စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, February 19, 2012

အီရန် နယူးကလီးယား အစီအစဉ် တိုးချဲ့မယ့်ပုံရှိ

အီရန် သမ္မတ နယူး ကလီးယား စက်ရုံတွေ လှည့်လည် ကြည့်ရှု


အီရန်က ယူရေနီယံ သန့်စင်ရာမှာ မရှိ မဖြစ် လိုအပ်တဲ့ စက်ပစ္စည်းအမြောက် အမြားကို ကွမ်းမြို့နားက မြေအောက် နယူး ကလီးယား စက်ရုံ တခုမှာ တပ်ဆင်ဖို့ အသင့် ဖြစ်နေပြီလို့ အိုင်အေအီးအေ သံတမန် တယောက်က ပြောလိုက်ပါတယ်။

ရာနဲ့ချီတဲ့ စင်ထရီဖြူကိရိယာတွေကို တပ်ဆင် ပြီးတဲ့ အခါ အီရန် အနေနဲ့ ယူရေနီယံ သြဇာ ဖြည့် လုပ်ငန်းတွေကို သိသိသာသာ အရှိန်မြှင့် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

အစောပိုင်းကတော့ ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဝီလီယံဟိတ်က အီရန်မှာ နယူးကလီး ယား နည်းပညာ ရှိသွားပြီ ဆိုရင် အရှေ့ အလယ်ပိုင်းက တခြား နိုင်ငံတွေကလည်း နယူးကလီးယား အပြိုင် တပ်ဆင်တာမျိုး ဖြစ်လာနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။

သန့်စင်ထားတဲ့ ယူရေနီယံဟာ စွမ်းအင် ထုတ်လုပ်တဲ့ နေရာမှာ သုံးနိုင်သလို လက်နက် ထုတ်လုပ်ဖို့လည်း သုံးနိုင်ပါတယ်။

တဘက်မှာ ခုရက်ပိုင်းတွေ အတွင်းမှာ အီရန် သမ္မတ အာမက် ဒီနေဂျက်က အီရန်ဟာ တိုးတက်မှုကြီးတွေ ရနေပြီဆိုပြီး ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

နိုင်ငံတကာက အီရန်ကို နယူးကလီးယား သန့်စင်မှုတွေ ရပ်ဖို့ ဖိအား ပေးနေပေမယ့် ခု ရထားတဲ့ စင်ထရီဖြူ ကိရိယာတွေ တပ်ဖို့ ပြင်နေပြီဆိုတဲ့ သတင်းတွေ အတည်ဆိုရင် အီရန်ဟာ နိုင်ငံတကာက ဖိအားပေးမှုတွေကို နားထောင်ပုံ မရတာကို ပြနေပါတယ်။

အီရန် နိုင်ငံသား အများ အပြားကတော့ သူတို့ နိုင်ငံ နယူးကလီးယား နည်းပညာ ပိုင်တဲ့ နိုင်ငံ ဖြစ်လာမှာကို ဂုဏ်ယူနေပါတယ်။

တခိျု့ကလည်း ဂျပန်ပုံစံမျိုး၊ နယူးကလီးယားလက်နက် လက်ဝယ်ပိုင်ဆိုင်တာမျိုး မဟုတ်ပဲ နည်းပညာ ပိုင်ထားပြီး ထုတ်ချင်တဲ့ အချိန် ကောက်ထုတ်လို့ ရတဲ့ အနေ အထားကိုလည်း စဉ်းစားကောင်း စဉ်းစားနေနိုင်ပါတယ်။

Ref: BBC

0 comments: