အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ စည်းရုံးရေးခရီးစဉ်နှင့် ပတ်သက်ပြီး ကန့်သတ်မှုများကို ကချင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ပယ်ဖျက်ခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ ဗဟိုအောင်နိုင်ရေး အဖွဲ့အတွင်းရေးမှူး (Campaign Manager) ဦးဥာဏ်ဝင်း၏ ပြောကြားချက်အရ သိရပါသည်။
"ကချင်ပြည်နယ်၊ မြစ်ကြီးနား ကော်မရှင် အဖွဲ့ခွဲက ပြည်နယ် NLD ကို ခေါ်ပြီး ပြောတာပါ။ ပြန်ခွင့်ပြုတယ်ဆိုပြီး ပြောတာပါ။ အရင် ကန့်သတ်ထားတာတွေ ဖျက်လိုက်ပြီဆိုပြီး ပြောတာပါ" ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲ ဗဟိုအောင်နိုင်ရေး အဖွဲ့အတွင်းရေးမှူး (Campaign Manager) ဦးဥာဏ်ဝင်းက ပြောကြားခဲ့သည်။
ထို့အပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဟံသာမြင့်က "ကြားတာပဲ ရှိပါသေးတယ်။ စာကို မြင်ရတာတို့ အမိန့်ကို မြင်ရတာတို့ အဲ့ဒီလို မဟုတ်ပါဘူး။ ဒါပေမယ့်လို့ ခေါ်ပြောတယ်ဆိုတာ အပေါ်ကပြောတယ် ဆိုတော့ ရသွားတဲ့ သဘောပါပဲ။ အသေးစိတ်အောက်မှာ ညှိရမယ့်ဟာတွေ ရှိပါသေးတယ်။ အစပိုင်းက အားကစားကွင်း သုံးခွင့်မပြုဘူး။ ခရီးစဉ်လည်း ခွင့်မပြုဘူး ဆိုပြီး ရှိခဲ့တာပါ။" ဟုပြောကြားခဲ့သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ်သို့ ဖေဖေါ်ဝါရီလ ၂၃ ရက် ၂၄ ရက် တို့တွင် စည်းရုံးရေးခရီးစဉ် သွားရောက်ရန် စီစဉ်ထားကြောင်း သိရသည်။
Welcome to SeekaHost
5 weeks ago
0 comments:
Post a Comment