စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Saturday, December 15, 2012

မြန်မာပြည်မှာ စစ်အာဏာရှင်တွေ အမုန်းတီးဆုံး ပုဂ္ဂိုလ် နှစ်ယောက်


တစ်ယောက်ကတော့ သီတဂူဆရာတော် ဘုရားကြီး ဖြစ်ပြီး နောက်တစ်ယောက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ပါဘဲ ။

သီတဂူဆရာတော်ဘုရားကြီးရဲ့ သာသနာတော် စည်ပင်ထွန်းကားရေး နှင့် လူမှုရေး လုပ်ငန်းများဟာ ကမ္ဘာမှာ ကျော်ကြားသလို ဆရာတော်ဘုရားကြီးရဲ့ ထူးချွန်ထက်မြတ်တဲ့ ဥာဏ်ပညာကြောင့် ပညာရှင်လို့ တကမ္ဘာလုံးက အသိအမှတ်ပြုထားသူပါ ။

 ဒေါ်အောင်ဆန်းစုကြည် ရဲ့ အကြမ်းမဖက်တဲ့ လမ်းစဉ် ၊ စွှန့်လွှတ် အနစ်နာခံမှု နှင့် ရဲစွမ်းသတ္တိ တို့ကြောင့် ကမ္ဘာတ၀ှမ်းလုံးက လူအများက သူရဲကောင်းလို့ချီးကြူးကြသလို ထူးချွန်ထက်မြတ်တဲ့ ဥာဏ်ပညာကြောင့် ပညာရှင်လို့ တညီတညွတ်တည်း လက်ခံထားကြပါတယ် ။

သူတို့ နှစ်ဦးလုံးရဲ့ မွန်မြတ်တဲ့ စိတ်ထားနှင့် ထူးချွန်ထက်မြတ်တဲ့ ဥာဏ်ပညာကို တကမ္ဘာလုံးက အသိအမှတ် ပြုသလို  ပြည်သူလူထုရဲ့ လေးစားချစ်ခင်မှု ရရှိနေမှုကလည်း တူညီနေပါတယ် ။ စစ်အာဏာရှင် အစိုးရကပေးအပ်တဲ့ ဆုတွေကို မရဘူးပေမယ့် နိုင်ငံတကာက ချီးမြှင့်တဲ့ ဆုတံဆိပ်တွေကိုရဘူးတဲ့ အချက်လည်း တူညီနေပါတယ် ။

အာဏာရှင် စနစ်ကို မုန်းတီးပြီး ဒီမိုကရေစီ စနစ်ကို မြတ်နိုးတဲ့ စိတ်ဓါတ်လည်း တူညီနေကြပါတယ် ။ အာဏာရှင် စနစ်ကို မုန်းတီးပြီး အမြဲဆန့်ကျင်ကာ ပြည်သူလူထုဘက်က ထာဝဇဉ်ရပ်တည်ခဲ့ကြတဲ့ သူတို့ နှစ်ယောက်ဟာ အာဏာရှင် စနစ် ကို အားပေးတဲ့ စကားဘယ်သောအခါမှ ပြောကြားမှာ မဟုတ်သလို ပြည်သူလူထု ဆန္ဒနဲ့ ဆန့်ကျင်ပြီးလည်းဘယ်သောအခါမှ လုပ်ဆောင်မှာ မဟုတ်ပါဘူး ဆိုတဲ့ ရပ်တည်ချက်ကလည်း တူညီနေပါတယ်.. ။

Burma Thwe ( Facebook မှ ကူးယူဖော်ပြသည်။)

0 comments: