ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုးဆက်တွေ လက်မှတ်ထိုးရောင်းချမယ့် မန္တလေးရာပြည့်တိုက်ရဲ့ စာအုပ်မိတ် ဆက်ပွဲအစီအစဉ်ကို သက်ဆိုင်ရာကဖိအာပေးလို့ ဖျက်လိုက်ရ
ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုးဆက်တွေ လက်မှတ်ထိုးရောင်းချမယ့် မန္တလေးရာပြည့်တိုက်ရဲ့ စာအုပ်မိတ် ဆက်ပွဲအစီအစဉ်ကို သက်ဆိုင်ရာကဖိအာပေးလို့ ဖျက်လိုက်ရတယ်လို့ စာအုပ်ဆိုင်ပိုင်ရှင် ကိုပုညဆွေက ပြောပါတယ်။ ကိုမင်းကိုနိုင်တို့အဖွဲ့ မန္တလေးကိုရောက်နေတုန်းမှာ "၈၈ မျိုးဆက်ကျောင်းသားများ သတင်းစာရှင်းလင်းပွဲ" စာအုပ်မိတ်ဆက်ပွဲကို မနက်ဖြန်မှာလုပ်ဖို့ စီစဉ်ထားပေမဲ့ ဖျက်လိုက်ရတဲ့အပြင် စာအုပ်တိုက်ကိုလည်း ဒီနှစ်ကုန်ကျရင် နေရာပြောင်းဖို့ ကြိုတင်သတိပေးခဲ့တယ်လို့ ကိုပုညဆွေက ပြောပြခဲ့ပါတယ်။
------------------------------------
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဆိုင်းဘုတ် ဖျက်ဆီးခံခဲ့ရ
နေပြည်တော် မဲဆန္ဒနယ်တခုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဆိုင်းဘုတ် ဖျက်ဆီးခံခဲ့ရတယ်လို့ သိရ ပါတယ်။ ပုပ္ဗသီရိနဲ့ ဇမ္ဗူသီရိမြို့နယ်နှစ်ခုကြား ကျေးရွာတခုမှာရှိတဲ့ အန်အယ်ဒီဆိုင်းဘုတ် ပြီးခဲ့တဲ့သောကြာ နေ့ က ဖျက်ဆီးခံခဲ့ရကြောင်း ဇမ္ဗူသီရိမြို့နယ့်  အန်အယ်ဒီကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်းက ပြောပါ တယ်။ အရင်ကလဲ နေပြည်တော် မြို့ နယ်တစ်ခုမှာ အလားတူ ဆိုင်းဘုတ်ဖျက်ဆီးခံရမူမျိုး ဖြစ်ခဲ့ပါတယ်။
---------------------------------
ကြီးမားတဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုေ တွရဖို့ဟာ ဒေသတွင်းတည်ငြိမ်ဖို့ အရေးကြီး
ကြီးမားတဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုေ တွရဖို့ဟာ ဒေသတွင်းတည်ငြိမ်ဖို့ အရေးကြီးတယ်လို့ ပြည်ထောင်စု မီးရထားဝန်ကြီး ဦးအောင်မင်းက ပြောကြားလိုက်ပါတယ်။ မွန်ပြည်သစ်ပါတီနဲ့ အပစ်အခတ်ရပ်စဲရေး လက် မှတ်မထိုးခင် မော်လမြိုင်မြို့ ထူးဟိုတယ်မှာကျင်းပတဲ့ ညစာစားပွဲအတွင်း အဲဒီလို ပြောသွားတာဖြစ်ပါတယ်။ ဒါ့အပြင် အပစ်အခတ် ရပ်စဲပြီးနောက်ပိုင်း မွန်နဲ့ ကရင်ပြည်နယ်တွေမှာ ဒေသဖွံ့ဖြိုးရေးအတွက် စက်မှုဇုံတွေ တည်ဆောက်ပေးမယ်လို့ဆိုပါတယ်။ အပစ်အခတ်ရပ်စဲပြီးတဲ့အခါ ဒုတိယကမ္ဘာစစ်အတွင်းက အသုံးပြုခဲ့တဲ့ သေမင်းတမန်ရထားလမ်းကိုလဲ ပြန်ပြင်ပေးမယ်လို့ ဦးအောင်မင်းက ဆိုပါတယ်။ မွန်ပြည်သစ်ပါတီနဲ့ လက်ရှိ အစိုးရဟာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို အခုလ (၂၅) ရက်နေ့က လက်မှတ်ရေးထိုးခဲ့ တာဖြစ်ပါတယ်။
----------------------------------
မြို့နယ်ကနေ ပြည်ထောင်စုအဆင့်ထိ ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့် ကြား သတ်မှတ်ထားတဲ့ ရွေးကောက်ပွဲဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေဟာ တပြေးညီမရှိဘဲ နားလည်မှုလွဲစရာတွေ ဖြစ်နြေေ့ကာင်း
မြို့နယ်ကနေ ပြည်ထောင်စုအဆင့်ထိ ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့် ကြား သတ်မှတ်ထားတဲ့ ရွေးကောက်ပွဲဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေဟာ တပြေးညီမရှိဘဲ နားလည်မှုလွဲစရာတွေ ဖြစ်နြေေ့ကာင်း မင်္ဂလာတောင်ညွန့်မြို့နယ် ဒီမိုကရက်တစ်ပါတီ အမတ်လောင်း ဦးသုဝေက ပြောကြားလိုက်ပါတယ်။ ဥပမာ မဲရုံကိုယ်စားလှယ်တွေအဖြစ် ခန့်အပ်မယ့်သူတွေဟာ မဲဆန္ဒနယ်မြေအတွင်းနေထိုင်တဲ့ အိမ်ထောင်စုစာရင်းရှိ သူတွေ ဖြစ်ရမယ်လို့ခရိုင်ကော်မရှင်ကဆိုပေမယ့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကတော့ အိမ် ထောင်စုစာရင်းမရှိလည်း မဲရုံကိုယ်စားလှယ်လုပ်လို့ရတယ်လို့ ဆိုထားပါတယ်။ နောက်တခါ ကြိုတင်မဲကိစ္စ္စတွေနဲ့ပတ်သက်ပြီး ခရိုင်ကော်မရှင်က ကိုယ်စားလှယ်လောင်းတွေ စစ်ဆေးခွင့်မရှိဘူးလို့ ဆိုထားပေမယ့် ပြည်ထောင်စုကော်မရှင်ကတော့ စစ်ဆေးခွင့် ရှိတယ်လို့ ပြောကြားထားတာတွေကို ဥိးသုဝေက ထောက်ပြခဲ့ပါတယ်။
-------------------------------
ရခိုင်အမျိုးသားဒီမိုကရေစိအဖွဲ့ ချုပ် ပြည်ထောင်စုရွေေးကာက်ပွဲကျင်းပေ ရးကော်မရှင်မှာ ဒီကနေ့ ပါတီ ထူထောင်ခွင့် ပြန်လည်လျောက်ထားလိုက်ပြီ
ရခိုင်အမျိုးသားဒီမိုကရေစိအဖွဲ့ ချုပ် ပြည်ထောင်စုရွေေးကာက်ပွဲကျင်းပေ ရးကော်မရှင်မှာ ဒီကနေ့ ပါတီ ထူထောင်ခွင့် ပြန်လည်လျောက်ထားလိုက်ပြီဖြစ်ြေ ကာင်း ပါတီဥက္ကဌ ဦးသာဘန်းက ဒီဗွီဘီကို ပြောပါတယ်။ ရခိုင်အမျိုးသားဒီမိုကရေစိအဖွဲ့ ချုပ်ဟာ ၁၉၉၀-ရွေးကောက်ပွဲတုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ြ ပီးရင် တတိယမြောက် မဲအများဆုံး အနိုင်ရခဲ့တဲ့ပါတီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ မှာတော့ နိုင်ငံရေးပါတီ အဖြစ်ပြန်လည်မှတ်ပုံ မတင်တဲ့အတွက် ပါတီဖျက်သိမ်းခံခဲ့ရတာဖြစ်ပါတယ် ။
-------------------------------
“ရပ်ကွက်၊ ကျေးရွာ၊ အုပ်ချုပ်ရေးမှူးဆိုင်ရာ ဥပဒေ”ကို
ဥပဒေ ကြမ်းအဖြစ် သမ္မကိုတင်ပြရာမှာ သမ္မတက ဆယ်အိမ်မှူးတွေစုစည်းပြီး ဗြောင်ဆန္ဒမဲပေး ရွေးချယ်သင့်တယ် လို့ မှတ်ချက်ပေးခဲ့
“ရပ်ကွက်၊ ကျေးရွာ၊ အုပ်ချုပ်ရေးမှူးဆိုင်ရာ ဥပဒေ”ကို သမ္မတ ဦးသိန်းစိန်က ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၂၄ ရက် နေ့က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။ ဒီဥပဒေကို လွှတ်တော် (၂) ရပ်က ဥပဒေ ကြမ်းအဖြစ် သမ္မကိုတင်ပြရာမှာ သမ္မတက ဆယ်အိမ်မှူးတွေစုစည်းပြီး ဗြောင်ဆန္ဒမဲပေး ရွေးချယ်သင့်တယ် လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ဒီပေမဲ့ အဲဒီမူကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာတော့ သမ္မတ မှတ်ချက် ရှုံးနိမ့်သွာပြိး လျှို့ဝှက်မဲပေးနစ်နဲ့ ရွေးချယ်မယ့်ဥပဒေ အတည်ဖြစ်သွားပါတယ်။ ဒီဥပဒေထဲမှာတော့ ရပ်ကွက်ကျော် သွားရောက်သူတိုင်း ဧည့်စာရင်းတိုင်ရမယ်ဆိုတဲ့ အရင်စစ်အစိုးရအဆက်ဆက် ပြဌာန်းချက် ကို ဆက်လက် အတည်ပြုထားဆဲဖြစ်ပါတယ်။
-----------------------------------
ပုံမှန်ကျင်းပနေတဲ့ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို ဒီကနေ့ ဖေဖေါ်ဝါရီ ၂၇ ရက်နေ့မှာ ခေတ္တရပ်နားလိုက်တယ်
ပုံမှန်ကျင်းပနေတဲ့ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို ဒီကနေ့ ဖေဖေါ်ဝါရီ ၂၇ ရက်နေ့မှာ ခေတ္တရပ်နားလိုက်တယ်လို့ သဃင်္ကျွန်းမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က ပြောပါတယ်။ ဒီကိစ္စကို ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့ညနေပိုင်းမှာ လွှတ်တော် တာဝန်ရှိသူတွေက ကြိုတင်အကြောင်းကြားလာတယ်လို့လည်း သူက ဆိုပါတယ်။ ဘာကြောင့် အခုလို ရုတ်တရက် ရပ်နားလိုက်သလဲဆိုတာကိုတော့ ပြည်ထောင်စုလွှတ်တော် တာဝန်ရှိသူတွေက ထုတ် ပြောခြင်းမရှိကြောင်း ဥိးသိန်းညွန့်က ပြောပြခဲ့ပါတယ်။
------------------------------------
ပညာရေး ၀န်ကြီးဌာနအောက်မှာရှိတဲ့ တက္ကသိုလ်အသီးသီးက ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းတွေကို သင်တန်းကာလ ၁ နှစ် ထပ်တိုးတော့မယ်
ဒီကနေ့ပြုလုပ်တဲ့ တက္ကသိုလ်ပညာရေးအဖွဲ့များကောင်စီ ရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ပညာရေး ၀န်ကြီးဌာနအောက်မှာရှိတဲ့ တက္ကသိုလ်အသီးသီးက ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းတွေကို သင်တန်းကာလ ၁ နှစ် ထပ်တိုးတော့မယ်လို့ သိရပါတယ်။ ဒီအစီအစဉ် ဘယ်တော့စမယ်ဆိုတာကိုတော့ ဆွေးနွေးနေဆဲဖြစ်ပါ တယ်။ ဒါ့အပြင် လာမဲ့ပညာသင်နှစ်ကစပြီး ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း ၊ ပဲခူးတိုင်းအရှေ့ ခြမ်း၊ ကရင် ပြည်နယ်စတဲ့ဒေသတွေက ဆေးတက္ကသိုလ်တက်ရောက်မယ့် ကျောင်းသူ-ကျောင်းသားတွေဟာ ရန်ကုန် ဆေးတက္ကသိုလ် (၂) ကို ပြောင်းလဲတက်ရောက်ခွင့်ရမယ်လို့ သိရပါတယ်။ ဒါပေမဲ့ သတ်မှတ်ဦးရေထက် ကျော်လွန်ယင်တော့ မကွေးဆေးတက္ကသိုလ်မှာ တက်ရောက်ရမဲ့အကြောင်း တက္ကသိုလ်ပညာရေး အဖွဲ့များ ကောင်စီ အစည်းအဝေးဆုံးဖြတ်ချက်အရ သိရပါတယ်။
DVB TV News
Posted in: သတင်း
0 comments:
Post a Comment