စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, February 27, 2012

အပြည်ပြည် ဆိုင်ရာ မိခင် ဘာသာစကား နေ့ (International Mother Language Day) အခမ်းအနား ရန်ကုန်မြို့၌ ကျင်းပ


မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သမ္မတနိုင်ငံ သံရုံးနှင့် မြန်မာနိုင်ငံ ယူနက်စကို အမျိုးသားကော်မရှင်တို့ ပူးပေါင်းကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မိခင်ဘာသာစကားနေ့ (International Mother Language Day)အခမ်းအနားကို ဖေဖော်ဝါရီ လ ၂၁ ရက်နေ့က ရန်ကုန်မြို့ နိုင်ငံခြားဘာသာ တက္ကသိုလ်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ ယူနက်စကို အမျိုးသားကော်မရှင် အတွင်းရေးမှူးချုပ်၊ ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာလွင်လွင်စိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ ဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သမ္မတနိုင်ငံ သံရုံးမှ သံအမတ်ကြီးက အဖွင့်မိန့်ခွန်းနှင့် ဘင်္ဂလားဒေ့ရှ် သမ္မတနိုင်ငံ သမ္မတ၏ သ၀ဏ်လွှာကို ဖတ်ကြားခဲ့ကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံယူနက်စကို Programme Manager Mr. Sardar Umar Alam က ယူနက်စကို ညွှန်ကြားရေးမှူးချုပ် Ms. Irina Bo- kova ၏သ၀ဏ်လွှာကိုဖတ်ကြား ခဲ့သည်။ ဘင်္ဂလားဒေ့ရှ် သမ္မတနိုင်ငံ သံရုံးမှ Minister and Deputy Chief of Mission, Ms. Rezina Ahmed က ‘The Historical Background of The International Mother Language Day’ ခေါင်းစဉ်ဖြင့် တင်ပြဆွေးနွေးခဲ့ပြီး ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်၊ မြန်မာဘာသာဌာန ပါမောက္ခဌာနမှူး ဒေါက်တာ ရင်ရင်သန်းက ‘မြန်မာဘာသာစကားနှင့် မြန်မာစာပေ’ ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့သည်။

ထို့နောက် ရန်ကုန်နိုင်ငံခြား ဘာသာ တက္ကသိုလ် ဘွဲ့ကြိုကျောင်းသား ၁၆ ဦးက မြန်မာစာပေဆိုင်ရာ ဥာဏ်စမ်းပဟေဠိ ပြိုင်ပွဲဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သမ္မတနိုင်ငံ သံရုံးမှ တေးသီချင်းသရုပ်ဖော် အစီအစဉ်များဖြင့် လည်းကောင်း၊ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်၌ မြန်မာဘာသာ စကား အထူးပြု တက်ရောက်နေသည့် တရုတ်၊ အိန္ဒိယ၊ ဗီယက်နမ်၊ ကိုရီးယား၊ ဂျပန်၊ ပြင်သစ်ကျောင်းသား ကျောင်းသူများက တေးသီချင်းများ၊ သက်ဆိုင်ရာ နိုင်ငံများ အကြောင်းနှင့် ယဉ်ကျေးမှုစာပေများ စသည့် အစီအစဉ်များဖြင့် တင်ဆက်ပြသခဲ့ကြောင်း သိရှိရသည်။

Eleven Media Group

0 comments: