စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, February 24, 2012

NLD မိထ္တီလာကိုယ်စားလှယ်လောင်းက ပြိုင်ဘက် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအား တရားစွဲ

အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ပါတီမှ မိထ္တီလာ မြို့နယ်ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးဝင်းထိန်က ပြိုင်ဘက်တစ်သီး ပုဂ္ဂလကိုယ်စားလှယ် လောင်းအား တရားစွဲလိုက်ကြောင်း သိရသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ်တွင် နှစ်ပေါင်းများစွာ ပါတီဝင်အဖြစ်ထမ်း ဆောင်ခဲ့သည့်ဒေါ်မြင့်မြင့်အေးသည် ယင်းပါတီပြန်လည်ဖွဲ့စည်း သောအခါတွင် ပါတီဝင်အဖြစ်ပါဝင်ခြင်းမရှိတော့ဘဲ၊ မကြာမီကျင်းပမည့် ကြားဖြတ်ရွေးကောက် ပွဲတွင်တစ်သီး ပုဂ္ဂလကိုယ်စား လှယ်လောင်း အဖြစ်ဝင်ရောက် ယှဉ်ပြိုင်ရန်ပြင်ဆင်ပြီး၊ မဲဆွယ်စည်းရုံးမှုများပြုလုပ်ရာတွင်အ မျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာမည်နှင့် အမှတ်တံဆိပ် ကို အသုံးပြုခဲ့သဖြင့် ယင်းသို့တရား စွဲဆိုရန်စီစဉ်ခြင်းဖြစ် ကြောင်း ဦးဝင်းထိန်က ပြောသည်။

''အဓိကကတော့နာမည်နဲ့တံဆိပ် ကို အလွဲသုံးစားလုပ်လို့တရားဥပဒေ အရအရေးယူရတာပါ''ဟု မိထ္ထီလာ မြို့နယ်ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ် စားပြူကာ ဝင်ရောက် ယှဉ်ပြိုင် မည့်ဦးဝင်းထိန်က ဆိုသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နာမည်နှင့်အမှတ်တံဆိပ်ကိုအလွဲသုံး စားပြုမူသည်ဟုဆိုရာတရားစွဲဆိုရာတွင် ဒေါ်မြင့်မြင့်အေးနှင့် အတူ၎င်း၏ရွေး ကောက်ပွဲအောင်နိုင်ရေး တာဝန်ခံ ဦးသိန်းအောင်ပါ ပါဝင်သည့်အတွက် ယင်းကို ပါတရား စွဲဆိုထားကြောင်း ဦးဝင်းထိန်က ဆက်လက် ပြောကြား သည်။


အဆိုပါကိစ္စရပ်အား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏မိထ္တီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းထိန်၏ရွေးကောက်ပွဲအောင်နိုင်ရေး တာဝန်ခံကမြို့နယ်ရွေးချယ်တင်မြှောက် ရေးကော်မရှင်ထံမှ တဆင့်အဆင့်ဆင့် သော ရွေးချယ်တင်မြှောက်ရေး ကော်မရှင်များထံ အကြောင်းကြားခဲ့ရာ ပြည်ထောင်စုရွေးချယ်တင်မြှောက်ရေး ကော်မရှင်ကတရားစွဲ ဆိုနိုင်သည် ဟု ပြန်လည် အကြောင်းကြား စာပို့ခဲ့ကြောင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ မိထ္တီလာ မြို့နယ် ရွေးကောက် ပွဲအောင်နိုင်ရေး တာဝန်ခံ ဦးသိန်းလွင် ၏ထုတ်ပြန်ချက်တွင်ပါရှိသည်။''အခုတော့ ဒီကိစ္စကို မိထ္တီလာ မြို့နယ် တရားရုံးကလွှတ်တော်ရွေးကောက်ပွဲ ဆိုင်ရာဥပဒေပုဒ်မနဲ့ အရေးယူထား တယ်'' ဟု ဒေါက်တာသိန်းလွင်က ပြော သည်။ ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ မိထ္တီလာမြို့နယ် တရားရုံးက၂၀၁၂ခု ၊ ပြစ်မှုကြီးအမှတ် ၁၁၃၅(လွှတ်တော် ရွေးကောက်ပွဲဆိုင်ရာ)ဖြင့်မှတ်ပုံတင် လက်ခံလျှက်ရှိကြောင်း သိရပြီး၊ ပုဒ်မ၂၀၂အရ ယင်းကိစ္စရပ်ကို သက်ဆိုင်ရာ နယ်မြေခံ ရဲတပ်ဖွဲ့အား စုံစမ်းစစ်ဆေး ရန်လွှဲအပ်ထားကြောင်း သိရ သည်။

Yagon Media Group

0 comments: