စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Saturday, February 25, 2012

ဧည့်စာရင်း တိုင်ကြားရာတွင် ငွေကြေးကောက်ခံခြင်း မပြုရသော ဥပဒေကိုနိုင်ငံတော်သမ္မတ က အတည်ပြု

(အုပ်ချုပ်ရေးမှူးသည် စစ်ရေးအတွေ့အကြုံ ရှိရမည် ဆိုတာတော့ မပါပါဘူး)


ဧည့်စာရင်း တိုင်ကြားရာတွင် ငွေကြေးကောက်ခံခြင်း မပြုရသော ဥပဒေကို နိုင်ငံတော်သမ္မတ သည် ဖေဖော်ဝါရီ ၂၄ရက်က လက်မှတ် ရေးထိုးအတည်ပြု ပြဌာန်းလိုက်ပြီဖြစ် ကြောင်း သိရသည်။

အဆိုပါဥပဒေကို ဖေဖော်ဝါရီ ၂၄ရက်က ထုတ်ပြန်လိုက်ပြီး ဥပဒေတွင် ပါသည့်အခန်း ၁၅ အထွေထွေ ပုဒ်မ ၃၃ တွင် ရပ်ကွက် ကျေးရွာများ၌ ဧည့်စာ ရင်းတိုင်ကြားရာတွင် ငွေကြေးတစ်စုံတစ် ရာကောက်ခံခြင်း မပြုရကြောင်း ယင်းဥ ပဒေပြဌာန်းချက်အရ သိရသည်။ ယခင်က ဧည့်စာရင်းတိုင်ကြား ရာတွင် အုပ်ချုပ်ရေးမှူးရုံးအဖွဲ့ ရန်ပုံငွေ အဖြစ်သော်လည်းကောင်း၊ စာရွက်စာ တမ်း ကြေးအဖြစ်သော်လည်းကောင်း ငွေ ကြေးကောက်ခံမှုများရှိခဲ့ကြောင်းသိရသည်။



ယခင်က မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအလိုက် ဧည့်စာရင်းတိုင် ကြားခဲ့ရာတွင် ကောက်ခံမှုငွေကြေးမှာ ကွဲ ပြားကြပြီး နေရာဒေသအပေါ် မူတည်၍ ဧည့်စာရင်းတစ်ခါ တိုင်ကြားလျှင် ကျပ် ၂၀ဝမှ ၅၀ဝအကြား ကောက်ခံနေမှုများ ရှိကြောင်း စုံစမ်းသိရသည်။ ''အခုအချိန်ထိ ဧည့်စာရင်းတိုင် ရင် စာရွက်စာတမ်းကြေး၊ ရန်ပုံငွေဆိုပြီး တောင် ပြောပြီးမတောင်းတော့ဘူး။ စာ ရင်းသွင်းပြီးတာနဲ့ ၅၀၀ ကျတယ်ဆိုပြီး တော့ စာရေးတွေက တောင်းတော့တာပဲ'' ဟု တောင်ဥက္ကလာပ နေ ဦးမျိုးဟိန်းက သူ အမြဲကြုံတွေ့နေရသည်ကို ပြောသည်။

ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ် ချုပ်ရေးမှူးရုံးများအတွက် ရုံးအသုံးစရိတ် များ သုံးစွဲနိုင်ရန် နှစ်စဉ်ရသုံးမှန်းခြေငွေ စာရင်း၌ မြို့နယ်အလိုက် သင့်လျော်သည့် ရန်ပုံငွေပမာဏကို ခွဲဝေသတ်မှတ်လျာထား ရမည်ဖြစ်ကာ ရန်ပုံငွေကို ရပ်ကွက် သို့မ ဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ညွှန်ကြားချက်များနှင့်အညီ မြို့နယ်အုပ် ချုပ်ရေးမှူးထံသို့ တင်ပြတောင်းခံပြီး စနစ် တကျသုံးစွဲရမည်ဟု အခန်း ၁၃ ပုဒ်မ ၂၉၊ ၃ဝတွင် ဖော်ပြပါရှိသည်။


0 comments: