စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, February 24, 2012

သတင်း တိုတို ထွာထွာ များစုစည်းမှု

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့နေ့လယ်ပိုင်းက ဗန်းမော်မြို့ကို ရောက်ရှိလာပြိး မနောကွင်းမှာ မိန့်ခွန်းပြောခဲ့



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့နေ့လယ်ပိုင်းက ဗန်းမော်မြို့ကို ရောက်ရှိလာပြိး မနောကွင်းမှာ မိန့်ခွန်းပြောခဲ့ပါတယ်။ ဒီ့အရင်မနက်ပိုင်းကလည်း မြစ်ကြီးနားမြို့ မနောပွဲ ကျင်းပရာ မနောကွင်းမှာ သူ့ရဲ့စည်းရုံးရေးခရီးစဉ်တွေအတွင်း အချိန်အကြာဆုံး မိန့်ခွန်းတစ်ရပ်ကို ပြောကြားခဲ့ပါတယ်။ ကချင်ပြည်နယ်အတွင်း ပြောကြားတဲ့မိန့်ခွန်းတွေအားလုံးမှာ ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းငြိမ်း
ချမ်းရေးအတွက် နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာရမှာဖြစ်ပြီး တဖက်နဲ့တဖက် လက်နက် အင်အား၊ လူအင်အားချင်း မပြိုင်ကြဘဲ သဘောထားကြီးတာချင်း ပြိုင်ကြဖို့လိုတယ်လို့ အဓိကထား ပြော ကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဖေဖေါ်ဝါရီလ၂၆ ရက်နေ့မှာတော့ ခရမ်းသုံးခွဘက်ကို ခရီးထွက်ဖို့ စီစဉ်ထားပါတယ်။

------------------------------------


 မြန်မာအစိုးရအနေနဲ့ နယ်စပ်ဒေသလုံခြုံရေးကို ဂရုတစိုက်လုပ်ဆောင်ဖို့ တရုတ်အစိုးရက တိုက်တွန်း

မြန်မာအစိုးရအနေနဲ့ နယ်စပ်ဒေသလုံခြုံရေးကို ဂရုတစိုက်လုပ်ဆောင်ဖို့ တရုတ်အစိုးရက တိုက်တွန်း လိုက်ပါတယ်။ တရုတ်နိုင်ငံမှာရောက်ရှိနေတဲ့ ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းကို တရုတ်အစိုးရ အကြံပေးအဖွဲ့ အကြီးအကဲက တိုက်တွန်းလိုက်တာဖြစ်ပါတယ်။ တရုတ်နိုင်ငံခြားရေးဌာနကလဲ မြန်မာ အစိုးရဟာ တိုင်းရင်းသားပဋိပက္ခကို ငြိမ်းချမ်းတဲ့နည်းနဲ့  ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း သူရ ဦးရွှေမန်းကို ပြောကြားခဲ့ပါတယ်။တရုတ်နယ်စပ်မှာ မြန်မာအစိုးရနဲ့ ကချင်လက်နက်ကိုင်တပ်တွေရဲ့ တိုက်ပွဲ တွေကြောင့် ကချင်ဒုက္ခသည်တွေ တရုတ်နိုင်ငံထဲထွက်ပြေးလာတဲ့ကိစ္စနဲ့ ထိုင်းမြန်မာနယ်စပ် မဲခေါင်မြစ် ထဲမှာသွားလာနေတဲ့ တရုတ်သင်္ဘောတွေ တိုက်ခိုက်ခံရတာတွေကြောင့် တရုတ်အစိုးရက အခုလို သတိပေး တိုက်တွန်းနေတာလဲဖြစ်ပါတယ်။
------------------------
 အသွင်ကူးပြောင်းရေးဆိုင်ရာ နိုင်ငံတကာအတွေ့အကြုံများ-ဆိုတဲ့ခေါင်းစဉ်နဲ့ ဟောပြောပွဲလုပ်မယ်

မကြာသေးခင်ကမှ ရန်ကုန်မှာ ရုံးဖွင့်ခွင့်ရရှိခဲ့တဲ့ ဗဟုဖွံ့ဖြိုးရေးအဖွဲ့က မနက်ဖြန် ဖေဖေါ်ဝါရီလ ၂၅ ရက် နေ့မှာ အသွင်ကူးပြောင်းရေးဆိုင်ရာ နိုင်ငံတကာအတွေ့အကြုံများ-ဆိုတဲ့ခေါင်းစဉ်နဲ့ ဟောပြောပွဲလုပ်မယ်လို့ သိရပါတယ်။ အင်းစိန် အနောက်ကြို့ ကုန်း ဘုရင့်နောင်လမ်းမှာရှိတဲ့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ရုံးမှာပြုလုပ်ဖို့ စီစဉ်ထားပြီး စာရေးဆရာ တင်မောင်သန်း၊ နိုင်ငံရေးအကဲခတ် ဦးအောင်နိုင်ဥိးနဲ့ စီးပွားရေးပညာရှင် ဦးဇော်ဦးတို့ ဟောပြောဆွေးနွေးမယ်လို့ သိရပါတယ်။

-------------------------------

ထိုင်းနိုင်ငံအခြေစိုက် ယမဟာ-ကုမ္ပဏီခွဲက တခြားရင်းနှီးမြုပ်နှံ သူတွေနဲ့ ပေါင်းပြီး မြန်မာနိုင်ငံမှာ မော်တော် ဆိုင်ကယ် ထုတ်လုပ်ရောင်းချဖို့ စီစဉ်နေ

ထိုင်းနိုင်ငံအခြေစိုက် ယမဟာ-ကုမ္ပဏီခွဲက တခြားရင်းနှီးမြုပ်နှံ သူတွေနဲ့ ပေါင်းပြီး မြန်မာနိုင်ငံမှာ မော်တော် ဆိုင်ကယ် ထုတ်လုပ်ရောင်းချဖို့ စီစဉ်နေကြောင်း ထိုင်းနိုင်ငံထုတ် နေးရှင်းသတင်းစာမှာ ဖော်ပြပါထားတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းယမဟာကုမ္ပဏီက ဂျပန်မှာရှိတဲ့ မိခင်ကုမ္ပဏီနဲ့  အသေးစိတ် ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ဒီအစီအစဉ်အရ မြန်မာနိုင်ငံအတွင်း ပထမဆုံး ထုတ်လုပ်မယ့်နှစ်မှာ မော်တော်ဆိုင်ကယ် အစီးရေ ၁ သောင်း ထုတ်လုပ်ဖို့ မျှော်လင့်ထားတယ်လို့  ထိုင်းနိုင်ငံ ယမဟာကုမ္ပဏီခွဲရဲ့ လုပ်ငန်းလည်ပတ် မှုဆိုင်ရာအရာရှိချုပ်က နေရှင်းသတင်းစာကို ပြောကြားခဲ့ပါတယ်။

----------------------------
 အကျဉ်းထောင်တွေထဲ ကြည့်ရှူစစ်ဆေးခွင့်ပေးဖို့ နယူး ယောက်ခ်အခြေစိုက် လူ့ အခွင့်အရေး လေ့လာစောင့်ကြည့်အဖွဲ့ က တောင်းဆို

မြန်မာအစိုးရအနေနဲ့ ပြင်ပလေ့လာသူတွေကို အကျဉ်းထောင်တွေထဲ ကြည့်ရှူစစ်ဆေးခွင့်ပေးဖို့ နယူး ယောက်ခ်အခြေစိုက် လူ့ အခွင့်အရေး လေ့လာစောင့်ကြည့်အဖွဲ့ က တောင်းဆိုလိုက်ပါတယ်။ အဲဒီအဖွဲ့က စေလွှတ်လိုက်တဲ့ သုတေသီအဖွဲ့ တစ်ဖွဲ့ ဟာ မကြာသေးခင်ကမှ မြန်မာနိုင်ငံထဲကို လာရောက်လေ့လာခဲ့ပြီး တဲ့နောက် အခုလို တောင်းဆိုလိုက်တာဖြစ်ပါတယ်။ အဲဒီခရီးစဉ်မှာလိုက်ပါလာတဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီး တန်းသုတေသီက မြန်မာနိုင်ငံမှာ လူ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး အခြေခံကျကျ ပြောင်းလဲတာမတွေ့ရဘူးလို့ သူ့ခရီးစဉ်အပြီး သတင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား တွေ ရာနဲ့ ချီကျန်နေသေးတယ်လို့ သူထင်ကြောင်း၊ သမတဦးသိန်းစိန်အစိုးရအနေနဲ့  နိုင်ငံရေးအကျဉ်းသား အရေအတွက်ကို ဦးစားပေးအနေအထားနဲ့ ပြန်လည်စိစစ်ဖို့လိုကြောင်း လူ့ အခွင့်အရေး လေ့လာ စောင့်ကြည့်အဖွဲ့ က တောင်းဆိုထားပါတယ်။

----------------------------------------

 မြစ်ကြီးနားမြို့နယ် တန်ဖဲရွာမှာကျင်းပတဲ့ "မြစ်ဆုံရဲ့ ကျေးဇူးပဲ့တင်သံ" လို့အမည်ပေးထားတဲ့ အခမ်းအနားကို ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေ တက်ရောက်ခဲ့

 ဒီကနေ့ မြစ်ကြီးနားမြို့နယ် တန်ဖဲရွာမှာကျင်းပတဲ့ "မြစ်ဆုံရဲ့ ကျေးဇူးပဲ့တင်သံ" လို့အမည်ပေးထားတဲ့ အခမ်းအနားကို ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေ တက်ရောက်ခဲ့ပါတယ်။ ဒါ့အပြင် ကချင်ဒေသခံတွေ၊ သဘာ၀၀န်းကျင် ထိန်းသိမ်းရေးလုပ်နေသူတွေ၊ ကဗျာဆရာတွေ၊ ဓာတ်ပုံဆရာတွေနဲ့ သတင်းသမားတွေလဲ တက်ရောက်ခဲ့ကြပါတယ်။ အခမ်အနားမှာတော့ ၈၈ကျောင်းသား ခေါင်းဆောင် တဦးဖြစ်တဲ့ ကိုမင်းကိုနိုင်က ဧရာဝတီမြစ်ဆုံနဲ့ ပတ်သက်ပြီး သူတို့ရဲ့ အမြင်သဘောထားတွေကို ပြောကြားခဲ့ ပါတယ်။ ပတ်ဝန်းကျင်ထိမ်းသိန်းရေးလုပ်ဆောင်နေတဲ့ (FREDA) အဖွဲ့တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးအုန်း၊ ဆရာအော်ပီကျယ်နဲ့ ကဗျာဆရာ ကိုတင်သစ်တို့ကလည်း နှုတ်ခွန်းဆက်စကားတွေ အသီးသီး ပြောကြားခဲ့ တယ်လို့ သိရပါတယ်။

--------------------------------


 ပါတီမူဝါဒနဲ့လုပ်ငန်းစဉ်တွေကို မတ်လ ၁၄ ရက်နဲ့ ၂၂ ရက်နေ့တွေမှာ အစိုးရရုပ်မြင်သံကြား ကနေတဆင့်
  ဟောပြောမည်

ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ-ဒေါ်အောင်ဆန်း စုကြည် ပါတီမူဝါဒနဲ့လုပ်ငန်းစဉ်တွေကို လာမဲ့ မတ်လ ၁၄ ရက်နဲ့ ၂၂ ရက်နေ့တွေမှာ အစိုးရရုပ်မြင်သံကြား ကနေတဆင့် ဟောပြောမဲ့အကြောင်း အဖွဲ့ချုပ်သတင်းနဲ့ ပြန်ကြားရေး ကော်မတီတာဝန်ရှိသူ ဦးအုန်းကြိုင်က ပြောကြားလိုက်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲအကြိုကာလတုန်းကလဲ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တဲ့ နိုင်ငံရေးပါတီ ၃၇ ခုဟာ အစိုးရ ရုပ်မြင်သံကြားနဲ့ ရေဒီယိုကတဆင့် ၁၅ မိနစ်ကြာ ပါတီမူဝါဒနဲ့ လုပ်ငန်းစဉ် တွေကို ဟောပြောခွင့်ရရှိခဲ့ပါတယ်။ အခု ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ကြံ့ခိုင်ရေးပါတီအပါအ၀င် စုစုပေါင်း နိုင်ငံရေးပါတီ ၁၇-ခုနဲ့ တသီးပုဂ္ဂလ ၆ ဥိး ၀င်ရောက် ယှဉ်ပြိုင် မယ်လို့ သိရပါတယ်။

-------------------------------
  ကေအဲန်ယူခေါင်းဆောင် ပဒိုမန်းငြိမ်းမောင်အမှုမှာ သက်သေဦးအောင်မင်းအပါအ၀င် ခြောက်ဦးကို တရားရုံးက ပယ်ချ

 အင်းစိန်ထောင်မှာ ရုံးထုတ်တဲ့ ကေအဲန်ယူခေါင်းဆောင် ပဒိုမန်းငြိမ်းမောင်အမှုမှာ တရားခံဘက်က တင်တဲ့ သက်သေရှစ်ဦးအနက် ပြည်ထောင်စုငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဦးအောင်မင်းအပါအ၀င် ခြောက်ဦးကို တရားရုံးက ပယ်ချလိုက်တယ်လို့ သိရပါတယ်။ ဖေဖေါ်ဝါရီလ-၂၃ ရက်နေ့က စစ်ဆေးတဲ့ ရုံးချိန်းမှာ တရားသူကြီးက ပယ်ချလိုက်တာဖြစ်ပါတယ်။ ပဒိုမန်းငြိမ်းမောင်ဟာ ထိုင်းကနေ တရုတ်ကို လေ ကြောင်းခရီးနဲ့အသွား ထိုင်းနိုင်ငံတွင်းပြန်ဝင်ခွင့်ဗီဇာ မရလို့ တရုတ်နိုင်ငံမှာ သောင်တင်နေစဉ် မြန်မာ အာဏာပိုင်တွေထံ လွဲပြောင်းခံခဲ့ရတာဖြစ်ပါတယ်။ ပဒိုမန်းငြိမ်းမောင်ကို အင်းစိန်ထောင်တွင်း တရားရုံးမှာ နိုင်ငံတော်ပုန်ကန်မှု၊ တရားမ၀င်အသင်းအဖွဲ့တွေနဲ့ဆက်သွယ်မှု စတဲ့ပုဒ်မနှစ်ခုနဲ့ ရုံးတင်စစ်ဆေးနေတာ ဖြစ်ပါတယ်။

DVB TV News

0 comments: