စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Saturday, February 25, 2012

ABSDF ကျောင်းသားဥက္ကဌ ကိုထွန်းအောင်ကျော် ဂျပန်သို့ ရောက်ရှိ.


၁၉၇၄ မျိုးဆက် ကျောင်းသားခေါင်းဆောင် နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ၏ ပထမဦးဆုံး ဥက္ကဌ ဖြစ်သူ ကိုထွန်းအောင်ကျော် သည် နိုင်ငံရေးခရီးစဉ်အနေဖြင့် ဂျပန်နိုင်ငံသို့ ဖေဖေါ်ဝါရီ လ၂၄ရက် သောကြာနေ့ တွင်တိုကျို နာရီတာ လေဆိပ်သို့  ရောက်ရှိလာခဲ့ပါသည်။

အဆိုပါ ခရီးစဉ်အတွင်း ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် မြန်မာ့အရေး တွေ့ဆုံဆွေးနွေးပွဲ တခုကို လည်း ကျင်းပပြုလုပ်သွားရန် ရှိကြောင်း သိရှိရပါသည်။

ကိုထွန်းအောင်ကျော်မှ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စံနစ် ပေါ်ပေါက်လာခြင်း နှင့် ကျောင်းသားများ၏ အခန်းကဏ္ဍ၊ စစ်အာဏာရှင်စံနစ်နှင့် ကျောင်းသားလှုပ်ရှားမှု နှစ်(၅၀)၊ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအ နေများကို

ဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက်ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများနှင့် ABSDF ရဲဘော်ဟောင်းများက ပူးပေါင်းစီစဉ် ဆောင်ရွက်နေကြောင်း။ ဟောပြောပွဲသဘောမျိုး မဟုတ်ပဲ အပြန်အလှန် ဆွေးနွေးမည့် အစီအစဉ်များနှင့် အနှစ်သာရရှိရှိ ကျင်းပသွားမည့် အကြောင်း ပွဲစီစဉ်သူ တဦးမှ ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံသားများမည်သူမဆို ပါဝင်ဆွေးနွေးနိုင်ပါသည်။

ကျောင်းသားစိတ်ဓါတ် လူတိုင်းရှိရန်လိုအပ်သည်။

လွတ်လပ်ရေးရအောင်ကြိုးစားခဲ့ကြသူတွေဟာကျောင်းသားဘ၀ကစ သန္တေတည်လာခဲ့တာ

ကျောင်းသားသမဂ္ဂရှိမှကျောင်းသား

အခွင့်အရေးကိုဖေါ်ဆောင်နှိင်မည်။

အာဏာရှင်ကိုအမြစ်ဖြတ်ဘို့ ကျောင်းသားစိတ်ဓါတ်(ခွပ်ဒေါင်းစိတ်ဓါတ်)ခိုင်မြဲရန်လိုအပ်သည်။

ခွပ်ဒါင်းစိတ်ဓါတ်မြင့်မားစေဖို့ ပါဝင်ဆွေးနွေးကြပါစို့ 

ဆွေးနွေးပွဲကို မတ်လ (၄) ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး တိုက်ရိုက်ကြည့်ရှုနိုင်ရန် စီစဉ်လျက်ရှိပါတယ်...

http://www.youtube.com/user/zayyar20283?feature=watch မှ တင်ဆက်ပေးပါမည်...တင်ဆက်မည့်နေ့ တွင် ဗွီဒီယို ကြည့်ရှုနိုင်ရန် http://hdvideonewsjp.blogspot.com/ နှင့် BCJP ဘားမားကမ်ပိန်း ဂျပန် ၊http://www.dawnmanhon.com/တို့ တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။

ကိုသန်းဆွေ (မြေနီကုန်း) - 03 6479 6784

ကိုသာထက် (ကိုသောင်းလှိုင်) - 090 3242 1988

ကိုညီညီလွင် - 090 2157 3906

ကိုခင်မောင်ထွေး - 080 3456 4935

ကိုထွန်းဝေ - 080 3099 1503

မလေးလေး - 090 9828 2240

ကိုထွန်းအောင်ကျော် သည်ဂျပန်မှခရီးစဉ်ပြီးဆုံးပါက ကိုရီးယားသို့  ဆက်လက်သွားရောက်ဆွေးနွေး မည်ဖြစ်သည်။

တိုကျို နာရီတာလေဆိပ်တွင် ရဲဘော်ဟောင်းများနှင့်အတူ တွေ့ ရစဉ်...

ပေးပို့သော ကိုထွန်းဝေ-ဂျပန်(တိုကျို)အားကျေးဇူးတင်ရှိပါသည်..

ဒေါင်းမာန်ဟုန်

0 comments: