စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, December 27, 2012

NLDပညာရေး ကွန်ရက် (၂)နှစ်ပြည့် ရန်ပုံငွေပွဲတော်

ဒီဇင်ဘာ ၂၇ ရက်နေ့တွင်ကျင်းပပြုလုပ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ပညာရေးကွန်ရက် ၂နှစ်ပြည့် ရန်ပုံငွေပွဲတော် ကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ခဲ့ပါသည်။ (ဓာတ်ပုံ - အောင်နေမျိုး တိုက်ရိုက်ပေးပို့သည်)

နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်ရေး ပြည်သူတရပ်လုံး ပါဝင်ဖို့ ကေအန်ယူ တိုက်တွန်း

ကရင်အမျိုးသားအစည်းအရုံး KNU ဟာ မြန်မာအစိုးရနဲ့ လက်ရှိအပစ်အခတ် ရပ်စဲရေးအပါအ၀င်၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်တွေကို ပြန်လည်သုံးသပ်ပြီး နိုင်ငံရေးဆွေးနွေးမှုအဆင့် ရောက်ရှိဖို့ လိုအပ်ချက် ၈ ချက်ပါဝင်တဲ့ ထုတ်ပြန်ချက်ကို ဒီကနေ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီထုတ်ပြန်ချက်ကို ၁၅ ကြိမ်မြောက် KNU ညီလာခံအပြီး ပထမဆုံး ထုတ်ပြန်ခဲ့တာဖြစ်ပြီး လက်ရှိ အစ်ခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုအတွင်း နိုင်ငံေ၇းဆွေးနွေးမှုတွေကို စတင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး တပြည်လိုံး အတိုင်းအတာ ပစ်ခတ်ရပ်စဲဖို့ အမြန်ဆုံးဆောင်ရွက်ဖို လုပ်အပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ကော်မီတီအသစ်ရွေးချယ်တင်မြောက်မှုနဲ့ပတ်သက်ပြီး အသစ်တက်လာတဲ့ ကေအန်ယူအဖွဲရဲ့ နိုင်ရေးရပ်တည်ချက်တွေနဲ့ပတ်သက်ပြီး မကြာခင်ကမှ ကေအန်ယူ တွဲဖက်အတွင်းရေးမှုး ၂ အဖြစ် ရွေးချယ်ခံရတဲ့ ပဒိုမန်းမန်းကို နော်နိုရင်းက ဆက်သွယ် မေးမြန်းထားပါတယ်။
DVB

ဦးသိန်းစိန် နဲနဲတော့ ဒီနေရာမှာ လွဲနေပြီ....

သူ့  ယန္တယား ခွေးသွားစိပ်တွေ လာဘ်ပေးလာဘ်ယူ မလုပ်ကြဖို့ ၊ သူ့ အစိုးရအဖွဲ့  “ကောင်းမွန်သော” အခေါ်ခံရဖို့  ၀န်ထမ်းတွေကို အမျိုးသားရေးစိတ်ဓာတ်နဲ့  တစ်ဦးချင်းကောင်းရန် ဆိုပြီး မှာကြားမိန့် ခွန်း နားထောင်ရတာကိုက တကယ့်ကို အစီး မကပ်၊ မယောင်ရာဆီလူးတယ်ဘဲ မှတ်ပါတယ်။

 အောက်ခြေစည်ပင်ဝန်ထမ်းက နှစ်ထောင့်ခြောက်ရာကျပ် ကျပါတယ်၊ ဒါပေသည့် စာရွက်စာတမ်း လုပ်ရတာနဲ့ ဆိုတော့ ကြည့်ပေးပါ ပြောတော့ သုံးထောင် ယူပေါ့ လို့  ကျွန်တော် ပြောတဲ့အခါ မရဘူး ဆိုပြီး ခေါင်းခါတယ်။ ဒါနဲ့  ၅၀၀ ပိုပေးမယ် ထပ်တိုးကြည့်တော့ လေးထောင် လုပ်ပါ ဆိုတာနဲ့  တစ်ထောင်တန် ၄ ရွက်ကို ကြည်ကြည်ဖြူဖြူဘဲ ပေးခဲ့ပါတယ်။ ကြည်ကြည်ဖြူဖြူ ဆိုတဲ့စကားလုံးကို ကျွန်တော် သုံးပါတယ်။

ဒီနေရာမှာ ဗျူးဗြဲ လုပ်၊ ထဖြဲ။ နိုင်ငံရေးစကားလုံးတွေနဲ့  ကိုင်ပေါက်လို့  ကျသင့်အခွန်ငွေ တိတိကျကျကို ပေးဆောင်ခဲ့နိုင်အောင် ပြောတတ်ပေမယ့် ဒီလို အောက်ခြေ ပေါက်စန ၀န်ထမ်းလေးရဲ့  ဆန္ဒကို ဖြည့်ပေးလိုက်ရတဲ့အတွက် ကျွန်တော်ဟာ ကောင်းမွန်သောအုပ်ချုပ်မှုစနစ်၊ သန့် ရှင်းသောအစိုးရ လို့  စစ်ဗိုလ်လူထွက် ဦးသိန်းစိန်ဖြစ်စေချင်တဲ့ အနေအထားကို အားပေးရာမရောက်၊ အပြစ်ရှိတယ် စွပ်စွဲခဲ့ရင် ထိုသူဟာ နွားခြေရာခွက်ထဲက ဖားသူငယ် လို့ ဘဲ တုန့် ပြန်ချင်တယ်။

 နိုင်ငံရေး သူငယ်နှပ်ချေး လို့ ဘဲ ဆိုချင်တယ်။ ထစ်ခနဲရှိ အောက်ခြေကို လက်ညှိုးထိုး၊ တဆိတ်ရှိ သာမန်ပြည်သူကို ရိုးမယ်ဖွဲ့ ၊ ဦးသိန်းစိန်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်ကြီးတစ်သိုက်တော့ ပြောင်းလဲနေပြီ အကြောင်းပြတာ ရှက်ကြောပါရင် အင်မတန် ရှက်တတ်ဖို့ ကောင်းတယ်။ လာဘ်ပေးလာဘ်ယူနဲ့  အကျင့်ပျက်ခြစားမှုဆိုတဲ့ လှိုက်စားနေတဲ့ ပိုးထိုးလောက်ကိုက် ပြည်တည်နာကြီးရဲ့  ကနဦး အစဟာ ခေတ်အဆက်ဆက် အစိုးရခေါင်းဆောင်ပိုင်းက သန္ဓေတည်ခဲ့တာဘဲ။ ရည်ရွယ်ချက်ရှိရှိနဲ့ ကို ပြည်သူတွေ အကျင့် မပျက်ပျက်အောင် ဖျက်စီးခဲ့ကြတာဘဲ။

ဝန်ထမ်းတွေကို အမှားတစ်ခုခု ကျူးလွန်ထားမိအောင်၊ အပြစ်ဖြစ်နေအောင် ဖြားယောင်း ချည်နှောင်ခဲ့တာဘဲ။ ဆိုလိုတာက လာဘ်လာဘ ယူ၊ ၀န်ထမ်း စည်းမျဉ်းဆိုတာကို ဖောက်ဖျက်ကျူးလွန်ထားသူတွေအနေနဲ့  အမှန်နဲ့ အမှား ဘက်နှစ်ဘက် ရဲရဲရပ်ဖို့  ကြုံကြိုက်လာတဲ့အခါ မိမိကိုယ်တိုင်က သိုးမည်းတစ်ကောင်အဖြစ် စွန်းထင်းညစ်နေတဲ့အခိုက် အမှန်ဆိုတဲ့ ဓမ္မဘက် ရပ်တည်ပြောဆိုဖို့ ရာ တုန့် နှေးထစ်အ သွားရစေမယ် ဆိုတဲ့ စီမံချက်နဲ့  အစိုးရရဲ့  လွဲမှားမှုကို ထောက်ပြဖော်ထုတ်ဖို့ အရေး နှုတ်ဆိတ်သွားအောင် အောက်လမ်းနည်း သုံးပြီး ဖျက်စီးခဲ့တာဘဲ။ ဒီ နည်းနိဿယနဲ့  ဟောဒီ့ တိုင်းပြည် ဖရိုဖရဲဖြစ်အောင် စစ်အစိုးရ အဟောင်းအသစ် အားလုံး ပုံသွင်း ထုဆစ်ခဲ့တာဘဲ။

 ဒီလိုနဲ့  စစ်အာဏာရှင်စနစ်တွေ သက်ဆိုးရှည်ခဲ့တာဘဲ။ ဒီတော့ကာ တကယ်ဘဲ လာဘ်ပေးလာဘ်ယူမှု လျော့ပါးစေချင်ရင် သိပ်လွယ်ပါတယ်။ ဘာမဟုတ်တဲ့ ပိစိကွေးကိစ္စလေးတွေမှာ လေပေါမနေဘဲ အစိုးရအဖွဲ့ နဲ့  ထိပ်တန်းခေါင်းဆောင် အုပ်စုရဲ့  လာဘ်ပေးလာဘ်ယူဖြစ်စဉ်တွေ ဘယ်လောက် ရှိခဲ့သလဲ၊ ဘယ်အတိုင်းအတာအထိ ဘယ်သူတွေ ပါဝင်ပက်သက် ခဲ့သလဲ၊ မတော်မတရား အဓမ္မနည်းနဲ့  ဥစ္စာဓနတွေ ဘယ်လောက်တောင် ချမ်းသာကြွယ်ဝနေကြပြီလဲ၊ ဦးသိန်းစိန် အစိုးရ အုပ်ချုပ်နေသည့်တိုင် အရှိန်အဟုန် မလျော့၊ ထီမထင် ဂရုမစိုက် ဒူးနှံ့ လက်ခမောင်းခတ်လို့  လာဘ်စားရေး ဓလေ့နယ်ပယ်မှာ ဘယ်သူတွေ အကြီးအကျယ် ပန်းပန်မြဲ ဆိုတာကို ပစ်မှတ်ထား ဖော်ထုတ်စမ်းပါ။

ငါ့တူ ငါ့သား ငါ့အုပ်စု ငါ့မျက်နှာ နာစရာ ရယ်လို့  ကျောသားရင်သား မခွဲခြားဘဲ တူးဆွလှန်လှောပစ်စမ်းပါ။ ညောင်မြစ်တူးလို့  ပုတ်သင်ဥပေါ်လည်း အဲဒီပုတ်သင်ဥကိုပါ ခွဲပစ်လိုက်ဖို့  သွေးရဲစမ်းပါ။ ဒါတင်မက စံပြအနေနဲ့  ဘယ်ဝန်ကြီး၊ ဘယ်ဗိုလ်ချုပ်ကိုဖြင့် ရသင့်ရထိုက်တဲ့ တရားဝင်လစာအပြင် အောက်လမ်းနည်းများစွာနဲ့  လာဘ်ယူခြစားမှုတွေ ဟောသလို ဟောသလို ရှိနေတာကြောင့် ဘယ်ပုံ အရေးယူအပြစ်ပေး ထောင်ချလိုက်ပါတယ်၊ သူတို့ ပိုင်ဆိုင်တဲ့ ငွေကြေးပိုင်ဆိုင်မှုအထွေထွေကိုလည်း ကိန်းဂဏန်း အတိအကျ ဖော်ပြလို့  နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းလိုက်ပါတယ်လို့  လုပ်ပြလိုက်စမ်းပါ။

ဦသိန်းစိန်ရဲ့  ထမင်းလုံးတစ္ဆေ လာဘ်ကင်းတဲ့ ခြောက်အိပ်မက်ဟာ အထက်ကို စ လှန်မှဘဲ လက်တွေ့  နီးစပ်ပေမပေါ့။ ဒီလိုမဟုတ်ဘဲ လာဘ်ပေးလာဘ်ယူ ပပျောက်ရေး ခေါင်းစဉ်အောက်မှာ အောက်ခြေ၀န်ထမ်းတွေ သာမန်ပြည်သူတွေကတစ်ဘက်၊ နိုင်ငံရေးသမားတွေကတစ်ဘက် ရန်တိုက်ပေးသည့်နှယ် မိမိနိုင်ငံရေး အမြတ်ထွက်ဖို့  ရည်ရွယ်ချက်နဲ့  လေသံပျော့ပျော့ အချွဲကောင်းကောင်း နားကြားကောင်းအောင် ပြောဆိုနေတာမျိုးကို ဦးသိန်းစိန် ရပ်တန်းက ရပ်သင့်ပြီ။ မယောင်ရာကို ဆီ အထပ်ထပ် မလူးသင့်ပြီ။


ဦးသိန်းစိန်ပြောတဲ့ပြုပြင်ရေး ထင်သလောက်မလွယ်ကူ

 သမ္မတဦးသိန်းစိန်မှ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး ပြည်နယ်အစိုးရအသီးသီးမှတာဝန်ရှိသူများကို မိန့်ခွန်းပြောစဉ်။ ( သတင်းမှတ်တမ်း- သမ္မတရုံး)

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှုတွေ အခုထိရှိနေသလို ကောင်းမွန်တဲ့ အစိုးရနဲ့ အုပ်ချုပ်ရေး ရဖို့ လိုအပ်ချက်တွေ အများကြီးရှိနေတာမို့ ပြုပြင်ပြောင်းလဲရေးမှာ လူထုတရပ်လုံး ပါဝင်ကြဖို့ ဗုဒ္ဓဟူးနေ့ နေပြည်တော်မှာ အစိုးရ တာဝန်ရှိသူ တွေကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။

သမ္မတက ပြုပြင်ပြောင်းလဲရေး အတွက် အစိုးရရဲ့ လုပ်ထုံးလုပ်နည်းတွေကို ပြင်ဖို့ အဓိကထားပြောကြားခဲ့ ပေမယ့် နှစ်ပေါင်းများစွာ အရိုးစွဲနေတဲ့ ဗျူရိုကရေစီယန္တရားကို ပြင်ဖို့ တော်တော်ခက်ခဲမှာ ဖြစ်တဲ့ အပြင် စစ်အုပ်စုဘက်က အများစုပါဝင်တဲ့ အစိုးရတရပ်အတွက် စစ်အစိုးရလက်ထက်က ကျန်နေတဲ့ အခွင့်ထူးခံတွေပြဿနာ ကို အရင်ရှင်းဖို့ လိုအပ်တယ်လို့ သုံးသပ်သူတချို့က မြင်ပါတယ်။

ဒီမိန့်ခွန်းနဲ့ ပါတ်သက်ပြီး မြန်မာ့ အရေးလေ့လာ သုံးသပ်သူ ဒေါက်တာအောင်ခင်ကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းရာမှာ အခုလို စပြောပါတယ်။

 ဦးအောင်ခင်- “မြန်မာပြည်ရဲ့ပြုပြင်ရေးလုပ်တယ်ဆိုတာ အထက်ကလုပ်တာကိုး၊ အောက်ကို ဘယ်လောက်အထိ ရောက်ပြီလည်းဆိုတာ ပြောရတာခက်တယ်။ အရင်တုန်းကလည်း ကောင်းမွန်တဲ့ အုပ်ချုပ်ရေးဖြစ်ဖို့ သန့်ရှင်းတဲ့အစိုးရ အခုလည်းပြောတယ်။ အခုတခါ ထူးခြားတာကတော့ ကော်မတီဖွဲ့တာပေါ့လေ။ ကော်မတီတွေဖွဲ့ပြီး ထိထိရောက်ရောက်လုပ်ဖို့ ရပ်ကွက်၊ကျေးရွာကော်မတီတွေ၊ အထိအောင်ဖွဲ့စည်းပြီးတော့ အထက်ကို တင်ပြနိုင်မယ့် သဘောမျိုး ပြောသွားတာတော့ ထူးခြားတယ်လို့ထင်တယ်။ မိန့်ခွန်းတခုလုံး ကျနော်ဖတ်ကြည့်တဲ့အခါကျတော့ ကျနော်ထင်တယ် ဒါအစိုးရရဲ့ လုပ်ထုံးလုပ်နည်းတွေ ပြင်ဖို့ ပြောတာပေါ့လေ။ ဆိုတော့ ဒီဥစ္စာက လည်း တော်တော်ခက်ခဲတဲ့ အလုပ်ပဲလေ။အစိုးရက နှစ်ပေါင်း ၂၀လောက် အစိုးရဗျူရိုကရေစီယန္တရားကြီးက ခြစားပြီးတော့ ထင်ရာမြင်ရာ စိုင်းလာတဲ့ ယန္တရားကြီးကို ပြင်ဖို့ဆိုတာက ဦးသိန်းစိန်အစိုးရက ၂၁လပဲရှိသေးတယ်။ ၂၁လထဲမှာ ဒီလောက် ယိုယွင်းပျက်စီး ခြစားနေတဲ့ ဗျူရိုကရေစီယန္တရားကြီးနဲ့ သန့်ရှင်းတဲ့အစိုးရ လုပ်ဖို့ဆိုတာ အင်မတန်ခက်ခဲတဲ့ အလုပ်ပဲ။ အဲ့တော့ သူတို့ပြောတာတွေက ဘယ်လောက် အထိအောင် အောက်ခြေကို ရောက်လာလည်း၊ ပြည်သူလူထုဘဝနဲ့ ဘယ်လောက်အထိအောင် နီးစပ်လာလည်း၊ လက်တွေ့မှာ သိရဖို့ တော်တော်ခက်ခဲတယ်လေ။”

 ဒေါ်ခင်မျိုးသက်- “ဟုတ်ကဲ့ရှင်။ အခုလိုမျိုး နှစ်ပေါင်းများစွာ ခြစားပြီး အရိုးစွဲနေတဲ့ဒီမူဝါဒနဲ့ နေလာတဲ့ လူထုတွေပေါ့နော်။ ဒီလူထုတွေအတွက် သမ္မတရဲ့မိန့်ခွန်းဟာ ဘယ်အတိုင်းအတာအထိ လိုက်နာနိုင်မယ်လို့ရော ဆရာယူဆပါသလဲဆရာ။”

ဦးအောင်ခင်- “အဲ့တာလည်း ပြောရခက်တယ်။ ဟိုတနေ့ကတောင် ကျနော်တွေ့လိုက်သေးတယ်။ ရပ်ကွက်ကော်မတီ ရွေးကောက်ပွဲလုပ်တဲ့အခါမှာ လုပ်ထုံးလုပ်နည်းနဲ့ တယောက်နဲ့တယောက်အဆင်မပြေဖြစ်ပြီး လက်သီးနဲ့ ဆွဲထိုးတာတို့ ဘာတို့ပေါလေ့။ ဆိုတော့ ဒီမိုကရေစီဆိုတာ အကျင့်ပေါ့ဗျာ။ အလေ့အကျင့်ပေါ့။ အမေရိကန်မှာ ဒီမိုကရေစီထွန်းကားတယ်ဆိုတာ လူတိုင်းက နိုင်ငံရေးကို စိတ်ဝင်စားပြီး အစည်းအဝေးခေါ်ရင် တအိမ်တယောက်ဆို တအိမ်တယောက်သွားတယ်။ စိတ်ဝင်စားတယ်။ ဆွေးနွေးတယ်။ အလေ့အထပေါ့ဗျာ။ အလေ့အထက မြန်မာပြည်မှာ မရှိဘူး။ ဘယ်ရှိနိုင်မလဲဗျာ။ စစ်တပ်က အုပ်ချုပ်နေတဲ့တိုင်းပြည်ဘဲ။ အခုလည်းပဲ သူပြောသွားတဲ့အထဲမှာ စစ်တပ်က မပါဘူး။ ဒါတွေ ဘယ်လောက်ပဲလုပ်လုပ် စစ်တပ်က ဝင်လုပ်လိုက်ရင် ပျက်ဦးမှာဘဲ။ ဘယ်ဘက်မှာကျတော့ သေနတ်ရှိတဲ့ စစ်ဗိုလ်က ကြီးစိုးနေတာကိုး။”

 ဒေါ်ခင်မျိုးသက်- “ ဆိုတော့ ဒီလိုအခြေအနေမျိုးမှာပေါ့နော်။ အုပ်ချုပ်ရေးမှာ သမ္မတအနေနဲ့ ဘယ်အတိုင်းအတာအထိ သက်ရောက်မှုရှိတယ်။ ဥပမာ လွှတ်တော်ထဲမှာဆိုရင်လည်း တချို့ဆုံးဖြတ်ချက်တွေက အကြာကြီး ဆိုင်းငံ့ထားရတာရှိတယ်ပေါ့နော်။ ဥပမာ မီဒီယာဥပဒေလိုမျိုးပေါ့။ နောက် ရခိုင်ပြည်နယ်ထဲမှာဖြစ်တဲ့ အဓိကရုဏ်းတွေ၊ တိုင်းရင်းသားအရေးမှာလည်း ကချင်ဒေသမှာ သမ္မတက အပစ်ရပ်ဖို့ပြောတယ်။ ဒါပေမဲ့ အခုထက်ထိ စစ်တပ်ဘက်က မရပ်ဘူး။ ဒါတွေမဖြစ်အောင် သမ္မတအနေနဲ့ အကောင်းဆုံးဖြစ်အောင် ဘာလုပ်ဖို့လိုတယ်လို့ ဆရာအနေနဲ့ မြင်ပါသလဲ။”

 ဦးအောင်ခင်-“သူကတော့ သူတတ်နိုင်သလောက် လုပ်နေတဲ့ပုံစံပဲပေါ့လေ။ အစိုးရစနစ်ကို ပထမဆုံး သူကောင်းအောင်လုပ်မယ်။ အစိုးရစနစ်ကောင်းသွားရင် ကျန်တဲ့ဟာတွေလည်း သူကောင်းအောင် လုပ်လို့ရမယ်လို့ သူထင်တာပေါ့လေ။ ကျနော်တို့ တချို့ မြင်ကြတာကျတော့ ဦးသိန်းစိန်အစိုးရကလည်း စစ်အုပ်စုက ဖွဲ့ထားတဲ့အစိုးရပဲလေ။ သူအစိုးရစနစ်ကို ပြုပြင်ပြောင်းလဲရေး လုပ်ပေမယ့် စစ်အုပ်စုရဲ့အခွင့်ထူးခံတွေ၊ အခွင့်ထူးခံဘဝကနေပြီးတော့ ဘယ်လိုလုပ်ပြီး အားလုံးတန်းတူညီတူဖြစ်အောင် လုပ်မလည်းဆိုတာတွေတော့ မပါဘူးပေါ့ဗျာ။

ဥပမာ စစ်အုပ်စုက ရောင်းစားတဲ့ ဓာတ်ငွေ့ကရထားတဲ့ ဒေါ်လာတွေ၊ အစိုးရကနေပြီးတော့ တိုင်းပြည်အတွက် ဘယ်နေရာမှာ သုံးမလဲဆိုတာ ပြောသံ တခါမှ ကျနော်တို့မကြားရဘူး။ သဘာဝသယံဇာတရောင်းစားတယ်ဆိုတာ တိုင်းပြည်ရဲ့ ပိုက်ဆံပဲ။ ဦးပိုင်ကုမ္ပဏီရဲ့ပိုက်ဆံမဟုတ်ဘူး။ စစ်အုပ်စုရဲ့ ပိုက်ဆံမဟုတ်ဘူး။ တိုင်းပြည်ကရတဲ့ ဒေါ်လာတွေကို တိုင်းပြည်အတွက် ဘယ်လိုသုံးမယ်ဆိုတာ ပြောရင် တိုင်းသူပြည်သား ထောက်ခံမှု ပိုရမှာပေါ့လေ။”

 ဒေါ်ခင်မျိုးသက်- “ အခုအချိန်မှာ လူထုထက်ကို နိုင်ငံရပ်ခြားကနေ လာပြီးတော့ ရင်းနှီးမြုတ်နှံမယ့်သူတွေကို ဆွဲဆောင်ဖို့အတွက် ဦးစားပေးနေတယ်လို့ သုံးသပ်နေသူတွေလည်းရှိနေပါတယ် ဆရာ။ ဆရာ့အမြင်ကို သိပါရစေ။”

ဦးအောင်ခင်-“ဘယ်လောက်ပဲဆွဲဆောင်၊ ဆွဲဆောင်လေ။ မြန်မာပြည်မှာ နိုင်ငံခြားကလာပြီး ရင်းနှီးမြုတ်နှံတဲ့သူတွေက ဒီတိုင်းပြည်မှာ လုပ်ရင် သူတို့အတွက် အကျိုးရှိမရှိဆိုတာ သူတို့ကပိုသိတာပေါ့။ ဘယ်လောက်ပဲဆွဲဆောင် ဆွဲဆောင် သူတို့လာချင်မှ လာမှာပေါ့။ အခုကတော့ လာပြီးတော့ လေ့လာနေတဲ့အဆင့်ပဲ ရှိသေးတာကိုး။”

 ဒေါ်ခင်မျိုးသက်- “ဟုတ်ကဲ့ဆရာ။ လုပ်ဖို့တော့ အများကြီးလိုသေးတယ်ပေါ့နော်။”

ဦးအောင်ခင်- “ဟုတ်ပါတယ်ခင်ဗျ။ ကြည့်ရတာ ဦးသိန်းစိန်အစိုးရ က စစ်အုပ်စုရဲ့ သြဇာခံ၊ စစ်အုပ်စု အခွင့်ထူးခံ၊ ဘယ်လောက်အထိအောင် သူလုပ်ပေးနိုင်မလဲဆိုတဲ့အပေါ်မှာလည်း မူတည်ပါတယ်။”

 ဒေါ်ခင်မျိုးသက်- “ကျေးဇူးအများကြီးတင်ပါတယ်ဆရာ။”

ဒေါ်ခင်မျိုးသက် - VOA

Air Bagan လေယာဉ်မယ်မခိုင်စုနိုင်၏ လေယာဉ်ပျက်ကျမှု ကိုယ်တွေ့အဖြစ်အပျက်အား ပြန်လည်ရှင်းလင်း ပြောပြချက်

မခိုင်စုနိုင် (အကြီးတန်းလေယာဉ်မယ်၊ Air Bagan) က သူမကြုံတွေ့ခဲ့ရသည်များကို မီဒီယာများအား ရှင်းပြနေစဉ် 

ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက်က ဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင် လေယာဉ်မယ်အဖြစ် တာဝန်ယူလိုက်ပါကာ ခရီးသည်များအား ကယ်တင်ခဲ့သည့် မခိုင်စုနိုင် (အကြီးတန်းလေယာဉ်မယ်၊ Air Bagan) မှ သူမကြုံတွေ့ခဲ့ရသည်များကို Eleven Media Group သို့ ပြောပြခဲ့သည်များအား ဖော်ပြအပ်ပါသည်။ လေယာဉ်ဆင်းခါနီး ဂီယာချတဲ့ အချိန်ထိ အခြေအနေအားလုံး normal ပါ။

ဘီးနဲ့မြေကြီး ထိသွားချိန်မှသာ normal landed မဟုတ်ဘူးဆိုတာ သိလိုက်ရတာပါ။ ဖြစ်ဖြစ်ချင်းမှာ ကျွန်မအရေးပေါ်တံခါးကို ရအောင်ဖွင့်ပါတယ်။ ခရီးသည်တွေကို အပြင်ကို အမြန်ထွက်နိုင်အောင် အော်ပြောပြီး တံခါးကိုပြတယ်။ ကျွန်မဘက်က တံခါးက ရုတ်တရက် ဖွင့်လို့မရလို့ တစ်ဘက်အပေါက်ကနေ ထွက်ခိုင်းခဲ့ပါတယ်... ''ဟဲဟိုးလေဆိပ်ကို ဆင်းသက်ဖို့အတွက် ကပ္ပတိန်ရဲ့ ညွှန်ကြားချက်ရလို့ ခရီးသည်တွေထိုင်ခုံမှာ လူစုံရှိ၊ မရှိ လေယာဉ်တံခါးတွေ ဖွင့်ထားလား၊ ပြီးတော့ အိမ်သာထဲမှာ လူရှိ၊ မရှိစတဲ့ စစ်ဆေးရမယ့်အရာတွေကို သေချာစစ်ပြီးမှ အားလုံး Clear ဖြစ်တယ်ဆိုမှ Captain ကို အင်တာကွန်ကနေတစ်ဆင့် သတင်းပေးပို့ခဲ့တယ်။

 လေယာဉ်ဆင်းခါနီး ဂီယာချတဲ့ အချိန်ထိ အခြေအနေအားလုံး normal ပါ။ ဘီးနဲ့မြေကြီး ထိသွားချိန်မှသာ normal landed မဟုတ်ဘူးဆိုတာ သိလိုက်ရတာပါ။ ဖြစ်ဖြစ်ချင်းမှာ ကျွန်မအရေးပေါ်တံခါးကို ရအောင်ဖွင့်ပါတယ်။ ခရီးသည်တွေကို အပြင်ကို အမြန်ထွက်နိုင်အောင် အော်ပြောပြီး တံခါးကိုပြတယ်။ ကျွန်မဘက်က တံခါးက ရုတ်တရက် ဖွင့်လို့မရလို့ တစ်ဘက်အပေါက်ကနေ ထွက်ခိုင်းခဲ့ပါတယ်။ နောက်တော့ ကျွန်မဘက်ကတံခါးက ဖွင့်လို့ရသွားပြီး ခရီးသည်တွေကို လေယာဉ်ရဲ့ ဟိုဘက်တစ်ယောက် ဒီဘက်တစ်ယောက် ထွက်လို့ရအောင် စီစဉ်ပေးခဲ့တယ်။

တဖြည်းဖြည်းနဲ့ လေးဖက်ထောက်ပြီး ထွက်လာတဲ့ ခရီးသည်တွေကို တွေ့လာရတယ်။ လေယာဉ်မောင်လည်း အတူပါလာတယ်။ လေယာဉ်မောင်ထွက်လာပြီး နောက်လေယာဉ်မယ်တစ်ဦးက လေးဖက်ထောက်ပြီး ထွက်လာတာကို တွေ့ရတယ်။ သူက လေယာဉ်ရဲ့ နောက်ဆုံးခုံမှာ ထိုင်တာဖြစ်တဲ့အတွက် သူ့ကိုမြင်လိုက်ရတာနဲ့ ခရီးသည်ကုန်ပြီလို့ ကိုယ်တိုင်လည်း သတ်မှတ်လိုက်တယ်။ သင်ကြားခဲ့တဲ့ သင်ကြားမှုတွေမှာလည်း ဒီလိုပဲ သတ်မှတ်တယ်။ အဲဒီအချိန်မှာ လေယာဉ်ထဲမှာ မီးခိုးလုံးတွေက အရမ်းဝေ့နေပြီ။ တစ်ပေအကွာကိုတောင် မမြင်ရ တော့ဘူး။

ဒါကြောင့်မို့ အားလုံးအပြင်ကို ထွက်ကြပါလို့ ထပ်အော်ပြောခဲ့ပြီး အောက်ကို ဆင်းချလာခဲ့ပါတယ်။ နောက်ဆုံးဆင်းလာတဲ့ လေယာဉ်မယ်ကလည်း သူ့ရဲ့ခေါင်းကို မီးဟပ်ခံခဲ့ရပါတယ်။ လေယာဉ်အပြင်ဘက်ကို ရောက်တာနဲ့ ကျွန်မတို့ လေယာဉ်မောင်မယ်တွေက ဒဏ်ရာရတဲ့ခရီးသည်တွေကို ဟဲဟိုးဆေးရုံပို့နိုင်ဖို့ စုစည်းထားပြီး ကျွန်မတို့ Air Bagan လေကြောင်းလိုင်းက ကယ်ဆယ်ရေးအဖွဲ့တွေ လာတာကို စောင့်ခဲ့တယ်။

အောက်ပါလင့်တွင် ဖတ်ရှုနိုင်ပါသည်

 ရန်ကုန်-မန္တလေး-ဟဲဟိုး ခရီးစဉ်ပျံသန်းသော Air Bagan လေယာဉ် ဟဲဟိုးလေဆိပ်သို့ အဆင်းတွင် ပျက်ကျ၍ လေယာဉ်ပေါ်ပါ ခရီးသည် ၆၅ ဦးအနက် မြန်မာဧည့်လမ်းညွှန် တစ်ဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရ

ရန်ကုန်-မန္တလေး-ဟဲဟိုး-ရန်ကုန် ခရီးစဉ်အား ပျံသန်းလာသော Air Bagan လေကြောင်းလိုင်းမှ လေယာဉ် တစ်စီးသည် ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက်က မန္တလေးလေဆိပ်မှဟဲဟိုး လေဆိပ်သို့ ဆင်းသက်ချိန်တွင် ပျက်ကျမှုဖြစ်ပွားခဲ့ပြီး၊ အဆိုပါလေယာဉ် ပျက်ကျမှုကြောင့် လေယာဉ်ပေါ်ပါ ခရီးသည် ၆၅ ဦးအနက် အသက် ၃၇ နှစ်အရွယ်ရှိ ဧည့်လမ်းညွှန် မနွဲ့လင်းရှိန် သေဆုံးခဲ့ကာ ခရီးသည်ခုနစ်ဦးနှင့် လေယာဉ်မှူးနှစ်ဦး အပါအ၀င် စုစုပေါင်းကိုးဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

ယင်းပြင် အဆိုပါလေယာဉ် ပျက်ကျပြီး ကားလမ်းမပေါ်သို့ ဖြတ်သန်းချိန်တွင် မန္တလေး-တောင်ကြီးကား လမ်းပေါ်တွင် ဆိုင်ကယ်စီးနင်းလာသူ နှစ်ဦးအနက်မှ တစ်ဦးသေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရ ရှိခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက် ၈ နာရီ၊ ၅၀ မိနစ်ခန့်က အဲပုဂံလေကြောင်း ခရီးစဉ်အမှတ် W9-011၊ လေယာဉ်အမှတ် XY-AGC ၊ လေယာဉ် အမျိုးအစား F-100 သည် မန္တလေး လေဆိပ်မှ ဟဲဟိုးလေဆိပ်သို့ ဆင်းသက်စဉ် လေယာဉ်ပြေးလမ်းနှင့် နှစ်မိုင်ခန့်အကွာ အရှေ့အနောက် ကန့်လန့်ဖြတ် သွယ်တန်းထားသော ကလော-အောင်သပြေ ၆၆ ကေဗွီဓာတ်အားလိုင်းနှင့် လေယာဉ်အောက်ပိုင်း စတင်တိုက်မိပြီး သစ်ပင်တန်းကို ဆက်လက် ၀င်ရောက်တိုက်မိကာ မြေပြင်ကွက်လပ်သို့ လျောထိုးကျရောက်ခဲ့ကြောင်း သိရသည်။

 Eleven Media Group

KNU က ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ် ပြန်သုံးသပ်

KNU ခေါင်းဆောင်များ၊ ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ ပြည်တော်မြင့် ~ 

ကရင်အမျိုးသားအစည်းအရုံး KNU သည် မြန်မာအစိုးရနှင့် လက်ရှိအပစ်အခတ် ရပ်စဲရေးအပါအ၀င်၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်ပြီး နိုင်ငံရေးဆွေးနွေးမှုအဆင့်သို့ ရောက်ရှိ ရန်လိုအပ်ချက် ၈ ချက်ပါသည့် ထုတ်ပြန်ကြေညာချက်ကို ယနေ့ထုတ်ပြန်ခဲ့သည်။ ၎င်းထုတ်ပြန်ချက်ကို ယမန်နေ့ကကျင်းပပြီးစီးခဲ့သည့် ၁၅ ကြိမ်မြောက် KNU ညီလာခံအပြီးတွင် ပထမဆုံး ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ပြည်သူလူထု၏နစ်နာဆုံးရှုံးမှုများကို အကာအကွယ်ပြုနိုင်ရေးအတွက် လူ့အခွင့် အရေး ကော်မတီတရပ် ဖွဲ့စည်းသွားရန်သဘောထားချမှတ်ခဲ့သည်ဟု လည်းထုတ်ပြန်ချက် တွင်ဖော်ပြ ထားသည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ မူလအစီအစဉ်အရ KNU တပ်မဟာ ၇ ရှိလေးဝါးတပ်စခန်းတွင် သတင်းစာ ရှင်းလင်းပွဲကျင်းပရန်ရှိသော်လည်း နယ်စပ်အခြေစိုက်ပြည်တွင်းပြည်ပသတင်းထောက်များသွားလာရေးကို အခက်အခဲဖြစ်စေသည့် အဟန့်အတားများကြောင့် အစီအစဉ်ကိုဖျက်သိမ်းလိုက်ခြင်းဖြစ်သည်ဟုသိရ သည်။ အသေးစိတ်အချက်အလက်များကို သိရှိနိုင်ရန်အတွက် ပြောရေးဆိုခွင့်ရှိသူ အထွေထွေအတွင်းရေးမှူးပဒို ကွယ်ထူးဝင်းနှင့်တွဲဘက်အတွင်းရေးမှူး(၂) ပဒိုမန်းမန်းတို့ကို ဧရာဝတီသတင်းဌာနက ဆက်သွယ်မေးမြန်း ခဲ့သော်လည်း ဆက်သွယ်ရေးပြင်ပဧရိယာသို့ရောက်ရှိနေကြသည်။

အသစ်တက်ရောက်လာသည့် KNU အဖွဲ့၏နိုင်ငံရေးရပ်တည်ချက်များနှင့် သဘောထားများကို မြန်မာနိုင်ငံ အခြေစိုက် ကရင်အမျိုးသားနိုင်ငံရေးပါတီများ၊ ကရင်အရေးလှုပ်ရှားနေသည့်အဖွဲ့အစည်းများနှင့် ကရင် အမျိုးသားများက စောင့်ကြည့်လေ့လာလျှက်ရှိသည်ဟု ကရင်နိုင်ငံရေးပါတီတခု၏ အဆင့်မြင့်ခေါင်းဆောင် တဦး ကပြောသည်။ ယခင်လ ၂၆ ရက်နေ့ကစတင်ကျင်းပပြီး ယမန်နေ့ကကျင်းပပြီးစီးခဲ့သည့် ၁၅ ကြိမ်မြောက် KNU ညီလာခံ သို့ လေ့လာသူများအဖြစ် ကရင်နိုင်ငံရေးပါတီအချို့မှ တာဝန်ရှိသူများလည်းတက်ရောက်ခဲ့ကြသည်။ ၁၅ ကြိမ်မြောက်ညီလာခံတွင် ခရိုင်နှင့်တပ်မဟာ ၇ ခုမှကိုယ်စားလှယ်များ ၁၇၁ ဦးက ကြီး ၅ ကြီးကိုရွှေး ချယ်ခဲ့ကြခြင်းဖြစ်သည်။

စောမူတူးစေးဖိုး- ဥက္ကဌ။ 


နော်စီဖိုးရာစိန်-ဒုဥက္ကဌ။ 

ပဒိုကွယ်ထူးဝင်း-အထွေထွေအတွင်းရေးမှူး။ 


 ကြေငြာချက်တွင် အဓိကဖော်ပြထားတဲ့ အချက်တွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ 


ဧရာဝတီ 

Monday, December 24, 2012

ဆင်သွားရာ လမ်းဖြစ်မယ်ဆိုလို့ …


ဆင်သွားရာ လမ်းဖြစ်မယ်ဆိုလို့ …

ကာတွန်းကူမိုးကြိုး – ဆင်သွားရာ လမ်းဖြစ်မယ်ဆိုလို့ …

တိုင်းရင်းသားဒေသများတွင် လူနေမှုဘဝများ နိမ့်ကျနေ ဆဲဖြစ်ကြောင်း ကိုနေမျိုးဇင်ဆို

တိုင်းရင်းသားနယ်မြေဒေသ အသီးသီးတွင် လူတန်းစားကွာဟမှုနှင့် လူနေမှုဘဝများ နိမ့်ကျနေဆဲဖြစ်ကြောင်း ၁၈နှစ်မြောက် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) နေ့ အခမ်းအနားကို တက်ရောက်လာသည့် ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင်က ပြောကြားခဲ့သည်။

၎င်း၏ ကရင်ပြည်နယ် လေ့လာရေးခရီးစဉ်အတွင်း လမ်းပမ်းဆက်သွယ်ရေး ခက်ခဲသော ဝေါလေဒေသ အတွင်းရှိ ကျေးရွာများ၏ အခြေအနေများနှင့် ထိုင်းနိုင်ငံဘက်ခြမ်းရှိ ကျေးရွာများ အခြေအနေများကိုပါ သွားရောက်လေ့ လာခဲ့ပြီး တွေ့ ရှိရသော ပကတိ အခြေအနေများကို သူက ယခုလို ကေအိုင်စီသို့ ရှင်းပြခဲ့သည်။

 “တကယ့် လူမရောက် သူမရောက်တဲ့ နေရာဒေသတွေမှာ လူတန်းစားကွာဟမှုနဲ့ လူနေမှုဘဝတွေပေါ့။ ဒါက တော်တော်လေးကို နိမ့်ကျပြီး ကျန်ခဲ့တယ်။ ဒါက ဒီတနေရာလေးထဲ မဟုတ်ပါဘူး။ ကျနော်ရောက်ခဲ့တဲ့ ဧရာဝတီတိုင်း ဒေသဘက်တွေမှာလည်း အတူတူတွေပါပဲ။ ကျနော်အမြဲပြောနေသလိုပေါ့။ ထားစရာမရှိအောင် ချမ်းသာတဲ့လူနဲ့ စားစရာမရှိအောင် ဆင်းရဲတဲ့လူ ဒါပဲ ရှိသ လိုဖြစ်နေတယ်”ဟု သူက ဆိုသည်။

၁၈နှစ်မြောက် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် DKBA နေ့ အခမ်းအနားကို ကျင်းပပြုလုပ်သည့် နေရာ ဒေသသည် ယခင်အချိန်များက ဗုံးသံ၊ အမြောက်သံများဖြင့် ဆူညံနေပြီး ဒေသခံ ကရင်လူထုများမှာလည်း ဆင်းရဲနွှမ်းပါးကြ သည်။
DKBA တပ်မတော်နေ့ တွင် လာရောက် သီဆိုဖျော်ဖြေခဲ့သည့် “လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း” အဖွဲ့နှင့် အတူလိုက်ပါလာသည့် “ဒီလှိုင်းဂျာနယ်” အယ်ဒီတာ၊ နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် ကဗျာဆရာ ကိုငြိမ်းသစ်ကလည်း တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းရေးရရှိဘို့အတွက် လာရောက်အားပေးရခြင်းဖြစ်ကြောင်း ယခုလို ပြောကြားသွားသည်။

“အခုလို ဒီနေရာလေးမှာ ကျနော်တို့ရဲ့ သီချင်းသံလေးတွေနဲ့ ထာဝရငြိမ်းချမ်းစေချင်တယ်။ ကျနော်တို့က မြို့ပေါ်မှာ လူထုတိုက် ပွဲတွေ ဆင်နွှဲနေသလို ဒီမှာလည်းပဲ ငြိမ်းချမ်းရေး အစပြုဘို့အတွက် တွန်းလှန်စစ်တွေ ဆင်နွှဲနေရတယ်။ ဒီအတွက် ကျနော်တို့ က လာရောက်ပြီးတော့ အားပေးတဲ့ ရည်ရွယ်ချက်နဲ့ပါပဲ”ဟု သူက ဆိုသည်။

ဆက်လက်၍ မဖွံ့ဖြိုး မတိုးတက်သေးသည့် နေရာဒေသများတွင် ပေါင်းကူးချိတ်ဆက်မှုများ ဟန်ချက်ညီညီဖြင့် အားသာချက် အားနည်ချက်များကို ညှိနှိုင်းပြီး လုပ်ဆောင်သွားမည်ဆိုပါက မကြာမှီပင် ဖွံ့ဖြိုးတိုးတက်သည့် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဟု ကိုနေမျိုးဇင်က ၎င်း၏ယုံကြည်ချက်ကိုလည်း ထပ်လောင်း ပြောဆိုသွားခဲ့သည်။

 ဖိုးခွါးလေး (ကေအိုင်စီ) 

လက်ပံတောင်းတောင် ထိခိုက်ဒဏ်ရာရ ရဟန်းရှင်လူများအတွက် ရွှေည၀ါဆရာတော် ဆက်လက်နှိုးဆော်

အစိုးရက နိုဝင်ဘာ ၂၉ ၊ လက်ပံတောင်းတောင် သပိတ်စခန်းကို အကြမ်းဖက်ဖြိုခွဲရာမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ သံဃာတော်များကို တိုက်ရိုက်ဝန်ချတောင်းပန်ခဲ့ခြင်းကြောင့် အဆိုပါအကြမ်းဖက်မှုတွင် အစိုးရမှာ တာဝန်ရှိကြောင်း ၀န်ခံပြီးဖြစ်သည့်အတွက် ထိုအကြမ်းဖက်မှုများတွင် ထိခိုက်ဒဏ်ရာရသူ ရဟန်းရှင်လူများ လုံးဝ သက်သာပျောက်ကင်းအောင်အထိ အပြည့်အ၀ တာဝန်ယူ ကုသမှု၊ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ပေးရန် လက်ရှိတွင်ပင် အရေးတကြီး လိုအပ်နေသည်ဟု ရွှေည၀ါဆရာတော်က မိုးမခသို့ မိန့်ကြားသည်။

 ထိုအရေးအခင်းနှင့် ပတ်သက်ပြီး မြန်မာပြည်အနှံ့ ဆန္ဒထုတ်ဖော်သူများကို ဖမ်းဆီးခြင်း၊ ကန့်သတ်ခြင်း၊ တရားစွဲဆိုခြင်းများ ပြုလုပ်နေခြင်းတို့ကို ရပ်ဆိုင်းသင့်ပြီး၊ ကိုယ်ထိလက်ရောက် အကြမ်းဖက်မှု ကျူးလွန်သော၊ အမိန့်ပေးစေခိုင်းသော လုံခြုံရေးအဖွဲ့များ၊ တာဝန်ခံများကို ယခုချက်ခြင်းပင် တာဝန်မှ ဆိုင်းငံ့ခြင်း၊ ရပ်ဆိုင်းခြင်း ပြုလုပ်သင့်ကြောင်း၊ သို့မှသာ ဒေသခံပြည်သူတို့အတွက် လုံခြုံ အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှု အကာအကွယ်ရမည် ဖြစ်ကြောင်း ၎င်း၏ သဘောထားကို ပြောကြားသည်။

စုံစမ်းရေးကော်မရှင်က တရားဥပဒေနှင့်အညီ၊ ခေတ်နှင့် စနစ်နှင့်အညီ စုံစမ်းစစ်ဆေးဖော်ထုတ်မှုများ ပြုလုပ်နေစဉ်အချိန်အတွင်း နိုင်ငံတော်က လက်ရှိအကြမ်းဖက်မှုနှင့် ပတ်သက်ပြီး အစိုးရတရပ်အနေဖြင့် ၎င်းလုပ်ပိုင်ခွင့် အာဏာစက်အတွင်းမှ တိုက်ရိုက် ထိခိုက်ဒဏ်ရာရသူများ၊ တိုက်ရိုက် ကျုးလွန်သူများအပေါ် တာဝန်ယူမှု အရေးယူဆောင်ရွက်မှုကို ပြသရမည်ဖြစ်သည်ဟု မိန့်ကြားသည်။

ယခုရက်ပိုင်းအတွင်း လက်ခံရရှိသော ကူညီမှုအလှူများအနက် ရွှေည၀ါဆရာတော်ထံ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းတွင် ဒဏ်ရာပြင်းထန်စွာ ရရှိသော သံဃာတော်များအား Australia နိုင်ငံမှ ဒကာ ၊ ဒကာမများ ထောက်ပံ့လှုဒါန်းသော အလှုတော်ငွေ စာရင်း မှာ အောက်ပါ အတိုင်း ဖြစ်ပါသည် ။

1: Sayadaw Dr Dhammacara Au$ 100.00

2: U Thaung Shwe and Daw Khin Aye Au$ 200.00

 3: Ko Kyaw Hlaing and Ma Aye Aye Myaing Au$ 330.00 (Au$30.00 transfer fee) Total Au$ 630.00 Thai Baht 18,528.00 (တစ်သောင်းရှစ်ထောင်ငါးရာ နှစ်ဆယ်ရှစ် ဘတ် လက်ခံရရှိပါသည် နတ်လူ သာဓု ခေါ်စေသောဝ် ဒဏ်ရာရ သံဃာတော်များ အတွက် ဆက်သွယ်လှုဒါန်းလိုပါက အောက်ပါ ဘဏ် အကောင့် ကို ထည့်သွင်းလှုဒါန်းနိုင်ပါသည် ။

 Bank Name : BANGKOK BANK

 City Name : BANGKOK

Branch Name : HOSPITAL

Swift Code : BKKBTHBK.

Account Name : MR somkid seengan

Account No. 8767013801

 ရွှေည၀ါ ဆရာတော်ကြီး ဖုန်းနံပါတ် : +66(0)905494281

 Email :shwenyawar@gmail.com

 Facebook :ven suriya

Facebook : Kha Kha Tun

Skype : vensuriya09

Skype : shwen.yawar

 မိုးမခအထောက်တော် ၀၀၂

နှစ်သစ်ကူးကာလတွင် အသစ်ထည့်သွင်းလိုက်သော Facebook privacy shortcuts များအကြောင်း...

Facebook ဟာ သုံးစွဲသူများရဲ့ မျှဝေတဲ့ ဓာတ်ပုံတွေ နှင့် update status လုံခြုံရေးကို အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံးအထောက်အကူပြုနိုင်မဲ့ privacy shortcuts များကို ထည့်သွင်းပေးထားတာတွေ့ရမှာပါ။ ဒီလို privacy shortcuts များကို US က user များထံ စတင်ထည့်သွင်းပေးခဲ့ပြီး အခုအချိန်မှာတော့ ကမ္ဘာတစ်ဝန်းလုံးမှာ ရှိတဲ့ user တွေအတွက်ပါ ထည့်သွင်းပေးလိုက်ပါပြီ။ ဒါကြောင့် အသစ်ထည့်သွင်းထားတဲ့ Facebook privacy shortcuts တွေရဲ့ အသုံးဝင်မှုတွေကို NOM Fans တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။ -Blocking Facebook မှာ မိမိကို စိတ်အနှောက်အယှက်ဖြစ်နေတဲ့ သူတွေ၊အဆက်အသွယ်မလုပ်လိုတဲ့ သူတွေကို Block ချင်ရင် အရင်လို setting ထဲကနေ အရှည်ကြီး ၀င်နေစရာ မလိုတော့ပါဘူး။ Facebook Privacy shortcuts pop-up box ကလေးကို နှိပ်ပြီး တတိယအကြောင်းမှာ မိမိ Block လိုတဲ့ user ရဲ့ နာမည်(သို့)သူ့ရဲ့ email လိပ်စာကို ရိုက်ထည့်လိုက်ရုံပါပဲ။ ဒါ့အပြင် သင်ယခင်က block ထားတဲ့ သူတွေရဲ့ စာရင်းကိုကြည့်နိုင်ဖို့ View All Blocked Users ဆိုတာကိုပါ ထည့်သွင်းပေးထားတာတွေ့ရပါတယ်။ -Privacy Shortcuts
Facebook Privacy shortcuts pop-up box ရဲ့ ပထမအကြောင်းဖြစ်တဲ့ “who can see my stuff?” ဆိုတဲ့ စာကြောင်းကို click နှိပ်လိုက်ပါ။ Who can see my future posts? ဆိုတဲ့ နေရာမှာ သင့်ရဲ့ post အသစ်အကုန်လုံးကို ဘယ်လို လုံခြုံရေးထားချင်သလဲဆိုတာကို မူတည်ပြီး လွယ်ကူစွာ ထိန်းချုပ်နိုင်အောင် လုပ်ထားပေးတာဖြစ်ပါတယ်။ နောက် Facebook Privacy shortcuts pop-up box ရဲ့ “who can see my stuff?” ဆိုတဲ့ စာကြောင်းမှာရှိတဲ့ ဒုတိယ အကြောင်းဖြစ်တဲ့ Where can I review all my posts and things I’m tagged in? ဆိုတဲ့နေရာမှာတော့ သင်မတင်ခဲ့ဘဲ Tag လုပ်ခံထားရတဲ့ ပုံတွေ စာသားတွေကို ပါ ထိန်းချုပ်တာဖျက်ပစ်လို့ရမှာဖြစ်ပါတယ်။
ပြီးတော့ သင်မလိုတော့တဲ့ အတိတ်က ပိုစ့်အကုန်လုံးကို တစ်နေရာထဲကနေ ဖျက်ပစ်နိုင်မှာပါ။ Facebook Privacy shortcuts pop-up box ရဲ့ “who can see my stuff?” ဆိုတဲ့ စာကြောင်းမှာရှိတဲ့ တတိယ အကြောင်းဖြစ်တဲ့What do other people see on my timeline? ဆိုတဲ့ လုံခြုံရေးအတွက် အသုံးဝင်ပုံအကြောင်းကို ရှင်းပြသွားပါမယ်။
မိမိရဲ့ Profile ကို မည်သူက ၀င်ကြည့်ရင် ဘယ်လိုပေါ်နေလဲ ဆိုတာ သိချင်ကြပါတယ်။ ဒါကြောင့် “who can see my stuff?” ဆိုတဲ့ စာကြောင်းမှာရှိတဲ့ တတိယ အကြောင်းဖြစ်တဲ့What do other people see on my timeline? ကိုဝင်ပြီး View As ကို နှိပ်လိုက်ပါ။ ဒါဆိုရင် သင့်ရဲ့ profile ကို ပေါ်လာပြီး This is what your timeline looks like to: ဆိုတဲ့နေရာမှာ မိမိသိလိုတဲ့ သူငယ်ချင်းနာမည်ကို ရိုက်ထည့်လိုက်ရုံပါပဲ။ အခုပြောပြမှာကတော့ နောက်ဆုံးအချက်ပါ။ Facebook Privacy shortcuts pop-up box ကလေးကို နှိပ်ပြီး ဒုတိယအကြောင်းဖြစ်တဲ့ “who can contact me” ကို click လိုက်ပါ။


ပထမဆုံးအကြောင်းဖြစ်တဲ့ Whose messages do I want filtered into my Inbox? ဆိုတာကတော့ မိမိကို message ပေးပို့နေတဲ့ သူတွေကို ထိန်းချုပ်နိုင်ဖို့ ထည့်သွင်းပေးထားတာပါ။ ဒုတိယအကြောင်းဖြစ်တဲ့ Who can send me friend requests? ဆိုတာကတော့ ဘယ်သူတွေက သူငယ်ချင်းဖြစ်ခွင့် ပို့လို့ရအောင် ထိန်းချုပ်မလဲဆိုတာပဲဖြစ်ပါတယ်။ ဥပမာအနေနဲ့ ပြောရရင် မိမိနဲ့ သူငယ်ချင်းဖြစ်လိုသူကြားမှာ ကြားခံသူငယ်ချင်း(Mutual) မရှိရင် friend request ဆိုတဲ့ button ကို နှိပ်ခွင့်ပေးဖို့ နေနေသာသာ တဘက်လူက ရှာလို့ ရမှာတောင်မဟုတ်ပါဘူး။

××××××××××××××××××××××××××××××××××××××

အားလုံးပဲနှစ်သစ်မှာ ပျော်ရွှင်နိုင်ကြပါစေ….

Written By KaungMyatOo 

News of Myanmar

အက်စစ်အန္တရာယ်နဲ့ ကံကုန်းရွာ ဒေသခံတို့ ဘ၀ ရုပ်/သံ

အက်စစ်ကြောင့်ဟု သံသယဖြစ်ရပ်တခု၊ အသက်ရှင်လျှက် အသိမဲ့ဖြစ်နေတဲ့ လက်ပံတောင်း ဒေသက ကလေးငယ်တဦး၊ ဓာတ်ပုံ- သက်ဆွေအေး (မုံရွာ)

 ကြေးနီးတောင် စီမံကိန်းအနားက ကံကုန်း ရွာသားတွေဟာ လည်ပတ်နေတဲ့ အက်ဆစ်စက်ရုံကြောင့် သူ တို့နှင့် ကလေးတွေ ကျန်းမာရေး ထိခိုက်စေတယ် ဆိုတာကို ဆက်လက် ပြောဆိုနေကြပြီး အဲဒီ စက်ရုံ ကို ရွှေ့ပြောင်း (သို့) ရပ်တန့်စေချင်တဲ့ အကြောင်း ပြောဆိုထားတာကို ဧရာဝတီက ရုပ်သံ တင်ဆက်ထား ပါတယ်။

 

ဧရာဝတီ

Saturday, December 22, 2012

ရပ်ပစ် ရှစ်ပါး၊ ထိုင်ပစ်တာ ၁ဝ ပါး နဲ့ .....

ကာတွန်း - တော်တီဆွေ

 ရပ်ပစ် ရှစ်ပါး 
ထိုင်ပစ်တာ ၁ဝ ပါး နဲ့ 
 မှောက်ပစ်တာ ၁၂ ပါးပါ ဖုရာ့

စာရေးဆရာချစ်ဦးညို -စာပေဟောပြောပွဲ (ရုပ်/သံ)

ကမာရွက်မြို့နယ် အမှတ်(၃)ရပ်၊ ပညာ့အလင်း စာကြည့်တိုက် စာပေ ဟောပြောပွဲ (၀၉-၁၂-၁၂)

 ခေါင်းစဉ်မဲ့ ခေါင်းစဉ်- ဆရာ ချစ်ဦးညို

လက်ပန်းတောင်းတောင်နဲ့ ဦးပိုင်အကြောင်း ဟာသနှောပြီး ပီပီပြင်ပြင် ဟောပြောသွားပါတယ်..

Thursday, December 20, 2012

လက်ပံတောင်းတောင်ဒေသခံများအတွက် အမေရိကန်ရှေ့နေက အခမဲ့အမှုလိုက်ပေးမည်



လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအရေးကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံရှေ့နေများကွန်ယက် အဖွဲ့ဝင်များမှ ဒေသခံပြည်သူများ ကိုယ်စားတရားစွဲဆိုမည့် အမှု(၂)ခုအတွက် အမေရိကန်နိုင်ငံ ဥပဒေပညာရှင် ရော်ဂျာနော်မန်က အခမဲ့အမှုလိုက်ပေးမည်ဖြစ်သည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံမှ ဥပဒေပညာရှင်က ဒီဇင်ဘာလ ဒုတိယပတ်တွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသသို့ သွားရောက်လေ့လာခဲ့ပြီး ဒေသခံကိုယ်စား တရားစွဲဆိုမည့် ရှေ့နေ(၁၀)ဦးနှင့်လည်း ဆွေးနွေးတိုင်ပင်ခဲ့သည်ဟု သိရသည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအရေးကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံရှေ့နေများကွန်ယက် အဖွဲ့ဝင်များက ဒေသခံပြည်သူ များကိုယ်စားလာမည့် ၂၀၁၃ခုနှစ် နှစ်ဆန်းပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်တရားရုံးချုပ်တွင် အမှု(၂)ခု ဖွင့်ရန် စီစဉ်နေခြင်းဖြစ်သည်။ အဆိုပါ ရှေ့နေ(၁၀)ဦးမှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ သပိတ်စခန်းအား အကြမ်းဖက် ဖြိုခွင်းခဲ့သည့် အာဏာပိုင်များနှင့် ၀မ်ပေါင်ကုမ္ပဏီထံမှ ဒေသခံတို့အတွက် လျော်ကြေးငွေရရှိရန် တရားစွဲဆိုသွားမည်ဟု သိရသည်။

“ကျွန်တော်တို့က ဒေသခံတွေအတွက် တရားစွဲပေးမှာပါ။ အကြောင်းကတော့ သပိတ်စခန်းကို အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ အာဏာပိုင်တွေကို တရားစွဲမယ် ၊ ၀မ်ပေါင်ကုမ္ပဏီကနေ လျော်ကြေး ငွေပေးဖို့အတွက် တရားစွဲမယ် အဲ့ဒီနှစ်ချက်ပါ” ဟု အဆိုပါ ရှေ့နေကွန်ယက်တွင် ပါဝင်သူ တစ်ဦးဖြစ်သည့် တရားလွှတ်တော်ရှေ့နေ ရောဘတ်ဆန်းအောင်က ပြောသည်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ သပိတ်စခန်းအား မီးလောင်ဗုံးဖြင့် ဖြိုခွင်းခဲ့ခြင်းကြောင့် ရဟန်း၊ သံဃာများ ထိခိုက်ဒဏ်ရာရရှိကာ ပြည်ပသို့ ဆေးကုသရသည်အထိ ဖြစ်ပေါ်ရခြင်းကြောင့် ဖြစ်သည်ဟု ၄င်းက ဆက်ပြောဆိုသည်။

 “ မီးလောင်ဗုံးနဲ့ပစ်တယ်မပစ်ဘူးဆိုတာ စုံစမ်းစစ်ဆေးရေးကော်မရှင်က စုံစမ်းဦးမှာ ဖြစ်တယ်ဆိုတာ မှန်တယ်။ ဒါပေမဲ့ မီးလောင်ဗုံးနဲ့မပစ်ရင် အခုလို သံဃာတွေရဲ့ အရေပြားကို လောင်စေမှာ မဟုတ် ဘူး။ အဲ့ဒီလို သက်သေတွေနဲ့ တရားစွဲမှာ၊ နောက်တစ်ခုက လယ်ယာမြေပျက်စီဆုံးရှုံးတာတို့ ကုမ္ပဏီ ကနေ စွန့်ပစ်တဲ့ အဆိပ်ရည်တွေကြောင့် ကလေးငယ်တွေ နာမကျန်းဖြစ်ရတာ မွေးလာတဲ့ကလေး တွေက ကိုယ်လက်အင်္ဂါ မပြည့်စုံတာမျိုးတွေ ဖြစ်လာတယ်၊ အဲ့ဒါတွေအတွက် လျော်ကြေးတောင်းဖို့ အမှုဖွင့်မှာပါ” ဟု တရားလွှတ်တော်ရှေ့နေ ရောဘက်ဆန်းအောင်က ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြောင့် အခက်အခဲနှင့် ရင်ဆိုင်နေရသည့်ဒေသခံများ အတွက် ဒေသခံများကိုယ်စားရှေ့နေများမှ အမှုဖွင့်တိုင်ကြားပေးခြင်းကို ဒေသခံများက ကျေးဇူးတင်ကြောင်း ဒေသခံတစ်ဦးဖြစ်သည့်မသွဲ့သွဲ့ဝင်းက ဆိုသည်။ “နှစ်၆၀ စီမံကိန်း ရပ်ဆိုင်းဖို့အတွက်နဲ့ ပွင့်လင်းမြင်သာမှုရှိလာစေဖို့အတွက် အခုလို အမှုဖွင့် ပေးတာကို ကျေးဇူးတင်ပါတယ် ထောက်လဲထောက်ခံပါတယ်။ ဒါက လုပ်သင့်လုပ် ထိုက်ပါတယ်။” ဟု ကြေးနီစီမံကိန်းရပ်စဲရေးအတွက် ဦးဆောင်လှုပ်ရှားခဲ့သည့်ဒေသခံမသွဲ့သွဲ့ဝင်းက ပြောသည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြောင့် ၀က်မှေးကျေးရွာမှဒေသခံများအား ၂မိုင်ခန့်ဝေးသည့် နေရာသို့ ပြောင်းရွှေ့စေ ခိုင်းခြင်းများ ၊ ၀မ်ပေါင်ကုမ္ပဏီအနေဖြင့် လယ်ယာမြေများ ပျက်စီးဆုံးရှုံးခြင်း အတွက် ၃နှစ်သီးနှံ လျော်ကြေးအဖြစ် ၅သိန်း ၃သောင်းသာ ပေးခြင်း ၊ စီမံကိန်း၏ စွန့်ပစ်ပစ္စည်းများ ကို လယ်ယာမြေထဲသို့လွှတ်ပစ်ခြင်းများနှင့် ကြုံတွေ့နေရကြရသည်ဟု ၄င်းက ဆက်ပြောသည်။

 အဆိုပါ ကိစ္စရပ်များကြောင့် ရန်ကုန်မြို့တွင် နိုဝင်ဘာလမှစ၍ ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်လာရာ သက်ဆိုင်ရာအာဏာပိုင်များမှ ဒဏ်ရာရ သံဃာများကိုဝန်ချတောင်းပန်ခဲ့ခြင်းကြောင့် ဒီဇင်ဘာ ဒုတိယ အပတ်က စီမံကိန်းအရေးကိစ္စဆန္ဒပြထုတ်ဖော်မှုမှာ ရပ်ဆိုင်းခဲ့ရသည်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်တွင် ဒေါ်အောင်ဆန်းစုကြည် မှာ ဥက္ကဌအနေဖြင့် ပါဝင်ကာ စုံစမ်းဖော်ထုတ်မည်ဆိုသည့်အတွက် ဆန္ဒပြခြင်းကို ရပ်ဆိုင်းထားပြီး ဒေါ်အောင်ဆန်းစုကြည်၏ဆုံးဖြတ်ချက်ကို လက်ခံရန်စောင့်မျှော်လျက်ရှိသည်ကိုလည်း သိရသည်။

ဝင့်သင်ဇာကျော် (မြစ်မခ) 
by Myit Makha Mediagroup on 20 Dec, 2012

မသီတာထွေး အရေးကြောင့် ရွာကိုမလာရဟု တားမြစ် ပိတ်ပင်ခံထားရသူ ရွာပြန်လာ၍ ထောင် (၁) နှစ် ချမှတ်ခံရ

မသီတာထွေး တို့နေ ရပ် ကျောက်နီမော် ကျေးရွာ။ 

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီ မော် စံပြကျေးရွာတွင် မသီတာထွေး သေဆုံးပြီးနောက် လုံဆော်မူများ ပြုလုပ် သည့် စွပ်စွဲချက်ဖြင့် ရွာသို့ ပြန်မလာရဟု ခံဝန်ချက်ဖြင့် ရဲက ရွာထဲမှ နှင်ထုတ်ခံထားရသူ တစ်ဦး ရွာပြန်လာသဖြင့် ရမ်းဗြဲမြို့နယ် တရားရုံးက ထောင် (၁) နှစ် ချလိုက်သည်ဟု သိရသည်။ သူ့မှာ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး ဖြစ်သူ ကျောက်နီမော်ကျေးရွာမှ ဦးမောင်ဖိုးဦး၏ သား ကိုလှသွယ် အသက် (၃၈) နှစ် ဖြစ်သည်။

ကိုလှသွယ်အား ခံဝန်ချက် ကတိဖေါက်ဖျက်မှုဖြင့် ရမ်းဗြဲတရားရုံးက ယနေ့ ဒီဇင်္ဘာလ ၂၀ ရက် ယနေ့တွင် ထောင်ဒဏ် (၁) နှစ် ချမှတ်လိုက်ကြောင်း သိရသည်။ “ ကိုလှသွယ်ကို ဖမ်းရတဲ့ အကြောင်းရင်းက သူ့ကို ကျောက်နီမော်မှာ လှုံဆော်မှု ပြုလုပ်သူ ဖြစ်တယ်ဆိုပြီး ကျောက်နီမော် ကို မလာဖို့ ရဲဆီမှာ ၀န်ခံကတိ ပြုလုပ်ပြီး လက်မှတ် ရေးထိုးထားရပါတယ်။ မနေ့က သူက ကျောက်နီမော်ကို လာတဲ့ အတွက် ၀န်ခံကတိကို ဖေါက်ဖျက်တယ်ဆိုပြီး ကျောက်နီမော်ရဲက ဖမ်းဆီးပါတယ်။ ဖမ်းပြီး ချက်ချင်း ရမ်းဗြဲမြို့နယ် တရားရုံးကို ပို့ပါတယ်။ တရားရုံးက ၀န်ကတိ ဖေါက်ဖျက်မှုနဲ့ ဒီနေ့ နေ့လည် ၁၂ နာရီခွဲအချိန်မှာ ထောင်တစ်နှစ် ချမှတ်လိုက်ပါ တယ်” ဟု ရမ်းဗြဲဒေသခံ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

ကိုလှသွယ်မှာ ဒေသ အခြေအနေ အေးချမ်းနေပြီ ဖြစ်သဖြင့် ပြန်လာခြင်း ဖြစ်ပြီး ယခုကဲ့သို့ ထောင်ချမည်ဟု မထင်ခဲ့ကြောင့် ရမ်းဗြဲဒေသခံက ဆက်ပြောသည်။ “ ကိုလှသွယ်ကို ရွာအပြန် လမ်းမှာ ရဲက ဖမ်းဆီးပြီး ရမ်းဗြဲကို ယူလာပါတယ်။ ရဲက ကိုလှသွယ်ကို ရှေ့နေ ငှားမလားလို့ မေးတော့ ကိုလှသွယ် ငွေကြေးမတတ်နိုင်တာက တကြောင်း၊ ထောင်ကျလိမ့်မယ်လို့ မထင်တာက တကြောင်းကြောင့် ရှေ့နေ မငှား ဘူးလို့ ပြန်ပြောလိုက်ပါတယ်။ ဒါကြောင့် ရဲက သူ့ကို တရားရုံးသို့ တိုက်ရိုက်ပို့ပြီး ခုလို အမူကို ဆုံးဖြတ်ချက် ချလိုက်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

 ယနေ့ တရားရုံးတွင် စစ်ဆေးရာတွင် ကိုလှသွယ်က မိမိမှာ ပြည်ခိုင်ဖြိုး ပါတီဝင်တယောက်ဖြစ်တဲ့ အတွက် ပါတီ ကိစ္စအပြင် ဗိုလ်မှူးကျော်ခိုင် ကျောက်နီမော်ကို လာရန်ရှိသည့် အတွက် သွားရောက်ခြင်းဖြစ်သည်ဟု ထွက်ဆို ခဲ့သော်လည်း ခံဝန်ချက်ကို ချိုးဖေါက်သည်ဟု ဆိုကာ ရမ်းဗြဲမြို့နယ် တရားသူကြီး ဦးမျိုးအောင်က ထောင်ဒဏ် တစ်နှစ် အမိန့် ချမှတ်လိုက်သည်ဟု တစ်ခြား ရဲသား တစ်ဦးကလည်း အတည်ပြု ပြောကြားသည်။ ယခုကဲ့သို့ တစုံတရာ အမူကို သေသေချာချာ စစ်ဆေးမေးမြန်း မရှိသည့် အပြင် အယူခံဝင်ခွင့် မရဘဲ ထောင်ဒဏ်ချမှတ်လိုက်သည့်အပေါ် အဆိုပါ ရမ်းဗြဲဒေသ ခံက သူ၏ အမြင်ကို ယခုကဲ့သို့ ပြောသည်။

“ အခု နိုင်ငံတော် သမ္မတက ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အရေးအခင်းမှာ ပါတီတွေက လူတွေ တိုက်ရိုက် ပါဝင် ပတ်သက် နေတယ်လို့ ပြောထားတဲ့အပေါ်မှာ သူတို့ ပြည်ခိုင်ဖြိုးပါတီက ပါတီဝင်တွေကိုလဲ ခုလို ပါဝင်ပတ်သက်လာရင် ထောင်ချတယ်ဆိုတဲ့ သဘောမျိုး လုပ်ပြ လိုက်တာလို့ မြင်ပါတယ်။ ဒါမှ နောက်ထပ် တခြား ပါတီက လူတွေကို အရေးယူနိုင်မှာကိုး။ တစ်ခြား ပါတီဝင်တွေကို ဘယ်လို လုပ်လာမလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။ ကိုလှသွယ်ကို ရမ်းဗြဲတရားရုံးမှာ နေ့လည် ၁၂ နာရီခွဲတွင် ထောင်ဒဏ် တစ်နှစ် ချမှတ်လိုက်ပြီးနောက် နေ့လည် ၂နာရီခွဲတွင် ကျောက်ဖြူ အကျဉ်းထောင်သို့ ယူဆောင်သွားကြောင်း သိရသည်။

နိရဉ္စရာသတင်းဌာန

Tuesday, December 18, 2012

တရားသူကြီးချုပ်များနှင့် သက်ဆိုင်ရာ တရားသူကြီးများပါ ပြည်သူ့ ရှေ့မှောက်တွင် ကတိသစ္စာပြုရန် အပါအ၀င် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ထုတ်ပြန်ကြေညာ

တရားသူကြီးချုပ်များနှင့် သက်ဆိုင်ရာ တရားသူကြီးများပါ ပြည်သူ့ရှေ့မှောက်တွင် ကတိသစ္စာပြုရန် အပါအ၀င် ပြည်ထောင်စု တရားစီရင်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လာမည့်လွှတ်တော်တွင် ဆွေးနွေးသွားနိုင်ရန် ပြည်သူ့လွှတ်တော်က ဒီဇင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်ခဲ့သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းတွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

 နိုဝင်ဘာလ ၂၃ ရက်နေ့က ပြုလုပ်ခဲ့သော ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးတွင် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ယင်းဥပဒေကြမ်းကို တင်သွင်းခဲ့ခြင်းဖြစ်သည်။ အဆိုပါဥပဒေကြမ်းတွင် စာချွန်တော် လျောက်ထားမှုဆိုင်ရာကိစ္စ၊ တရားခွင်တွင် တရားသူကြီးများ ပြည်သူ့ရှေ့မှောက်၌ ကျမ်းကျိန်ဆိုရမည့် ပုဒ်မ ထည့်သွင်းပြဋ္ဌာန်းရန်၊ အကျဉ်းထောင် အချုပ်ခန်းများသို့ တရားသူကြီးများ စစ်ဆေးရန်ကိစ္စတို့ကို ထည့်သွင်းပြင်ဆင်ရန် အချက်များ တင်ပြခဲ့ခြင်းဖြစ်သည်။

 ပြည်သူများ ယုံကြည်မှုကင်းမဲ့နေသည့် မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်ကို ပြုပြင်လိုသည့် ရည်ရွယ်ချက်ဖြင့် ယင်းပြင်ဆင်ချက်အဆိုကို သွင်းခဲ့ခြင်းဖြစ်ကြောင်း ဦးသိန်းညွန့်က ပြောကြားခဲ့ပါသည်။ ဦးသိန်းညွန့်က ကျမ်းသစ္စာ ဆိုရမည့် ပုဒ်မ (၆၁) တွင် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တရားသူကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားသူကြီးများ၊ ခရိုင်တရား သူကြီးများ၊ မြို့နယ်တရားရုံးမှ တရားသူကြီးများ၊ ဥပဒေအရ တည်ထောင်ထားသော အခြားရုံးမှ တရားသူကြီးများသည် တရားခွင်တက်တိုင်း ပြည်သူ့ရှေ့မှောက်၌ ကျမ်းကျိန်ဆိုရမည့် အပိုဒ်ကို ထည့်သွင်းပြဋ္ဌာန်းရန် တင်သွင်းခဲ့သည်။

'' ပုဒ်မ (၆၁) ကို ဘာဖြစ်လို့ ပြင်လဲဆိုတော့ အခု တရားရုံးတွေမှာ တရားလိုတွေ၊ တရားခံတွေ၊ သက်သေတွေက ကတိသစ္စာပြုရတယ်။ တရားသူကြီးတွေက ကတိသစ္စာ မပြုရဘူး။ ဒါကြောင့် သူတို့ ကျမ်းစူးမှာ မကြောက်ရတဲ့အတွက် တရားခွင်မှာ လာဘ်ပေးလာဘ်ယူ လုပ်ဖို့ တော်တော်များများက ၀န်မလေးဘူး။ အဲဒါကြောင့် ဒါတွေကို ပြင်ဆင်ဖို့လိုတယ်။ အရင်ဆုံး ကတိသစ္စာ ပြုခိုင်းသင့်တယ်။ ဒါ အနုနည်းနဲ့ ထိန်းကျောင်းတာပဲ'' ဟု ၎င်းက ပြောကြားခဲ့သည်။ ထို့ပြင် ဦးသိန်းညွန့်က ပြည်ထောင်စုတရားစီရင်ရေး ပုဒ်မ ၆၇ နှင့် ၆၈ ပါ ပြည်ထောင်စုတစ်ဝန်းလုံးရှိ အကျဉ်းစခန်းများ၊ ရဲဘက်စခန်းများ၊ ရဲတပ်ဖွဲ့ အချုပ်စခန်းများအား စစ်ဆေးကြည့်ရှုရန်နှင့် ပတ်သက်၍ တိတိကျကျ ဆောင်ရွက်မှုရှိစေရန်အတွက် ပြင်ဆင်ချက် ပုဒ်မ ၆၇ တွင် အနည်းဆုံးတစ်နှစ်လျင် တစ်ကြိမ် စစ်ဆေးကြည့်ရှုရမည်ဟူ၍ လည်းကောင်း၊ ပုဒ်မ ၆၈ တွင် အနည်းဆုံး ခြောက်လလျင် တစ်ကြိမ် စစ်ဆေးကြည့်ရှုရမည် ဟူ၍လည်းကောင်း ဥပဒေကြမ်းတွင် ပြင်ဆင်ချက် ထည့်သွင်းခဲ့သည်။

ယင်းပြင်ဆင်ချက်နှင့် ပတ်သက်၍ ဦးသိန်းညွန့်က'' ပုဒ်မ (၆၇) (၆၈) မှာ အကျဉ်းစခန်းတွေ၊ အချုပ်စခန်းတွေ၊ ရဲဘက်စခန်းတွေကို စစ်ဆေးကြည့်ရှုနိုင်သည်လို့ ပြဋ္ဌာန်းထားတယ်။ ဒီအရ ဆိုရင်နိုင်သည်ဟု အသုံးအနှုန်း ဟာ မလုပ်မနေရတဲ့ သဘောမဟုတ်ပါဘူး။ လုပ်ချင်မှ လုပ်ရမဲ့သဘော သက်ရောက်နေပါတယ်။ အခု ဘယ်နှစ်ကြိမ် သွားစစ်ပြီးပြီလဲလို့ လွှတ်တော်မှာ မေးလိုက်တော့ တစ်ကြိမ်မှာ မစစ်ရသေးဘူး။ အချုပ်သားတွေ၊ အကျဉ်းသားတွေဆိုတာလည်း နိုင်ငံသားတွေပဲ။ သူတို့ ဥပဒေနဲ့အညီ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေရဖို့ ဒီပြင်ဆင်ချက်ကို ကျွန်တော်တင်လိုက်ခြင်းဖြစ်တယ်'' ဟု ပြောကြားခဲ့သည်။

 ပြည်ထောင်စု တရားစီရင်ရေး ဥပဒေ ပုဒ်မ ၁၇ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၇၈(က)အရ နိုင်ငံသားများအား ပေးအပ်ထားသော အခွင့်အရေးတစ်ရပ်ရရှိရန် ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာ မတည်ခင်ကဖြစ်စေ၊အာဏာ တည်ပြီးမှဖြစ်စေ တရားရုံးတစ်ရုံးက ချမှတ်ခဲ့သော စီရင်ထုံးနဲ့ ဒီဂရီကို သို့တည်းမဟုတ် အပြီးသတ် အမိန့်ကို စာချွန်တော်အမိန့် တစ်ရပ်ရပ်ဖြင့် ပြင်ဆင်ပေးရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၌ အခွင့်အာဏာရှိသည် ဟူသော အချက်များ ထည့်သွင်းပေးရန်လည်း ဥပဒေကြမ်းတွင် တင်ပြခဲ့သည်။

ယင်းပြင်ဆင်ချက် ထည့်သွင်းရခြင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် နိုင်ငံသားများအတွက် ပေးထားသည့် အခွင့်အရေးများတွင် အာဏာ တည်မီ၊ မတည်မီ ဆိုသည်များမပါကြောင်း၊ ယင်းအတွက် စာချွန်တော် အမိန့်များနှင့် ပတ်သက်ပြီး ပြည်သူများ ခံစားနိုင်ရန်အတွက် ပြင်ဆင် ရခြင်းဖြစ်သည်ဟု ရှင်းလင်းခဲ့သည်။ ယင်းဥပဒေကြမ်းကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၉ ရက်နေ့တွင် စတင်မည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဌမပုံမှန် အစည်းအဝေးတွင် ထည့်သွင်း ဆွေးနွေးသွားမည်ဖြစ်သည်။

Eleven Media Group

လယ်တီဆရာတော်ဘုရားကြီး၏ စေတီ နှင့် သိမ်ကျောင်းကိုမပျက်စီးအောင် ထိန်းသိမ်းပေးမည်ဆိုပါကယခင်တူးဖော်ထားသော မြေသားပြန်လည်ဖို့ပေးရန် နှင့် ၎င်းအနီးရှိတောင်အား မဖြိုရန်လိုအပ်မည်ဟု မုံရွာဒေသခံဆရာတော်များကဆို


မူလပထမလယ်တီဆရာတော် ဘုရားကြီး၏စေတီနှင့်သိမ်အဆောက် အအုံကို နိုင်ငံတော်က မပျက်စီး အောင်ထိန်းသိမ်းကာကွယ်ပေးမည် ဆိုလျှင် ယခင် တူးဖော်ထားသော မြေသားများကို ပြန်ဖို့ပေးရန်နှင့် အဆိုပါစေတီနှင့် သိမ်ကျောင်းပတ် ၀န်းကျင်နှင့် အနီးဆုံးတွင်ရှိသောတောင်ကိုမဖြိုဖျက်ရန်အထူးလို အပ်မည်ဖြစ်ကြောင်းမုံရွာဒေသခံ ဆရာတော်များ၏ပြောပြချက် အရ သိရသည်။

“အခုနိုင်ငံတော်သမ္မတရုံးက အကောင်းဆုံးဖြစ်အောင်ထိန်း သိမ်းပေးပါမယ်ဆိုတဲ့ ပြန်ကြား စာတစ်စောင်ကို ရွှေကျင်ဓမ္မာရုံ ကျောင်းတိုက်မှ ကျောင်းထိုင် ဆရာတော်ဘဒ္ဒန္တအဂ္ဂသာရထံ ရောက်လာတယ်။ အကြောင်းကြား စာပို့နေရုံနဲ့ တင်မပြီးပါဘူး။ လက်တွေ့ အကောင်အထည်ဖော်ပေးဖို့လိုအပ် ပါတယ်။ အခုလက်ရှိပုံစံအတိုင်း ထားမယ်ဆိုရင်လာမယ့်နှစ်မိုးရာသီ မှာတင် ပြိုကျပျက်စီးသွားမှာသေ ချာတယ်။ ထိန်းသိမ်းတယ်၊ စောင့် ရှောက်တယ်ဆိုတဲ့စကားကို လွယ် လွယ်လေးမပြောစေချင်ဘူး။ အချိန်မီထိန်းသိမ်းဖို့လိုပါတယ်”ဟု မြို့မဂါတ်ကျောင်းမှ ဆရာတော် တစ်ပါးက မိန့်တော်မူခဲ့ပါသည်။

 “လူမှုရေးဦးတည်ချက် (၄) ရပ်မှာ နံပါတ်(၂)နေရာမှာပါတဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေး နှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင်ထိန်းသိမ်း စောင့်ရှောက်ရေးဆိုတဲ့အချက်ပါ နေတယ်။ နိုင်ငံတော်အစိုးရအနေ နဲ့ အခုလိုသာ လယ်တီဆရာတော် ဘုရားကြီးရဲ့ ၀တ္ထကမြေဖြစ်တဲ့ စေတီနဲ့ သိမ်ကျောင်းပျက်စီးမှာကို ထိထိရောက်ရောက်သာ ကာကွယ် ထိန်းသိမ်းမှုတွေ မလုပ်နိုင်ဘူးဆို ရင် သူတို့ပြဋ္ဌာန်းချက်ကို သူတို့ ဘာသာချိုးဖောက်သလိုဖြစ်ပါလိမ့် မယ်။ ဒါဟာ နိုင်ငံတော်အစိုးရ ပြောတဲ့ အမျိုးသားရေးလက္ခဏာ ဆိုတဲ့ စကားလုံးထက်ကြီးပါတယ်။ အမျိုးသားဘာသာရေးသာသနာ ရေးလက်္ခဏာလို့တောင်ပြောရမှာပါ” ဟု လက်ပံတောင်းတောင် ကယ်တင်ရေးကော်မတီမှ တာဝန် ရှိသူတစ်ဦးကဆိုပါတယ်။ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မုံရွာခရိုင် (၈) မြို့နယ်အတွင်းရှိ ဆရာတော်သံဃာတော်အပါး (၈၀၀)ကျော်ခန့် လက်မှတ်ရေးထိုး ကာ ဒေါ်အောင်ဆန်းစုကြည်ထံ သို့ စာတစ်စောင်ပေးပို့ထားသည် ဟုလည်း သိရသည်။

စိုးမိုးထွန်း(မုံရွာ) 
Hot News Weekly

Monday, December 17, 2012

အင်တာနက်ရှိရန်မလိုဘဲ နိုင်ငံခြားသို့ တိုက်ရိုက်ဖုန်းခေါ်ဆိုနိုင်သော Ytalk ကဒ်များ အသုံးပြုနိုင် တော့မည်


အင်တာနက်တပ်ဆင်ထားခြင်းမရှိဘဲ နိုင်ငံခြားသို့ တိုက်ရိုက်ဖုန်းခေါ် ဆိုနိုင်သော Ytalk ကဒ်များ အား အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း Ytalk ကဒ်များအား ထုတ်လုပ်ဖြန့် ချိ သော VMGTelecoms မှဒါရိုက်တာဦးအောင်ထွန်းကပြော ကြားခဲ့သည်။ အဆိုပါနိုင်ငံရပ်ခြားသို့ တိုက်ရိုက်ဖုန်း ခေါ်ဆိုနိုင်သော ကဒ်များအား ၂၀၁၂ ဒီ ဇင်ဘာလ ၂ဝရက် နေ့နောက်ပိုင်း မှစတင်၍ တစ်နိုင်ငံလုံးသို့ရောင်းချ သွားမည်ဖြစ်ကြောင်း သိရှိရသည်။ Ytalk ကဒ်တွေကို အခုတနိုင်ငံလုံးအတိုင်း အတာထိ ရောင်းချသွားမှာပါ၊ အိမ်သုံး၊ရုံးသုံးနဲ့လူတိုင်း သုံးနိုင်အောင် ၅ထောင်တန်ကဒ်တွေအထိ ကိုဦးစားပေးပြီးတော့ကို ရောင်းချပေးသွား မှာပါဟု'' ဦးအောင်ထွန်း မှထပ်မံပြောကြား ခဲ့သည်။

Ytalk ကဒ်ဖြင့်ငွေဖြည့်သွင်းရာတွင် အင်တာနက်မလိုအပ်ပဲငွေဖြည့်ရာတွင် လည်း လွယ်ကူပြီး ကုဒ်နံပါတ်အား မိမိဖုန်းအတွင်း သို့တိုက်ရိုက်ထည့်သွင်း၍ အသုံးပြုနိုင်ကြောင်း သိရသည်။ ''ငွေဖြည့်တာလည်း အခုဆိုလွယ်သွားပြီပေါ့၊အရင်ကလို Website ကနေဖြည့်တာတင်မက ဘူးအင်တာနက်လည်း မလိုတော့ဘူး၊ နိုင်ငံခြားကို ဖုန်းခေါ်ချင်ရင် အရင်ဆုံးနံပါတ်ဝ၁၄၄၅၅၅၅၅ ကိုခေါ်ရမယ် ၊ပြီးမှကိုယ့် Top Up ကဒ်က အကောင့်နံပါတ်ကိုရိုက်ထည့် လိုက်မယ်ဆိုရင် ကိုအကောင့် ထဲကိုငွေက ဝင်သွားလိမ့်မယ်၊ အဲ့ဒါပြီးရင်တော့ ကိုနိုင်ငံခြားကိုဖုန်းခေါ်လို့ ရပါပြီ၊ငွေဖြည့်နံပါတ်က ၄၄၅၅၅၅၄ပါ ၊လက်ကျန်ငွေကြည့်ချင်ရင်တော့ ၅၅၅၅၅ကို ဆက်လို့ရပါတယ် ဟု''ဦးအောင်ထွန်း မှထပ်မံ ပြောကြား ခဲ့သည်။

Ytalk ကဒ်အသုံးပြုမည့်သူများအား service ကောင်တာများ ထားရှိပေးသွားမည်ဖြစ်ပြီး call shop အရောင်းဆိုင် များတွင်လည်း ဝန်ဆောင်မှုများ ပေးသွာမည်ဖြစ်ကြောင်း၊ စိန်ဂေဟာ၊ Orange အစရှိ သောစူပါမားကတ် များတွင်လည်း အရောင်းစင်တာများထားရှိပြီး service training များပေး နေပြီဖြစ် ကြောင်း သိရသည်။

''ရန်ကုန်မှာရှိတဲ့ Ytalk ဖုန်းဆိုင်လေးတွေမှာတော့ ကွန်ပျူတာနဲ့မဟုတ်ဘဲ ဖုန်းနဲ့တိုက်ရိုက်ခေါ် ဆိုနိုင်ပြီး ကိုယ်ပိုင် စကားပြောခန်းနဲ့သီးသန့် စကားပြောနိုင်အောင် စီစဉ်ထားပါတယ်၊လက်ရှိ မှာတော့ ဆိုင်ခွဲပေါင်း ၁၂ဆိုင်ရှိပါတယ်ဟု'' ဦးအောင်ထွန်းမှထပ်မံပြောကြားခဲ့သည်။

Ytalk ကဒ်များရောင်းချခြင်းနှင့်ပတ် သတ်၍မိတ်ဆက်ခြင်းအား ရတနာပုံတယ်လီပို့ နှင့်ပူးပေါင်းကာ ဒီဇင်ဘာလ ၁၉ရက်နေ့၌ MICT ခန်းမတွင် ဖွင့်ပွဲကျင်းပြသွားမည်ဖြစ်ကြောင်းသိရသည်။

Yangon Media Group

ကြေးနီစီမံကိန်းဧရိယာအတွင်းရှိ ရွာမှ တိရိစ္ဆာန်များ ချောင်းရေကြောင့်သေဆုံး


လက်ပံတောင်းတောင် ကြေး နီစီမံ ကိန်းဧရိယာအတွင်းတွင်ရှိ နေသော ရွာများရှိ ချောင်းရေ များတွင် အဆိပ်သင့်နေသော ကြောင့် ထိုရေများကို သောက်မိ သည့်နွားများမှာ သေဆုံးသွား ကြောင်း၊မိုးကြိုးပြင်ကျေးရွာမှ နွား ပိုင်ရှင်များက ပြောဆိုနေကြသည်။ ““နွားတွေသောက်မိလို့ သေ သွားတာတော်သေးတယ်။ လူတွေ များသောက်မိရင်မလွယ်၊အရင် တုန်းကတော့ အဲဒီချောင်းရေ တွေကို ရွာသူ/ရွာသားတွေ သောက်သုံးကြသေးတယ်။ အဲဒီ နွားတွေသေပြီးနောက်ပိုင်း လူ တွေလည်း မသောက်ရဲကြတော့ ဘူး။အဲဒီချောင်းရေကို သောက်မိ လို့ မသေပဲကျန်နေတဲ့နွားတွေ တောင် အခုဆေးကုနေရတယ်””ဟု မိုးကြိုးပြင်ကျေးရွာမှ နွားပိုင်ရှင် များက ဆိုသည်။

ထိုကဲ့သို့ ချောင်း ရေသောက်မိရင်သေဆုံးသွားသည် နွားကောင်ရေမှာ(၇)ကောင်ခန့် ရှိပြီဖြစ်ကြောင်း ရွာသူ/ရွာသား များက ထပ်မံပြောဆိုသည်။ ကြေးနီစီမံကိန်းဧရိယာ အ တွင်းတွင်ရှိနေသည့် ဆည်တဲကျေး ရွာက ရွာသူ/ရွာသားများကလည်း ယင်းချောင်းရေများကိုသောက်မိ သည့်ခွေး၊ဆိတ်စသည့် အိမ်မွေး တိရိစ္ဆာန်များလည်း မကြာခဏ သေဆုံးနေကြောင်း ယခင်က ထို ကဲ့သို့ဖြစ်ရပ်များမရှိခဲ့သော်လည်း ဦးပိုင်/၀မ်ပေါင်လက်ပံတောင်းေ တာင်ကြေးနီစီမံကိန်းလုပ်ကိုင်နေ သည်မှစ၍ ထိုကဲ့သို့ဖြစ်ရပ်များ ဖြစ်ပေါ်လာခဲ့ကြောင်း ရွာသူ/ ရွာသားများက ပြောဆိုနေကြ သည်။

အဆိုပါ ကြေးနီစီမံကိန်းဧရိ ယာအတွင်းရှိ ဆည်တဲ၊မိုးကြိုးပြင် တုံရွာမှရွာသူ/ရွာသားများပြောဆို ချက်များအရ မြန်မာ၊၀မ်ပေါင် ကော်ပါးလီမိတက် လုပ်ငန်းခွင် အတွင်းသို့ ၀င်ရောက်လေ့လာ ကြည့်ရာတွင် ရွာသူ/ရွာသားများ ပြောဆိုနေသည့် ချောင်းများမှာ ကြေးနီစီမံကိန်းရှိ စွန့်ပစ်ရေများ စီးဝင်နေသည်ဟု ယူဆပြီး(ဓာတ် ခွဲစမ်းသပ်လျှင် အဖြေထွက်နိုင် သည်) စီမံကိန်းမှစွန့်ပစ်ပစ္စည်းနှင့် ရေများထည့်သွင်းရန်အတွက် မြေကြီးများကို တွင်းနက်ကြီးများ တူးဖော်ထားသည်ကို တွေ့ရှိခဲ့ရ ပါသည်။

Hot News Weekly

ထိုးစစ်ရပ်ပြီး အသေခံနေသော ကျပ် ၁ သိန်း မတန်သည့် တပ်မတော်သားများ


သမ္မတကြီး၏ ထိုးစစ်ရပ်ဆိုသည့် အမိန့် သည် ဒို့တာဝန် အရေး(၃)ပါး ကာကွယ် သည့် တပ်မတော် သားများ အား သေဒဏ် ချမှတ်နေသကဲ့သို့ ဖြစ်နေပြီလို့သာ ဆိုချင်တော့သည်။ အင်တာနက်ပေါ်တွင် ယခုလို တိုက်ပွဲ ဓာတ်ပုံ များကို ကြည့်နိုင်သူများ သည် ရှေ့တန်းစစ်မျက်နှာပြင်တွင် တိုက်ပွဲဝင်နေသည့် စစ်သားများ မဟုတ်ကြ သလို နေ့စဉ်နှင့်အမျှ မြင်တွေ့နေရ၊ ကြားနေရသည်မှာ မြန်မာ့တပ်မတော်၏ ထိခိုက်ကျဆုံးမှု သတင်းများသာ ဖြစ်နေသည်။

 သေဆုံးနေသည့် ငါတို့ တပ်မတော်သားသည် အလှဓာတ်ပုံ အရိုက်ခံဖို့ မဟုတ် တပ်မတော်သည် မည်သည့်အခါမျှ စစ်ပွဲသတင်း ထုတ်ပြန်လေ့မရှိသည့် အတွက် သတင်း အတိအကျ မသိသော်လည်း ကေအိုင်အေ ခေါ် ကချင်သောင်းကျန်းသူများ ထိခိုက်ဒဏ်ရာရမှု မရှိဘဲ တစ်ဖက်သတ် စစ်ပွဲကို ဆင်နွှဲနေ ခြင်းကို လွှတ်တော်အမတ်များ သိပါလေစ။ နယ်မြေ လုံခြုံရေး အတွက်သာ လှည့်လည် သွားလာနေသည့် စစ်ကြောင်း များကို မိုင်းဆွဲ တိုက်ခိုက်သည်။ တိုက်ပွဲများ အပြင်းအထန် ဖြစ်နေသယောင် ဗွီဒီယိုများ ရိုက်ပြသည်။ ကေအိုင်အေ တပ်သားများ အထိအခိုက် အကျအဆုံး မရှိ။ လမ်းပေါ်တွင် ပစ်ခတ်နေ သည့် ဗီဒီယိုများ၊ စခန်းပေါ်မှ ပစ်ခတ်နေသည့် ပုံများသည် မည်သည့်အတွက် ကြောင့် ရိုက်နိုင်ပါသလဲ။

 တစ်ဖတ်သတ် စစ်ဆင်နွှဲနေခြင်းနှင့် တပ်မတော်၏ အသက်စွန့် သည်း ခံနေရခြင်းကို ငြိမ်းချမ်းရေး ကိုယ်စား လှယ် များ သိပါလေစ။ ဘယ်သူဒေါသ မထွက်ထွက် ကိုယ်ဒေါသ ထွက်သည်။ မပစ်ရ၊ ထိုးစစ် မဆင်ရဆိုသည့် အမိန့်အတွင်း အသေခံနေရသည့် တပ်မတော်သား များ ဘ၀ကို စာနာသည်။ တပ်မတော်သား ရွတ်ဆိုသည့် သစ္စာ ၄ ချက်တွင် အသက်ကိုစွန့်လွှတ်ဖို့ အဓိဌာန် ပြုပြီး ဖြစ်သည်။ စစ်သည် ၅ သိန်းကျော် ရှိသော မြန်မာ့တပ်မတော်မှ တပ်သား ၅ ယောက် အား မိုင်းဆွဲ ချောင်းပစ်ရာမှ ဖမ်းမိခြင်းအား ကေအိုင်အေ တို့ အဟုတ်မှတ်ကြလေသည်။ မြန်မာ့တပ်မတော်၏ သည်းခံနိုင်မှုကို ဆွကြလေသည်။ ဒီထက်ပို ပြီး သည်းခံရန် သင့်တော်ပါမည်လော။ လေကြောင်းမှသာ အသုံးပြုတိုက်ခိုက်ပါက လိုင်ဇာမြို့တွင် လူတစ်ယောက် မှ ကျန်မည် မဟုတ်သလို စခန်းကုန်းများတွင်လည်း ကေအိုင်အေ ခေါင်းထောင်နိုင်မည် မဟုတ်။

တပ်မတော်သားများ အသက်ပေး နေရခြင်းသည် တိုက်ရင်းဖြင့် အသက်ပေးနေရခြင်း မဟုတ်ဘဲ ကာကွယ်ရင်းဖြင့် ငြိမ်းချမ်းရေးအတွက် အသက်ပေးနေရခြင်းကို နားလည်ဖို့ကောင်းသည်။ ငြိမ်းချမ်းရေးကို လက် နက်ဖြင့် ဖန်တီး၍ မရလျှင် ပထမ မြန်မာနိုင်ငံ၊ ဒုတိယ မြန်မာနိုင်ငံ၊ တတိယ မြန်မာနိုင်ငံ ဖြစ်လာမည် မဟုတ်သလို၊ အမေရိကန် ပြည်ထောင်စုကြီး လည်း ဖြစ်လာမည် မဟုတ်။ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းလည်း နားလည်ဖို့ ကောင်း ပေသည်။ သစ္စာလေးချက်ကို ပြင်ဖို့ထက် တပ်မတော်သားတွေရဲ့ အသက်တွေကို ဘယ် ရက် ဘယ်လ ထိ အလဟသ အသေခံခိုင်းနေမည်လဲဆိုတာ အရင် စဉ်းစားသင့်ပါသည် လို့ ပြောလိုက်ချင်တော့သည်။


Myanmar Online News

ရွှေတိဂုံဘုရားအား အများပြည်သူမြင်ကွင်းမှကွယ်သွားစေမည့် အထပ်မြင့်အဆောက်အအုံများ ဆောက်လုပ်ခြင်း မပြုရန် တိုင်းဒေသကြီးဝန်ကြီးချုပ် သတိပေး


ရန်ကုန်ဆိပ်ကမ်းတစ်လျှောက် အဆင့်မြှင့်တင်ရာတွင် ရွှေတိဂုံ ဘုရားအား အများပြည်သူမြင်ကွင်း မှ ကွယ်သွားစေမည့်အထပ်မြင့် အဆောက်အအုံကြီးများ ဆောက်လုပ်ခြင်းမပြုရန် အထူးသတိထားစေလိုကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြောသည်။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ အကျိုးတူ ပူးပေါင်း၍ ရန်ကုန်ဆိပ်ကမ်းတွင် အထပ် ၂ဝ မြင့်သည့် ဈေးဝယ်စင်တာနှင့် အဆောက်အအုံများ ဆောက်လုပ်မည့်စီမံကိန်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ ခွင့်ပြုချက်ရယူရန် ဆွေးနွေးတင်ပြရာတွင် ဝန်ကြီး ချုပ်က အထက်ပါအတိုင်း ပြန်လည် ပြောကြားခဲ့ခြင်းဖြစ်သည်။

 ''ရန်ကုန်ဆိပ်ကမ်းမှာဆိုရင် အင်္ဂလိပ်ခေတ်က တည်ရှိခဲ့တဲ့ စားသောက်ဆိုင်လေးတွေရှိတယ်။ အထူး သဖြင့် ပင်လယ်ကနေ ဆိပ်ကမ်းကို ကြည့်လိုက်ရင် ရွှေတိဂုံဘုရားကို လှမ်း မြင်ရတဲ့ ရှုခင်းကို ကွယ်မသွားဖို့ပဲ၊ ပင်လယ်ကနေဆိပ်ကမ်းကို ဘာမှမမြင် ရရင်မကောင်းဘူး။ အဆောက်အအုံ တွေကို တောက်လျှောက်ကြီး တည် ဆောက်လိုက်တာမဟုတ်ဘဲ ရွှေတိဂုံ ဘုရားဘက်ကိုလည်း တစ်ချက်မြင် လို့ရနိုင်တဲ့စီမံကိန်းမျိုးကို ဆောင်ရွက် ဖို့လိုပါတယ်''ဟု ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝန်ကြီး ချုပ်ဦးမြင့် ဆွေကပြောသည်။

 မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ရန်ကုန်ဆိပ်ကမ်းကို အပိုင်း ၄ ပိုင်းခွဲ ၍ ဆိပ်ကမ်းတစ်လျှောက် ဟိုတယ်နှင့် အထပ်မြင့်အဆောက်အအုံများ ဆောက် လုပ်ခြင်း၊ ဆိပ်ခံတံတားများအဆင့် မြှင့် တင်ခြင်းတို့အပြင် ရန်ကုန်တစ် ဖက်ကမ်းရှိ ဒလမြို့ကို ခေတ်မီမြို့ တစ်ခုအဖြစ် ဘက်စုံဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်မည့် စီမံကိန်းများ ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ထံ တင်ပြခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးမြင့်ဆွေက ဒလ မြို့ ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းကို အ ကောင်အထည်ဖော်ဆောင် ရွက်ရန်ရှိ သော်လည်း၊ လတ်တလောတွင် သီ လဝါအထူးစီးပွားရေးဇုန် ကိုစိတ်ဝင်စားမှု လျော့နည်းသွားနိုင်သဖြင့် ခေတ္တဆိုင်းငံ့ထားရကြောင်း ပြန် လည်ပြောကြားခဲ့သည်။

 The Messenger Journal

Sunday, December 16, 2012

အစိုးရသစ်တက်လာပြီး နှစ်နှစ်အတွင်း ပြုပြင်ပြောင်းလဲမှုအချို့ လုပ်ဆောင်ခဲ့သော်လည်း စီးပွားရေးပြောင်းလဲမှု အားနည်းသောကြောင့် အောက်ခြေအထိ အကျိုးသက်ရောက်မှုမရှိဘဲ မြို့ရော တောပါ အခြေခံလူတန်းစားများ ပိုမိုကျပ်တည်းလာ



နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ်တက်လာပြီး နှစ်နှစ်အတွင်း ပြုပြင်ပြောင်းလဲမှုအချို့ လုပ်ဆောင်ခဲ့သော်လည်း စီးပွားရေးပြောင်းလဲမှု အားနည်းသောကြောင့် အောက်ခြေအထိ အကျိုးခံစားသက်ရောက်မှု မရှိသေးဘဲ အခြေခံလူတန်းစားများ ပိုမိုကျပ်တည်းလာကြောင်း လုပ်ခလခစား ပြည်သူများ၊ လုပ်ငန်းရှင်များနှင့် ပညာရှင်များ၏ သုံးသပ်ပြောကြားချက်များအရ သိရသည်။ ၂၀၁၁ ခုနှစ် မတ်လအတွင်း စတင်တက်ရောက်လာသည့် အစိုးရသစ်သည် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ကြိုးစားဆောင်ရွက်လာပြီး ဈေးကွက်စီးပွားရေး စနစ်ကို ကျင့်သုံးဆောင်ရွက်မည်ဟု ထုတ်ပြန်ကြေညာခဲ့ပါသည်။ ထို့သို့ အကောင်အထည် ဖော်နိုင်ရန်အတွက် မက်ခရိုစီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို စတင်လာခဲ့ပြီး ကုန်သွယ်ရေး လိုင်စင်စနစ်များ၊ အခွန် နှုန်းထားများ ပြင်ဆင်လာမှုများနှင့်အတူ နိုင်ငံခြားငွေလဲနှုန်းကိုလည်း နှုန်းသေစနစ်မှ ထိန်းညှိမှုရှိသော ငွေလဲနှုန်းရှင်စနစ်သို့ ပြောင်းလဲနိုင်ခဲ့ပါသည်။ ထို့အတူ အစိုးရ၀န်ကြီးဌာနများ၏ အုပ်ချုပ်မှုယန္တရားများ၏ အတားအဆီးအချို့ကို ဖယ်ရှားပေးခဲ့ပြီး ကုန်သွယ်ရေး ကန့်သတ်ချက်အချို့ကို လျှော့ချပေးခဲ့သည်။

အစိုးရသစ်၏ မူဝါဒများအရ မော်တော်ကားဈေးနှုန်း၊ စက်သုံးဆီဈေးနှုန်း၊ တယ်လီဖုန်းဈေးနှုန်းတို့ ကျဆင်းလာသော်လည်း အခြေခံလူတန်းစားများအတွက် အကျိုးသက်ရောက်မှု မရှိသေးဘဲ ပိုမိုကျပ်တည်းလာကြောင်း သိရပါသည်။ ရွှေပြည်သာမြို့နယ် ၉ ရပ်ကွက်တွင်နေထိုင်သူ ဒေါ်ခင်အုန်းမြင့်က “ကျွန်မက ကုန်စိမ်းရောင်းပါတယ်။ စမ်းချောင်းမှာ သွားရောင်းပါတယ်။ မိသားစုက ခြောက်ယောက်ရှိပါတယ်။ ကလေးငယ် သုံးယောက် ရှိပါတယ်။ ငွေရေးကြေးရေး အခက်အခဲအရ ကျောင်းမထားနိုင်သေးပါဘူး။ အဓိက အခက်အခဲတွေကတော့ ငွေရေးကြေးရေးပါပဲ” ဟု ပြောကြားပါသည်။

 “ကျွန်တော့် ဇာတိကတော့ ကြံခင်းမှာနေပါတယ်။ အခုက ရန်ကုန်မှာလာပြီး အလုပ်လုပ်နေတာပါ။ အလုပ်ကတော့ ရုံးအကူ အလုပ်ပါ။ လစာကတော့ ခုနစ်သောင်းနီးပါး ရပါတယ်။ နေတာကတော့ အဆောင်မှာနေပါတယ်။ အဆောင်စရိတ်ကလည်း ကြီးပါတယ်။ နေစရိတ် ကြီးတဲ့အပြင် စားစရိတ်လည်း ကြီးပါတယ်။ အလုပ်သာ လုပ်နေရတယ်၊ စုဆောင်းဖို့ မပြောနဲ့ဗျာ၊ တစ်ခါတလေ အိမ်ကတောင် ပြန်တောင်းနေရတယ်။ နယ်ကလာသူအတွက်တော့ အခက်အခဲတွေက အများကြီးရှိပါတယ်” ဟု ကိုစည်သူက ရှင်းပြပါသည်။

အစိုးရကသယ်ယူပို့ဆောင်ရေးစရိတ်များ လျော့နည်းစေရေးအတွက် မော်တော်ကားဈေးနှုန်း လျော့ကျစေရန် မော်တော်ယာဉ် အမြောက်အမြား တင်သွင်းခွင့်ပေးခဲ့ပြီး မော်တော်ယာဉ်လမ်းများနှင့် ရန်ကုန်မြို့၏ မြို့ပြအခြေအနေတို့ကို ထည့်သွင်းတွက်ဆခဲ့ခြင်း မရှိသောကြောင့် ယခုအချိန်တွင် ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို ခံစားနေရပြီ ဖြစ်ပါသည်။ မော်တော်ယာဉ် အများအပြား တင်သွင်းခဲ့သော်လည်း အခြေခံလူတန်းစားသန်းချီ နေ့စဉ် စီးနင်းသွားလာနေသည့် ဘတ်စ်ကားတင်သွင်းမှု အနည်းငယ်သာရှိခဲ့ပြီး ယခု လမ်းပိတ်ဆို့မှုကြောင့် နေ့စဉ်သွားလာ လှုပ်ရှားမှု အချိန်ပမာဏသည် အခြေခံလူတန်းစားများအတွက် ဖိစီးမှု ပိုများလာစေပါသည်။ ထို့ပြင် ရန်ကုန်မြို့ကို စင်ကာပူကဲ့သို့ ဖြစ်စေရန် ကြိုးစားမည်ဟု အစိုးရအဖွဲ့က ပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက လေးလအတွင်း ခုံးကျော်တံတားများ ဆောက်လုပ်မည်ဟု ၂၀၁၁ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းက ပြောကြားခဲ့ပါသည်။

ယခုအချိန်တွင် ဆောက်လုပ်ဆဲဖြစ်သည့် လှည်းတန်း ခုံးကျော်တံတားသည် တစ်နှစ်နီးပါး ရှိလာပြီဖြစ်ပြီး ဘုရင့်နောင်ခုံးကျော်တံတားနှင့် ရွှေဂုံတိုင်ခုံးကျော်တံတား တို့ကိုလည်း စတင်ဆောက်လုပ်တော့မည် ဖြစ်ပါသည်။ လက်ရှိအချိန်တွင် လမ်းပိတ်ဆို့မှုကို ကုစားရန် ရည်ရွယ်ဆောက်လုပ်ခဲ့သည့် ခုံးကျော်တံတား စီမံကိန်းများက ယာဉ်ကြောပိတ်ဆို့မှုကို ပိုမိုကြာမြင့်စေပြီး သွားလာလှုပ်ရှားနေသည့် အခြေခံလူတန်းစား အပါအ၀င် ပြည်သူအားလုံးကို ပိုမိုအကျပ်ရိုက်စေပါသည်။


               ကချင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်သူများ၏ ဒုက္ခသည်စခန်းတစ်နေရာ

ယာဉ်ကြောပိတ်ဆို့မှုများကြောင့် ခရီးသွားပြည်သူများ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရခြင်းနှင့်အတူ ဟောင်းနွမ်းနေသော ခရီးသည်တင်ယာဉ်များကို စီးနင်းနေရဆဲဖြစ်ကြောင်း သိရပါသည်။ ထို့အတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်းသို့ ပြည်ပမှ ခရီးသည်တင်ယာဉ်ကြီးများ တင်သွင်းရန်အတွက် ကုမ္ပဏီ ၁၃ ခုကို တင်သွင်းခွင့် ထောက်ခံချက်များကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရပါသည်။

 “စည်ပင်က ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြေရှင်းဖို့ အသေးစိတ် တိကျတဲ့ Plan မရှိသေးဘူး။ စီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်က ဗီယက်နမ်ကိုမှီဖို့ ကားအစီးရေ ၃ ဒဿမ ၈ သိန်းထိ သွင်းဖို့တောင် လိုသေးတယ်လို့ ပြောတယ်။ ဒါကို ကြည့်ရင် သွင်းတဲ့ဌာနနဲ့ လမ်းအတွက် ဖြေရှင်းပေးမယ့်ဌာန၊ အခြားသက်ဆိုင်တဲ့ ဌာနတွေဟာ ဘာဆက်သွယ် ဆွေးနွေးမှုမှ မရှိတဲ့ပုံမျိုး ဖြစ်နေတယ်။ ဒီလိုဌာန အချင်းချင်း မဆက်သွယ်တဲ့ဒဏ်ကို ခံရတော့ အများပြည်သူပဲ ခံရတယ်” ဟု ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။

“အခုမြန်မာနိုင်ငံရဲ့ အခြေအနေက နိုင်ငံတကာက အားပေးလက်ခံမှုတွေ ရရှိနေပေမယ့် အားနည်းချက်တွေလည်း အများကြီးပဲ။ အရင်ကထက် မူဝါဒချမှတ်မှုတချို့က အားရစရာကောင်းတယ်။ ဒါပေမယ့် အောက်ခြေထိ အကျိုးသက်ရောက်ခံစားမှုက သိသိသာသာ မရှိသေးဘူး။ ဆိုးကျိုးဖြစ်နိုင်ခြေကို သေချာမစဉ်းဘဲ လွယ်လွယ်မူဝါဒ ချတာမျိုးလည်း အတွေ့ရ များလာတယ်။ စေတနာ အပြည့်နဲ့ လုပ်တာဖြစ်ပေမယ့် သေချာတွက်ဆ မလုပ်ရင် အပြစ်မြင်ခံရမှာ ဆိုတော့ မူဝါဒချမှတ်သူတွေ အနေနဲ့ နားလည်တတ်ကျွမ်းသူတွေကို တိုင်ပင်ညှိနှိုင်းသင့်တယ်။ အခု တော်တော်များများက ပြုပြင်ပြောင်းလဲလိုစိတ် ရှိလာပေမယ့် တချို့က နားမလည်ဘဲ လုပ်နေတာ၊ မေးတော့လည်း ဘာလုပ်ရမယ်မှန်း မသိကြဘူး” ဟု ပါမောက္ခဒေါ်ရီရီမြင့်က ထင်မြင်ချက် ပေးပါသည်။

 နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရသည် ပြည်သူအများစုဖြစ်သော အခြေခံလူတန်းစားများ၏ စားဝတ်နေရေး၊ လူနေမှု အဆင့်အတန်း မြင့်မားလာရေး၊ အလုပ်အကိုင်နှင့် ၀င်ငွေတိုးပွားရေးတို့အတွက် ထိရောက်မြန်ဆန်သည့် မူဝါဒမျိုး ချမှတ်ပေးနိုင်ရန် စိန်ခေါ်မှုများ ရှိနေပါသည်။ ထိုသို့ အခြေခံလူတန်းစားများ လျော်ညီသော လူနေမှုအဆင့်အတန်း ရရှိနိုင်စေရန်အတွက် ၀င်ငွေနှင့် အလုပ်အကိုင် ခွဲဝေပေးမည့် စီးပွားရေးလုပ်ငန်းများ အားကောင်းခိုင်မာရန် လိုအပ်ပြီး စီးပွားရေးလုပ်ငန်းများကို အထောက်အကူပြုမည့် ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများရှိရန် လိုအပ်ကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်ပါသည်။

 နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က “ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျတဲ့ လူလတ်တန်းစား အရေအတွက် တိုးတက်မြင့်မားလာအောင် ဆောင်ရွက်နေသလိုပဲ အောက်ခြေပြည်သူများအတွက်လည်း တစ်ဦးချင်းဝင်ငွေ မြင့်မားဖို့၊ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးပွားဖို့အတွက် လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ၊ ၀န်ဆောင်မှုကဏ္ဍ စတဲ့နယ်ပယ်အသီးသီးမှာ တစ်မျိုးသားလုံးရဲ့ စီးပွားရေး အဆောက်အအုံကြီးတစ်ခုလုံး ဟန်ချက်ညီ တိုးတက်လာဖို့ ပြည်တွင်းပြည်ပ အရင်းအနှီး၊ နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှု၊ ကျွမ်းကျင်မှု၊ စီမံခန့်ခွဲမှုတွေကို ဖိတ်ခေါ်စုစည်းပြီး ညီညွတ်မျှတပြီး သဟဇာတဖြစ်တဲ့ စီးပွားရေးပတ်ဝန်းကျင် တစ်ရပ်ကို ဖော်ဆောင်နေတာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုလွှတ်တော်တွင် ၂၀၁၂ ခုနှစ် မတ်လ ၁ ရက်နေ့ကပြောကြားသည့် မိန့်ခွန်းတွင်ထည့်သွင်း ပြောကြားထားပါသည်။

လက်ရှိအစိုးရလက်ထက်တွင် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ရန် အခွန်ပေးဆောင်သင့်သူတိုင်း အခွန်ထမ်းဆောင်စေမည့် စနစ်ကို ပြောင်းလဲကျင့်သုံးမည်ဖြစ်ကြောင်း သိရပါသည်။ လက်ခလုပ်ခစား အခြေခံလူတန်းစားများ အခွန်ထမ်းရမည် ဖြစ်သကဲ့သို့ လက်လုပ်လက်စား ဈေးသည်များနှင့် ပတ်သက်သည့် အခွန်အရပ်ရပ်လည်း အစိုးရသစ်လက်ထက်တွင် တိုးမြှင့်လာခဲ့ပါသည်။

သို့သော် အများပြည်သူအနေဖြင့်သာ ဆိုက်ကားနင်းသူမှအစ ဈေးရောင်းသူများ၊ ၀န်ထမ်းများအဆုံး အခွန်အရပ်ရပ် ထမ်းဆောင်ကြသော်လည်း အစိုးရဖြင့် နီးစပ်သည့် လုပ်ငန်းရှင်ကြီးများကမူ အခွန်ရှောင်ကာ လုပ်ကိုင်နေဆဲဖြစ်ရာ၊ ၎င်းတို့ အခွန်ရှောင်သည့်ဒဏ်ကို အများပြည်သူကသာ ပြန်လည်ခံစားရပြန်သည်။ ရန်ကုန်မြို့ဈေးများရှိ ဆိုင်ခန်းများကို ကောက်ခံလျက်ရှိသော ဈေးရောင်းချသူနှင့် အကူအဖြစ် ရောင်းဝယ်သူအတွက် အကူဈေးသည်ခွန်တစ်ဦးလျှင် (တစ်နှစ်စာ) ကျပ် ၅၀၀ ကောက်ခံခဲ့ရာမှ ၂၀၁၁ ခုနှစ် သြဂုတ်လမှ စတင်၍ ကျပ် ၁၀၀၀၊ ဆိုင်တစ်ဆင့်ငှားခွန်အဖြစ် ယခင် တစ်လလျှင် ကျပ် ၅၀၀၀ မှ ယခု ကျပ် ၇၀၀၀၊ ပျံကျဈေးသည် ကဒ်ပြားခွန်အား ယခင်တစ်ကဒ်လျှင်(တစ်လစာ) ကျပ် ၉၀၀ မှ ကျပ် ၁၀၀၀ သို့ တိုးမြှင်ခဲ့သည်။


                 ရွှေပြည်သာမြို့နယ်အတွင်း နေအိမ်အချို့ကို ဒီဇင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဉ်

ရန်ကုန်မြို့ရှိ ပုဂ္ဂလိကကားပါကင်၊ မီးစက်များအတွက် ကောက်ခံလျက်ရှိသော နှစ်စဉ်ကြေးများကိုလည်း ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလမှ စတင်၍ နှစ်ဆနီးပါး တိုးမြှင့်ခဲ့ပြီး ကားပါကင်များကို နှစ်စဉ်ကြေးအဖြစ် ယခင် တစ်စတုရန်းပေလျှင် ၅၀၀ ကျပ်မှ ၈၀၀ ကျပ်သို့ လည်းကောင်း၊ မီးစက်အတွက် နှစ်စဉ်ကြေးအဖြစ် ယခင် တစ်စတုရန်းပေလျှင် ၁၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်သို့ လည်းကောင်း တိုးမြှင့်ခဲ့ပါသည်။ ထို့ပြင် ရန်ကုန်မြို့တွင် ၂၀၀၅ ခုနှစ် သြဂုတ်လမှ စတင်၍ ရေတစ်ဂါလန်လျှင် အိမ်သုံး ၂၅ ပြားနှုန်း၊ စီးပွားရေးလုပ်ငန်းသုံး ၃၅ ပြားနှုန်းဖြင့် ကောက်ခံခဲ့သော ရေဖိုးရေခများအား ယခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်၍ အိမ်သုံးရေ တစ်ဂါလန် ပြား ၄၀ သို့ လည်းကောင်း၊ စီးပွားရေး လုပ်ငန်းသုံးအား ၅၀ ပြားသို့ လည်းကောင်း အသီးသီး တိုးမြှင့်ခဲ့သည်။

အလားတူ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ စတင်၍ ရန်ကုန်တစ်မြို့လုံး၏ သန့်ရှင်းရေး ဆောင်ရွက်ခများကို နှစ်ဆတိုးမြှင့်ခဲ့ကြောင်း၊ ဒဂုံမြို့သစ် တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း၊ တောင်ဥက္ကလာပ စသောမြို့နယ်များတွင် ယခင်သုံးလတစ်ကြိမ် ၄၅၀ ကျပ် အစား ၉၀၀ ကျပ်သို့လည်းကောင်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ စမ်းချောင်းစသော မြို့တွင်းနှင့် ဆက်စပ်မြို့နယ်များတွင်း ယခင်သုံးလတစ်ကြိမ် ၆၇၅ ကျပ်အစား ၁၃၅၀ ကျပ်သို့လည်းကောင်း၊ မြို့တွင်း Down Town ခြောက်မြို့နယ်တွင်မူ ယခင်သုံးလတစ်ကြိမ် ၉၀၀ ကျပ် အစား ၁၈၀၀ ကျပ်သို့ အသီသီးတိုးမြှင့်ခဲ့သည်။ အစိုးရအနေဖြင့် မူဝါဒ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေသော်လည်း မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် လူတန်းစား ကွာဟချက်များ၊ ဆင်းရဲနွမ်းပါးမှုများနှင့် ပြည်သူတစ်ဦးချင်းဝင်ငွေ နိမ့်ကျမှုများကို ဖြေရှင်းနိုင်မည့် စီးပွားရေး မူဝါဒချမှတ်မှုတွင် အားနည်းနေဆဲဖြစ်ကြောင်း ပညာရှင်များ၏ ထင်မြင်သုံးသပ်မှုများအရ သိရပါသည်။

ထို့အတူ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးရွှေမန်းကလည်း လက်ရှိ နိုင်ငံ့စီးပွားရေး အခြေအနေမှာ ခြုံငုံသုံးသပ် ပြောရမည်ဆိုပါက မကောင်းဘူးဆိုသည့်သဘော ရှိကြောင်းနှင့် စီးပွားရေးမကောင်းသဖြင့် အထိခိုက်ဆုံးမှာ အခြေခံ လူတန်းစားများဖြစ်သည့် လယ်သမားနှင့် အလုပ်သမားများ ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇွန်လ ၃၀ ရက် နေ့တွင် ပြုလုပ်သည့် အသင်းအဖွဲ့များ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။ ထို့အတူ မြန်မာနိုင်ငံ၏ လက်ရှိ ဆင်းရဲနွမ်းပါးမှု ပမာဏမှာ ၂၆ ရာခိုင်နှုန်းရှိသည်ဟု အစိုးရက တရားဝင် ထုတ်ဖော်ပြောကြားထားပြီး နိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်ပြီး လူဦးရေ အထူထပ်ဆုံးရှိသည့် ရန်ကုန်မြို့ရှိ ဆင်းရဲနွမ်းပါးသည့် အောက်ခြေလူတန်းစား အများစုသည် လုံခြုံမှုနှင့် အာမခံချက်မရှိသော ကျူးကျော်နေအိမ်များတွင် နေထိုင်ရသူများလည်း ဖြစ်ပါသည်။

 “ကျွန်မအလုပ်ကတော့ ဈေးရောင်းပါတယ်။ မိသားစု ငါးယောက်ရှိတယ်။ အမျိုးသားကလည်း ကျပန်းလုပ်ရတာပဲ။ သားသမီး သုံးယောက်ရှိတယ်။ သုံးယောက်လုံး ကျောင်းသားတွေပဲ။ ကျောင်းစရိတ်က သုံးယောက်ဆိုတော့ တော်တော်ကြီးတယ်။ ကျောင်းနားမယ်ပြောရင် ကလေးတွေက ငိုကြတယ်။ အဲဒီတော့လည်း ကျောင်းမထုတ်ရက်ပြန်ဘူး။ သူတို့တွေကိုတော့ ပညာတတ်စေချင်တယ်လေ။ ပညာတတ်မှ အစ်မတို့လို ပင်ပင်ပန်းပန်း မလုပ်ရမှာ။ ၀င်ငွေကလည်း ပုံမှန်မဟုတ်ဘူးလေ။ ကုန်ဈေးနှုန်းတွေကလည်း တက်ဆိုတော့ တစ်နှစ်ထက်တစ်နှစ် ပိုပိုကြပ်လာတယ်။ ခုဆို ၂၀၁၃ ဇန်န၀ါရီကစပြီး အိမ်လခက ဈေးတက်တော့မယ်။ အရင်က သုံးသောင်းခွဲ၊ အခု ငါးသောင်း ဖြစ်တော့မယ်။ ၀င်ငွေရဲ့ တစ်ဝက်ကျော်က အိမ်လခထဲ ရောက်သွားတော့မယ်။ အဲဒါကြောင့် နောက်လအတွက် ဈေးသက်သာတဲ့အိမ် ရှာရဦးမယ်” ဟု တောင်ဒဂုံစက်မှုဇုန်ဘေးမှ လိုတရ လိုင်းခန်းတွင် နေထိုင်သော ဒေါ်သန်းသန်းမော်က ပြောပြခဲ့သည်။

 ရွှေပြည်သာမြို့နယ်ရှိ ကျူးကျော်ရပ်ကွက်တွင် နေထိုင်သူ ဒေါ်ခင်မြင့်ကလည်း “ကျွန်မက ကလေးငယ်နေတဲ့အတွက် အလုပ်မလုပ်နိုင်သေးဘူး။ ကျွန်မ ယောက်ျားက ဆိုက်ကားနင်းပါတယ်။ မိသားစု သုံးဦးရှိပါတယ်။ ကျွန်မတို့မှာ အခက်အခဲတွေ အများကြီးရှိပါတယ်။ နေဖို့ထိုင်ဖို့နဲ့ ငွေရေးကြေးရေး အခက်အခဲတွေ ဖြစ်ပါတယ်။ ဆိုက်ကားနင်းတာကလည်း ရတဲ့အခါမှရတာ မရရင်လည်း စားဖို့သောက်ဖို့တောင် အရမ်းရုန်းကန်ရတယ်။ အခုနေတာက ကျူးကျော်ရပ်ကွက်မှာ နေပါတယ်” ဟု ရှင်းပြပါသည်။ ရန်ကုန်မြို့တွင် ယခင်ကတည်းက ကျူးကျော်နေအိမ်များတွင် နေထိုင်သူများအပြင် နယ်မြို့များမှ ပြောင်းရွှေ့လာသူ အများအပြား ရှိနေပါသည်။ ကျူးကျော်နေအိမ်များတွင် နေထိုင်သူများသည် စီးပွားရေး ပြေလည်ခြင်းမရှိသည့် အခြေခံလူတန်းစားများဖြစ်ပြီး သာကေတ၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ အရှေ့ပိုင်း၊ လှိုင်သာယာတို့အပြင် စမ်းချောင်းနှင့် သင်္ဃန်းကျွန်းကဲ့သို့ မြို့နယ်များတွင်ပင် ကျူးကျော်ရပ်ကွက်များ ရှိနေကြောင်း သိရပါသည်။


                 ရွှေပြည်သာမြို့နယ်အတွင်း နေအိမ်အချို့ကို ဒီဇင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဉ်

 ရန်ကုန်မြို့၌ ကျူးကျော်နေထိုင်သူများအား အစိုးရပိုင်မြေပေါ်တွင် ဖြစ်ပါက ၁၈၉၈ ခုနှစ် အောက်မြန်မာပြည် မြို့နှင့် ကျေးရွာများ အက်ဥပဒေအရ လည်းကောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်အတွင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ စီမံခန့်ခွဲခွင့်ရှိသော မြေပေါ်တွင်ဖြစ်ပါက ၁၉၉၀ ပြည့်နှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြ စီမံကိန်းနှင့် မြေစီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေအရ လည်းကောင်း၊ တပ်မြို့ စည်ပင်သာယာရေး ကော်မတီ၏ စီမံခွဲခွင့်ရှိသော တပ်မြေဖြစ်ပါက ၂၀၁၀ ပြည့်နှစ် တပ်မြို့စည်ပင်သာယာရေး ဥပဒေအရ အရေးယူနေကြောင်း ရန်ကုန်မြို့တော်ဝန်က ပြောကြားခဲ့ပါသည်။

အခြားတစ်ဖက်တွင်လည်း လက်ရှိရေးဆွဲနေသည့် ရန်ကုန်မြို့ပြ စီမံကိန်းတွင် ကျူးကျော်များကို အလုပ်အကိုင်များ ဖန်တီးပေးခြင်းနှင့် တန်ဖိုးနည်းအိမ်ယာများတွင် နေထိုင်နိုင်ရေးအတွက် အကြံပေး ကူညီသွားရန် ရှိသည်ဟု စီမံကိန်းရေးဆွဲရေးအဖွဲ့ခေါင်းဆောင် JICA မှ မစ္စတာ ခိုးဂျိယာမာဒါက ပြောကြားခဲ့ပါသည်။ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကို အခြေခံလူတန်းစားများအတွက် ရည်ရွယ်ဆောက်လုပ်ခြင်း ဖြစ်ကြောင်း သိရပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း ၁၂၀၀၀၀ ကျော်ကို အသုတ်များခွဲကာ ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များနှင့် ပူးပေါင်း ဆောက်လုပ်ရန် အစီအစဉ်ရှိသည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရပါသည်။

ရန်ကုန်မြို့တော် အခြေခံလူတန်းစားများမှာ အိမ်ပိုင်မရှိသူ များပြားသည့်အတွက် အခြေခံလူတန်းစားများ ၀ယ်ယူနေထိုင်နိုင်သည့် တန်ဖိုးနည်းအိမ်ရာများ လိုအပ်မည်ဖြစ်ပြီး အစိုးရမှ ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ပေးရန် လိုအပ်ကြောင်း၊ နိုင်ငံတကာတွင် ပြည်သူများ၏ ၀င်ငွေပမာဏနှင့် လျော်ညီသော အိမ်ရာအား သက်ဆိုင်ရာ အစိုးရ၊ ၀န်ကြီးဌာန၊ မြို့အာဏာပိုင်များက ဆောက်လုပ်ရေး လုပ်ငန်းရှင်များနှင့် ပူးပေါင်းအကောင်အထည်ဖော်၍ အရစ်ကျ ရောင်းချပေးပြီး ထိုသို့ ရောင်းချနိုင်ရန်အတွက် အတိုးနှုန်း သက်သာသော နှစ်ရှည်ချေးငွေကို ဆောက်လုပ်ရေး လုပ်ငန်းရှင်မှ ရယူခြင်းဖြစ်ကြောင်း သိရသည်။

အခြေခံလူတန်းစားများဖြစ်သော လယ်သမားများနှင့် အလုပ်သမားများ နိုင်ငံသားအဖြစ် ပါဝင်နေသည့် မြန်မာနိုင်ငံအပေါ် အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကြောင့် နိုင်ငံတကာ အသိအမှတ်ပြုမှုများကို ပေးအပ်လာပြီ ဖြစ်သော်လည်း အခြေခံလူတန်းစားများ လျော်ညီသည့် လူနေမှုအဆင့်အတန်းများ ရရှိခံစားနိုင်ရန် စိန်ခေါ်ချက်များစွာ ရှိနေဆဲဖြစ်ပါသည်။ အထူးသဖြင့် အခြေခံလူတန်းစားများထံသို့ လျှင်မြန်စွာ စိမ့်ဝင်ပျံ့နှံ့နိုင်မည့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နိုင်ရန် လက်ရှိအစိုးရ ကြိုးစားဆောင်ရွက်ရဦးမည် ဖြစ်ပါသည်။

 နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အနေဖြင့် အလုပ်အကိုင် အခွင့်အလမ်း ပိုမိုများပြားလာစေရန်အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာစေရန် အဓိကထား လုပ်ဆောင်ခဲ့ပြီး နိုင်ငံပိုင်မြေယာ၊ စက်ရုံ၊ အလုပ်ရုံနှင့် နိုင်ငံပိုင် သိမ်းဆည်းထားသည့် မြေယာ အိုးအိမ် တိုက်တာများကိုပါ ပုဂ္ဂလိကပိုင်အဖြစ် လုပ်ကိုင်ခွင့် ပေးခဲ့သည်။ ထို့အတွက် အစိုးရသစ်လက်ထက်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၅ ဘီလျံကျော်နှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ် ၆၀၀ ဘီလျံနှင့်အထက် ရင်းနှီးမြှုပ်နှံမှု ပြုခဲ့လာကြောင်း၊ သို့သော် ရင်းနှီးမြှုပ်နှံခွင့်ရှိသူ အများစုမှာ အစိုးရနှင့် နီးစပ်သည့် လုပ်ငန်းရှင်များသာဖြစ်ကြောင်း သိရသည်။ အစိုးရသစ်အနေဖြင့် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ များစွာပြုလုပ်ခဲ့သည်ဟု ဆိုသော်လည်း အစိုးရသစ်လက်ထက် မတိုင်မီ တည်ရှိခဲ့သည့် ခရိုနီစီးပွားရေး၊ လက် ၀ါးကြီးအုပ် စီးပွားရေးစနစ်များအား ယခုအချိန်အထိ ပြောင်းလဲနိုင်ခြင်း မရှိသေးသည်ကို ရင်းနှီးမြှုပ်နှံမှု အချက်အလက်များက ဖော်ပြနေသည်။

ယခင်ကတည်းက လက်ဝါးကြီးအုပ် လုပ်ကိုင်ခဲ့သည့် လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံပိုင်လုပ်ငန်း များကို BOT စနစ်ဖြင့်လည်းကောင်း၊ အကျိုးတူပေါင်းဆောင်ရွက်မှု Joint Venture အနေဖြင့်လည်းကောင်း၊ အပြီးအပြတ် ပုဂ္ဂလိကပိုင်ဆိုင်သည့် စနစ်ဖြင့်လည်းကောင်း နိုင်ငံပိုင်လုပ်ငန်း၊ မြေယာ၊ မြေယာနှင့်အိုးအိမ် အဆောက်အအုံများကို လုပ်ကိုင်ခွင့် ရရှိခဲ့သည်။ သို့သော် ရရှိခဲ့သည့် လုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံခွင့်များအား နိုင်ငံတော်သမ္မတမှ သုံးသပ်ထားသကဲ့သို့ အလုပ်အကိုင် ရရှိစေရန်အတွက် အကောင်အထည်မဖော်ပဲ မြေနှင့်နေရာ ဦးထားသည့် အခြေအနေမျိုးသာ လုပ်ကိုင်လျှက်ရှိကြောင်း၊ ထို့အတွက် အမှန်တစ်ကယ် ရင်းနှီးမြှုပ်နှံလိုသူများ မြှုပ်နှံလုပ်ကိုင်ခွင့် မရရှိသကဲ့သို့ အများပြည်သူသည်လည်း ယခုအချိန်အထိ ရင်းနှီးမြှုပ်နှံမှု အကျိုးကျေးဇူးများကို မခံစားရသည့် အခြေအနေ ဖြစ်နေသည်ဟုလည်း သုံးသပ်ကြသည်။ အိမ်ခြံမြေဈေး အဆမတန် မြင့်တက်ခြင်း၏ နောက်ဆက်တွဲ သက်ရောက်မှုအဖြစ် အိမ်ငှားရမ်းခများ အပါအ၀င် လူနေမှုစရိတ် မြင့်တက်ခြင်းများကို ပိုမိုကြုံတွေ့ လာကြရသည်။

ပါမောက္ခ ဒေါ်လှမြင့်ကလည်း “အခုအစိုးရ တက်လာကတည်းက ကောင်းမွန်သည့် အုပ်ချုပ်ရေး၊ သန့်ရှင်းသည့် အစိုးရဆိုပြီး တက်လာတာ။ စီးပွားရေးမှာ ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးမယ်ဆိုပြီး ပြောထားတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက အခြေခံလူတန်းစား များပြားတဲ့နိုင်ငံ၊ ဆင်းရဲနွမ်းပါးမှု များတယ်။ သူများနိုင်ငံထက် အစစအရာရာ နိမ့်ကျခဲ့တဲ့ နိုင်ငံဖြစ်တာကြောင့် သူများထက် အစပေါင်းများစွာ ကြိုးစားရပါမယ်။ အခု ပြုပြင်ပြောင်းလဲရေးခရီးမှာ အလုပ်ဖြစ်တာရှိသလို အလုပ်မဖြစ်တာတွေလည်း ရှိပါတယ်။ တချို့ကလည်း အချိန်အတိုင်းအတာတစ်ခုမှ ပြောင်းလဲမှုကို မြင်ရတာလည်းရှိပါတယ်။ အပေါ်မှာတော့ပြောင်း သွားပြီဖြစ်ပေမယ့် အောက်မှာတော့ မသိသာသေးသလိုပေါ့။ မြန်မာနိုင်ငံက ဆင်းရဲချမ်းသာ ကွာဟမှုကြီးတယ်။ လက်တစ်ဆုပ်စာက အရမ်းချမ်းသာတယ်။ အောက်ခြေလူတန်းစားက ထုနဲ့ထည်နဲ့၊ အလယ်လူတန်းစားက ပါးပါးပဲရှိပါတယ်။ အစိုးရအနေနဲ့ ရေရှည်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ လုပ်သလို အခြေခံ လူတန်းစားတွေ အချိန်တိုအတွင်း ခံစားသိရှိနိုင်မယ့် မူဝါဒမျိုးလည်း ချမှတ်သင့်ပါတယ်” ဟု ပြောကြားခဲ့သည်။

 “အစိုးရသစ်လက်ထက်မှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။ လှေကလေးတစ်စီးကို ချက်ချင်းကွေ့လို့ရပေမယ့် သင်္ဘောတစ်စင်းကိုတော့ ချက်ချင်းကွေ့လို့ မရနိုင်ပါဘူး။ သင်္ဘောရဲ့ Speed နဲ့ ချက်ချင်းကွေ့လို့လည်း မနိုင်ဘူးလေ။ အခုဟာက သန်း ၆၀ ကိစ္စဖြစ်နေတော့ Change တစ်ခုအတွက် အချိန်ကာလတစ်ခုတော့ ပေးရမှာပါ။ တစ်ခုတော့ရှိတယ် လမ်းကြောင်းမှန်ဖို့တော့ လိုတယ်။ ပြုပြင်ပြောင်းလဲရေးမှာ သွားချင်တဲ့ လမ်းကြောင်းမှန်မှ ဖြစ်ပါမယ်။ ပြည်တွင်းရဲ့ လက်ရှိအခြေအနေမှန်တွေကို သိအောင်လုပ်ရမယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေတောင်မှ Change တစ်ခုအတွက် အချိန်ငါးနှစ်၊ ၁၀နှစ်ကြာမှ သိသာပါတယ်။ အခုမြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို အိမ်တစ်လုံးနဲ့ ဥပမာပေးရင် အဲဒီအိမ်တစ်ခုလုံးကို ပြန်ပြင်ရမှာပါ” ဟုလည်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်နိုင်က သုံးသပ်ပြောကြားခဲ့သည်။

 မြန်မာနိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများတွင် အဓိကပါဝင်ကူညီနေသည့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ မြန်မာဆိုင်ရာ စစ်တမ်းတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် အခက်အခဲ အတားအဆီးများ အများအပြား ရှိနေခြင်းနှင့်အတူ မြန်မာနိုင်ငံသည် အာရှတိုက်၏ အဆင်းရဲဆုံးနိုင်ငံအဖြစ် ဆက်လက်တည်ရှိဆဲဖြစ်ကြောင်း၊ ဆယ်စုနှစ် ငါးခုနီးပါး ကာလအတွင်း တံခါးပိတ်ထားခဲ့ခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ဒဏ်ခတ်မှုများ ခံခဲ့ရခြင်းကြောင့် မြန်မာနိုင်ငံ၏ ကဏ္ဍအသီးသီးတွင် ဖွံ့ဖြိုးတိုးတက်မှု မရှိသလောက်ဖြစ်ခဲ့ပြီး နောက်ကျကျန်ရစ်ခဲ့ကြောင်း ထည့်သွင်းဖော်ပြထားသည်။

အစိုးရတာဝန်ရှိသူအချို့၏ ပြောကြားခဲ့သည်များကို ပြန်လည် ကောက်နှုတ်ဖော်ပြခြင်း 

"စီးပွားရေးနယ်ပယ်မှာ ပုဂ္ဂလိက လုပ်ကိုင်နိုင်စွမ်း မြှင့်တင်ပေးနေသလို နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများကိုလည်း စွမ်းဆောင်ရည်မြင့်မားလာအောင် ဖွဲ့စည်းတည်ဆောက်မှု အပြောင်းအလဲတွေ ဆောင်ရွက်နေပြီဖြစ်ပါတယ်။ အရင်းအနှီး ဈေးကွက်၊ ငွေကြေးဈေးကွက် ထွန်းကားရှင်သန်လာအောင် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ပြင်ဆင်မှုများ ဆောင်ရွက်နေပြီဖြစ်သလို အများပိုင်ကုမ္ပဏီတွေ တိုးပွားရှင်သန်အောင်လည်း ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ပုဂ္ဂလိကဘဏ်တွေ ခိုင်မာကောင်းမွန်လာအောင် မြှင့်တင်ပျိုးထောင်ပေးနေသလို အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းရှင်တွေ အရင်းအနှီး၊ နည်းပညာ တိုးမြှင့်ရရှိစေရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ပြည်သူ့ရေးရာ ၀န်ဆောင်မှုလုပ်ငန်းတွေကို လက်ဝါးကြီးအုပ် ချယ်လှယ်ချုပ်ကိုင်ထားတာတွေ လျော့နည်းကျဆင်းသွားပြီး နိုင်ငံသားတိုင်း လက်လှမ်းမီ ရယူသုံးစွဲနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိကပိုင်ပြောင်းလဲရာမှာလည်း လူတစ်စုလက်ဝယ်သို့ မရောက်ရှိစေရန်၊ မညီမျှမှုနှင့် မဖြစ်ပေါ်စေရန်၊ စွမ်းရည်မြှင့်တင်မှုကို အဟန့်အတား မဖြစ်စေရန် အဖက်ဖက်က သုံးသပ်ပြီးဆောင်ရွက်နေပါတယ်"

 နိုင်ငံတော်သမ္မတ ဦးသိန်းစိန် (အစိုးရသက်တမ်း တစ်နှစ်ပြည့်ချိန်တွင် လွှတ်တော်မှတစ်ဆင့် ပြောကြားခဲ့သည့်မိန့်ခွန်းမှ) 

 "နိုင်င်ငံတော်သမ္မတကြီးက ပြောကြားပါတယ်။ ရန်ကုန်မြို့ကြီးကို စင်ကာပူလိုဖြစ်အောင် ခင်ဗျားတို့ ကြိုးစားညှိနှိုင်းပြီး လုပ်ကြည့်ပါ။ ကိုယ့်အခြေအနေနဲ့ကိုယ် ကိုက်အောင်လုပ်ပါလို့ ပြောထားတယ်။ အခုကျွန်တော်ပြောချင်တာက ကမာရွတ်လှည်းတန်းမှာ Traffic တွေများလာလို့ ဂုံးကျော်တံတားကို လာမယ့် လေးလအတွင်း အပြီးလုပ်မယ်။ အလားတူ ရွှေဂုံတိုင်၊ တာမွေ ၅ လမ်းခွဆုံနဲ့ ဘုရင့်နောင်လမ်းဆုံမှာ လုပ်မယ်။ အကယ်၍ လေးလနဲ့ အပြီးလုပ်မယ်ဆိုပြီး မပြီးရင်လည်း လူထုကို ကျွန်တော်တို့ တောင်းပန်ရမှာပေါ့။ ခင်ဗျားတို့ မြန်မြန်လေး လုပ်ပေးပါ။ Traffic သိပ်ကျပ်နေတယ်လို့ နိုင်ငံတော်သမ္မတကြီးက ပြောတယ်။ ကျွန်တော်ရန်ကုန်ကို သွားတုန်းကဆိုရင် မီးပွိုင့်မှာ သုံးလေးခါမိ အချိန်တော်တော်ကြာသွားတယ်။ ကျွန်တော်ကတော့ ဖုန်းရှိလို့ အလုပ်လုပ်လို့ရတယ်။ အလုပ်သမားတွေက အလုပ်ကပြန်ပြီး အိမ်ရောက်မှ ထမင်းချက်ရမယ့် သူမျိုးတွေအတွက်ဆိုရင်တော့ အရမ်းကြန့်ကြာနေလို့ မဖြစ်ဘူး။ အိမ်ကိုလည်း ပြန်ချင် မီးပွိုင့်ကလည်း အကြာကြီး မိမိနေတော့ အလုပ်သမားတွေအတွက် အဆင်မပြေဘူး။ ထို့အတူ ဘုရင့်နောင်တံတားမှာလည်း ယာဉ်တွေကျပ်နေလို့ ဘုရင့်နာင်တံတားရဲ့ မလှမ်းမကမ်းမှာ တံတားတစ်ခု ထပ်ထိုးမယ်။ ဒါကတော့ လေးလနဲ့မပြီးဘူး။ တစ်နှစ်လောက်လည်း ကြာရင်ကြာမယ်။"

 ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း (၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့က နေပြည်တော်တွင်ကျင်းပသည့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်များမှ) 

 "အိမ်ခြံမြေဈေးတွေ သင့်တော်တဲ့ နှုန်းထားနဲ့ ဖြစ်ပေါ်လာဖို့ကို tax နဲ့ ထိန်းရမှာပေါ့။ tax နဲ့ မြေကြီး ဈေးကျအောင်လုပ်မယ်။ တိုက်ခန်းတွေကိုလည်း tax နဲ့ပဲ ထိုက်သင့်တဲ့ level ရာက်အောင် ကျွန်တော်ဆွဲချမယ်"

 ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း (၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့က ကျင်းပသော အမေရိကန်ပြည်ထောင်စု နယူးယောက်မြန်မာမိသားစုနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်များမှ)

 
Eleven Media Group

ကျပ်နှစ်သိန်းတန် ဂျီအက်စ်အမ်ဆင်းကတ်များကို ကျပ်တစ်သိန်းခွဲဖြင့် ရောင်းချမှုများရှိ



ကျပ်နှစ်သိန်းတန် ဂျီအက်စ်အမ်ဆင်းကတ်များကို ကျပ်တစ်သိန်းခွဲဖြင့် ရောင်းချခြင်းများရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ယင်းသို့ ရောင်းချရာတွင် မိမိအမည်ပေါက်မဖြစ်ဘဲ ဖုန်းစာချုပ်တွင် အခြားသူအမည်ဖြင့် ရှိနေမည်ဖြစ်သော်လည်း ၎င်း၏မှတ်ပုံတင်မိတ္တူပါ ပူးတွဲပါဝင်ပြီး လိုအပ်သောကိစ္စများကို ဆောင်ရွက်နိုင်မည်ဟု သိရသည်။

“လှည်းတန်းက ဆိုင်တစ်ဆိုင်မှာ ဂျီအက်စ်အမ်ဆင်းကတ်တွေကို ကျပ်တစ်သိန်းခွဲနဲ့ ရောင်းတယ်။ အဲဒီ ဆိုင်က ဟန်းဆက်ကိုဝယ်မှ ကျပ်တစ်သိန်းခွဲနဲ့ ၀ယ်နိုင်ပြီး ဟန်းဆက်မ၀ယ်ရင်တော့ ကျပ် ၁၆၀၀၀၀ ပါ။ WCDMA ဆင်းကတ်တွေကိုတော့ ကျပ်နှစ်သိန်းခွဲနဲ့ပဲ ရောင်းတယ်။ ကိုယ့်အမည်ပေါက် မဖြစ်တာကလွဲရင် မှတ်ပုံတင်မိတ္တူ ပါလာလို့ အင်တာနက် လျှောက်ချင်တာပဲဖြစ်ဖြစ် လုပ်ဆောင်လို့ ရနိုင်တယ်လို့ ပြောပါတယ်။ နံပါတ်ကတော့ ၄၂၀ နဲ့စပြီး ရန်ကုန်နံပါတ်လို့ ဆိုပါတယ်” ဟု ဂျီအက်စ်အမ်ဆင်းကတ် စုံစမ်းဝယ်ယူ ခဲ့သူတစ်ဦးက ပြောပြသည်။

 “ဒီရက်ပိုင်းမှာ ဆင်းကတ်ဝယ်လိုအားက ခပ်ပါးပါးပဲ။ ပုံမှန် ရောင်းဈေးကတော့ ကျပ် ၂၀၅၀၀၀၊ ကျပ် ၂၁၀၀၀၀ နဲ့ ရောင်းကြပါတယ်။ လုံးဝမရောင်းရတာမျိုးတော့ မဟုတ်ဘူး။ အရင်ကထက်စာရင်တော့ သိသိသာသာပါးတယ်။ အရင်တစ်ရက်ကို သုံးကတ်လောက် ရောင်းရတယ်ဆိုရင် အခုက တစ်ပတ်ကိုမှ သုံးကတ်လောက်ရောင်းရတာမျိုးပါ” ဟု 09 Mobile မှ တာဝန်ရှိသူက လက်ရှိဈေးကွက် အခြေအနေကို ပြောပြခဲ့သည်။

၂၀၁၃ နှစ်ဆန်းပိုင်းတွင် ယခုဈေးနှုန်းထက် လျော့နည်းသော ဆင်းကတ်များကို ရောင်းချပေးနိုင်ရန် စီစဉ်မှုများရှိနေပြီး ကျပ်တစ်သိန်းခွဲအောက်ထိ လျော့နည်းနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများက ပြောကြားထားခဲ့သည်။

Eleven Media Group

၂၀၁၃ ခုနှစ်၊ နွေရာသီတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု အနည်းအကျဉ်း ရှိမည်ဖြစ်သော်လည်း လူနေရပ်ကွက်များကို လျှပ်စစ်ဓာတ်အား ဖြတ်တောက်သွားမည် မဟုတ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေအဖွဲ့ ဥက္ကဌပြောကြား




၂၀၁၃ - ခုနှစ်၊ နွေရာသီတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု အနည်းအကျဉ်းရှိမည် ဖြစ်သော်လည်း လူနေရပ်ကွက်များကို လျှပ်စစ်ဓာတ်အား ဖြတ်တောက်သွားမည် မဟုတ်ကြောင်း ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ပြုလုပ်သည့် လျှပ်စစ်စွမ်းမားဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဌ ဦးအောင်ခိုင်က ပြောကြားခဲ့သည်။ ၂၀၁၃ခုနှစ် နွေရာသီတွင် ယခင်နှစ်ကထက် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၄၃၀ ပိုမိုထုတ်လုပ်နိုင်ရန် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ စီစဉ်ထားသော်လည်း ၂၀၁၃ ခုနှစ်၊ နွေရာသီ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များ အားလုံးကို ပြည့်မီစွာ ဖြည့်ဆည်းပေးနိုင်မည် မဟုတ်ပါသဖြင့် အနည်းအကျဉ်း ဓာတ်အားပြတ်တောက်မှု ရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

 ''ဓာတ်အားမလုံလောက်လို့ ဓာတ်အားဖြတ်တောက်ရရင်လည်း အများပြည်သူ လူနေရပ်ကွက်တွေကို လျှပ်စစ်မီးဖြတ်တောက်မှာ မဟုတ်ပါဘူး။ စက်မှုလက်မှုလုပ်ငန်းတွေ၊ စက်မှုဇုန်တွေကိုပဲ လျော့ချဖြတ်တောက် သွားဖို့ ရှိပါတယ်'' ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဌဦးအောင်ခိုင်က ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် ဓာတ်အား စနစ်အတွင်း အဓိက အားထားရသော ရဲရွာရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံနှင့် ပေါင်းလောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများရှိ ရေလှောင်တမံများတွင် ၂၀၁၃ခု နှစ်၊ ဖေဖော်ဝါရီ၊ မတ်လများအထိ စွမ်းအားပြည့် ထုတ်လုပ်နိုင်ရေးအတွက် ရေပြည့်အနေအထားတွင် ရှိနေစေရန် ထိန်းညှိထုတ်လုပ် ဖြန့်ဖြူးပေးနေသဖြင့် ရန်ကုန်တိုင်းဒေသကြီးမှအပ ကျန်တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် ဓာတ်အားလျော့ချ ဖြတ်တောက်ရမှု အနည်းအကျဉ်း ရှိမည်ဖြစ်ကြောင်း ဦးအောင်ခိုင်က ဆက်လက်ပြောကြားခဲ့သည်။

ထို့ပြင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းများကို ပုဂ္ဂလိကပိုင်းနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း ၂၀၁၃ ခုနှစ်တွင်းလည်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းများအပြင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကို ပုဂ္ဂလိကပိုင်းနှင့် ပိုမိုပူးပေါင်း ဆောင်ရွက်သွားရန်ရှိကြောင်း သိရှိရသည်။


Eleven Media Group

ဇန်န၀ါရီလ ၁ ရက်နေ့ မှစပြီးယခင်အတိုင်း မိနစ်အလိုက်ကောက်ခံသည့် စနစ်ဖြင့်သာ ဆက်လက်ကောက်ခံမည်

ဇန်န၀ါရီလ ၁ ရက်နေ့တွင် မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုခများကို Data စနစ်ဖြင့် ပြောင်းလဲကောက်ခံတော့မည် မဟုတ်ဘဲ ယခင်အတိုင်း မိနစ်အလိုက် ကောက်ခံသည့်စနစ်ဖြင့်သာဆက်လက်ကောက်ခံ သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်းဆက်သွယ်ရေး၊ အင်ဂျင်နီယာချုပ်ဦးဌေးဝင်းက ဒီဇင်ဘာလ၁၅ ရက် နေ့တွင် ပြောကြားခဲ့သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးစွဲသူများအား အင်တာနက်သုံးစွဲသည့် ပမာဏအလိုက် ကောက်ခံမည့် Volume Based Charging စနစ်ကို ဒီဇင်ဘာလ၁ ရက်နေ့မှ စတင်ပြီး ပြောင်းလဲကောက်ခံ သွားမည် ဖြစ်ကြောင်း နိုဝင်ဘာလကုန်ပိုင်းတွင် ကြေညာခဲ့သည်။

ထို့နောက် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် Data စနစ်နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပြီးနောက် နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေပိုင်း၌ ပင်၎င်းအစီအစဉ်အား ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ၁ ရက်နေ့သို့ ရွှေဆိုင်းလိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ယခုနောက်ဆုံးထုတ်ပြန်ချက်များအရ ၎င်းအစီအစဉ်ကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ၁ ရက်နေ့တွင် စတင်ရန် မရှိတော့ကြောင်း၊ ယခင်အတိုင်း မိနစ်အလိုက် ကောက်ခံသည့်စနစ်ဖြင့်သာ ဆက်လက်ကောက်ခံသွားမည်ဖြစ်ကြောင်း အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ပြောကြားခဲ့သည်။

 “အရင်ကြေညာထားတဲ့ အစီအစဉ်က Cancel ဖြစ်သွားပါပြီ။ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ၁ ရက် နေ့မှာလည်း အရင်အတိုင်းမိနစ်အလိုက် ဆက်လက်ကောက်ခံသွားမှာပါ။ တစ်မိနစ်ကို ၂ ကျပ်၊၄ ကျပ်နှုန်းနဲ့ပဲ ဆက်ကောက်သွားမှာပါ။ သုံးစွဲသူတွေ အဆင်ပြေစေမယ့် အကောင်းဆုံးနည်းကို ဆက်လက်ဆောင်ရွက် သွားမှာပါ” ဟု ဦးဌေးဝင်းကဆိုသည်။

 မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုခများကို မိနစ်အလိုက် ကောက်ခံလျက်ရှိသည့် ယခုနှုန်းထားအတိုင်း ဆက်လက်ကောက်ခံမည်ဆိုပါကEDGE စနစ်တွင် တစ် မိနစ်နှစ်ကျပ်၊ 3G စနစ်တွင် တစ်မိနစ်လေးကျပ်ဖြင့်ပင် နဂိုအတိုင်း ရှိနေမည်ဖြစ်သည်။

Eleven Media Group

Saturday, December 15, 2012

ပြည်ထောင်စု အစိုးရအဖွဲ့ ကိုယ်စား သံဃာတော်များအား တောင်းပန်


လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွဲမှုတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော သံဃာတော်များကို ပြည်ထောင်စု အစိုးရအဖွဲ့ ကိုယ်စား နိုင်ငံတော် သမ္မတ ရုံးဝန်ကြီး ဦးလှထွန်း၊ ကျန်းမာရေး ၀န်ကြီး ဒေါက်တာ ဖေသက်ခင် ၊ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေး၊ မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့် နှင့် ပြည်ထဲရေး ၀န်ကြီးဌာ ဒုတိယ ၀န်ကြီး ရဲချုပ် ကျော်ကျော်ထွန်း တို့ ဦးဆောင်သော အဖွဲ့က ယနေ့ (ဒီဇင်ဘာလ ၁၅ ရက်နေ့) မွန်းလွဲ ၂ နာရီအချိန်တွင် မန္တလေးတောင်ခြေရှိ အတုမရှိ ကျောင်းတွင် တောင်းပန်လျှောက်ထားမှု ပြုလုပ်ခဲ့ပြီး အဆိုပါ တောင်းပန်မှုကို သံဃာတော်များက လက်ခံခဲ့ပါသည်။

Eleven Media Group (Facebook မှ ကူးယူဖော်ပြသည်။)