်လမှာ ရပ်ဆိုင်းလိုက်ပြီးနောက် လအနည်းငယ်အကြာမှာ မြန်မာနိုင်ငံထဲ ပြန်လာခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

ပြည်ပအခြေစိုက် မြန်မာမီဒီယာများဖြစ်တဲ့ ဘီဘီစီ၊ ဗွီအိုအေ၊ ဧရာဝတီ၊ မဇ္ဈိမ၊ အာရ်အက်ဖ်အေ သတင်းဋ္ဌာနတို့ ယခင်လပိုင်းများမှာ အသီးသီး လာရောက် ခဲ့ကြပါတယ်။

YPI

0 comments: