စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, December 27, 2012

KNU က ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ် ပြန်သုံးသပ်

KNU ခေါင်းဆောင်များ၊ ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ ပြည်တော်မြင့် ~ 

ကရင်အမျိုးသားအစည်းအရုံး KNU သည် မြန်မာအစိုးရနှင့် လက်ရှိအပစ်အခတ် ရပ်စဲရေးအပါအ၀င်၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်ပြီး နိုင်ငံရေးဆွေးနွေးမှုအဆင့်သို့ ရောက်ရှိ ရန်လိုအပ်ချက် ၈ ချက်ပါသည့် ထုတ်ပြန်ကြေညာချက်ကို ယနေ့ထုတ်ပြန်ခဲ့သည်။ ၎င်းထုတ်ပြန်ချက်ကို ယမန်နေ့ကကျင်းပပြီးစီးခဲ့သည့် ၁၅ ကြိမ်မြောက် KNU ညီလာခံအပြီးတွင် ပထမဆုံး ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ပြည်သူလူထု၏နစ်နာဆုံးရှုံးမှုများကို အကာအကွယ်ပြုနိုင်ရေးအတွက် လူ့အခွင့် အရေး ကော်မတီတရပ် ဖွဲ့စည်းသွားရန်သဘောထားချမှတ်ခဲ့သည်ဟု လည်းထုတ်ပြန်ချက် တွင်ဖော်ပြ ထားသည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ မူလအစီအစဉ်အရ KNU တပ်မဟာ ၇ ရှိလေးဝါးတပ်စခန်းတွင် သတင်းစာ ရှင်းလင်းပွဲကျင်းပရန်ရှိသော်လည်း နယ်စပ်အခြေစိုက်ပြည်တွင်းပြည်ပသတင်းထောက်များသွားလာရေးကို အခက်အခဲဖြစ်စေသည့် အဟန့်အတားများကြောင့် အစီအစဉ်ကိုဖျက်သိမ်းလိုက်ခြင်းဖြစ်သည်ဟုသိရ သည်။ အသေးစိတ်အချက်အလက်များကို သိရှိနိုင်ရန်အတွက် ပြောရေးဆိုခွင့်ရှိသူ အထွေထွေအတွင်းရေးမှူးပဒို ကွယ်ထူးဝင်းနှင့်တွဲဘက်အတွင်းရေးမှူး(၂) ပဒိုမန်းမန်းတို့ကို ဧရာဝတီသတင်းဌာနက ဆက်သွယ်မေးမြန်း ခဲ့သော်လည်း ဆက်သွယ်ရေးပြင်ပဧရိယာသို့ရောက်ရှိနေကြသည်။

အသစ်တက်ရောက်လာသည့် KNU အဖွဲ့၏နိုင်ငံရေးရပ်တည်ချက်များနှင့် သဘောထားများကို မြန်မာနိုင်ငံ အခြေစိုက် ကရင်အမျိုးသားနိုင်ငံရေးပါတီများ၊ ကရင်အရေးလှုပ်ရှားနေသည့်အဖွဲ့အစည်းများနှင့် ကရင် အမျိုးသားများက စောင့်ကြည့်လေ့လာလျှက်ရှိသည်ဟု ကရင်နိုင်ငံရေးပါတီတခု၏ အဆင့်မြင့်ခေါင်းဆောင် တဦး ကပြောသည်။ ယခင်လ ၂၆ ရက်နေ့ကစတင်ကျင်းပပြီး ယမန်နေ့ကကျင်းပပြီးစီးခဲ့သည့် ၁၅ ကြိမ်မြောက် KNU ညီလာခံ သို့ လေ့လာသူများအဖြစ် ကရင်နိုင်ငံရေးပါတီအချို့မှ တာဝန်ရှိသူများလည်းတက်ရောက်ခဲ့ကြသည်။ ၁၅ ကြိမ်မြောက်ညီလာခံတွင် ခရိုင်နှင့်တပ်မဟာ ၇ ခုမှကိုယ်စားလှယ်များ ၁၇၁ ဦးက ကြီး ၅ ကြီးကိုရွှေး ချယ်ခဲ့ကြခြင်းဖြစ်သည်။

စောမူတူးစေးဖိုး- ဥက္ကဌ။ 


နော်စီဖိုးရာစိန်-ဒုဥက္ကဌ။ 

ပဒိုကွယ်ထူးဝင်း-အထွေထွေအတွင်းရေးမှူး။ 


 ကြေငြာချက်တွင် အဓိကဖော်ပြထားတဲ့ အချက်တွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ 


ဧရာဝတီ 

0 comments: