စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Saturday, February 25, 2012

မွန်ပြည်သစ် ပါတီမှနိုင်ငံရေးအကျဉ်းသားနှစ်ဦးကို အမြန် ဆုံးလွှတ်ပေးရန် တောင်းဆို

အင်းစိန်အကျဉ်း ထောင်နှင့် သာယာဝတီအကျဉ်းထောင်တွင် အကျဉ်းကျခံနေရသော မွန်ပြည်သစ်ပါတီမှ နိုင်ငံရေး အကျဉ်းသား နှစ်ဦးကို အမြန်ဆုံး လွှတ်ပေးပါရန် မွန်ပြည်သစ်ပါတီမှ တောင်းဆို လိုက်ကြောင်း သိရသည်။

အကျဉ်းကျခံနေရသူနှစ်ဦးအနက် တစ်ဦးဖြစ်သူ နိုင်ယက္ခမှာ အင်းစိန်အကျဉ်း ထောင်တွင် အကျဉ်းကျနေပြီး နိုင်မျိုးထွေး မှာ သာယာဝတီအကျဉ်းထောင်တွင် အကျဉ်း ကျနေကြောင်း သိရသည်။ အဆိုပါကျခံ နေရသူ အကျဉ်းသားနှစ်ဦးနှင့်ပတ်သက်၍ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတည် ဆောက်ရန်အတွက် ပဏာမသဘောတူညီ ချက်အချက်လေးချက်တွင် ပါဝင်သည့် အကျဉ်းထောင်များတွင် ကျန်ရှိနေသေး သည့် နိုင်ငံရေးသမားများကို အားလုံး လွှတ်ပေးရန်နှင့် အကျဉ်းထောင်အတွင်း ရှိ မွန်ပြည်သစ်ပါတီမှ ရဲဘော်များအား လည်း သက်ညှာစာနာထောက်ထား၍ လွှတ် ပေးပါရန် အချက်ပေါ်မူတည်၍ ဖလားဝါး နယူးစ်ဂျာနယ်မှ မေးမြန်းချက်ကို မွန်ပြည် သစ်ပါတီ ဒုဥက္ကဌ ဦးနိုင်ရော့စက ဖေဖော် ဝါရီ ၂၅ရက်တွင်ပြုလုပ်သော မွန်ပြည်သစ် ပါတီနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော် ဆောင်ရေးအဖွဲ့တို့ ငြိမ်းချမ်းရေးဆွေးနွေး ပွဲပြုလုပ်စဉ်တွင် အထက်ပါအတိုင်း ပြော ကြားလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းပြုလုပ်သော ငြိမ်းချမ်း ရေးဆွေးနွေးပွဲတွင်လည်း ပြည်နယ်အဆင့် ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် ပဏာမသဘောတူညီမှု အချက်ငါးချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။

ယခုနှစ် ဇန်နဝါရီ ၁၄ရက်က နေပြည်တော်တွင် ပြုလုပ်သော သတင်းမီ ဒီယာများနှင့် တွေ့ဆုံစဉ် လွတ်မြောက်ခဲ့ သည့် စုစုပေါင်းအကျဉ်းသားအကျဉ်းသူ ၆၅၁ဦးနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီးက ယုံကြည် ချက်ကြောင့် မြန်မာနိုင်ငံအနှံ့တွင် အကျဉ်း ကျနေရသည်ဟုဆိုသူများ ကျန်ရှိပါက စာရင်းပေးပို့နိုင်ပြီး ယင်းစာရင်းနှင့်တိုက်ကာ ပြန်လွှတ်ပေး သွားမည်ဖြစ်ကြောင်း ပြော ကြားခဲ့သည် ဟုလည်း သိရသည်။


D-မင်း- Yangon Media Group

0 comments: