စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, February 28, 2012

ဒေါ်စုကို မကြိုဖို့ မြန်မာ့အသံ ဝန်ထမ်းများကို ညွှန်/ချုပ် သတိပေး

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရုပ်မြင်သံကြားမှတဆင့် ပါတီ မဲဆွယ်စည်းရုံးရေး ဟောပြောရန်အတွက် နေပြည်တော်
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာနသို့ လာရောက်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်ကို ဝန်ထမ်းများအနေဖြင့် ကြိုဆိုနှုတ်ဆက်ခြင်း မပြုလုပ်ရန် ဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းအောင် က သတိပေး ပြောဆိုထားကြောင်း သိရသည်။

နေပြည်တော် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဌာန ဝန်ထမ်းများအား သောကြာနေ့ မနက်ပိုင်းက သီးသန့် အစည်းအဝေး တရပ် ခေါ်ယူကာ ယင်းကဲ့သို့ သတိပေး ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူ ဝန်ထမ်းများက ပြောသည်။

“ကျနော်တို့ဆီကို ဒေါ်အောင်ဆန်းစုကြည် လာမယ်လေ။ လာတဲ့အခါကျရင် ဘယ်ဝန်ထမ်းမှ ထွက်မတွေ့ရဘူး။
နှုတ်ဆက်ဖို့လည်း မလိုဘူး။ ကိုယ့်အလုပ်ကိုပဲ လုပ်ရမယ်လို့ ညွှန်မှူးက ပြောတယ်။ အားလုံးကလည်း သူ့ကြောက်
တော့ မတွေ့ပါဘူးလို့ ပြန်ဖြေခဲ့ရတယ်” ဟု အစည်းအဝေးတက်ရောက်ခဲ့သူ ရုပ်/သံ ဝန်ထမ်းတဦးက မဇ္ဈိမကို ပြော သည်။

NLD အပါအဝင် ဧပြီ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီ ၁၇ ခုကို ၎င်းတို့ ပါတီများ၏ မူဝါဒ၊ သဘောထားနှင့် လုပ်ငန်းစဉ်တို့ကို ရေဒီယိုနှင့် ရုပ်မြင်သံကြားတို့မှ စည်းရုံးဟောပြော တင်ပြနိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဖေဖေါ်ဝါရီ ၁၇ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ဝန်ထမ်းအချို့မှာ ဒေါ်အောင်ဆန်းစုကြည် ရောက်လာမည်ကို တွေ့မြင်လိုကြသော်လည်း ဦးသိန်းအောင် ၏ သတိပေး တားမြစ်မှုကို လွန်ဆန်နိုင်ခြင်းမရှိသဖြင့် ကြည့်ခွင့်မရတော့ဟု ကာယကံရှင်များက ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို အပြင်မှာ တခါမှ မတွေ့ဖူးဘူး။ အင်တာနက်နဲ့ ဂျာနယ်တွေမှာပဲ တွေ့ဖူးတာ။ အရင်တော့ သူလာရင် သွားနှုတ်ဆက်မယ်။ သူ့ကို ကြည့်မယ်လို့ တွက်ထားတာပေါ့လေ။ ဒါပေမယ့် ကျမတို့ မကြည့်ပါဘူးဆိုပြီး ညွှန်မှူးကို ပြောခဲ့ပြီးပြီ” ဟု မြန်မာ့အသံ ဝန်ထမ်း တဦးက မဇ္ဈိမကို ပြောသည်။

“ရိုတ်ကူးရေး တာဝန်ကျတဲ့လူတွေကတော့ ကံကောင်းတာပေါ့ဗျာ။ ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ် တွေ့ခွင့်ရ တာပေါ့။ ကျနော်တို့ကတော့ ထွက်တောင် ကြည့်ခွင့် မရတော့လေ။ ဒီလိုပဲ ဝန်ထမ်းဆိုတော့လလည်း အထက်ကို မလွန်ဆန်နိုင်ဘူးပေါ့” ဟုလည်း အခြားဝန်ထမ်းတဦး က ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ NLD ပါတီ၏ စည်းရုံးရေး ရုပ်သံအစီအစဉ်ကို မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ တဆင့် မက်လ ၁၄ ရက်နေ့တွင် ထုတ်လွှင့်ပေးမှာဖြစ်ပြီး ယင်းသို့ ထုတ်လွှင့်နိုင်ရန် အတွက် ဟောပြောမည့် ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် နေပြည်တော် မြန်မာ့အသံသို့ ထုတ်လွှင့်ရက်မတိုင်မီ ၂ ရက် ကြိုတင်ကာ လာရောက်ရိုတ်ကူးရမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ မဲဆွယ်စည်းရုံးရေး ခရီးစဉ်အချို့တွင် အစိုးရ အာဏာပိုင်အချို့၏ နှောက်ယှက်မှု ရှိနေကြာင်း NLD က သတင်းစာရှင်းလင်းပွဲပြုလုပ်၍ သတင်းမီဒီယာများသို့ ဖေဖေါ်ဝါရီ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့
သေးသည်။

ဖေဖေါ်ဝါရီလ ၄ ရက်နေ့နှင့် ၅ ရက်နေ့များတွင် မန္တလေးမြို့သို့ သွားရောက်ပြီး ဗထူး အားကစားကွင်းအတွင်း လူထုကို ဟောပြောရန် စီစဉ်ခဲ့သော်လည်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ထိုအားကစားကွင်းကို မငှားခြင်းကြောင့် ခရီးစဉ်ကို ရပ်ဆိုင်းထားခဲ့ပြီး မတ်လဆန်းတွင်မှ ပြန်လည် သွားရောက်ဟောပြောရမည် ဖြစ်သည်။

အလားတူ ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့ ဧရာဝတီတိုင်း ဖျာပုံခရီးစဉ်တွင် ဟောပြောရန်အတွက် ဖျာပုံမြို့ အားကစားကွင်း အတွင်း ပြုလုပ်ရန် လျှောက်ထားသော်လည်း အားကစားဝန်ကြီးဌာနမှ အသုံးပြုခွင့်မပေး၍ လူထုပရိသတ်
လေးသောင်းခန့်အား ဖျာပုံမြို့ပြင် သဲကွင်းတွင်ပင် ဟောပြောခဲ့ရသည်။

ထို့အတူ ရန်ကုန်တိုင်း လှည်းကူးမြို့ရှိ ဘောလုံးကွင်း၌ ဖေဖေါ်ဝါရီ ၁၅ ရက်နေ့တွင် ပြုလုပ်ရန်ရှိသည့် ဟောပြောပွဲကို အားကစားဝန်ကြီး ဦးတင့်ဆန်း က တားမြစ်ခဲ့သော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ခွင့်ပြုပေးလိုက် သည်။

ကျော်ခ- မဇ္ဈိမ

နိုင်ငံရေးသမားတွေ ရဲ့ အသုံးချတာကို မခံရစေနဲ့

သတင်း တိုတို ထွာထွာ များစုစည်းမှု

 
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကချင်ပြည်နယ် ငြိမ်းချမ်းအရေးအတွက် မြစ်ကြီးနား ပဲ့ တင်သံ ဆိုတဲ့ ကြေညာချက်တစောင် ဒီကနေ့ ဖေဖေါ်ဝါရီ (၂၈)ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကချင်ပြည်နယ် ငြိမ်းချမ်းအရေးအတွက် မြစ်ကြီးနား ပဲ့ တင်သံ ဆိုတဲ့ ကြေညာချက်တစောင် ဒီကနေ့ ဖေဖေါ်ဝါရီ (၂၈)ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန် လိုက်ပါတယ်။ စစ်ဘေးဒဏ်သင့် တိုင်းရင်းသားတွေအတွက် လိုအပ်တဲ့အကူအညီ အထောက်အပံ့တွေ အဆင်ပြေပြေ ရောက်ရှိဖို့နဲ့ စစ်ပွဲတွေ ချုပ်ငြိမ်းဖို့အတွက် နိုင်ငံရေး ပတိ ပခတွေကို ညှိနှိုင်းဆောင်ရွက်ဖို့ လိုတယ်လို့ မြစ်ကြီးနားမှာ ရောက်ရှိနေတဲ့ ၈၈ မျိုးဆက် အဖွဲ့ က ကိုမြအေးက ပြောပါ တယ်။ ဒါ့အပြင် ကချင်ဒေသမှာ ရွေးပြောင်းခံရတဲ့ သူတွေ၊ စစ် ဘေး ဒဏ် ခံနေရသူတွေနဲ့ တသား တည်း ရှိကြောင်း ပြသလိုတဲ့အတွက် ကြေညာချက်ကို ထုတ်ပြန် တာလို့လည်း ဆိုပါတယ်။ ၈၈ မျိုးဆက်အဖွဲ့က ကိုမြအေးနဲ့ ကိုပြံးချိုတို့က မြစ်ကြီးနားက အပြန် ရန်ကုန်လေဆိပ်မှာ ဒီကနေ့ ညနေ (၅)နာရီခွဲ မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖို့လည်း ရှိနေပါတယ်။
 --------------------------------------------------------------------
 တိုင်ရီ ဖိနပ်စက်ရုံက အလုပ်သမားတွေ အလုပ်သမားသမဂ္ဂ (တိုင်ရီ ဖိနပ်စက်ရုံ) သမဂ္ဂကို ဖွဲ့စည်းလိုက်ပါတယ်၊
 ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေက ဆန္ဒပြမှုတွေဖြစ်ခဲ့တဲ့ လှိုင်သာယာစက်မှုဇုန် တိုင်ရီ ဖိနပ်စက်ရုံက အလုပ်သမားတွေ အလုပ်သမားသမဂ္ဂ (တိုင်ရီ ဖိနပ်စက်ရုံ) သမဂ္ဂကို ဖွဲ့စည်းလိုက်ပါတယ်၊ အလုပ်သမားတွေရဲ့ အခွင့်အရေးကို ကာကွယ်ရေးအတွက် တနင်္လာနေ့က စလို့ အဖွဲ့ဝင် နှစ်ရာနီးပါးနဲ့ ယာယီဖွဲ့စည်းလိုက်တာဖြစ်ပီး၊ တရားဝင် သမဂ္ဂအဖြစ် ရပ်တည်ခွင့် ရလာအောင် ဆက်ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်၊ လောလောဆယ် ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ အလုပ်သမား (၁၈၀၀) ကျော်ထဲက တ၀က်နီးပါးက လုပ်ငန်းခွင်ပြန်ဝင်နေကြပြီး၊ ကျန်တ၀က်က လုပ်အားခ တိုးပေးရေး တောင်းဆိုချက်တွေ ရဖို့ ဥပဒေကြောင်းအရ တောင်းဆိုသွားမယ်လို့ ဆိုပါတယ်၊ ဒီလဆန်းပိုင်းကစခဲ့တဲ့ အလုပ်သမားတွေရဲ့ သပိတ်မှာ တနာရီလုပ်အားခ ၇၅ ကျပ်ကို နှစ်ဆတိုးပေးဖို့ နဲ့ ရက်မှန်ကြေး တလ ၆၀၀၀ ကနေ ၈၀၀၀ ကျပ်ကို တိုးပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်၊ နှစ်ပတ်နီးပါးအကြာမှာ အလုပ်ရှင်ဘက်က တနာရီလုပ်ခကို ၇၅ ကျပ်ကနေ ကျပ် ၁၀၀ ကိုတိုးပေးပါတယ်။ ပီးခဲ့တဲ့အပတ်ကတော့ ဆန္ဒပြအလုပ်သမားတွေထဲက တ၀က်နီးပါးက ဒီလိုက်လျှောချက်ကို လက်ခံပြီး အလုပ်ပြန်ဝင်ခဲ့ပီး၊ ကျန်တ၀က်ကတော့ အလုပ်ပြန်မဆင်းဘဲ ဥပဒေကြောင်း အရ တောင်းဆိုဖို့ ကြိုးစားနေကြပါတယ်။
----------------------------------------------------------------------------- 
 အဖွဲ့ဝင် ၁၁ ယောက်ပါတဲ့ အီးယူလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အဖွဲ့ဟာ ဗုဒဟူးနေ့မှာ ဒေါ်အောင်ဆန်းစု ကြည်နဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ သိရ
အဖွဲ့ဝင် ၁၁ ယောက်ပါတဲ့ အီးယူလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အဖွဲ့ဟာ ဗုဒဟူးနေ့မှာ ဒေါ်အောင်ဆန်းစု ကြည်နဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။ အီးယူ တရားဝင် ကိုယ်စားလှယ်အဖွဲ့နဲ့ ပထမဆုံးတွေ့ဆုံဖြစ်မှုလည်း ဖြစ်ပါတယ်၊ အီးယူပါလီမန် အဖွဲ့ဟာ မြန်မာပြည်က လက်ရှိအပြုသဘောပြုပြင်မှုတွေအပေါ် ကြိုဆိုထားပါ တယ်။ ဂျာမနီအမတ် မစ္စတာ Werner Langen( ၀န်နာ လောင်ဂန်း) ဦးဆောင်တဲ့ အဖွဲ့ဟာ အီးယူပါလီမန် ဥက္ကဌက ဒေါ်အောင်ဆန်းစုကြည်က အီးယူပါလီမန်ကို တက်ရောက်မိန့်ခွန်းပြောဖို့ ဖိတ်ကြားလိုက်တာကို တဆင့်ပြန်ဖိတ်ကြားမယ်လို့ ဆိုပါတယ်၊ အီးယူအမတ်တွေ ပါဝင်တဲ့ အဖွဲ့ဟာ ပါလီမန်ကို သွားရောက်ပြီး ပါလီမန် အချင်းချင်း ဆက်ဆံရေးကို တရားဝင် တည်ဆောက်ဖို့ ပါလီမန်ကိုလည်း သွားရောက်လေ့လာပြီး၊ သမတ ဦးသိန်းစိန်၊ ၀န်ကြီးတွေ၊ လူမှုအဖွဲ့အစည်းတွေက ကိုယ်စာလှယ်တွေ၊ အတိုက်အခံတွေနဲ့ တွေ့ဖို့ ရှိတယ်လို့ ဆိုပါတယ်၊ မြန်မာပြည်က ဒီမိုကရေစီတည်ဆောက်နေတာကို ထောက်ခံကြောင်းနဲ့၊ တရားဥပဒေ စိုးမိုးရေးနဲ့၊ လူ့အခွင့်အရေးကို လေးစားဖို့နဲ့၊ အမျိုးသားပြန်လည်သင့်မြတ်ရေး တည်ဆောက်ရေး အောင်မြင် အောင်လုပ်ဖို့ တိုက်တွန်းဖို့ ရှိပါတယ်၊
----------------------------------------------------- 
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံအကြား လေယာဉ်ပြေးဆွဲမှုတွေ ပြန်လည်စတင်ဖို့ သဘောတူ လက်မှတ်ရေး ထိုးကြဖို့ ရှိ
 မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံအကြား လေယာဉ်ပြေးဆွဲမှုတွေ ပြန်လည်စတင်ဖို့ သဘောတူ လက်မှတ်ရေး ထိုးကြဖို့ ရှိနေကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် ဒေးလီစတား သတင်းမှာ ဒီကနေ့ ဖော်ပြ ထားပါတယ်။ လေယာဉ်ပြေးဆွဲမှုတွေ ပြန်စနိုင်ဖို့ လိုအပ်တာတွေကို ၀န်ကြီးဌာနဆီကို ပေးပို့ထားပြီး ဒီတပတ်ထဲမှာ တိုးတက်မှုတွေ ဖြစ်လာဖို့ မျှော်လင့်ကြောင်း ဘင်္ဂလားဒေ့ရှ် ခရီသွားလုပ်ငန်းအဖွဲ့ရဲ့ အတွင်း ရေးမှူး အာသာရယ် အစ္စလမ်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး အဲဒီသတင်းမှာ ရေးသားထားတာပါ။ သဘောတူ စာချုပ်ထဲမှာ ပုဂိုလိက လေကြောင်းလိုင်းတွေနဲ့ ကုန်တင်လေယာဉ်တွေပါ ပြေးဆွဲနိုင်ဖို့ စီစဉ်ထားပါတယ်။ ၂၀၀၇ တုန်းက ဘင်္ဂလားဒေ့ရှ်အစိုးရပိုင် ဘီမန်လေကြာင်းကနေ ဒါကာနဲ့ ရန်ကုန်အကြား လေယာဉ်ပြေးဆွဲမှု ရှိခဲ့ပေမယ့် အရှုံးပေါ်တဲ့အတွက် ရပ်ဆိုင်းခဲ့ ရပါတယ်။
------------------------------------------------------ 
အိုင်တီဒီအမည်ရှိတဲ့ ကုမ္ပဏီက ရွာသူရွာသားတွေ ပိုင်တဲ့ လယ်မြေကို ဘူဒိုဇာနဲ့ ထိုးပြီး လမ်းဖောက်ခဲ့
 တနင်္သာရီထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအနီး တနင်္သာရီတိုင်းက နာဘုလယ် ကျေးရွာအုပ်စုအပိုင် ပုဝါကျေးရွာမှာ အိုင်တီဒီအမည်ရှိတဲ့ ကုမ္ပဏီက ရွာသူရွာသားတွေ ပိုင်တဲ့ လယ်မြေကို ဘူဒိုဇာနဲ့ ထိုးပြီး လမ်းဖောက်ခဲ့တယ်လို့ မျက်မြင်ရွာသားတွေက ပြောပါတယ်။ ပြီးခဲ့တဲ့၂၁ ရက်နေ့က မငွေသီးနဲ့ မသီနွယ်ဦး ညီအမ လုပ်ကိုင် စားသောက်နေတဲ့ လယ်ကွက်ကို ကြိုတင် အကြောင်းမကြားဘဲ လမ်းဖောက်လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒီနောက် ဘေးမှာရှိတဲ့ လယ်ကွက်တွေကို ဆက်တူးဖို့လုပ်နေရာမှာ လယ်ကွက်ပိုင်ရှင်တွေက ဆက်မတူးဖို့ တားမြစ်ခဲလို့ အခုတော့ မြေတူးမှုကို ရပ်နားထားပါတယ်၊
------------------------------------------------------- 
 
ပြည်ခိုင်ဖြိုးပါတီက ရပ်ကျေး အုပ်ချုပ်ရေးမှူး တွေကိုတစ်ယောက် ငွေကျပ် ၄သိန်းစီပေးပြီး မဲဆွယ်နေတယ်လို့ ဒေသခံတစ်ဦးက ပြော
ကြားဖြတ်ရွေးကောက်ပွဲ အတွက် တနင်္သာရီတိုင်း လောင်းလုံမြို့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ ၀င် ရောက်ယှဉ်ပြိုင်မယ့် အမတ်လောင်း ဦးစိမ်းမောင်အတွက် ပြည်ခိုင်ဖြိုးပါတီက ရပ်ကျေး အုပ်ချုပ်ရေးမှူး တွေကိုတစ်ယောက် ငွေကျပ် ၄သိန်းစီပေးပြီး မဲဆွယ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဆက် လက်ပြီး ပြည်ခိုင်ဖြိုးပါတီက လောင်းလုံမြို့နယ်နေ လုပ်ငန်းရှင်တစ်ဦးကို ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ဖို့ စီစဉ်ပေမယ့် အဆိုပါ ပုဂ္ဂိုလ်က ရွေးကောက်ပွဲ ၀င်လိုတဲ့ ဆန္ဒမရှိဘဲ ငွေကြေးအင်အားအဖြစ် ငွေကျပ်သိန်း ၂၀၀ လှူဒါန်းခဲ့ပါတယ်။ ၀င်ရောက်ယှဉ်ပြိုင်မယ့် ဦးစိမ်းမောင်ဟာ အရင်တုန်းက တစညပါတီ မြို့နယ်စည်းရုံးရေးမှူးတာဝန်ကနေ နှုတ်ထွက်ပြီး ပြည်ခိုင်ဖြိုးပါတီကို ကူးပြောင်းသွားတာပါ။
--------------------------------------------- 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် မတ်လ ၁ ရက်နေ့မှာ ရှမ်းပြည်နယ် တောင်ပိုင်းကို မဲဆွယ်စည်းရုံးရေးအဖြစ် သွားရောက်ဖို့ရှိနေ
 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် မတ်လ ၁ ရက်နေ့မှာ ရှမ်းပြည်နယ် တောင်ပိုင်းကို မဲဆွယ်စည်းရုံးရေးအဖြစ် သွားရောက်ဖို့ရှိနေပါတယ်။ ဒီခရီးစဉ်အတွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မနက် ၁၀ နာရီမှာ အောင်ပန်းမြို့ရှိ၊ ဟိုက်ဒရိုကွင်း၊ နေ့လယ် ၁၂ နာရီမှာတော့ ကလောမြို့က အဖွဲ့ချုပ်ရုံးနဲ့ ညနေ ၂ နာရီမှာတော့ ဟဲဟိုးမြို့ ကျောက်တိုင်ကွင်းတွေမှာ ဟောပြောဖို့ ရှိနေပါတယ်။ ဒီခရီးစဉ်အတွင်းမှာပဲ ဆရာကြီး ဒဂုံတာရာကိုလည်း သွားရောက် ဂါရပြုကန်တော့ဖို့ ရှိနေပြီး မန္တလေးခရီးစဉ်ကို ဆက်လက် သွားရောက်မှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မန္တလေးတိုင်း စည်းရုံးရေး ခရီးစဉ်မှာတော့ မတ်လ ၃ ရက်နေ့မှာ မန္တလေး အောင်ပင်လယ်ကွင်း၊ မတ်လ ၄ ရက်နေ့မှာတော့ စစ်ကိုင်းမြို့ ကမ်းနားလမ်းက သဲသောင်ပြင်နဲ့ ၄ ရက်နေ့တွေမှာတော့ တံတားဦးမြို့တွေမှာ ဟောပြောသွားမှာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ နွားထိုးကြီး၊ မိထ္ထီလာနဲ့ နေပြည်တော် ခရီးစဉ်တွေကို သွားရောက်မှာလဲဖြစ်ပါတယ်။
-------------------------------------------------------- 
 ပြည်ထောင်စုကော်မရှင်ဥက္ကဌကနေ အင်န်အယ်လ်ဒီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဆီကို အချက် (၉) ချက်ပါ ဖေဖေါ်ဝါရီ ၂၄ ရက်စွဲနဲ့ သတိပေးစာတစ်စောင် ပေးပို့
ပြည်ထောင်စုကော်မရှင်ဥက္ကဌကနေ အင်န်အယ်လ်ဒီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဆီကို အချက် (၉) ချက်ပါ ဖေဖေါ်ဝါရီ ၂၄ ရက်စွဲနဲ့ သတိပေးစာတစ်စောင် ပေးပို့လိုက်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက အင်န်အယ်လ် ဒီရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဦးဆောင်လှုပ်ရှားနေတဲ့ ဦးဥာဏ်ဝင်းက သတင်းစာရှင်းလင်းပွဲ မှာ “တရားမျှတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အန္တရာယ်ကြီးပြီးလက်ရှိ အတိုင်းသွားရင် တရားမျှတသော ရွေးကောက်ပွဲဖြစ်ဖို့ ယုံကြည်ရ ခဲယဉ်းမယ်လို့ ပြောဆိုတဲ့အပေါ် တုန့်ပြန်လာ တာလည်း ဖြစ်ပါတယ်။ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့် က နိုင်ငံရေးပါတီတွေ စည်းရုံးလှုပ်ရှားမှုနဲ့ ပါတ်သက်ပြီး ဥပဒေနဲ့အညီ ဆောင်ရွက်ပေးနေတဲ့အပေါ် အင်န် အယ်လ်ဒီရဲ့ ပြောဆိုချက်တွေဟာ မမှန်သတင်း ဖြစ်ပြီး ၊ဒီလို ပုတ်ခတ်စွတ်စွဲတာဟာ တည်ဆဲဥပဒေအရ ပြစ်မှုကျူး လွန်ရာ ရောက်နိုင်တဲ့အပြင် ရွေးကောက်ပွဲဥပဒေ ပုဒ်မ (၆) ကိုလည်းချိုး ဖေါက်ရာ ရောက်နိုင် ကြောင်းနဲ့ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ညွှန်ကြားချက်တွေကို တိတိကျကျ လိုက်နာဖို့ လိုအပ်ပါတယ်ဆိုပြီး အဆိုပါ အကြောင်းကြားစာမှာ ဖော်ပြထားပါတယ်။
DVB TV News
 

ဗိုလ်တထောင်မြို့နယ် အန်အယ်လ်ဒီရုံး ဖွင့်လှစ်ပွဲ ဖေဖေါ်ဝါရီ ၂၈၊

ယနေ့နံနက် ၉ နာရီတွင် ဘိုကလေးဈေးလမ်းရှိ ဗိုလ်တထောင် မြို့နယ်ရုံးခန်းဖွင့်ပွဲ ကျင်းပခဲ့သည်။

ဦးတင်ဦးက ဖွင့်လှစ်ပေးနေစဉ်


လာရောက်နားထောင်ကြသည့် ဗိုလ်တထောင် ပရိသတ်


ဗိုလ်တထောင် အန်အယ်လ်ဒီရုံးခွဲ ဖွင့်လှစ်သည့် အခမ်းအနား

အန်အယ်လ်ဒီ သဘာပတိအဖွဲ့နာယက ဦးတင်ဦး မိန့်ခွန်းပြောကြားနေစဉ်

ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားလှယ်လောင်းအဖြစ် ကြေငြာပြီ

ကိုယ်စားလှယ်လောင်း အဖြစ်တရားဝင် အမည်စာရင်း ကြေငြာ


ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ခြင်းကို ပြိုင်ဖက် ကိုယ်စားလှယ်လောင်း တဦးက ကန့်ကွက်ထားတဲ့ အမှုကို ရန်ကုန်တိုင်းရွေးကောက်ပွဲ ကော်မရှင်က ဒီကနေ့ ပယ်ချလိုက်ပါတယ်။

ခရိုင် ကော်မရှင်ရုံးကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်တိုင်း ကော့မှူးမြို့နယ် မဲဆန္ဒနယ်က ၀င်ပြှိုင်မဲ့ ကိုယ်စားလှယ်လောင်း အဖြစ် ဒီကနေ့ပဲ အမည်စာရင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ပြိုင်ဖက် ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးပါတီ ကိုယ်စားလှယ်လောင်း ဦးတင်ရီက ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားမှာ ရတဲ့ဝင်ငွေတွေကို အစိုးရကို မကြေငြာပဲ အခွန်မဆောင်ပဲ နေတယ်၊ ပြီးတော့ နိုင်ငံခြားမှာ အမြဲတန်းနေထိုင်ခွင့်ရရှိထားသူ ဖြစ်တယ်၊ ဒါကြောင့် ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ မကိုက်ညီဘူးဆိုပြီး ကန့်ကွက်ခဲ့တာပါ။

အဲန်အယ်လ်ဒီဖက်ကတော့ အဲဒီ စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိဘူး၊ စွပ်စွဲသူအနေနဲ့လဲ ဘာသက်သေ အထောက်အထားမှ မတင်ပြနိုင်ဘူးလို့ ချေပခဲ့ပါတယ်။

BBC

Monday, February 27, 2012

စစ်ဗိုလ်လူထွက်အစိုးရနဲ့ မြန်မာ့စီးပွားရေး


(သမတ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အရပ်သားအစိုးရသစ် တက်လာပေမဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးကို တိုးတက်အောင် လုပ်နိုင်ပါ့မလားလို့ နိုင်ငံတကာ စီးပွားရေးအဖွဲ့အစည်းတချို့က သံသယရှိပါတယ်။ ဘာကြောင့် အရပ်သားအစိုးရသစ်အပေါ် သံသယရှိရသလဲဆိုတာနဲ့ ပတ်သက်ပီး ဦးစိန်ကျော်လှိုင်က ခုလို အသေးစိတ် သုံးသပ်ထားပါတယ်)

အရပ်သားအစိုးရသစ်လက်ထက် ပြည်ထောင်စုဝန်ကြီး ၃၀ ကို ကြည့်ရင် အရပ်သားက ၄ ဦင်္းသာပါပီး ကျန်တာက ယူနီဖောင်း ၀တ်တာ မ၀တ်တာသာ ကွာခြားပီး ဗိုလ်ချုပ်နဲ့ စစ်ဗိုလ်လူထွက်တွေသာ ဖြစ်ပါတယ်။ ဒါကြောင့် ဗဟိုအစိုးရလို့ပြောနိုင်တဲ့ ပြည်ထောင်စုဝန်ကြီးအဖွဲ့ဟာ အရပ်သား ၁၃ ရာနှုန်းသာပါပီး စစ်သားက ၈၇ % ပါတဲ့ ၀န်ကြီးအဖွဲ့ ဖြစ်နေပါတယ်။

အရေးကြီးတဲ့ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၀န်ကြီးလုပ်သူက စစ်အစိုရလက်ထက် ကုန်သွယ်ရေးကို အောင်မြင်အောင် မလုပ်နိုင်ခဲ့တဲ့ စစ်ဗိုလ်လူထွက် ဦးတင်နိုင်သိန်းဖြစ်နေပါတယ် ကုန်သွယ်ရေးမှာ အရေးပါတဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်မှု ၀န်ကြီးဌာန ၀န်ကြီး ဦးဝင်းမြင့် ကြည့်ပြန်တော့လဲ အရပ်သားဖြစ်နေပေမဲ့ ဆယ်တန်းမအောင်တဲ့သူ ဖြစ်နေပါတယ် ဘုရင့်နောင်ကုန်သည်တွေကတော့ ၀န်ကြီး ဦးဝင်းမြင့်ဟာ ၅တန်း၆တန်းလောက်သာရှိသူလို့ အာအက်အေကို ပြောပါတယ်။


ခုလို စစ်ဗိုလ်လူထွက်နဲ့ ပညာရှင်မဟုတ်သူတွေက တိုင်းပြည်ရဲ အရေးပါတဲ့ စီးပွားရေးကို မကိုင်သင့်ဘူးလို့ စီးပွားရေးပညာရှင် ဒေါက်တာမျိုးညွန့်က အာအက်အေကို ပြောပြပါတယ်

အရပ်သားအစိုးရဆိုပေမဲ့ ကျွမ်းကျင်တဲ့ ပညာတတ် အရပ်သားတွေကို တာဝန်ပေးဘို့ မယုံစားတဲ့ သမတဦးသိန်းစိန်အစိုးရအနေနဲ့ စီးပွားရေးကို နိုင်နိုင်နင်းနင်း မလုပ်နိုင်ဘူးလို့ မြင်တဲ့အဖွဲ့အစည်းတွေထဲမှာ လန်ဒန်မြို့ထုတ် နာမယ်ကျော် အီးအိုင်ယူ မဂ္ဂဇင်းနဲ့ အေဒီဘီ အာရှဖွံဖြိုးရေးဘဏ်စတဲ့ နိုင်ငံတကာအဖွဲ့တွေလဲပါဝင်ပါတယ်။

ဒါကြောင့်လဲ သမတ ဦးသိန်းစိန်အစိုးရဟာ စစ်အစိုးရကနေ အရပ်သားအစိုးရလို့ နာမယ်ပြောင်းထားတာ ဖြစ်တဲ့အတွက် အရည်အသွေးရှိတဲ့ စီးပွားရေးပေါ်လစီသစ်တွေ ချမှတ်ရာမှာ လတ်တလော တိုးတက်မှု မရှိနိုင်ဘူးလို့ လန်ဒန်မြို မတ်လထုတ် အီးအိုင်ယူ မဂ္ဂဇင်းကြီးက ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

အလားတူဘဲ မြန်မာနိုင်ငံအနေနဲ့ စွမ်းဆောင်နိုင်စွမ်းရှိသလောက် ပေါက်ရောက်နိုင်ဘို့ဆိုရင် လက်ရှိအရပ်သား သမတ ဦးသိန်းစိန်အစိုးရသစ်အနေနဲ့ စီးပွားရေး ပြုပြင်မှုတွေ အများအပြားလုပ်ရမှာ ဖြစ်တယ်လို့ မကြာခင်က ထုတ်ပြန်တဲ့ အေဒီဘီ အာရှဖွံဖြိုးရေးဘဏ်ရဲ့ အစီရင်ခံစာမှာလဲ ဝေဖန်ထားပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးအလားအလာအပိုင်းကို အေဒီဘီက ခန့်မှန်းရာမှာ မကြာခင်က တက်လာတဲ့ အရပ်သားအစိုးရဘက်ကလဲ စီးပွားရေး ပြုပြင်မှုတွေ မှန်မှန်လုပ်လာမယ်-ရာသီဥတုကလဲ ပုံမှန်အနေအထားရှိမယ်လို့ ယူဆပီး ခန့်မှန်းထားတာဖြစ်ပါတယ်လို့ အေဒီဘီက အစီရင်ခံစာမှာ ၀န်ခံထားပါတယ်။

အရပ်သားအစိုးရသစ်လုပ်ရမဲ့ စီးပွားရေး ပြုပြင်မှုတွေထဲမှာ ရင်းနှီးမြုတ်နှံမှုဆိုင်ရာ အခြေအနေတွေ တိုးတက်အောင်လုပ်ပေးရေး-လူမှုရေးနဲ့ အခြေခံအဆောက်အဦ တိုးချဲ့ရေးအတွက် ငွေရင်းထုတ်ပေးနိုင်တဲ့ အရင်းအမြစ်တွေ လုပ်ကိုင်ပေးရေး-အစိုးရငွေလဲနှုန်းနဲ့ မှောင်ခိုငွေလဲနှုန်းကို ပေါင်းစည်းရေး-ဘဏ္ဍာရေးကဏ္ဍ တိုးတက်အောင် လုပ်ပေးရေး-မတ်ခရိုစီးပွားရေး စီမံခန့်ခွဲလုပ်ကိုင်မှု ခိုင်မာစေရေး-လယ်ယာနဲ့ ကုန်သွယ်ရေးကို လွတ်လပ်ခွင့်ပေးရေးစတဲ့အချက်တွေ ဖြစ်တယ်လို့ အေဒီဘီက အကြံပေးထားပါတယ် ဒီအကြံပေးချက်တွေကို ဦးသိန်းစိန်အစိုးရဘက်က ဘယ်လောက် လိုက်နာနိုင်မလဲဆိုတာလဲ အစိုးရသစ်အတွက် စိန်ခေါ်နေတဲ့ ပြဿနာတွေ ဖြစ်ပါတယ်။

၃နှစ်အတွင်း စီမံကိန်းသစ်တွေ စတင်မလည်ပတ်ခင် ဓါတ်ငွေထုတ်လုပ်မှုက ပုံမှန်အတိုင်း ရှိနေမှာဖြစ်ပေမဲ့ ထိုင်းနိုင်ငံရဲ့ လိုအပ်ချက် ကမ္ဘာ့စွမ်းအင်ဈေးနှုန်းစတဲ့အချက်တွေကြောင့် ဓါတ်ငွေ့ ပြည်ပပို့တဲ့ဈေးက မြင့်တက်လာစရာရှိပါတယ် ဒါပေမဲ့ ဓါတ်ငွေ့ရောင်းလို့ရတဲ့ငွေကို တရားဝင် တဒေါ်လာ ၆ ကျပ်နှုန်းနဲ့ တွက်တဲံ့အတွက် စီးပွားရေးတိုးတက်မှု ဂျီဒီပီကို သိပ်ပီး အထောက်အပံ့ဖြစ်မှာမဟုတ်ဘူးလို့ အေဒီဘီက ယူဆပါတယ် ဒါကြောင့် ဒီအချက်တွေကို ခြုံတွက်ရင် လာမဲ့ ၂ နှစ်အတွင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုက ၅.၅%ထိသာ တိုးနိုင်တယ်လို့ အေဒီဘီက မှန်းပါတယ်။

လာမဲ့ ၂နှစ်အတွင်း မြန်မာနိုင်ငံ ငွေဖောင်းပွမှုကလဲ ပြည်တွင်းလိုအပ်ချက် များလာတဲ့အချက် ကမ္ဘာ့လောင်စာဈေး အစားအစာဈေးတွေ တက်လာမဲ့ အချက်တွေနဲ့အညီ ၈%ထိ တိုးလာမယ်လို့ မှန်းထားပါတယ်။

ဓါတ်ငွေ့ရောင်းရငွေကြောင့် တိုင်းပြည်ရဲ့ အရံနိုင်ငံခြားငွေ တိုးလာစေပေမဲ့ တရားဝင်ငွေလဲနှုန်းကြောင့် စီးပွားရေးတိုးတက်မှု ဂျီဒီပီကို သိပ်ပီး အထောက်အပံ့ဖြစ်မှာမဟုတ်ဘူးလို့ အေဒီဘီက ပြောပါတယ် ဓါတ်ငွေ့ရောင်းရငွေကိုသာ မှောင်ခိုဈေး ငွေလဲနှုန်းနဲ့တွက်ရင် အစိုးရအခွန်တော်ငွေ တက်လာမှာဖြစ်သလို ကျန်းမာရေး ပညာရေး အသုံးစရိတ်တွေလဲ မြင့်တက်လာမှာ ဖြစ်ပါတယ်။

ယူနက်စကိုစတဲ့ ကုလအဖွဲ့အစည်းတွေရဲ့ တွက်ချက်မှုအရ မြန်မာအစိုးရဟာ ပီးခဲ့တဲ့ နှစ်တွေအတွင်း ပညာရေးအတွက် ဂျီဒီပီရဲ့ ၁.၃% သာ သုံးခဲ့ပါတယ်လို့ မကြာခင်က ထုတ်ပြန်တဲ့ မြန်မာနိုင်ငံဆိုင်ရာ လု့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ ကင်တားနားရဲ့ အစီရင်ခံစာမှာလဲ ဖော်ပြထားပါတယ်။

မစ္စတာ ကင်တားနားရဲ့ အစီရင်ခံစာမှာ ဆက်ပြောတာက မြန်မာစစ်အစိုးရ ထုတ်ပြန်ချက်အရ ၂၀၀၂ ခုနှစ်မှာ မူလတန်းပညာရေးအတွက် အသုံးစရိတ်ကို ဂျီဒီပီရဲ့ ၀.၄% သာ သုံးခဲ့တယ်။ အရှေအာရှနဲ့ ပစိဖိတ်နိုင်ငံတွေမှာ ပညာရေးအတွက် ပျမ်းမျှ ဂျီဒီပီရဲံ ၂.၅ % သုံးနိုင်တယ်ဆိုတာတောင် မြန်မာအစိုးရထက် ၃ဆ ပိုပီး ပညာရေးအတွက် သုံးထားတယ်လို့ ကင်တားနားက ထောက်ပြပါတယ်။


သောတရှင်များခင်ဗျား

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ဒုဝန်ကြီးသစ် ဒေါက်တာကံဇော်အနေနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှု ဂျီဒီပီ ရာနှုန်းကို အေဒီဘီ အီးအိုင်ယူတို့ ထောက်ပြသလို ဂဏန်းတလုံးဘဲ အမှန်အတိုင်းတွက်ပေးမလား ဂျီဒီပီကို ဂဏန်း ၂လုံးအမြဲပြခဲ့တဲ့ စစ်အစိုးရ လမ်းစဉ်လိုက်မလားဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ကြောင်းပါခင်ဗျား။

(အာအက်အေ ဦးစိန်ကျော်လှိုင်၏ သုံးသပ်ချက်ကဏ္ဍမှ ကောက်နှုတ်ချက်)

ဒေါင်းမာန်ဟုန်

ဒေါ်အောင်ဆန်းစုကြည် မွန်ပြည်နယ် စည်းရုံးရေးခရီးစဉ်တွင် ဟောပြောမည့်နေရာ သတ်မှတ်

 ဖေဖေါ်ဝါရီ ၂၇၊ ၂၀၁၂ (YPI)
လာမည့် မတ်လ ၁၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ မွန်ပြည်နယ် မဲဆွယ်စည်းရုံးရေး ဟောပြောပွဲကို မော်လမြိုင်မြို့ပေါ် ရှိသံလွင် ဥယျာဉ်တွင် ကျင်းပမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မော်လမြိုင် အောင်နိုင်ရေး ရုံးမှ တာဝန်ရှိသူ ဦးကိုကိုဇော် ကပြောသည်။

“ ဒီနေ့လုပ်တဲ့ အစည်းအဝေးမှာ သံလွင်ဥယျာဉ်မှာလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်၊ မနက်ဖြန်ကျရင် သက်ဆိုင်ရာ ကော်မတီကို ခွင့်ပြုချက်ရဖို့ တင်မယ်၊ မော်လမြိုင်မြို့ပေါ်ပဲ စည်းရုံးရေးဆင်းမှာပါ နယ်ဘက်တော့သွားဖြစ်မှာမဟုတ်ဘူး” ဟု ၎င်းကဆိုသည်။


သံလွင်ဥယျာဉ်ကွင်းမှာ မော်လမြိုင်မြို့ ဘိုကုန်းရပ်တွင် တည်ရှိပြီး အနည်းဆုံး လူဦးရေနှစ်သောင်း၊ သုံးသောင်း ဆန့်သည်ဟုဆိုသည်။


ဒေါ်အောင်ဆန်းစုကြည်မှာ မတ်လ ၁၀ ရက်နေ့ညနေပိုင်းတွင် မော်လမြိုင်မြို့သို့ ဆင်းလာမည်ဖြစ်ပြီး မတ်လ ၁၁ရက်နေ့မနက်ပိုင်းတွင် လူထု စည်းရုံးရေး ဟောပြောပွဲပြုလုပ်မည်ဖြစ်ကာ ညနေပိုင်းတွင် ရန်ကုန်သို့ ပြန်လာမည်ဟု ဆိုသည်။


“ မော်လမြိုင်က လေယာဉ်ခရီးစဉ်အဆင်မပြေဘူး ၊ကျွှန်တော်တို့ ကားနဲ့ပဲသွားမှာပါ “ ဟု အဖွဲ့ချုပ်မှ အောင်နိုင်ရေး ကော်မတီဥက္ကဋ္ဌ ဦးညဏ်ဝင်းကပြောသည်။



မွန်ပြည်နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် သိပံနှင့် နည်းပညာဝန်ကြီး ဦးအေးမြင့် နေရာ၊ပြည်သူ့လွှတ်တော်ကိုယ်စားလောင်း အတွက် လစ်လပ်သည့်နေရာ ၁ နေရာသာရှိသည်။


တက်ရောက်ယှဉ်ပြိုင်ကြမည့်ပါတီများမှာ NLD ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တို့ဖြစ်ကြသည်။

၎င်းတို့ထဲမှ NLD နှင့်မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ မှဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းနှစ်ဦးစလုံး မှာ အမျိုးသမီးရှေ့နေများ ဖြစ်ကြသည်။

NLD ပါတီဘက်မှ ဒေါ်ခင်ဌေးကြွယ်ဖြစ်ပြီး ၊မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီမှ ၀င်ရောက်ယှဉ်ပြိုင်မည့်သူမှာ ဒေါ်မြင့်မြင့်ဝေဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲအတွက် NLD မှ အောင်နိုင်ရေး ရုံးများတိုးချဲ့ဖွင့်လှစ်မှုများ ပြုလုပ်လာသကဲ့သို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှလည်း ယခုအချိန်တွင် စည်းရုံးရေး စတင်လုပ်ဆောင်နေပြီးဟု ပါတီဥက္ကဋ္ဌ နိုင်ငွေသိန်းကပြောသည်။


“ ကျွှန်တော်တို့ကတော့ လမ်းပေါ်မှာတို့ ကွင်းတွေမှာလိုမျိုးတော့ စည်းရုံးရေး မလုပ်ဘူးပေါ့၊ အခုတော့ မွန်ရွာလေးတွေ အချို့ ကိုအိမ်တိုင်ရာရောက် စည်းရုံးရေးဆင်းနေတာ တ၀က်နီးပါးတော့ပြီးနေပြီး၊ အနိုင်အရှုံးကတော့ ပြောရခက်တယ် မွန်ရွာတွေမှာ မွန်ပါတီတွေကို အနိုင်ပေးဖို့ သေချာပေမဲ့ မြို့ပေါ်မှာတော့ သေချာတွက်လို့ မရဘူး” ဟု၎င်းကဆိုသည်။
သုံးခွခရီးစဉ်တွင်မြင်တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကိုယ်ကျ မဲဆွယ်စည်းရုံးရေးလာသည့်အတွက် မွန်ပါတီမှ မဲရရှိဖို့ အဟန့်အတားဖြစ်နိုင်သော်လည်း မိမိတို့ မွန်လူမျိုးကို မိမိတို့ ယုံကြည်ကြောင်း ယခုကြားဖြတ်ရွေးကောက်ပွဲတွင် ပါတီတွေအနေဖြင့်တပါတီနှင့်တပါတီ အပြတ်အသတ်ဖြင့် အနိုင်ရရှိရန် အခက်အခဲရှိကြောင်း ၎င်းကဆက်ပြောသည်။

မော်လမြိုင်မြို့ပေါ် ဒိုင်းဝန်းကွင်းအနီးမှာ နေထိုင်သည့်မွန်ဒေသခံတဦးဖြစ်သူ ဒေါ်လှသောင်းကမူ “ဒေါ်စုကိုလာစေချင်တယ်၊ဒီတခါတော့ NLD ကိုပဲမဲထည့်ဖြစ်မယ် ၊သူတို့က ပိုလုပ်နိုင်မယ်လို့ထင်တယ်” ဟု YPI သို့ပြောသည်။


ဒေါ်အောင်ဆန်းစုကြည်သည် ယခုလတွင် ကော့မှူးခရီးစဉ်၊လှည်းကူးခရီးစဉ် ၊ကချင်ပြည်နယ်ခရီးစဉ် အစရှိသည်တို့ မဲဆွယ်စည်းရုံးရေး အတွက် သွားရောက်ခဲ့ပြီး လာမည့်မတ်လတွင် မော်လမြိုင် ၊မန္တလေး ၊နေပြည်တော်၊ ကလော အစရှိသည့် ခရီစဉ်များသွားရောက်ရန် စီစဉ်ထားရှိသည်။


လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာ ၄၈ နေရာရှိပြီး NLD မှအားလုံး ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ။

Yangon Press International

ယခု ဘဏ္ဍာနှစ်အတွက် မြန်မာတစ်နိုင်ငံလုံး အခွန်ထမ်းစာရင်းမှ အခွန်အရပ်ရပ်အတွက် အများဆုံး ပေးဆောင်သည့် ထိပ်ဆုံးအခွန်ထမ်း ၁၀၀ ဦး စာရင်းအား ထုတ်ပြန်ကြေညာမည်၊ မြန်မာနိုင်ငံတွင် နှစ်စဉ်အခွန်အရပ်ရပ်မှ ကျပ်ဘီလျံ ၁၀၀၀ကျော်သာ ရှိနေ

ယခု ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် အတွက် အခွန်အရပ်ရပ် ပေးသွင်းသူများထဲမှ အများဆုံး ပေးသွင်းသည့် ထိပ်ဆုံးအခွန်ထမ်း ၁၀၀ ဦးအား ထုတ်ပြန်ကြေညာ ပေးသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန၊ ပြည်တွင်း အခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။

၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်က ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးဆောင်ခဲ့သည့် ၁၀ ဦး၊ အမြတ်ခွန် အများဆုံး ပေးဆောင်ခဲ့သည့် ၁၀ ဦးနှင့် ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးတွင် ၀င်ငွေ ခွန်အများဆုံး ပေးဆောင်ခဲ့သည့် အခွန်ထမ်းကုမ္ပဏီ ၁၀ ခုအား အသီးသီး ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

“တစ်နိုင်ငံလုံးမှာ အခွန်အများဆုံး ပေးဆောင်တဲ့ ထိပ်ဆုံး ၁၀ ဦးပဲ အရင်က ထုတ်ပြန်ဖူးတယ်။ အခုနှစ်ကုန်ရင်တော့ ၁၀၀ ဦးအထိ ထုတ်ပြန်သွားဖို့ ရှိတယ်။ သတင်းစာထဲမှာတောင် ထည့်ကြေညာဖို့ အထိ လောလောဆယ် စီစဉ်ထားတယ်”ဟု ပြည်တွင်း အခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

တစ်နိုင်ငံလုံး အခွန်ထမ်းစာရင်း မှ ထိပ်ဆုံး ၁၀၀ ဦးအား စိစစ်ရမည်ဖြစ်၍ ၂၀၁၂ ခုနှစ် မေလရောက်ရှိမှသာ ထုတ်ပြန်နိုင်မည် ဖြစ်ကြောင်း သိရသည်။

ယခင်နှစ်က ထိပ်ဆုံးအခွန်ထမ်း ၁၀ ဦးစာရင်းအား ထုတ်ပြန်ရာတွင် ၀င်ငွေခွန်အများဆုံး ပေးဆောင်သည့် ထိပ်ဆုံး ၁၀ ဦး၌ ဘဏ်နှင့်အရက်၊ စီး ကရက်၊ စားသောက်ကုန် ကုမ္ပဏီများသာ ပါဝင်ကြောင်း၊ အမြတ်ခွန် အများဆုံး ပေးဆောင်သည့် လုပ်ငန်းရှင်များမှာ ငါး၊ လှေလုပ်ငန်းရှင်များသာ ဖြစ်နေကြောင်း၊ ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးဆောင်ခဲ့သည့် ကုမ္ပဏီများထဲတွင် အရက်၊ ဘီယာ၊ စီးကရက် ထုတ်သည့် ကုမ္ပဏီများသာ အများဆုံး ပါဝင်ခဲ့ကြောင်း သိရသည်။

၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်က မြန်မာ တစ်နိုင်ငံလုံး အခွန်အရပ်ရပ် ပေးဆောင်မှုမှာ ကျပ်သန်း ၁၂၂၂၈၅၇ (၁၂၂၂ ဘီလျံကျော်)ရှိကြောင်း ထုတ်ပြန်ထားချက်များအရ သိရသည်။

၂၀၁၀-၂၀၁၁ စည်းကြပ်နှစ်တွင် ၀င်ငွေခွန်အများဆုံး ပေးသွင်းခဲ့သော ထိပ်ဆုံး ၁၀ ဦး ကျပ်(သန်း)




၂၀၁၀-၂၀၁၁ စည်းကြပ်နှစ်တွင် ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးသွင်းခဲ့သော ထိပ်ဆုံး ၁၀ ဦး ကျပ်(သန်း)


နှစ်အလိုက် အခွန်ကောက်ခံရရှိမှု ပမာဏ ကျပ်(သန်း)


Eleven Media Group မှ သတင်း
----------------------------------------------------------------------------------------------------------------
Facebook မှ အထက်ပါသတင်း အပေါ် သုံးသပ်ချက်
Yan Aung
ဦးတေဇ ထူး...

ဦးဇော်ဇော် (Max Myanmar)

ဦးတိုးနိုင်မန်း ဧရာရွှေဝါ

ဦးခင်ရွှေ.. ဇေကမ္ဘာ..

ဦးထွန်းမြင့်နိုင်(စတီဗင်လော) Asia World တရုတ်

ဦးကိုထွေး (တော်ဝင်ဆောက်လုပ်ရေး / တော်ဝင်မိသားစု)

နိုင် Group (ဘင်္ဂလီစီးပွားရေးအုပ်စုများ)

ဦးတင့်ဆန်း (ACE ဆောက်လုပ်ရေး)- လက်ရှိဟိုတယ်ခရီး/အားကစားဝန်ကြီး (ပြည်သူ့လွှတ်တော်ကို ဆောက်လုပ်သူ)

ဦးကျော်ဝင်း (ရွှေသံလွင်ကုမဏီ)

မြန်မာနိုင်ငံ စီးပွားရေးဦးပိုင်လီမိတက်
(၁၀၀ ရာခိုင်နှုန်း တပ်မတော်သားရှယ်ယာပိုင်ဆိုင်မှု)
(စားအုန်းဆီတင်သွင်းမှု၊ ကျောက်စိမ်းကျောက်မျက်လုပ်ငန်း၊ ခရီးသွားလုပ်ငန်းများ(ပါရမီ၊ ရျွေမန်းသူ၊) ကားတင်သွင်းမှုလုပ်ငန်းများ အပါအ၀င် မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းအများစုကို လွှမ်းမိုးချုပ်ကိုင်ထားသော မြန်မာနိုင်ငံတွင် လုပ်ငန်းအများဆုံး ကုမဏီကြီး)

လက်ရှိ မြန်မာနိုင်ငံရဲ့ လုပ်ငန်းကြီးတွေအားလုံးမှာ တကယ်ရင်းနှးမြုပ်နှံပြီး ရပ်တည်ဝင်ငွေကောင်းနေတဲ့ ကုမဏီတွေ တစ်ခုမှ အခွန်ထမ်းစာရင်းထဲမှာ ထိပ်တန်းမရောက်တာ သူတို့တွေကြောင့်လာ.. တာဝန်ရှိသူတွေကြောင့်လားဆိုတာ..နားလည်သူများ ဖြေပေးကြပါ..အဲဒါကြောင့် တိုင်းပြည်ဘဏ္ဍာငွေ များစွာနစ်နာပြီး နိုင်ငံတော်တည်ဆောက်ရေးနဲ့ ပြည်သူတွေအပေါ် အတိုင်းအတာတစ်ခုအထိ အကျေိုးသက်ရောက်ခဲ့တယ်ဆိုတာတော့ ဘယ်သူမှ ငြင်းမရပါဘူး..။
(ခရိုနီကုမ္ပဏီများ အခွန်ထမ်းရန် ဖိအားပေးကြပါစို့..။)

----------------------------------------------------------------------------------------------------------------

NLD ပါတီဝင် စုဆောင်းရေး နှေးကွေးနေ

တရားဝင် နိုင်ငံရေးပါတီ ဖြစ်လာသော်လည်း ပါတီဝင်စုဆောင်းရေး လုပ်ငန်းစဉ်တွင်
နှောင့်နှေးမှုများ ရှိနေသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြောကြားလိုက်သည်။

ယခုနှစ်ဆန်းပိုင်းမှ စ၍ ပါတီဝင်လျှောက်လွှာပေါင်း ၅ သိန်းကျော် ရောင်းချထားရသော်လည်း တကယ်တမ်း ပါတီဝင် လျှောက်လွှာ ၅ သောင်းခန့်သာ လက်ခံရရှိထားကြောင်း၊ ထို့ကြောင့် နိုင်ငံတဝှမ်းရှိ အဖွဲ့ချုပ်ရုံးများ
အနေဖြင့် ပါတီဝင် လျှောက်လွှာများ မြန်မြန် ပြန်ပို့ကြရန် ညွှန်ကြားချက် ထုတ်ပြန်လိုက်ကြောင်း ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဦးအုန်းကြိုင် က မဇ္ဈိမကို ပြောသည်။

“အောင်နိုင်ရေးကိစ္စပဲ ဇောင်းပေးပြီးလုပ်နေတယ်။ ‘အောင်နိုင်ရေး’ မရှိတဲ့ မြို့နယ်တွေကလည်း လျှောက်လွာဖြန့်တဲ့ အလုပ်ကို အေးတိအေးစက် လုပ်နေတော့ ပြန်ရောက်လာမယ့် အချိန် နှောင့်နှေးနေတာပေါ့။ ဒါကြောင့် ဒီနေ့ အဖွဲ့ချုပ်က လျှောက်လွာတွေကို မြန်မြန်ပို့ကြပါလို့ ညွန်ကြားချက် ထပ်ပြီးထုတ်ထားပါတယ်”ဟု ဦးအုန်းကြိုင်က
ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ် ပါတီ စည်းရုံးရေး ခရီးစဉ်တွင် ထောက်ခံအားပေးသည့် လူထုပရိတ်သတ်များကို တွေ့ရစဉ်။ (ဓါတ်ပုံ မဇ္ဈိမ)

ဇန်နဝါရီလ ၉ ရက်နေ့မှ စတင်၍ ပါတီဝင်လျှောက်လွှာ ၁ သန်းကို ပြည်နယ်နှင့် တိုင်း အသီးသီးသို့ စတင်ဖြန့်ဝေ
ရောင်းချခဲ့ရာ ယခုအထိ လျှောက်လွာ ၅ သိန်းကျော် ရောင်းပြီးဖြစ်သော်လည်း ပါတီဌာနချုပ်မှ ပါတီဝင်အဖြစ် လက်ခံရရှိသော လျှောက်လွှာပေါင်း ၅ သောင်းကျော်သာ ရရှိသေးသဖြင့် ၁ဝ ပုံ ၁ ပုံသာ ရရှိထားခြင်း ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲဝင် အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ
မြတ်ဉာဏစိုးကို NLD ပါတီက ပါတီဝင်အဖြစ် မကြာမီက လက်ခံခဲ့သည်။ သို့သော် ၎င်းကဲ့သို့ လူသိရှင်ကြား ပါတီ ဝင်ရန် လျှောက်ထားသည့် လသာမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့် ကိုမူ တရားဝင် အကြောင်းပြန်ခြင်း မရှိသေးပေ။

ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ အထွေထွေ အတွင်းရေးမှူး ဒေါ်နေရီဘဆွေသည်လည်း ဇန်နဝါရီလက မိမိ၏ ပါတီမှ
နုတ်ထွက်၍ NLD ပါတီဝင်အဖြစ် ပြီးခဲ့သည့် သီတင်းပတ်က လျှောက်ထားခဲ့ရာ လက်ခံရေး၊ လက်မခံရေးကို စဉ်းစားနေဆဲ ဖြစ်သည်ဟု ဦးအုန်းကြိုင်က ပြောသည်။

ထို့အပြင် လာမည့် မတ်လ ၈ ရက်နေ့တွင် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၄၈ ဦးနှင့်
အောင်နိုင်ရေး တာဝန်ခံများ ဗဟိုဌာနချုပ်တွင် အစည်းအဝေး ကျင်းပရန် ရှိကြောင်း ဦးအုန်းကြိုင်က ပြောသည်။

ယင်းအစည်းအဝေးတွင် ကိုယ်စားလှယ်လောင်းများ သုံးစွဲမည့် မဲဆွယ်စည်းရုံးရေး အသုံးစာရိတ်များ၊ ရွေးကောက်ပွဲ
အောင်နိုင်ရေး ကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။

ပါတီစည်းရုံးရေးနှင့် ပတ်သက်၍မူ ဒေါ်အောင်ဆန်းစုကြည် ၏ ကချင်ပြည်နယ် စည်းရုံးရေး ခရီးစဉ်မှာ အအောင်မြင်ဆုံး ဖြစ်သည်ဟု တနလာင်္နေ့က ကျင်းပသည့် ဗဟိုကော်မတီ ပုံမှန် စည်းဝေးတွင် သုံးသပ်ခဲ့ကြသည်ဟု ဦးအုန်းကြိုင်က ပြောသည်။

“အရမ်းအောင်မြင်ပါတယ်။ မျှော်လင့်ထားတာထက်ကို အောင်မြင်ပါတယ်။ တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့
တွေ့ဆုံခွင့်ရလို့ စိတ်ကြည်နူးရတယ်။ အရမ်းအားရပါတယ်။ ထားဝယ်၊ မြောင်းမြ၊ ပုသိမ်ခရီးတွေလည်း ကောင်းပါ တယ်။ ဒါပေမယ့် ကချင်ခရီးစဉ်ကတော့ ထိပ်ဆုံးပဲလို့ ကျနော်တို့ သုံးသပ်ကြပါတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

ချင်းမိုင်(မဇ္စျိမ)

အနောက်ကြောင့် တရုတ်နှင့်ဆက်ဆံရေး ထိခိုက်ခံမည်မဟုတ်ဟု ဦးရွှေမန်းပြော

အနောက်နိုင်ငံများမှ မြန်မာနိုင်ငံကို ချဉ်းကပ်မှုများ ရှိလာသော်လည်း တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို အထိခိုက်ခံမည်မဟုတ်ဟု အောက်လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက တရုတ်နိုင်ငံ အမျိုးသား ကွန်ဂရက် ဥက္ကဋ္ဌ မစ္စတာ ဝူဘန်ကိုနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု တနင်္လာနေ့ထုတ် မြန်မာ့အလင်း သတင်းစာ တွင် ဖေါ်ပြပါရှိသည်။

တရုတ်နိုင်ငံသို့ ၅ ရက်ကြာ သွားရောက်ခဲ့သည့် ဦးရွှေမန်း၏ ခရီးစဉ်အတွင်း "အနောက်နိုင်ငံများမှ မြန်မာနိုင်ငံအပေါ် မည်ကဲ့သို့ပင် ပြန်လည်ချဉ်းကပ်မှုလာသော်လည်း မြန်မာနိုင်ငံအနေဖြင့် မိတ်ဆွေဖြစ်သည့် တရုတ်နိုင်ငံနှင့် ပူးပေါင်း
ဆောင်ရွက်မှုများကို မည်သို့မှ ထိခိုက်ခံမည်ဟုတ်ပါကြောင်း၊ နှစ်နိုင်ငံကြား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်း
ဆောင်ရွက်မှု ဆက်ဆံရေးကို ဆက်လက် အလေးထား ဆောင်ရွက်သွားရမည်" ဟု မစ္စတာ ဝူဘန်ကို အား ပြောကြား ခဲ့သည်။

အနောက်နိုင်ငံများမှ မြန်မာနိုင်ငံကို ချဉ်းကပ်မှုများ ရှိလာသော်လည်း တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို အထိခိုက်ခံမည်မဟုတ်ဟု အောက်လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက တရုတ်နိုင်ငံ အမျိုးသား ကွန်ဂရက် ဥက္ကဋ္ဌ မစ္စတာ ဝူဘနကိုနှင့် တွေ့ဆုံစဉ် ပြောကြား (ဓါတ်ပုံ မဇ္ဈိမ)

၂ဝ၁၁ ခုနှစ် နိုဝင်ဘာလအတွင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စစ် ဟီလာရီကလင်တန်၏ ခရီးစဉ်ကို ဦးရွှေမန်းက ရည်ညွှန်းကာ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် မစ္စစ် ဟီလာရီ ကလင်တန်နှင့် တွေ့ဆုံစဉ်အတွင်း သူရ ဦးရွှေမန်း က "မည်သည့်နိုင်ငံ အဖွဲ့အစည်းဖြစ်စေ
မြန်မာပြည်သူပြည်သားများ ဒုက္ခရောက်စေမည့် မူဝါဒများ၊ အစီအမံများ၊ လုပ်ဆောင်ချက်များကို လက်မခံကြောင်း"
ပြောကြားခဲ့သည်ကိုလည်း မစ္စတာ ဝူဘန်ကို အား ပြန်လည်ပြောပြသည်ကို သတင်းစာတွင် ဖေါ်ပြထားသည်။

မစ္စတာ ဝူဘန်ကို ကလည်း အနောက်နိုင်ငံများမှ မြန်မာနိုင်ငံကို စိတ်ဝင်စားမှု များပြားနေသည်ကို သတိပြုမိပြီး နှစ်နိုင်ငံ ဆက်ဆံရာတွင် အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို အပြန်အလှန် လေးစားသွားရမည်ဟု ပြန်လည်ပြောဆိုခဲ့ပြီး တရုတ်
နိုင်ငံ အနေဖြင့်လည်း အနောက်နိုင်ငံများနှင့် ဆက်ဆံရာတွင် မိမိနိုင်ငံ၏ အကျိုးစီးပွားကို အထိခိုက်ခံမည် မဟုတ်ဟု ဦးရွှေမန်းကို ပြန်လည်ပြောဆိုခဲ့သည်။

အနောက်နိုင်ငံများသည် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စများ၊ ရာသီဥတု ပြောင်းလဲမှုများကို အကြောင်းပြကာ စီးပွားရေးလုပ်ငန်းအချို့ကို အနှောက်အယှက် ပြုနေသည်ဟု မစ္စတာဝူဘန်ကို က ပြောသည်။

ထို့အပြင် တရုတ်၊ မြန်မာ အကျိုးတူပူးပေါင်းဆောင်ရွက်ရန်ရှိသည့် ၂ဝ၁၁ စက်တင်ဘာလအတွင်း သမ္မတ ညွှန်ကြား ချက်ဖြင့် ရပ်ဆိုင်းခဲ့သော ကချင်ပြည်နယ် မြစ်ဆုံဆည် စီမံကိန်း ပတ်သက်၍လည်း "မြန်မာနိုင်ငံတွင် မြစ်ဆုံ ရေအား လျှပ်စစ် စီမံကိန်းအား ရပ်ဆိုင်းခဲ့ခြင်းသည် ပြည်တွင်း/ပြည်ပ အခြေအနေများကြောင့်ဖြစ်သည်”ဟု မစ္စတာ ဝူဘန်ကို က ပြောဆိုသည်။

သူရ ဦးရွှေမန်းကလည်း မြစ်ဆုံဆည် စီမံကိန်းကို သင်ခန်းစာယူကာ တရုတ်၊ မြန်မာ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်နေ သည့် စီမံကိန်းများဖြစ်သော ကျောက်ဖြူ ရေနက်ဆိပ်ကမ်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း လုပ်ငန်းများ၊ ကားလမ်းနှင့် မီးရထားလမ်း စီမံကိန်းကြီးများကို အောင်မြင်စွာ အကောင်အထည်ဖေါ်နိုင်ရေးအတွက် ဆက်လက် တာဝန်ယူ ဆောင်ရွက်သွားမည်ဟု ကတိပေးခဲ့သည်။

မစ္စတာ ဝူဘန်ကို က နှစ်နိုင်ငံအကြား လွှတ်တော်အဆင့် ပူးပေါင်းဆောက်ရွက်မှု မြှင့်တင်သွားရန်လိုအပ်ပြီး ကြံ့ခိုင်ရေး ပါတီနှင့် တရုတ် ကွန်မြူနစ်ပါတီတို့ လက်တွဲဆောင်ရွက်နိုင်ရန် နားလည်မှု စာချွန်လွှာများရေးထိုးကာ ပါတီနှစ်ခုကြား အမြင်ဖလှယ်နိုင်ရန် လိုအပ်သည်ကိုလည်း ကြံ့ဖွံ့ပါတီ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ သူရ ဦးရွှေမန်းကို ပြောကြားခဲ့သေးသည်။ ထိုပြောကြားချက်ကို ဦးရွှေမန်း က လက်ခံသဘောတူခဲ့ပြီး လွှတ်တော်အမတ်များ အချင်းချင်း အပြန်အလှန် ဖလှယ်ရေး အစီအစဉ်ကိုလည်း လက်ခံခဲ့သည်။

ဦးရွှေမန်းက တရုတ်နှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန်လိုအပ်ပြီး မြန်မာနိုင်ငံကို သိပ္ပံနှင့် နည်းပညာ တိုးမြှင့်သွားနိုင်ရေးအတွက် တရုတ်နိုင်ငံက ကူညီပေးရန် မစ္စတာ ဝူဘန်ကို အား ပြောကြားခဲ့သည်။

အောက်လွှတ်တော် ဥက္ကဋ္ဌဖြစ်သူ ဦးရွှေမန်းက မြန်မာနိုင်ငံတွင် ပြည်ထောင်စုလွှတ်တော် ကျင်းပနေပြီး မြန်မာနိုင်ငံ၏ အနာဂတ်အတွက် အရေးကြီးသော ကိစ္စရပ်များ ဆွေးနွေးနေသော်လည်း တရုတ်အမျိုးသား ကွန်ဂရက် ဥက္ကဋ္ဌ၏ ဖိတ်ကြားမှုကြောင့် နှစ်နိုင်ငံဆက်ဆံရေးကို အလေးထားသဖြင့် လာရောက်ရခြင်းဖြစ်သည်ဟုလည်း မစ္စတာ ဝူဘန်ကို အား ပြောကြားခဲ့သည်။

ဦးရွှေမန်းနှင့်အတူ အောက်လွှတ်တော် ရေးရာကော်မတီ ဥက္ကဋ္ဌများဖြစ်သည့် ဦးသိန်းဇော်၊ ဦးလှမြင့်ဦး၊ သူရဦးအောင်ကို၊
ဦးမောင်မောင်ဆွေနှင့် ဦးကြည်မင်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးစိန်တင်ဝင်းနှင့် ဦးဆန်းဆင့် တို့လည်း လိုက်ပါသွားကြပြီး မစ္စတာဝူဘန်ကို အပြင် အခြား တရုတ်ခေါင်းဆောင်များနှင့်လည်း ဆွေးနွေးခဲ့သေးသည်။

ချင်းမိုင် (မဇ္ဈိမ)

ရတနာပုံ Web Portal ဌာနကြီးမှူး၏ အာဏာသုံး ခြိမ်းခြောက်မှု သမ္မတထံ တိုင်မည်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် အခြေစိုက် သတင်းနှင့် ဆက်သွယ်ရေး ဝန်ဆောင်မှုများ
ပြုလုပ်ပေးနေသော ရတနာပုံ Web Portal ၏ ဌာနကြီးမှူး ဗိုလ်မှူးကြီးဟောင်း ဦးမျိုးညွှန့်အောင် ကို အောက်ခြေ ဝန်ထမ်းများအား အတင်းအားဓမ္မ အလုပ်ပြောင်းရွှေ့မှု၊ အာဏာသုံး ခြိမ်းခြောက်မှုတို့ဖြင့် သမ္မတ ဦးသိန်းစိန်ထံ တိုင်တန်းရန် ဝန်ထမ်း ၈၀ ကျော်က ပြင်ဆင်နေကြသည်။

ရတနာပုံ Web Portal နှင့် လုပ်ငန်းခွဲ ဆိုလာစက်ရုံတို့တွင် ဌာနကြီးမှူး တာဝန် ယူထားသူ ဦးမျိုးညွှန့်အောင် က Web Portal တွင် လုပ်ကိုင်နေသော ဝန်ထမ်းအချို့၏ ဆန္ဒကို မေးမြန်းခြင်းမရှိဘဲ ဆိုလာစက်ရုံသို့ အတင်းအားဓမ္မ
ပြောင်းရွှေ့ လုပ်ခိုင်းစေခြင်း နှင့် ဝန်ထမ်းများအား အာဏာသုံး၍ ကြိမ်းမောင်းဆဲဆိုခြင်းများ ပြုလုပ်ခဲ့သည်ဟု ကာယကံရှင် ဝန်ထမ်းများက ပြောသည်။

ထိုအကြောင်းအရာနှင့် ပတ်သက်၍ ရတနာပုံ Web Portal ဝန်ထမ်းများက စုပေါင်းဆန္ဒထုတ်ဖေါ် လက်မှတ်ထိုးထား ပြီး တနင်္လာ နေ့က ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် ရန်ကုန်တယ်လီပို့ရုံးများသို့ တင်ပို့ထားပြီးဖြစ်သလို သမ္မတ ဦးသိန်းစိန် ထံသို့လည်း ပို့သွား ရန်ပြင်ဆင်နေကြကြောင်း ကာယကံရှင်များက ပြောသည်။ ရတနာပုံ Web Portal တွင် ဝန်ထမ်း စုစုပေါင်း ၈၇ ဦး ရှိကြောင်း သိရသည်။

“ကျနော်တို့က သမ္မတကြီးဆီကို တင်ဖို့အတွက် ဝန်ထမ်း ၈ဝ ကျော်ကို လက်မှတ်ထိုး စားရင်းကောက်ပြီးသွားပြီ။ အဓိကကတော့ ကျနော်တို့ကို အာဏာရှင်လိုမျိုး မခိုင်းဖို့ပဲ။ ဝန်ထမ်းတွေကို ဘယ်ကိုပြောင်းရမယ်၊ ဘာလုပ်ရမယ် ဆိုတာ တရားဝင်အကြောင်း ကြားခြင်းမရှိဘဲနဲ့ သူ့ဆီမှာ အလုပ်လုပ်နေတဲ့လူတွေကို လုပ်ဆိုလုပ်၊ မလုပ်လို့ မရဘူး
ဆိုတဲ့ ပုံစံနဲ့ လုပ်သွားတာ” ဟု ရတနာပုံ Web Portal ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။

ဖေဖေါ်ဝါရီ ၂၄ ရက်နေ့က ဦးမျိုးညွှန့်မောင် က ရတနာပုံ Web Portal သို့ ရောက်ရှိလာပြီး ၎င်း၏ အာဏာဖြင့် ဌာန
နှစ်ခုလုံးကို မည်ကဲ့သို့ အုပ်ချုပ်နိုင်ကြောင်း ဝန်ထမ်းအားလုံး ကြိမ်းမောင်းမှုများပြုလုပ်ကာ ဝန်ထမ်း ၈ဝ ကျော်အနက်မှ ၁၇ ဦး ကို ဆိုလာ စက်ရုံသို့ ပြောင်းရွှေ့လုပ်ကိုင်ရန်ညွှန်ကြားခဲ့ကြောင်း ကာယကံရှင်များက ပြောသည်။

“ဒီမှာကတော့ စ စာချုပ်ကတည်းက Web Portal မှာ နည်းပညာနဲ့ ပတ်သက်တဲ့ အလုပ်တွေ လုပ်ဖို့ ချုပ်ထားကြတာ။ ဆိုလာ စက်ရုံမှာ အလုပ်ကြမ်းလုပ်ဖို့ မပါဘူး။ အခုဟာက ကျနော်တို့ကို ခန့်ထားတဲ့အလုပ်နဲ့ ဟိုအလုပ်ကြမ်းနဲ့က အရမ်းကွာတော့ ဘယ်သူမှ မသွားချင်ကြဘူး” ဟု ကာယကံရှင် ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။

ထိုအကြောင်းအရာများနှင့် ပတ်သက်၍ ဦးမျိုးမြင့်အောင် အား မဇ္ဈိမက တိုက်ရိုတ် ဆက်သွယ်မေးမြန်နိုင်ရန် ကြိုးစားခဲ့
သော်လည်း ဆက်သွယ် မရခဲ့ပေ။ သို့သော် ဝန်ထမ်းများ အလုပ်ရွှေ့ပြောင်းခြင်းမပြုလုပ်ရန်ကိစ္စအား ရတနာပုံ တယ်လီပို့ ဌာနဆိုင်ရာ အကြီးအကဲများအကြား ဆွေးနွေးမှုများပြုလုပ်လျက်ရှိကြောင်း ဦးမျိုးမြင့်အောင် နှင့် နီးစပ်သည့် တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

စနေနေ့က ဆိုလာစက်ရုံသို့ ပြောင်းရွှေ့အလုပ်လုပ်ရန် ရွေးထားသူများကို ဦးမျိုးညွှန့်အောင်က သူ၏ ရုံးခန်းသို့ ထပ်မံ
ခေါ်ယူကာ တနင်္လာနေ့တွင် ဆိုလာစက်ရုံ၌ အလုပ်ဆင်းကြရမည်ဖြစ်ကြောင်း ပြောဆိုပြီး အလုပ်မဆင်းနိုင်သူများ အနေဖြင့် အလုပ်ထွက် လက်မှတ်ထိုးဖို့ ဖိအားပေး ခြိမ်းခြောက်သည်ဟု သွားရောက်တွေ့ဆုံခဲ့သည့် ဝန်ထမ်းများ အပြောအရ သိရသည်။

သွားရောက်တွေ့ဆုံခဲ့သည့် ဝန်ထမ်းများက Web Portal တွင် လုပ်ကိုင်ရသည့် လုပ်ငန်းနှင့် ဆိုလာစက်ရုံတွင် လုပ်ကိုင်ရမည့် လုပ်ငန်းမှာ ကွဲလွဲနေကြာင်း ဝန်ထမ်းများက ထောက်ပြပြောဆိုရာတွင် ဦးမျိုးမြင့်အောင် က
“လူပါးမဝနဲ့ ငါ့လက်ညိုး ကွေးလိုက်ရင် ဘာဖြစ်မလဲ သိလား။ နင်တို့မျက်နှာနဲ့ ငါ့လက်ဖဝါး ဘယ်ဟာကကြီးလဲ။ ဘယ်သူ စမ်းချင်လဲ။ ငါခိုင်းတာလုပ်။ ဘာမှ ပြန်မမေးနဲ့” ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း တွေ့ဆုံခဲ့သည့် ဝန်ထမ်းတဦးက မဇ္စိျမကို ပြောသည်။

ရတနာပုံ Web Portal တွင် ပြည်တွင်း သတင်းများကို အဓိက ရေးသားဖေါ်ပြလျက်ရှိပြီး နိုင်ငံတကာ ရေးရာ သတင်း များအပြင် အားကစားကဏ္ဍ၊ ဖျော်ဖြေရေး၊ နည်းပညာ၊ စီးပွားရေးနှင့် နေထိုင်မှုဘဝ ကဏ္ဍများကို ဖေါ်ပြပေးလျက် ရှိသည်။ ယင်း Web Portal ကို ၂ဝ၁ဝ နှစ်ကုန်ပိုင်းက ဖွင့်လှစ်ခဲ့ပြီး စစ်တပ်အရာရှိဟောင်းများက ဦးစီး လုပ်ကိုင်
နေလျက်ရှိကြောင်း သိရသည်

ချင်းမိုင် (မဇ္ဈိမ)

ကချင်အမျိုးသမီး ဒေါ်ရွယ်ဂျာကို ဖမ်းဆီးထားခြင်း မရှိဟု မပခ ငြင်းဆို

ချင်းမိုင်(မဇ္စျိမ) ။ ။ တဖက်မှ စွပ်စွဲထားသည့်အတိုင်း ကချင်အမျိုးသမီး ဒေါ်ဆွမ်းလွတ် ရွယ်ဂျာကို ဖမ်းဆီးထား
ခြင်း မရှိကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ)မှ နေပြည်တော် ပြည်ထောင်စု လွှတ်တော်တရားရုံးသို့
ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့က လျှောက်လဲခဲ့သည်ဟု သိရသည်။

မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲ ခိုင်ဗန်ကျေးရွာမှ ကလေးတဦး မိခင် ဒေါ်ရွယ်ဂျာ၏ အဖြစ်မျိုး မရှိကြောင်း မပခ လက်အောက်ခံ ခမရ ၃၂၁ နှင့် ခလရ ၃၇ တို့မှ ဗိုလ်ကြီးတဦးနှင့် ဗိုလ်မှူးတဦးတို့က ထိုသို့ လျှောက်လဲချက်ပေးခဲ့ခြင်း
ဖြစ်ကြောင်း ဒေါ်ရွယ်ရဂျာ၏ ရှေ့နေ ဦးမားခါး က မဇ္ဈိမကို ပြောသည်။

“ဒေါ်ရွယ်ဂျာကိစ္စနဲ့ ပတ်သက်လို့ သတင်းတွေ ထွက်ပေါ်လာမှ သူတို့သိတယ်။ အရင်တုန်းက သူတို့ကို လာပြီး တိုင်ကြားတာ မရှိသေးဘူး။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကနေ ခုံအဖွဲ့ဖွဲ့ပြီးတော့ စုံစမ်းစစ်ဆေးတယ်။ ဒါပေမယ့် မပခ ကနေ အဲဒီလိုအဖြစ်အပျက်မျိုး မရှိဖူးဘူး၊ မရှိဘူးဆိုပြီး စစ်တပ်ဘက်က လျှောက်လဲချက်ပေးတယ်”ဟု ပြောသည်။

ထိုနေ့ရုံးချိန်းသို့ ခမရ ၃၂၁ မှ ဗိုလ်ကြီးကျော်ကျော်ဌေးနှင့် ခလရ ၃၇ မှ ဗိုလ်မှူးဇေယျာအောင်တို့ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ကြောင်း သိရသည်။

ရွယ်ဂျာ အား မပခ လက်အောက်ခံ ခမရ ၃၂၁ လွယ်ဂျယ်တပ်စခန်းမှ ဥပဒေမဲ့ လေးလကြာ ဖမ်းဆီးထားသည့်အပေါ် ခင်ပွန်းဖြစ်သူ ဇောင်းခေါင် က သက်ဆိုင်ရာ တပ်ရင်းများအား တရားစွဲဆိုထားခြင်း ဖြစ်သည်။

“ကျနော်တို့ဘက်က ပြန်လျှောက်လဲတာက အဲဒီလို မဖမ်းဆီးဘူးဆိုပြီး ဆုံးဖြတ်ချက် ချမယ်ဆိုရင် ကျနော်တို့ဘက်က အရမ်းနစ်နာတယ်။ တကယ် ဖမ်းဆီးတယ်။ မဖမ်းဆီးဘူးဆိုတာ ခုံဖွဲ့ပြီးတော့ စစ်ဆေးပေးဖို့၊ ဖမ်းဆီးခံရတဲ့လူကို လွှတ်ပေးဖို့ တရားရုံးကနေ အမိန့်ထုတ်ပေးဖို့ လျှောက်လဲခဲ့ပါတယ်”ဟု ဦးမားခါး က မဇ္စျိမကို ပြောသည်။

လာမည့် ရက်သတ္တပတ်အတွင်း တရားရုံးက အမိန့်ချဖွယ်ရှိပြီး ဒေါ်ရွယ်ဂျားအား အဖမ်းခံရခြင်း ရှိ၊ မရှိကို စစ်ဆေးရာ တွင် စစ်တပ်ဘက်မှ ဖမ်းဆီးခဲ့ခြင်းမရှိကြောင်း အမိန့်ချမှတ်ပါက အမှုပိတ်သွားနိုင်သော်လည်း တရားဥပဒေအရ ဆက်လက် လုပ်ဆောင်သွားမည်ဟု ရှေ့နေ ဦးမားခါး က ပြောသည်။

ဒေါ်ရွယ်ဂျားအား ၂ဝ၁၁ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့က သူ၏ ခင်ပွန်းနှင့် ဖခင်တို့နှင့်အတူ တောင်ယာသို့ အသွားတွင် အစိုးရ၏ ခမရ ၃၂၁ မှ တပ်ဖွဲ့များက ဖမ်းဆီးခဲ့သည်။ ခင်ပွန်းနှင့်ဖခင် နှစ်ဦးမှာ ထွက်ပြေး လွတ်မြောက် သွားခဲ့သည်။

၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ နေပြည်တော် တရားလွှတ်တော်ရုံးသို့ လျှောက်ထားရာမှ ဖေဖေါ်ဝါရီလ ၉ ရက်နေ့တွင် စတင်ကြားနာစစ်ဆေးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဒေါ်ရွယ်ဂျားနှင့်အတူ အမှုတွဲ ခလရ ၃၇ မှ ဖမ်းဆီးထားသော တာလောကြီးကျေးရွာမှ ကချင်အမျိုးသား ကိုဇော်ဆိုင်းနှင့် ကိုဘရန်ဆိုင်းတို့ကိုလည်း လုံခြုံရေးအရ ဖမ်းဆီးထားခြင်း ဖြစ်သည်ဟု အစိုးရဘက်မှ ကိုယ်စားလှယ် များက လျှောက်ထားခဲ့သည်ဟု ရှေ့နေ ဦးမာခါးက ပြောသည်။

၎င်းတို့နှစ်ဦးကို ဖေဖော်ဝါရီလ ၁ ရက်နေ့ကစ၍ ခြောက်ရက်ကြာ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ - စရဖ မှ စစ်ဆေး ပြီးနောက် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် မြစ်ကြီးနားမြို့ ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးလိုက်ပြီး မတရားအသင်း ပုဒ်မ ၁၇(၁) ဖြင့် တရားစွဲဆိုခြင်း ခံထားရကြောင်း ရှေ့နေ ဦးမာခါးက ပြောသည်။

ချင်းမိုင်(မဇ္စျိမ)

လယ်သမားအရေး ဆောင်ရွက်သူ မစုစုနွေးနှင့် တွေ့ဆုံမေးမြန်းခြင်း


(အလုပ်သမား လယ်သမားအရေးကို တစိုက်မတ်မတ်ဆောင်ရွက်နေသူ၊ ကိုယ်တိုင်လည်း လယ်သမားသားသမီးတယောက်ဖြစ်ကာ မြန်မာနိုင်ငံရဲ့ လယ်ယာမြေလုပ်ငန်းမှာ တတ်နိုင်သလောက် လယ်သမားများရှေ့မှ ရပ်တည်ခဲ့သူ ယခင် ကော့မှူးမြို့နယ် အန်အယ်လ်ဒီ ပါတီဝင် မစုစုနွေးနဲ့ သူမလက်ရှိ ကွင်းဆင်းဆောင်ရွက်ပေးနေတဲ့ မွန်ပြည်နယ် ကျိုက်ထို မြို့နယ်အတွင်းက လယ်ယာမြေ အရေးအကြောင်းတွေကို ၀ိုင်ပီအိုင်မှ တွေ့ဆုံမေးမြန်းခဲ့ပါသည်။)

YPI…အမဆင်းခဲ့တဲ့ကျိုက်ထိုမြို့နယ်က နယ်သမားတွေရဲ့ အခြေအနေကို ပြောပြပေးပါလား။

ကျိုက်ထိုမြို့နယ်၊ ကောလင်းကျေးရွာမှာ လယ်သမားတွေက စစ်တောင်းမြစ်ဝှမ်း မြေကသောင်ထွန်းပြီး သောင်မြေကြီး ဖြစ်နေတဲ့ ဒီ မြေယာကြီးကို နေရာချထားပေးဖို့ အတွက် အစိုးရကိုစာတင်တယ်။ လယ်သမားတွေ စာတင်တဲ့အခါမှာ မြေယာလယ်မရှိဘဲ လုပ်ကိုင်စားသောက်ပြီး ဒုက္ခရောက်နေတဲ့ အိမ်ထောင်စု နာမည်တွေကို စာရင်းနဲ့တင်လိုက်တယ်။ အဲဒီအခါမှာ နိုင်ငံတော်ကနေ နေရာချပေးတယ် ။နာမည် စာရင်းပေါက် ထွက်လာတယ်။ အဲဒီက ရပ်မိရပ်ဖတွေက နာမည်စာရင်းထွက်လာတဲ့သူတွေကို မချပေးဘဲနဲ့ နာမည်စာရင်းမှာမပါတဲ့ သူတို့မိသားစုတွေ၊ သူတို့ရုံးက ဝန်ထမ်းတွေ၊ မြေစာရင်းရုံးက ဝန်ထမ်းတွေ တခြားရွာက အိမ်ထောင်စုစာရင်းတွေကို နေရာချပေးတယ်။

အဲဒီမှာလည်း လယ်ယာမြေဥပဒေဆိုတာ အိမ်ထောင်စုတစ်စုကို တစ်ကွက်ပဲချပေးရမယ်ဆိုတာရှိ တယ်။ သူတို့က အိမ်ထောင်စုတစ်စုမှာ ၅ယောက်၊၇ယောက်၊ ၈ယောက်ရှိရင် ရှိတဲ့လူဦးရေးအတိုင်းကို ချပေးတယ်။ဥပမာ ၅ယောက်ရှိရင် ၅ကွက်ရတယ်။ နိုင်ငံတော်ကချပေးတဲ့ နာမည်ပေါက် လယ်သမားတွေက လယ်မရဘူး ။ လယ်သမားတွေအတွက် တရားမျှတမှု မရှိဘူး ။လယ်သမားတွေကလည်း နိင်ငံတော် သမ္မကြီးဆီကို လည်းစာတင်ထားတယ်။ NLD ရုံးကိုလည်း စာတင်ထားတယ်၊ လူ့အခွင့်ရေးရုံးတွေကိုလည်း စာတင်ထားပါတယ်။



သူတို့စပြီးတောင်းဆိုတဲ့အချိန်မှာ ကျွန်မကထောင်ထဲမှာပဲရှိသေးတယ်။ ကျမထောင်ကလွတ်လာတဲ့အချိန်မှာ သူတို့ကို လယ်သမားကိစ္စတွေကို လုပ်ပေးနိုင်တဲ့ စုစုနွေးရှိတယ် သူဆီကိုထပ်သွားပြီး တင်ပြပါဆိုလို့ ကျမဆီကို ရောက်လာတာပါ။ ကျမဆီကိုရောက်လာတာက လယ်သမားတွေမဟုတ်ဘူး။ လယ်သမားတွေဘက်က လုပ်ပေးပြီး ကာကွယ်ပေးနေတဲ့ လူတွေကရောက်လာတာ။ ကျမတို့က အလုပ်လုပ်တဲ့ အခါမှာ လယ်သမားတွေနဲ့ပဲ စကားပြောချင်တယ်။ သူတို့ကိုပဲမေးပြီးတော့ ဒါကမှားတယ်၊ ဒါကတော့မှန်တယ်၊ တရားမျှတမှုရှိတယ်၊ မရှိဘူးဆိုတာ ကျမတို့က ကြည့်ပြီးတော့ဆက်လက်၍ ဆောင်ရွက်ပေးဖို့ ဆိုတာရှိတယ်။ ဒါကြောင့် ကျိုက်ထိုမြို့နယ်၊ ကောလင်းကျေးရွာထိလိုက်သွားခဲ့တာပါ။

မစုစုနွေး (မူပိုင်-YPI)

လယ်သမားတွေနဲ့စကားပြောကြည့်ခဲ့တယ်။ အဲဒီအခါမှာ အရမ်းကိုစိတ်မကောင်းဖြစ်မိပါ တယ်။ ကောလင်းကျေးရွာမှာရှိတဲ့တောင်သူလယ်သမားဦးကြီးတွေက ကျမတို့ကိုလည်း တွေ့ရော သူတို့မှာ ကယ်သူမဲ့နေရပါတယ်၊ ဘယ်သူ့ကို အဖေခေါ်ရမှန်း မသိဘဲဖြစ်နေရ ပါတယ်။ သူတို့ရဲ့ဘဝကြီးက မှန်နေရဲ့သားနဲ့ နိုင်ငံတော်ကိုတင်ပြပေမဲ့ နိုင်ငံတော်က အရေးယူဆောင်ရွက်ပေးတာမရှိဘူး။ တရားမျှတစွာ သူတို့ကို လယ်ယာမြေချထားပေးမှု မရှိတဲ့အတွက် ဘယ်သူ့ကို အဖေခေါ်ရမှန်း မသိဘဲ၊ ကယ်သူမဲ့နေတဲ့ ဘဝဖြစ်နေတယ်ဆို ပြီး ကျမကိုပြောပြပြီးငိုကြတယ်။

ကျမလည်းလယ်သမားတွေအတွက်တော်တော်ကို စိတ်မကောင်းဖြစ်မိတယ်။ ယောကျာ်းကြီးတွေတန်မဲ့ မျက်ရည်တွေ ပိုပိုပေါက်ပေါက်ကြ ပြီးပေါက်ကွဲနေကြတယ်။



YPI…လယ်သမားတစ်ယောက်အတွက် လယ်ယာမြေဘယ်လောက်အထိအရေး ကြီးသလဲဆိုတာ ဘယ်လိုပုံဖော်ပြီးတွေ့ခဲ့သလဲ။

ကျမကိုယ်တိုင်က လယ်သမားရဲ့သမီးဖြစ်နေတဲ့အတွက် လယ်သမားရဲ့ ဘဝတွက် ဘယ်လောက်အရေးကြီးသလဲဆိုတော့ လယ်ယာမြေကိုလုပ်ကိုင် စားသောက်နေရတဲ့ လယ်သမားတစ်ဦးဟာ စားရေး၊ သောက်ရေး၊ နေရေး၊ ထိုင်ရေး၊ ပညာရေး၊ ကျန်းမာရေး အားလုံုံးက လယ်ယာမြေပေါ်မှာ အမှီပြုပြီး လုပ်ကိုင်စားသောက်နေရတဲ့ အတွက် ဒီလယ်မြေမရှိတော့ဘူး၊ လယ်ယာမြေမှာ မလုပ်ကိုင်မစားသောက်ရတော့ဘူးဆို တော့ ဒီလယ်သမားတွေက စားရေး၊ သောက်ရေး၊ နေရေး၊ ထိုင်ရေး၊ ကျန်းမာရေး၊ ပညာရေး တို့ကို ဆုံးရှုံးသွားတယ်။ လယ်ယာမြေသိမ်းပိုက်ခံရတာတို့ အခွင့်ရေးဆုံးရှုံးတာတို့ ဆိုရင် လယ်သမားတွေ ဘဝ ပျက်သွားတဲ့အထိကို သူတို့နစ်နာပါတယ်။



YPI…လယ်လုပ်သူလယ်ပိုင်ရမည်ဆိုတဲ့ ဥပဒေက ဒီနှစ်မှာ အကြုံးမဝင်တော့ဘူးလား။

ကျမတို့မှာ ဥပဒေသစ်ပြဋ္ဌာန်းတာတော့ မထွက်သေးဘူး။ လယ်လုပ်သူလယ်ယာပိုင် ဆိုင်ခွင့်ရှိမှသာ ဒီလယ်သမားတွေရဲ့ ဘဝကိုမြှင့်တင်နိုင်မယ်။ လယ်လုပ်တဲ့လယ်သမား တွေက လယ်ယာမြေကိုပိုင်ဆိုင်ခွင့်မရှိဘူးဆိုရင် လယ်သမားတွေက ဒီလယ်ယာမြေ ကိုအမှီပြုရင်းစားသောက်နေရတဲ့ သူတို့မှာ အလုပ်လည်းမရှိတော့ဘူး။ အဲဒီအတွက် ကျမတို့လို လယ်သမားမိသားစုတွေ ဒုက္ခရောက်နိုင်တယ်။ လယ်လုပ်သူလယ်ယာမြေ ပိုင်ဆိုင်ခွင့်ရှိမှသာ လယ်ယာကိုလုပ်ကိုင်စားသောက်မှသာ လယ်သမားတွေ အဆင်ပြေ မယ်လို့ ကျမယုံကြည်ထားတယ်။



YPI….ကျွန်တော်တို့ ဘိုးဘွား တွေမှာ လယ်ပိုင်တွေရှိတယ်။ သူတို့ကိုယ်တိုင် မလုပ်နိုင်တော့ လုပ်နိုင်တဲ့သူ ဆွေမျိုးတွေကို လွှဲပေးရတယ်။ အဲဒီတုန်းက အခြေအနေနဲ့ အခုလက်ရှိ အခြေအနေတွေက မတူတာကို တွေ့နေရတာပေါ့နော။ ဒီဘက်မှာကျတော့ ဘာလို့ မတရားသိမ်းရတာတွေ ဖြစ်ရတာလဲ။

ကျမတို့ဆီတက်လာတဲ့ အမှုတွေကို ပြောရမယ်ဆိုရင် နှစ်လုံး၊ သုံးလုံး တွေ ပေါ်လာတဲ့ အချိန်မှာ သူတို့က ဒီနှစ်လုံး၊ သုံးလုံးတွေကို ထိုးကြတယ် ။ ထိုးရင်ထိုးရင်နဲ့ အကြွေးတွေက များသထက်များလာတယ်။ ဆယ်သိန်း၊ သိန်းနှစ်ဆယ်တို့ဖြစ်လာတယ်။ ဒီအခါမှာ လယ်ယာမြေကိုထိုးစပ်ရတာတွေရှိတယ်။ တချို့က ကျောင်းသားတွေကျောင်း ထားတဲ့အခါမှ တက္ကသိုလ်တွေ ဘာတွေတက်ဆိုတော့ လယ်ယာမြေက တစ်နှစ်ထက်တစ်နှစ် ဆုပ်သွားတယ်။ အဲဒီ အခါမှာ လယ်ယာမြေကို အမှီပြုရတဲု့ လယ်သမားတွေမှာ ကျောင်းစရိတ်တွေများတဲ့အတွက် အတိုးနဲ့ ငွေချေးရတယ်။ တစ်ဆယ်၊ တစ်ငါးကျပ်တိုးတို့နဲ့ ယူရတယ်။ ယူရင်းယူရင်းနဲ့ အတိုးထဲမှာ နစ်သထက်နစ် ပြီး နောက်ဆုံးမှာ လယ်ယာမြေကို ထိုးဆပ် လိုက်ရတာတွေ လည်းရှိတယ်။ တချို့က စစ်တပ်က သိမ်းလိုက်တာရှိတယ်။ ဒါအပြင် အမွေ၊ ပိုင်ဆိုင်ခွင့်၊ ယောကျာ်းကသေသွား ရင် မိန်မက ယောကျာ်းရဲ့ လယ်ယာမြေကို ရယူပိုင်ခွင့် ရှိတယ်။ ဒါကို ယောကျာ်းဖက်က အမေ၊အဖေက ဒီလယ်ယာမြေကို အမေကသူ့သားကို သူ့နာမည်ပေါက်နဲ့ပေးထားတဲ့အတွက် မိန်းမမဆိုင်ဘူးဆိုပြီး ပြန်လုတာရှိတယ်။စစ်တပ်က လယ်မြေသိမ်းတာတွေလည်း တွေ့ရပါတယ်။ဒါတွေက ကျမတို့လုပ်ပေးခဲ့ရတဲ့ အတွေ့ကြုံပါ။

YPI…ခုဒီကိစ္စတွေထဲမှာ ဘယ်ကိစ္စကို တွေ့ရတာအများဆုံးလည်း။

စစ်တပ်က လယ်ယာမြေသိမ်းတာက များပါတယ်။

YPI… စစ်တပ်ကသိမ်းတယ်ဆိုတော့ လယ်သမားတွေကိုဘာမျှပြန်မပေးဘူးလား။ အဲဒါကိုဘယ်လို အစ်မတို့ဘက်က ဘယ်လိုဖြေရှင်းသလဲ။

မပေးပါဘူး။ သူတို့က လယ်သမားတွေကို သီးစားနဲ့ ပြန်လုပ်ဆိုပြီးတော့ ခိုင်တယ်။ လယ်သမားတွေကို တစ်နှစ်ဆိုရင် ဘယ်နှစ်တင်း ၊ တစ်ဧကကို ဘယ်နှတင်း နှုန်းပေးဆို ပြီးလုပ်ခိုင်းတယ်။ နောက်ပိုင်းမှာ လယ်သမားတွေက လယ်ယာမြေကို ပိုင်ဆိုင်ခွင့်ရှိတာ ကိုသိသွားတယ်။ အဲဒီ အခါကျမှ လယ်သမားတွေကလည်း ဒါငါတို့ပိုင်တဲ့မြေ၊ သူတို့ကလည်း သူတို့ပိုင်တဲ့လယ်ဆိုပြီး ပဋ္ဋိပက္ခတွေ ဖြစ်ကြတယ်။ ကျမတို့က ဘာကိုပြန်ကြည့်ရသလဲဆိုရင် ဘိုး၊ ဘွား စဉ်ဆက် ထွက်ထားတဲ့ မြေစာရင်းပေါက် ပြေစာကိုပြန်ကြည့်ပေးရတယ်။ ကျမတို့ဆီလာတဲ့ အခါမှာ ပြေစာရယ်၊ မြေစာရင်းပေါက်တွင် ပါတဲ့တံဆိပ်တုံးတို့ စာအုပ်တို့ကို တောင်းတယ်။ ဒီလယ်ယာမြေကို ဘယ်တုန်းက ပိုင်ဆိုင်တာလည်း၊ ဘယ်ခုနှစ်ကလည်း ။ နှစ်များတဲ့ လူကို ဦးစားပေးပြီးတော့ ဆောင်ရွက်တယ်။ နှစ်များတဲ့လူက ဒီလယ်ယာမြေရဲ့ ပိုင်ဆိုင်သူ အစစ်မှန်ဖြစ်တယ်။ ကျမတို့က စာတင်မဟုတ်ဘူး သိမ်းခံရတဲ့ လယ်ယာမြေ ထိ ဆင်းသွားတယ်။ လယ်နီးစပ်ချုပ်မှာရှိတဲ့ သူတွေကို အကုန်းမေးတယ်။ ဒီလူရဲ့ အစစ်မှန်မြေလား၊ ဒီလူက မတရားသိမ်းထားတာလား၊ သိမ်းထားလို့ပဲ ပုဂိုလ်ရေးအရ မနာလို လို့ ဒီလူက ကျမတို့ဆီကိုလာတိုင်တာလား ။ ကျမတို့သေချာစီစစ်ပေးပြီး မှန်တဲ့ ဘက်ကလိုက်ပေးပါတယ်။

YPI…လယ်သမားအဖွဲ့ ဖွဲ့စည်းမယ်ဆိုရင်တော့ အစ်မတို့ဘက်က ဘယ်လောက်ပြင်ဆင်မှု လုပ်ထားပြီးသလဲ။

ကျမအခု မြို့နယ်တိုင်း၊ ကျေုးရွာတိုင်းကို လယ်သမားတွေကို လယ်သမားအဖွဲ့စည်းဖွဲ့စည်းဖို့ လယ်သမားဘဝတွေကို မြှင့်တင်ပေးဖို့ ၊ အခွင့်ရေးတွေကို ကာကွယ်ဖို့ အတွက် ဒါကို လုပ်ဆောင်ပေးဖို့ တောင်းဆိုတယ်။ ဒါကိုသူတို့ဘက်ကလက္ခံပေးတာတွေလည်းရှိပါတယ်။ ကျမက တိုင်းနဲ့ပြည်နယ် အသီးသီးတော့ မရောက်သေးဘူး ။ သွားတဲ့သူတွေတာ သွားကြတယ်။ အစ်ကို မျိုးသန့်တို့ဆိုရင် ကျမတို့နဲ့တွဲလုပ်နေတဲ့ သူပါ။ ၈၈ ကဆိုရင် ကိုဇော်မင်း၊ ကိုဘောင်းဘောင်း တို့ဆိုရင်နိုင်ငံရေးပါတီ ကွဲတာပဲရှိတယ်။ တိုင်းနဲ့ ပြည်နယ်အသီးသီးကနေ ကျမတို့ဖွဲ့စည်းရေးကို ပူးပေါင်းပါဝင်လာမဲ့သူတွေကို အကုန်လုံးအတည်ပြုပြီးတာနဲ့ ကျမတို့လယ်သမားဖွဲ့စည်းပြီးဆိုတာ ကျေညာမှာပါ။

YPI….လယ်သမားတွေကနိုင်ငံရေးကိုကြောက်တယ်ဆိုတော့ အစ်မတို့အနေနဲ့ ဖွဲ့စည်းမယ်ဆိုတော့ လယ်သမားအဖွဲ့စည်းသီးသန့်အနေနဲ့ သွားမှာလား။ NLD လက်အောက်ကနေသွားမှာလား။

သီးသန့်သွားမှာပါ။ လယ်သမားသီးသန့်သွားတဲ့ထဲမှ NLD ကို ဝင်ချင်တယ်ဆိုရင်ဝင်ခွင့် ပြုမှာပါ။ ကျမတို့က လယ်သမားအဖွဲ့စည်းကို ဖွဲ့စည်းပြီးတော့ NLDထဲကို ဝင်ပါ၊ နိုင်ငံရေးပါတီထဲကို ဝင်ပါလို့ တစ်ဦးတစ်ယောက်ကို မပြောပါဘူး။ ကျမက နိုင်ငံရေးနဲ့နွယ်ပြီးတော့ တောင်သူလယ်သမားတွေကို လယ်သမားတွေကို ထိခိုက်မှာကို ကျမတို့ စိုးရိမ်ပါတယ်။ ကျမတို့ကအတက်နိုင်ဆုံးထားပြီးတော့ဆောင်ရွက်ပေးမှာပါ။ ။

Yangon Press International

NLD မဲဆွယ်ပွဲ အနုပညာရှင်များ လိုက်ပါကူညီမည်

ပြင်ဦးလွင်၊ စစ်ကိုင်း၊ ပုလဲ၊ ပခုက္ကူမြို့နယ်တွေကို အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သွားရောက် မဲဆွယ်တဲ့အခါ နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်တွေ အဆိုတော်တွေနဲ့ ဟာသပညာရှင်တွေ ရုပ်ရှင်ဒါရိုက်တာတွေ ကိုယ်တိုင် လိုက်ပါကူညီဖို့ ရှိကြောင်း သိရပါတယ်။


AFP
၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ကော့မှူးမြို့နယ် ဝါသိင်္ခကျေးရွာသို့ ပါတီစည်းရုံးရေး ခရီးစဉ် သွားရောက်သည့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လူထုက ကြိုဆိုနှုတ်ဆက်စဉ်။

အနုပညာရှင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီကနေ့ညနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အခုလို ဆုံးဖြတ်ခဲ့ကြတာလို့ ရုပ်ရှင်ဒါရိုက်တာ ဝိုင်းက အာအက်ဖ်အေကို ပြောပါတယ်။

“ကျွန်တော်တို့ အကြမ်းဖျင်းလျာထားချက်အရတော့ ကျွန်တော်ရယ်၊ ကိုလူမင်းရယ်၊ ဝေဠုကျော်ရယ်၊ ထွန်းအိန္ဒြာဗိုရယ်၊ ရုပ်ရှင်ထဲက။ နောက် ကျွန်တော်တို့ လူရွှင်တော် တစ်ယောက် နှစ်ယောက်နဲ့ သရုပ်ဆောင်ထဲက ရဲတိုက်ပါတယ်။ ဂီတဘက်မှာတော့ ကိုဆောင်းဦးပါမယ်။ သျှီ ပါမယ်။ ချစ်သုဝေပါမယ်။ နောက်ထပ်လည်း အနဂ္ဂပါမယ်။ သံသာဝင်း ပါမယ်။ နောက်ထပ် နှစ်ယောက် သုံးယောက်တော့ ခေါ်ဖို့ ရှိပါသေးတယ်ဗျ။ ကျွန်တော်တို့ အကြမ်းဖျင်း သတ်မှတ်တာကတော့ ရှစ်ရက်နေ့နောက်ပိုင်း ဆယ့်တစ်ရက်နေ့လောက် သတ်မှတ်ထားပါတယ်”

အနုပညာရှင်တွေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မဲဆွယ်ခရီးစဉ်မှာ မဲပေးပုံပေးနည်း မမှားယွင်းရအောင် ပြည်သူတွေကို ပညာပေးရေး သရုပ်ဆောင်ပြသဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အခြားသော အဆိုတော်တွေကလည်း အန်အယ်လ်ဒီပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဗွီစီဒီအခွေ ရိုက်ကူးတဲ့အခါ ကူညီသရုပ်ဆောင်ပေးဖို့ ရှိတယ်လို့လည်း သိရပါတယ်။

အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်စည်းရုံး ဟောပြောချက်တွေကို အစိုးရပိုင် ရုပ်မြင်သံကြားနဲ့ ရေဒီယိုတွေကနေ လာမယ့် မတ်လ ၂၂ ရက်နဲ့ ၂၄ ရက်တွေမှာ ထုတ်လွှင့်မယ်လို့ ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။

RFA

၈၄ ကြိမ်မြောက် အမေရိကန် ရုပ်ရှင် ထူးချွန် ဆု ချီြးှမှင့် ပွဲ


84th Annual Academy Awards: Documentary Feature
Winner: Undefeated

အကောင်းဆုံး ဇာတ်ကား ဆု ကို The Artist ဇာတ်ကား က ရရှိ သွား ပါတယ်။

{{{{ The Artists သည် အကောင်းဆုံး ဇာတ်ကား ဆု အပါအ၀င် အော်စကာ ဆု ၁၀ လျှာထားခံရသည်။ ဟောလိဝုဒ် အသံတိတ် ရုပ်ရှင် ခောတ် တွင် လျှမ်းလျှမ်းတောက်
အောင်မြင် နေသည့် မင်းသား ဂျော့ ဗယ်လင်တင် ၏ အတက် အကျ ၊ အနိမ့်အမြင့်
သံသာရာဖြစ်သည်။ မင်းသား အဖြစ် အောင်မြင်စဉ် က စိတ်တိုင်းကျ သုံးဖြုံး နိုင် သော်
လည်း နိမ့်ပါးသည့် အခါ ခွေးစာ ဖို့  ပင် မတတ် နိုင်တော့ ။ ပက်ပီ မီလာ သည့် ဂျော့ ဗယ်လင်တင် ၏ ပရိသတ် အဖြစ်မှ ခောတ်ဟောင်း က ပါပါရာဇီ တို့  ၏ ကျေးဇူးကြောင့်
ချက်ခြင်း နာမည် ကျော်ကာ ဟောလီဝုဒ် မင်းသမီး ဖြစ်လာခဲ့ သည်။ ကျွန်တော် တင်သည့်
ရွှေမင်း သမီး ဇာတ်လမ်း ကို အနု ရသ မြောက်အောင် နှင့် လွမ်းဖွယ် ဆွေးဖွယ် အတုယူ
ဖွယ် ဖြစ်အောင် ရိုက်ကူး နိုင်သည်။}}}}}


ဆုပေးပွဲ အခမ်းအနား သို့  တက်ရောက် လာသည့် ဘရက် ပစ် နှင့် အန်ဂျာလီနာဂျိုလီ
အကောင်းဆုံး မင်းသား ဆု ကို The Artist ဇာတ်ကား က မင်းသား Jean Dujardin က ရရှိခဲ့ ပါတယ်။ သူဟာ ဒီဇာတ် ကား မှာ ထိပ်တန်း အောင်မြင် တဲ့ အသံတိတ် မင်းသား ခောတ်ကထားစရာ နေရာမရှိလောက် အောင်အဖြစ်က နေ နောက်ဆုံး ခွေးစာ ကျွေး ဖို့  ပိုက်ဆံ မရှိတော့ ဘ၀ ကို ရောက်တဲ့ အထိ အနုပညာရှင် တစ်ယောက် ရဲ့  ဘ၀ အနိမ့် အမြင့် နေရာ မှာပိုင် နိုင် စွာ သရုပ်ဆောင်ခဲ့ ပါတယ်။ အကောင်း ဆုံး ဒါရိုက်တာ ဆု ကို လည်း ဒီဇာတ်ကား ရဲ့ ဒါရိုက်တာ Michel Hazanavicius က ပဲ ရ ရှိ သွား ပါတယ်။
အကောင်း ဆုံး မင်းသမီး ဆု ဗြိတိသျှ ၀န်ကြီး ချုပ် မာဂရက် သက်ချာ ရဲ့  ဘ၀ ဇာတ်ကြောင်း ကို ရိုက်ကူးထားတဲ့ The Iron Lady မှာ သရုပ်ဆောင်ထားတဲ့
Meryl Streep က ရရှိခဲ့ ပြီး ဒီဇာတ်ကား က ပဲ အကာင်း ဆုံး မိတ်ကပ် ဆု ကိုလည်း
ရရှိ ခဲ့ ပါတယ်။


အကောင်း ဆုံး မိတ်ကပ် ဆု ဗြိတိသျှ ၀န်ကြီး ချုပ် မာဂရက် သက်ချာ ရဲ့  ဘ၀ ဇာတ်ကြောင်း ကို ရိုက်ကူးထားတဲ့ The Iron Lady က ရရှိ ခဲ့ ပါတယ်။

မန္တလေးမြို့တွင် ကျပ်ငါးထောင် ဆင်းကတ် ဖြစ်ပေါ်လာရန် ဆောင်ရွက်မှု များပြုလုပ်


မန္တလေးမြို့တွင် ဖေဖော်ဝါရီ ၄ ရက်နှင့် ၅ ရက်နေ့က ပြုလုပ်ခဲ့ သော Barcamp (Mandalay) မှ စတင်ပြီး ကျပ်ငါးထောင်တန် ဆင်း ကတ် (သို့မဟုတ်) တန်ဖိုးနည်း ဆင်းကတ် များ ပေါ်ပေါက်သုံးစွဲ လာ နိုင်ရေးအ တွက် အသိပေးလှုပ်ရှားမှု များရှိလာခဲ့ရာ ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၃ ရက် ထိပြုလုပ်သည့် ICT Exibhiation (Mandalay) တွင် အဆိုပါ ကျပ်၅၀ဝ၀ တန် ဆင်းကတ်စာတန်းပါရှိသည့် Sticker ပေါင်း ခုနှစ်သောင်းကျော် အ ထိ ဖြန့်ဝေ အသုံးပြုနိုင်ခဲ့သည် ဟုသိရသည်။

အဆိုပါ ကျပ်ငါးထောင် ဆင်းကတ် လှုပ်ရှားမှုတွင် တက်ကြွစွာ ဦးဆောင် လှုပ်ရှားနေသူ ကိုဂျွန်က "တန်ဖိုးနည်းဖုန်းရရှိ ဖို့အတွက် ပြည်သူ လူထုကို အသိ ပေးခြင်းပါ။ ကျွန်တော်တို့လုပ် နေတာ လူတန်းစား အားလုံး သုံး နိုင်တဲ့ ဆင်းကတ်ရရှိဖို့ ဖြစ်ပါတယ်။ ရွှေပြည် တံခွန်နဲ့ ဘာမှ ပတ် သက်မှုမရှိပါဘူး ။ တချို့ဆိုရင် ၅၀ဝ၀ လောက်နဲ့ ရနိုင်ပါ့မလား ဆိုပြီး သံသယတွေ ရှိနေတာ။ တခြားနိုင်ငံတွေမှာ အလကားသုံး ခွင့်တောင် ရတယ် ဆိုတာကို သူတို့ သိအောင် နည်းပညာအရ လုပ် ပေးနိုင်တာ သိအောင်နဲ့ နိုင်ငံတော် အနေနဲ့လည်း လုပ်သင့်တယ်လို့ ယူဆတဲ့အတွက် စတစ်ကာတွေနဲ့ အသိပေးရခြင်းပါ"ဟုပြောသည်။

မန္တလေး Barcamp တွင် ငါးထောင်တန် ဆင်းကတ်နှင့် ပတ်သက်သည့် Topic ကို ဆွေး နွေးသွားသူ မနှင်းအိဖြူက "ကျွန်မ အနေနဲ့ လူတိုင်းဖုန်းကိုင်နိုင်တဲ့ ဆင်းမ်ကတ်တွေ ပေါ်ပေါက်လာစေ ချင်တယ်။ ဒီလိုလုပ်တဲ့အခါ အစိုးရ က Ajust လုပ်ပေးပြီး လုပ်နိုင်တဲ့ ကုမ္ပဏီတွေကို ယှဉ်ပြိုင်မှုနဲ့ လုပ် ကိုင်ခွင့်ပေးရင် ဖြစ်လာမှာပဲ။ ကုမ္ပဏီတစ်ခုထဲကို ချပေးလို့မဖြစ် ဘူး။ သူက Monoploy လုပ် သွားမယ်။ ၃-၄ ခု လောက် လုပ်ကိုင်ခွင့်ပေးရင် အကောင်းဆုံး ဝန်ဆောင်မှုတွေနဲ့အတူ လူတိုင်း ဆင်းမ်ကတ်ဖုန်းတွေသုံး လာနိုင်မှာ ပါ။ စင်ကာပူမှာဆိုရင် မြန်မာငွေ ၄၅၀ဝ ကျော်လောက်နဲ့ ဟန်း ဆက် အပါအဝင် ဖုန်းပြောနိုင်ပြီ" ဟုဆိုသည်။

အဆိုပါ ကျပ်ငါးထောင်ဆင်း sticker များဖြင့် အသိပေး ဆောင်ရွက်မှုများမှာ ဖေဖော်ဝါရီလ အတွင်းက ပြုလုပ်ခဲ့သည့် အသင်းအဖွဲ့ လှုပ်ရှားမှုများ၊ အခမ်း အနားများတွင် လှုပ်ရှားခဲ့ကြ ကြောင်း၊၎င်းတို့အနေဖြင့် online တွင် facebook တစ်ခုတင်ထား ကြောင်း၊ facebook စတင်သည့် ရက်ပိုင်းအတွင်း ၂၀ဝ၀ ကျော်ဝင် ရောက်ကြည့်ရှုဖြစ်ကြောင်း လှုပ် ရှားမှုတွင် ပါဝင်သူတစ်ဦးထံမှသိရ သည်။ "တကယ်တော့ နိုင်ငံ တော်လုံခြုံရေးအတွက် Security လုပ်နိုင်အောင် တစ်ဖက်က လုပ် ဆောင်ပြီး၊ အများပြည်သူတိုင်း သုံးနိုင်အောင်လည်း လုပ်ပေးသင့် တယ်။

Credit Card, ATM Card တွေတောင် သုံးလာရာမှာ လုံခြုံမှုဆိုတာ ပြင်ဆင်ထားရတာ ပဲ။ နာဂစ်မုန်တိုင်းမှာ လူတိုင်းသာ ဖုန်းရှိခဲ့ရင် SMS အန္တရယ်သတိ ပေး SOS ပို့ပေးလိုက်ရင် အသက် ဆုံးရူံးမှု ဒီထက်နည်းသွားမယ်။ ဂျပန်ငလျင်တုန်းက အန္တရယ်မဖြစ် မီ ၃မိနစ်အလိုမှာ SOS ပို့ပေးနိုင်ခဲ့ တယ်လို့ပြောတယ်။ out of Area ဖြစ်နေရင်တောင် Message နဲ့ သဘာဝ အန္တရယ်ကို အသိပေးနိုင် အောင် ကျေးရွာတွေ၊ နယ်စွန်နယ် ဖျားတွေအထိ လူတိုင်းသွား လေရာဖုန်း တစ်လုံးပါသင့်တယ်။ ဒါကြောင့် တန်ဖိုးနည်းဆင်းကတ် တွေ ပေါ်ပေါက်လာ သင့်ပါပြီ" ဟု ကိုဂျွန်နသန်က DJ Complex ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။ ၎င်းတို့၏ လှုပ်ရှားမှုကြောင့် မန္တလေးမြို့ရှိ ဆိုင်ကယ်များ၊ ကားများ ဦးထုပ်များ ကျောပိုးအိတ်များတွင် ကျပ်ငါးထောင် ဆင်းကတ် စတစ်ကာ များကို မြင်တွေ့နေရသည် ဟု ဒေသခံများ က ပြောသည်။

ကျော်ထက် ( Mobile Guide )

၅၀ဝ၀ တန်ဖုန်းကိစ္စ လွှတ်တော်သို့တင်ပြရန် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကရွှေပြည်တံခွန် ကုမ္ပဏီနှင့်တွေ့ဆုံ


အများပြည်သူများ ဈေးနှုန်း သက်သာစွာ မိုဘိုင်းဖုန်း ကိုင်ဆောင် နိုင်ရန် အတွက် ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီ တစ်ခုဖြစ်သည့် ရွှေပြည်တံခွန် ကုမ္ပဏီ က ဆောင်ရွက် မည်ဖြစ်သော ၅၀ဝ၀ တန်ဖုန်းနှင့် ပတ်သက်ပြီး လွှတ်တော် တွင် တင်ပြနိုင်ရန် အတွက် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီက အဆိုပါ ကုမ္ပဏီနှင့် တွေ့ဆုံခဲ့ ကြောင်း ယင်းတွေ့ဆုံပွဲမှ သိရသည်။ အဆိုပါကုမ္ပဏီနှင့် ပါတီတို့ တွေ့ဆုံဆွေးနွေးခြင်းမှာ ယခုလ ၂၅ရက်နေ့ ကတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

အဆိုပါ ၅၀ဝ၀ တန်ဖုန်းကိစ္စ နှင့် ပတ်သက်၍ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှပြုပြင်ပြောင်း လဲရေးနှင့်ခေတ်မီ ဖွံ့ဖြိုးတိုးတက်မှု စိစစ်ရေးကော်မတီ ဥက္ကဌ ဦးအောင်သိန်းလင်းက "ဒီကိစ္စကို လွှတ်တော်ကို တင်ပေးမှာပါ။ ဒါပေမဲ့ ပြောစရာရှိတာက အခုလွှတ်တော် ကပြီးတော့မယ်။ ဒီ တစ်ခေါက်မှာ ပါချင်လည်းပါမယ်။ မပါချင်လည်း မပါဘူး။

ဘာဖြစ်လို့လဲ ဆိုတော့ လွှတ်တော်က ပြီးခါနီးနေပြီဖြစ်တဲ့ အတွက်ပါ။ တကယ်လို့ ဒီတစ် ခေါက် လွှတ်တော်မှာ မပါဘူးဆိုရင် နောက်တစ်ခေါက် လွှတ်တော်မှာ ဆိုရင်တော့ ဒီကိစ္စက ထိပ်ဆုံးက ဖြစ်နေပါလိမ့်မယ်။ ကျွန်တော်တို့က လွှတ်တော်မှာ တင်သွင်းပေးမှာ မို့လို့ ၅၀ဝ၀ တန်ဖုန်းနဲ့ ပတ်သက် ပြီး ဂဃနဏ သိမှ ဖြစ်မှာပါ။ မသိရင်တော့ လွှတ်တော် မှာ တင်သွင်း လို့မရနိုင် ပါဘူး။ ဒါကြောင့်အခုလို မျိုးခေါ်တွေ့ရတာပါ။

လွှတ်တော်မှာ တင်သွင်းမယ်ဆိုရင် ဘယ်ကိစ္စ မဆို ၁၅ ရက်ကြိုတင်ရတာရှိ တယ်။ ၃ပတ် ကြိုတင်ရတာရှိတယ်။ ကျွန်တော်တို့ ဒီကိစ္စကို လွှတ် တော်မှာတင်ပေးတာက အများပြည်သူတွေ အကျိုးရှိမယ်လို့ယူ ဆလို့ ရိုးရိုးသားသား လုပ်ပေးတာပါ။ ကျန်တာဘာမှ မပါပါဘူး။ အဓိ က ပြည်သူ့ကောင်းကျိုး အတွက်လည်းဖြစ်မယ်။ ဘယ်သူကိုမှ လည်း မထိခိုက်ဘူးဆိုရင် ဖြစ်စေ ချင်ပါတယ်။ ဒီဟာ က နိုင်ငံတကာ မှာ ကျင့်သုံးနေတဲ့ လုပ်နည်းပါပဲ။ တာဝါတိုင်တွေ ထောင်မယ်ဆိုရင် တော့ အစိုးရနဲ့ပူးပေါင်းရမှာပါ။ အ စိုးရဘက်ကလည်း ပြည်သူတွေ အနေနဲ့ တကယ်အကျိုး ရှိမယ် ဆိုရင် လုပ်ပေးမှာပါ။

ဒီကိစ္စက အမျိုးသား အကျိုးစီးပွားရေးနဲ့ ယှဉ် ပြီးတော့ စဉ်းစားရမှာပါ။ ကျွန်တော် တို့ဘက်ကလည်း လွှတ်တော်က နေ ဝိုင်းဝန်းဆွေးနွေးပေးမှာပါ။ နောက်ပြီး ဒီကိစ္စက ပြည်သူတိုင်း ဖြစ်စေချင်တဲ့ကိစ္စပါ။ ဒါပေမဲ့ ဘယ် လိုဥပဒေနဲ့ ပေးသုံးမယ်ဆိုတာ လည်း ရှိပါသေးတယ်။ ဖုန်းဆိုတာ တော့ ဆက်သွယ်ရေးပါပဲ။ ဒီဖုန်း ကို လူတိုင်းကိုင်နိုင်ရင်တော့ ပို ကောင်းမှာပါ"ဟု အဆိုပါကိစ္စ နှင့် စပ်လျဉ်း၍ပြောသည်။ ရွှေပြည်တံခွန် ကုမ္ပဏီမှ တာ ဝန်ရှိသူတစ်ဦးက "ဒီကိစ္စနဲ့ပတ် သက်ပြီး ကျွန်တော်တို့ကို အခု လိုမျိုးခေါ်တွေ့ပေးတာ အရမ်း ကျေးဇူးတင်ပါတယ်။

ကျွန်တော် စဉ်းစားတယ် သူများနိုင်ငံတွေမှာ အလွယ်တကူ ဝယ်လို့ရနေတဲ့ ဖုန်းဆင်းမ်ကတ်ကို ကျွန်တော်တို့နိုင်ငံမှာ ကျပ် ၅၀ဝ၀နဲ့ ရောင်းမယ် ဆိုတာ ဖြစ်နိုင်ချေရှိ မရှိဆိုတာ ကျွန်တော်စဉ်းစားပြီးမှ လုပ်တာပါ။ ပြီးမှ ကျွန်တော်တို့ လုပ်မယ်ဆိုပြီးတော့ အကောင်အထည်စဖော် တာပါ။ ကျွန်တော် တို့ ရွှေပြည်တံ ခွန်ကုမ္ပဏီရဲ့ အဓိက ရည်ရွယ်ချက် ကတော့ ကျွန်တော်တို့ အကျိုးစီး ပွားမပါဘဲ အများပြည်သူ မိုဘိုင်း ကိုင်ဆောင်နိုင်အောင် လုပ်ပေး တာပါ။ ဘယ်သူကိုမှ တိုက်ခိုက် ချင်တဲ့ ရည်ရွယ်ချက်မရှိပါဘူး" ဟုပြောသည်။

စောရည်နန္ဒာ-ဘိုဘိုနိုင်ဝင်း( Mobile Guide )

ရခိုင်ပြည်နယ် ၂၄ နာရီ လျှပ်စစ်မီး ရရှိရေး စာတန်းဖတ်ပွဲ ရန်ကုန်တွင် ပြုလုပ်

ရခိုင်ပြည်နယ် တစ်ခုလုံးတွင် ၂၄ နာရီ လျှပ်စစ်မီး ရရှိရေး အတွက် စာတန်းဖတ်ပွဲ တစ်ခုကို ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည်။



" အခမ်းအနားကို ရန်ကုန်မြို့ ဒို့ရိုးရာ စားသောက်ဆိုင်မှာ ပြုလုပ်တာ ဖြစ်ပါတယ်။ စာတန်းက ကျွန်တော် တစ်ယောက်တည်း ဖတ်တာပါ။ လူပေါင်း ၃၀၀ ခန့် စာတန်းဖတ်ပွဲကို တက်ရောက်ခဲ့ပါတယ်" ဟုစာတန်း ရှင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဒုဥက္ကဌ ဦးတင်ဝင်းက ပြောသည်။

စာတန်းတွင် ရခိုင်ပြည်နယ် အတွင်း လျှပ်စစ် ဓါတ်အားသုံးစွဲနေမူနှင့် လက်ရှိ လျှပ်စစ်မီး ပေးဝေနေသာ အနေထားများကို စာတန်းရှင် ဦးတင်ဝင်းမှ တချက်ချင်း ရှင်းလင်း တင်ပြသွားသည်ဟု ဆိုသည်။

" ကျွန်တော်တို့ ရခိုင်ပြည်မှာ မီး ၂၄ နာရီကို ရွှေဂတ်စ်က ရရှိဖို့အတွက် စာတမ်းဖတ်ပွဲကို လုပ်တာပါ။ ကျွန်တော် အနှစ်ချုပ် ပြောချင်တာကတော့ ကျွန်တော်တို့ ကျောက်ဖြူမှာ သဘာဝဓါတ်ငွေ့သုံးဓါတ်အား ပေးစက်ရုံ တည်ဆောက်ခွင့် ပေးပါ။ ကျွန်တော်တို့ကို ရခိုင်က ထွက်တဲ့ ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းက တရက်ကို ၃၆ မီလီယံ ကုဗပေ အသုံးပြုခွင့်ပေးပါ။ ဒါကိုဘဲ တောင်းတာပါ" ဟု သူက ဆက်ပြောသည်။

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိလာခဲ့ပြီးနောက်ပိုင်း လျှပ်စစ် ဓါတ်အား အနည်းဆုံးသုံးစွဲ ခွင့် ရသော ပြည်နယ် တစ်ခု ဖြစ်ပြီး မြို့နယ် ရုံးစိုက်ရာ မြို့များတွင် တစ်နေ့ (၂) နာရီ ကျော်ကျော်သာ လျှပ်မီးရပြီး ကျေးလက်တောရွာများတွင် အစိုးရမှ ဖြန့်ဝေသော လျှပ်စစ်မီးများကို ယနေ့ထိ ရရှိခံစားခြင်း မရှိကြောင်း သိရသည်။




" ရခိုင်ပြည်နယ်ဟာ လျှပ်စစ်မီး အခြေအနေနဲ့ ပတ်သက်ပြီး ပြောရရင် အဆိုးဆုံး အဆင့်မှာ ရှိနေပါတယ်။ လျှပ်စစ်ဓါတ်အား သုံးစွဲမှုက ၀.၈ အဆင့်ဘဲ ရှိပါတယ်။ လူသုံးစွဲမှုက ၀.၆၉ အဆင့်ဘဲ ရှိပါတယ်။ မီတာ အလုံးအရေ အတွက်က ၁.၃၆ အဆင့်ဘဲ ရှိပါတယ်။ ဗမာတပြည်လုံးနဲ့ စာရင်ပေါ့။ အခြေအနေက အရမ်းကို ဆိုးရွားနေပါတယ်" ဟု ဦးတင်ဝင်းက ပြောသည်။

ယခု တင်ပြသော စာတန်းမှာ ရခိုင်ပြည်နယ် လျှပ်စစ်မီး အခန်းကဏ္ဍနှင့် ပတ်သက်ပြီး ပြည်သူသို့တင်ပြ သော စာတန်းသာ ဖြစ်ပြီး ပြည်သူများ၏ အမြင်သဘောများကို လက်ခံ ရရှိပြီးမှ ဆက်လက်လုပ်ဆောင်သွား မည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။

" ဒီစာတန်းကို တင်ပြပြီးတဲ့ အခါ အစိုးရ အပိုင်းက ဘယ်လို တာဝန်ယူမှုတွေ ရှိလာမလဲဆိုတာနားထောင် ရမယ်။ ပြည်သူတွေဘက်က တုန့်ပြန်မူ သဘောထားတွေကိုလည်း စုဆောင်းသွားမယ်။ ဘာဆက်လုပ်မလဲ ဆိုတာကတော့ ကျွန်တော်တို့မှာ အစီအစဉ် ရှိပါတယ်။ ဒါတွေက ထွက်ပေါ် လာမယ့်အခြေအနေအပေါ် မှာဘဲ ဆက်လုပ်ရသွားမှာ ဖြစ်ပါတယ်" ဟု ဦးတင်ဝင်းက ပြောသည်။

ရခိုင်ပြည်နယ် ကမ်းရိုးတန်းတွင် အာရှတွင် အကြီးမားဆုံးသော သဘာဝ ဓါတ်ငွေ့သိုက်ကြီးများကို တွေ့ရှိထားသော်လည်း အုပ်ချုပ်သူ အစိုးရက အဆိုပါ သဘာဝ ဓါတ်ငွေ့များကို နိုင်ငံခြား တိုင်းပြည်များသို့ ရောင်းချရန်သာ စိတ်ဝင်စားနေပြီး ရခိုင် ဒေသ ဖွံ့ဖြိုးရေး အတွက် တစ်စုံတစ်ရာ လုပ်ဆောင်ရန် အစီအစဉ် မရှိခြင်းကြောင်း အစိုးရ လုပ်ရပ် အပေါ် ဒေသခံ ရခိုင်ပြည်သူများ သာမက မြန်မာ ပြည်သူများကပါ မကျေနပ်မူများ တိုးပွားနေကြောင်း သတင်းများ ရရှိသည်။

 - နိရဉ္စရာ

ဂက်စ်ပိုက်လိုင်းအတွက် လျော်ကြေးနည်းပါးသည့်အပြင် အာဏာပိုင်များခေါင်းပုံထပ်ဖြတ်

ဂက်စ်ပိုက်လိုင်းဖြတ်သန်းသည့်လယ်မြေပြပုံ (ဓါတ်ပုံ -သျှမ်းသံတော်ဆင့်)

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဂက်စ်ပိုက်လိုင်းဖြတ်သန်းမည့် လယ်ယာမြေ ပိုင်ရှင်ဒေသခံများအား တရုတ်ကုမ္မဏီ က ပေးသော လျော်ကြေးထက် အဆမတန်နည်းပါးသော ဈေးနှုန်းဖြင့် မြန်မာအာဏာပိုင်များ ကပေးလျော်ပြီး အဆိုပါ လျော်ကြေးထဲမှ ထပ်မံ ဖြတ်ယူကြကြောင်း သျှမ်းပြည်မြောက်ပိုင်းသတင်းရပ်ကွက် က ဆိုပါသည်။

“နမ့်ခမ်းက လယ်သမားတွေကို လျော်ကြေးငွေလက်ခံကြောင်းလက်မှတ်ရေးထိုးခိုင်းတယ်။ အမှန်က တရုတ်ကုမ္မဏီက လျော်ကြေးငွေ အပြည့်အ၀ ပေးလာပေမယ့် မြန်မာအာဏာပိုင်တွေက သူတို့ပေးချင် သလောက်ဘဲပေးတယ်။ သူတို့နဲ့ ဝင် ထွက်ရင်းနှီးတဲ့လူတွေကို နဲနဲပိုပေးပေမယ့် ကျနော်တို့လို မြို့နဲ့ဝေးတဲ့ ကျေးလက်သမားတွေကို ဘယ်မှာမှ အားကိုး စရာ မရှိတော့ ဈေးက အဆမတန်နှိမ်ပြီးပေးတယ်။ အာဏာပိုင် တွေထဲက မြို့နယ်မှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ မြေစာရင်း၊ စွမ်း အင်နဲ့ ထွေအုပ် တို့ဆိုရင် တဧက ၅ သောင်း တောင်းယူတာဘဲ” ဟု ဂက်စ်ပိုက်လိုင်းဖြတ်သန်းခံရသည့် ရာဘာ ခြံပိုင်ရှင် တဦးကပြောသည်။

နမ့်ခမ်းမြို့နယ် မန့်ဟောင်းလုံရပ်ကွက်ဥက္ကဌ စိုင်းဆန်ယီ၊ အောင်မေတ္တာရပ်ကွက် ဥက္ကဌ စိုင်းကျော်ခိုင် နှင့်မြေစာရင်းဦးစီး ဌာနမှူး ဦးစိုးမင်းထွန်း၊ စွမ်းအင်ဝန်ကြီးဌာန နမ့်ခမ်းမြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်အောင် နှင့် အထွေထွေအုပ်ချုပ်ရေးမှူး တို့မှ လျော်ကြေးငွေများအား ဖြတ်ယူခဲ့ကြခြင်းဖြစ်ကြောင်း အာဏာပိုင်များနှင့် နီးစပ်သည့် ခြံပိုင်ရှင်တဦးက သျှမ်းသံတော်ဆင့်အား ပြောပြသည်။

“ ကျနော်တို့ နမ့်ခမ်းမှာဆိုရင် မုံးဝီးက ရော်ဘာခြံပိုင်ရှင်ပေါ့ သူအထိများတယ်။ သူကပြောနေတယ်။ ရာဘာတပင်ကို ကျပ် ၅ သောင်းဘဲလျော်ပေးတယ်။ ဆိုတော့ တဧက သိန်း ၃၀ လောက်ဘဲကျတယ်။ သူ့ ရာဘာပင် ၈၇ ပင်တောင်ပါ သွားတယ်။ သူများထက်စာရင် အများကြီးနစ်နာတယ်ရှုံးတယ်ပေါ့ဗျာ” ဟု ၎င်းက ဆက်ပြောသည်။

မုံးဝီး ဒေသခံများ၏ လယ်တဲ၌ ဂက်စ်ပိုက်လိုင်းဖြတ်သန်းမည့်အမှတ်အသားလုပ်ထားပုံ (ဓါတ်ပုံ -သျှမ်းသံတော်ဆင့်)

ကျောက်မဲမြို့နယ်တွင်မူ လွှတ်တော်အမတ်များပိုင်ဆိုင်သည့် (ဂက်စ်ပိုက်လိုင်းဖြတ်သန်းသည့်) ရာဘာခြံ အား တပင်လျင် ကျပ် ၅ သိန်းပေးလျော်ကြောင်း ၊ အလားတူ သရက်ပင်၊ ပိန္နဲပင်များလည်း ရာဘာပင်များ ကဲ့သို့ တန်ဖိုးကြီးပေးလျော် ကြောင်း ဆိုပါသည်။

“ ဆိုတော့ တအားကြီးကွာသွားတာပေါ့နော်။ ကျနော်တို့ဖက်မှာ လယ်တဧက ကျပ်သိန်း ၁၀၀၊ ခြံ တဧက ကျပ်သိန်း ၃၀- ၂၆ - ၂၀ ဆိုပြီး ၃ မျိုး ၃ စားခွဲပေးတယ်။ လယ်တောဆိုရင် ၁၀ သိန်းဘဲရတယ်။ ရွာထဲကို ဖြတ်ရင် နေအိမ်ခြံဝင်းတဧက ( ၆၀ ပေပတ်လည်) ကို ကျပ်သိန်း ၄၀ ကနေ ၁၅ သိန်းအထိ အဆင့်ဆင့် အမျိုးအစားခွဲပြီးပေးတယ်”

နမ့်ခမ်းမြို့နယ် မိုင်းဝီးဒေသခံများအား ဂက်စ်ပိုက်လိုင်း ဖြတ်သန်းခ လျော်ကြေးငွေများကျေနပ်စွာလက်ခံရ ရှိကြောင်း လက်မှတ်ထိုးရန် နမ့်ခမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုးက ယခုလ ၂၃ ရက် မနက် ၁၀ နာရီက ဆင့်ခေါ်ခဲ့ခြင်း ဖြစ်ပါသည်။

  သျှမ်းသံတော်ဆင့်

CNF ၏ ပထမအကြိမ် အဓိပတိကောင်စီ ထိပ်သီးအစည်းအဝေး ကျင်းပ ပြီးစီး

ပထမအကြိမ် ချင်းအမျိုးသားတပ်ဦး၏ ပထမဆုံးအကြိမ် အဓိပတိကောင်စီ အစည်းအဝေးကို အမေရိကန် နိုင်ငံ၊ ဝါရှင် တန်ဒီစီတွင် ၂၀၁၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၂ နေ့မှ ၂၄ ရက်အထိကျင်းပ ကြောင်း သိရ သည်။

အစည်းအဝေးသို့ အလှည့်ကျ အဓိပတိကောင်စီ ဥက္ကဌ ဒေါက်တာ ဇလှေထန်း၊ ဥက္ကဌ (၁) ပူးလျန် အုပ်၊ ဥက္ကဌ (၂) ဆလိုင်းကစ်ခိုလျန်နှင့် ဥက္ကဌ (၃) ပူး တန်နန်လျန်ထန်တို့ အပါအဝင် ကောင်စီအဖွဲ့ ၀င် စုစုပေါင်း ၁၂ ဦးတက် ရောက်ကြ ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် ချင်းအမျိုးသားတပ်ဦးနှင့် ပြည်နယ်အဆင့်အကြား ၂၀၁၂ ခု၊ ဇန်နဝါရီလ ၆ ရက်နေ့ ပဏာ မငြိမ်းချမ်းရေး သဘောတူညီချက်ကိစ္စနှင့် ပြည်ပအခြေစိုက် Zomi Innkuan အဖွဲ့မှ တီးတိန်မြို့နယ် အတွင်း စီအဲန် အက်ဖ် ဆက်ဆံရေးရုံး၊ စီအဲန်အေ မထားရှိရေး ပေးပို့သည့်စာပါကိစ္စ များအပေါ် အဓိက ထားဆွေးနွေးကြကြောင်း သိရ သည်။

တီးတိန် မြို့တွင် ဆက်ဆံရေးရုံးထားရှိမည့်ကိစ္စ၊ ဒေသအတွင်း စီအဲန်အေ နေရာချထားပါက ဒေသခံ များ၏ ဆန္ဒအား ဆန့်ကျင့်ပြုလုပ်မည်မဟုတ်ကြောင်းအကြောင်းကြောင်းကြောင့် စီအဲန်အေအပေါ် အမြင်မကြည် လင်မှုများအား ကြေအေး နိုင်ရေးကြိုးပမ်းလုပ်ဆောင်သွားမည်ဟု အဓိပတိကောင်စီ ဥက္ကဌ က ၂၃ ဖေဖေါ်ဝါရီ တွင် ထုတ်ပြန်ချက်ပြုလုပ်ထားသည်။

ယင်းထုတ်ပြန်ချက်သည် ယူအက်စ် အခြေစိုက် Zomi Innkuan ဖက်မှ တာဝန်ရှိများနှင့် စီအဲန်အက်ဖ် ခေါင်းဆောင်များ ပြီးခဲ့သည့် ဇန္န၀ါရီလ ၁၆ ရက်နေ့ အင်ဒီယားနားပို့လစ်စ် တွေ့ဆုံမှု ရလဒ်ဖြစ်သည်။

“ အစည်းအဝေးတွင် ပြည်ထောင်စုအစိုးရနှင့် ဒုတိယအကြိမ်ငြိမ်းချမ်းရေး ဆွေးနွေးမည့် ကိစ္စ၊ အပစ်အခတ် ရပ်စဲပြီး သည့် နောက်ပိုင်း ဆက်လက်လုပ် ဆောင်ရမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အ ဆင့်ဆင့်ပါ အချက်များ ကို ပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြတယ် ” ဟု ယူအက်စ်ဆိုင်ရာ စီအဲန်အက်ဖ် ဒေသပါတီကော်မတီဝင်တဦးက ပြောသည်။

စီအဲန်အက်ဖ်နှင့် ပြည်နယ်အစိုးရ၏ ဇန္န၀ါရီလ ၆ ရက်နေ့ ပဏာမ ငြိမ်းချမ်းရေးသဘောတူညီချက်အရ ဆက် လက်လုပ် ဆောင်ရမည့် အချက်တွင် ချင်းပြည်နယ်မြောက်ပိုင်းရှိ ဘိန်းခင်းများ၊ဘိန်းလုပ်ငန်းများ၊ ဘိန်းကုန် ကူးခြင်းများ အမြစ်ပြုတ် တိုက်ဖျက်ရန် ပြည်နယ်အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်မည်ဟု ပါရှိ သည်။

ချင်းပြည်နယ်အတွင်း တွန်းဇံ၊ ကျီခါး၊ တီးတိန် ဒေသသည် ဘိန်းအများဆုံးထွက်ရှိသည့် ဒေသဖြစ် သည်ဟု လေ့လာ ချက်များအရ သိရသည်။

ချင်းအမျိုးသားတပ်ဦးသည် ချင်းအမျိုးသားများ ကိုယ်ပိုင်ပြဌာန်းခွင့် ပြန်လည်ရရှိရေး၊ ဖက်ဒရယ်ပြည် ထောင် စုထူ ထောင်ရေးနှင့် ဒီမိုကရေစီစနစ်ထွန်းကားရေး တို့အတွက် ၁၉၈၈ ခုနှစ်မှစပြီး ယနေ့အထိ အမျိုးသား တော်လှန်ရေးကို ဆင်နွဲနေသည့် တော်လှန်ရေးအဖွဲ့ဖြစ်ပါသည်။

ခိုနူမ်းထုန် သတင်းဌာန

လူသတ်မှုကျူးလွန်သည့် စစ်အရာရှိနေရာ တပ်ကြပ်ဖြင့် လူစားထိုး

ယခုလ ၂၄ ရက်နေ့ ည ၈ နာရီကျော်ခန့်က ကချင်ပြည်နယ် ဗန်းမော်မြို့ မလူလာကျေးရွာအတွင်း အရပ်သား တစ်ဦး အား စစ်အရာရှိ တစ်ဦးက ပစ္စတို သေနတ်ဖြင့် အနီးကပ် ပစ်သတ်ခဲ့သည့် အမှုတွင် ကျူးလွန်သူ အရာ ရှိ၏ နေရာတွင် တပ်ကြပ် တစ်ဦးဖြင့် လူစားထိုးထားကြောင်း မိသားစုဝင်များက သျှမ်းသံတော်ဆင့်သို့ ပြော သည်။

ဗန်းမော်မြို့ ခွန်သာရပ်ကွက်နေ အသက် ၃၇ နှစ်အရွယ် ကိုမင်းခန့်အား အရက်သေစာသောက်စားထား သည့် ခလရ ၂၃၇ မှ ဗိုလ်မှူးတစ်ဦးက ငွေတောင်းရာမပေးသဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသူနှင့် ဆိုင်ကယ်တစ်စီးတည်း အတူလိုက်ပါသူ မျက်မြင်၏ အပြောကို ကိုးကား၍ ညီဖြစ်သူက ပြန်ပြောသည်။

"သူက သစ်ကယ်ရီဆိုတော့ ခလရ ၂၃၇ က အရက်မူးနေတဲ့ အရာရှိတချို့ပါတဲ့ ၄၊ ၅ ယောက်အဖွဲ့က လမ်း ရှင်းကြေး တောင်းတာပေါ့နော်။ ကိုမင်းခန့်တို့ နှစ်ယောက်က ဆိုင်ကယ်ပေါ်မှာ။ သူကနောက်မှာထိုင်တယ်။ အဲတော့ တပ်ရင်းရုံး မှာ ငွေ ၃ သိန်းပေးခဲ့ပြီးပြီ လို့ပြောတော့ မင်းခန့်ကိုသေနတ်နဲ့ချိန်ထားတယ်။ မချိန်ပါနဲ့ ခဏစောင့်ပေးပါ ဗိုလ်မှူး လို့ ပြော တဲ့အချိန် မင်းခန့် ဆီကိုဖုန်းဝင်လာတယ် ဖုန်းနိုက်ယူတဲ့အချိန် အနီးကပ် ပစ်ထည့်လိုက်တာ " ဟု ဆိုသည်။

အဆိုပါ မျက်မြင်၏ အပြောအရ လူသတ်မှု ကျူးလွန်သူမှာ ဗိုလ်မှူးတစ်ဦး ဖြစ်ကြောင်း သိရသော်လည်း ယခုလ ၂၅ ရက် နေ့က သေဆုံးသူ၏ မိခင်အား လူသတ်မှု ကျူးလွန်သူမှာ တပ်ကြပ်လှမြင့်အောင် ဖြစ်ကြောင်း ဗန်းမော်ရဲစခန်းမှ ဂတ် စာရေး ကိုကိုနိုင်ဆိုသူက ၀န်ခံလက်မှတ်ထိုးခိုင်းခဲ့သည်ဟု ဆိုသည်။

"ပစ္စတိုကျည်က ဘယ်ဘက်မျက်လုံးကနေဝင်သွားပြီး နောက်ကိုပေါက်မထွက်သွားဘူး။ ရဲစခန်းက ဂတ်စာရေး ကိုကိုနိုင်ပေါ့နော် ။ ညနေပိုင်းမှာအိမ်ကိုလာပြီးတော့ သေဆုံးသူကိုဖိုးခန့်ရဲ့ အမေကို လက်မှတ် ထိုး ခိုင်းတယ်လေ။ အဲဒီ မှာတော့ ကျူးလွန်သူက တပ်ကြပ်လှမြင့်အောင်ဖြစ်နေတာပေါ့နော် " ဟု ဆိုသည်။

ဗန်းမော်မြို့ ရင်ခွဲရုံ၌ ရင်ခွဲစစ်ဆေးချက်အရ ပစ်ခတ်သည့် ကျည်မှာ ပစ္စတိုကျည်ဖြစ်ပြီး အနီးကပ်ပစ်ခတ် ခံရကြောင်း ဆရာ ၀န်ကြီးက ထွက်ဆိုကြောင်း သိရသည်။

သေဆုံးသူ ကိုမင်းခန့် ခလရ ၂၃၇ တွင် ပေးထားသည့် ကျပ်ငွေ ၃ သိန်း အပါအဝင် ဆိုင်ကယ်နှင့်ဖုန်းများကို ဗန်းမော် ရဲစခန်း၌ သက်သေခံပစ္စည်းအဖြစ် ယူဆောင်လာပြီး လူသတ်မှုကျူးလွန်ရာတွင် ပါဝင်သူများအား အရေးယူမှု မရှိသေး ကြောင်း သိရသည်။

သျှမ်းသံတော်ဆင့်

၄၅ ရက်အတွင်း နိုင်ငံရေး ဆွေးနွေးဖို့ မွန်ပြည်သစ် ပြောပြီ



ဖေဖော်ဝါရီလ ၂၅ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့Strand ဟိုတယ်မှာ မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နဲ့ မွန်ပြည်သစ်
ပါတီ ဒုတိယ ဥက္ကဌ နိုင်ရောစ ဦးဆောင်တဲ့ အဖွဲ့တို့က အပစ်အခတ် ရပ်စဲရေး အပါအဝင် သဘောတူညီချက် ၄ ချက်ကို လက်မှတ်ရေးထိုး ခဲ့ကြပါတယ်။ ဒီအချက် ၄ ချက်ထဲမှာ အပစ်
အခတ် ရပ်စဲပြီး ၄၅ ရက် အတွင်း နိုင်ငံရေး ဆွေးနွေးဖို့၊ တတိုင်းပြည်လုံး အပစ်အခတ် ရပ်စဲဖို့၊ အဖမ်းခံထားရတဲ့ မွန်ပြည်သစ်ပါတီက ရဲဘော်တွေအပါအ၀င် နိုင်ငံရေး အကျဉ်းသား
အားလုံးကို လွှတ်ပေးဖို့ ဒေသဖွံ့ဖြိုးရေးတွေမှာ ပူးပေါင်း ဆောင်ရွက်ဖို့ ပြည်တွင်းက နိုင်ငံရေး ပါတီတွေနဲ့ ဆက်ဆံနိုင်ဖို့ အချက်တွေလည်း ပါဝင်ပါတယ်။



သတင်း တိုတို ထွာထွာ များစုစည်းမှု

 
 ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုးဆက်တွေ လက်မှတ်ထိုးရောင်းချမယ့် မန္တလေးရာပြည့်တိုက်ရဲ့ စာအုပ်မိတ် ဆက်ပွဲအစီအစဉ်ကို သက်ဆိုင်ရာကဖိအာပေးလို့ ဖျက်လိုက်ရ
ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုးဆက်တွေ လက်မှတ်ထိုးရောင်းချမယ့် မန္တလေးရာပြည့်တိုက်ရဲ့ စာအုပ်မိတ် ဆက်ပွဲအစီအစဉ်ကို သက်ဆိုင်ရာကဖိအာပေးလို့ ဖျက်လိုက်ရတယ်လို့ စာအုပ်ဆိုင်ပိုင်ရှင် ကိုပုညဆွေက ပြောပါတယ်။ ကိုမင်းကိုနိုင်တို့အဖွဲ့ မန္တလေးကိုရောက်နေတုန်းမှာ "၈၈ မျိုးဆက်ကျောင်းသားများ သတင်းစာရှင်းလင်းပွဲ" စာအုပ်မိတ်ဆက်ပွဲကို မနက်ဖြန်မှာလုပ်ဖို့ စီစဉ်ထားပေမဲ့ ဖျက်လိုက်ရတဲ့အပြင် စာအုပ်တိုက်ကိုလည်း ဒီနှစ်ကုန်ကျရင် နေရာပြောင်းဖို့ ကြိုတင်သတိပေးခဲ့တယ်လို့ ကိုပုညဆွေက ပြောပြခဲ့ပါတယ်။
------------------------------------ 


 အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဆိုင်းဘုတ် ဖျက်ဆီးခံခဲ့ရ

နေပြည်တော် မဲဆန္ဒနယ်တခုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဆိုင်းဘုတ် ဖျက်ဆီးခံခဲ့ရတယ်လို့ သိရ ပါတယ်။ ပုပ္ဗသီရိနဲ့ ဇမ္ဗူသီရိမြို့နယ်နှစ်ခုကြား ကျေးရွာတခုမှာရှိတဲ့ အန်အယ်ဒီဆိုင်းဘုတ် ပြီးခဲ့တဲ့သောကြာ နေ့ က ဖျက်ဆီးခံခဲ့ရကြောင်း ဇမ္ဗူသီရိမြို့နယ့်  အန်အယ်ဒီကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်းက ပြောပါ တယ်။ အရင်ကလဲ နေပြည်တော် မြို့ နယ်တစ်ခုမှာ အလားတူ ဆိုင်းဘုတ်ဖျက်ဆီးခံရမူမျိုး ဖြစ်ခဲ့ပါတယ်။

---------------------------------
 ကြီးမားတဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေရဖို့ဟာ ဒေသတွင်းတည်ငြိမ်ဖို့ အရေးကြီး
ကြီးမားတဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေရဖို့ဟာ ဒေသတွင်းတည်ငြိမ်ဖို့ အရေးကြီးတယ်လို့ ပြည်ထောင်စု မီးရထားဝန်ကြီး ဦးအောင်မင်းက ပြောကြားလိုက်ပါတယ်။ မွန်ပြည်သစ်ပါတီနဲ့ အပစ်အခတ်ရပ်စဲရေး လက် မှတ်မထိုးခင် မော်လမြိုင်မြို့ ထူးဟိုတယ်မှာကျင်းပတဲ့ ညစာစားပွဲအတွင်း အဲဒီလို ပြောသွားတာဖြစ်ပါတယ်။ ဒါ့အပြင် အပစ်အခတ် ရပ်စဲပြီးနောက်ပိုင်း မွန်နဲ့ ကရင်ပြည်နယ်တွေမှာ ဒေသဖွံ့ဖြိုးရေးအတွက် စက်မှုဇုံတွေ တည်ဆောက်ပေးမယ်လို့ဆိုပါတယ်။ အပစ်အခတ်ရပ်စဲပြီးတဲ့အခါ ဒုတိယကမ္ဘာစစ်အတွင်းက အသုံးပြုခဲ့တဲ့ သေမင်းတမန်ရထားလမ်းကိုလဲ ပြန်ပြင်ပေးမယ်လို့ ဦးအောင်မင်းက ဆိုပါတယ်။ မွန်ပြည်သစ်ပါတီနဲ့ လက်ရှိ အစိုးရဟာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို အခုလ (၂၅) ရက်နေ့က လက်မှတ်ရေးထိုးခဲ့ တာဖြစ်ပါတယ်။
---------------------------------- 
မြို့နယ်ကနေ ပြည်ထောင်စုအဆင့်ထိ ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်ကြား သတ်မှတ်ထားတဲ့ ရွေးကောက်ပွဲဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေဟာ တပြေးညီမရှိဘဲ နားလည်မှုလွဲစရာတွေ ဖြစ်နြေေ့ကာင်း
 မြို့နယ်ကနေ ပြည်ထောင်စုအဆင့်ထိ ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်ကြား သတ်မှတ်ထားတဲ့ ရွေးကောက်ပွဲဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေဟာ တပြေးညီမရှိဘဲ နားလည်မှုလွဲစရာတွေ ဖြစ်နြေေ့ကာင်း မင်္ဂလာတောင်ညွန့်မြို့နယ် ဒီမိုကရက်တစ်ပါတီ အမတ်လောင်း ဦးသုဝေက ပြောကြားလိုက်ပါတယ်။ ဥပမာ မဲရုံကိုယ်စားလှယ်တွေအဖြစ် ခန့်အပ်မယ့်သူတွေဟာ မဲဆန္ဒနယ်မြေအတွင်းနေထိုင်တဲ့ အိမ်ထောင်စုစာရင်းရှိ သူတွေ ဖြစ်ရမယ်လို့ခရိုင်ကော်မရှင်ကဆိုပေမယ့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကတော့ အိမ် ထောင်စုစာရင်းမရှိလည်း မဲရုံကိုယ်စားလှယ်လုပ်လို့ရတယ်လို့ ဆိုထားပါတယ်။ နောက်တခါ ကြိုတင်မဲကိစ္စ္စတွေနဲ့ပတ်သက်ပြီး ခရိုင်ကော်မရှင်က ကိုယ်စားလှယ်လောင်းတွေ စစ်ဆေးခွင့်မရှိဘူးလို့ ဆိုထားပေမယ့် ပြည်ထောင်စုကော်မရှင်ကတော့ စစ်ဆေးခွင့် ရှိတယ်လို့ ပြောကြားထားတာတွေကို ဥိးသုဝေက ထောက်ပြခဲ့ပါတယ်။
------------------------------- 
 ရခိုင်အမျိုးသားဒီမိုကရေစိအဖွဲ့ချုပ် ပြည်ထောင်စုရွေေးကာက်ပွဲကျင်းပရေးကော်မရှင်မှာ ဒီကနေ့ ပါတီ ထူထောင်ခွင့် ပြန်လည်လျောက်ထားလိုက်ပြီ
ရခိုင်အမျိုးသားဒီမိုကရေစိအဖွဲ့ချုပ် ပြည်ထောင်စုရွေေးကာက်ပွဲကျင်းပရေးကော်မရှင်မှာ ဒီကနေ့ ပါတီ ထူထောင်ခွင့် ပြန်လည်လျောက်ထားလိုက်ပြီဖြစ်ကြောင်း ပါတီဥက္ကဌ ဦးသာဘန်းက ဒီဗွီဘီကို ပြောပါတယ်။ ရခိုင်အမျိုးသားဒီမိုကရေစိအဖွဲ့ချုပ်ဟာ ၁၉၉၀-ရွေးကောက်ပွဲတုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြီးရင် တတိယမြောက် မဲအများဆုံး အနိုင်ရခဲ့တဲ့ပါတီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ မှာတော့ နိုင်ငံရေးပါတီ အဖြစ်ပြန်လည်မှတ်ပုံ မတင်တဲ့အတွက် ပါတီဖျက်သိမ်းခံခဲ့ရတာဖြစ်ပါတယ်
------------------------------- 

“ရပ်ကွက်၊ ကျေးရွာ၊ အုပ်ချုပ်ရေးမှူးဆိုင်ရာ ဥပဒေ”ကို
 ဥပဒေ ကြမ်းအဖြစ် သမ္မကိုတင်ပြရာမှာ သမ္မတက ဆယ်အိမ်မှူးတွေစုစည်းပြီး ဗြောင်ဆန္ဒမဲပေး ရွေးချယ်သင့်တယ် လို့ မှတ်ချက်ပေးခဲ့
“ရပ်ကွက်၊ ကျေးရွာ၊ အုပ်ချုပ်ရေးမှူးဆိုင်ရာ ဥပဒေ”ကို သမ္မတ ဦးသိန်းစိန်က ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၂၄ ရက် နေ့က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။ ဒီဥပဒေကို လွှတ်တော် (၂) ရပ်က ဥပဒေ ကြမ်းအဖြစ် သမ္မကိုတင်ပြရာမှာ သမ္မတက ဆယ်အိမ်မှူးတွေစုစည်းပြီး ဗြောင်ဆန္ဒမဲပေး ရွေးချယ်သင့်တယ် လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ဒီပေမဲ့ အဲဒီမူကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာတော့ သမ္မတ မှတ်ချက် ရှုံးနိမ့်သွာပြိး လျှို့ဝှက်မဲပေးနစ်နဲ့ ရွေးချယ်မယ့်ဥပဒေ အတည်ဖြစ်သွားပါတယ်။ ဒီဥပဒေထဲမှာတော့ ရပ်ကွက်ကျော် သွားရောက်သူတိုင်း ဧည့်စာရင်းတိုင်ရမယ်ဆိုတဲ့ အရင်စစ်အစိုးရအဆက်ဆက် ပြဌာန်းချက် ကို ဆက်လက် အတည်ပြုထားဆဲဖြစ်ပါတယ်။
----------------------------------- 
 ပုံမှန်ကျင်းပနေတဲ့ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို ဒီကနေ့ ဖေဖေါ်ဝါရီ ၂၇ ရက်နေ့မှာ ခေတ္တရပ်နားလိုက်တယ်
ပုံမှန်ကျင်းပနေတဲ့ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို ဒီကနေ့ ဖေဖေါ်ဝါရီ ၂၇ ရက်နေ့မှာ ခေတ္တရပ်နားလိုက်တယ်လို့ သဃင်္ကျွန်းမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က ပြောပါတယ်။ ဒီကိစ္စကို ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့ညနေပိုင်းမှာ လွှတ်တော် တာဝန်ရှိသူတွေက ကြိုတင်အကြောင်းကြားလာတယ်လို့လည်း သူက ဆိုပါတယ်။ ဘာကြောင့် အခုလို ရုတ်တရက် ရပ်နားလိုက်သလဲဆိုတာကိုတော့ ပြည်ထောင်စုလွှတ်တော် တာဝန်ရှိသူတွေက ထုတ် ပြောခြင်းမရှိကြောင်း ဥိးသိန်းညွန့်က ပြောပြခဲ့ပါတယ်။
------------------------------------ 
 ပညာရေး ၀န်ကြီးဌာနအောက်မှာရှိတဲ့ တက္ကသိုလ်အသီးသီးက ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းတွေကို သင်တန်းကာလ ၁ နှစ် ထပ်တိုးတော့မယ်
ဒီကနေ့ပြုလုပ်တဲ့ တက္ကသိုလ်ပညာရေးအဖွဲ့များကောင်စီရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ပညာရေး ၀န်ကြီးဌာနအောက်မှာရှိတဲ့ တက္ကသိုလ်အသီးသီးက ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းတွေကို သင်တန်းကာလ ၁ နှစ် ထပ်တိုးတော့မယ်လို့ သိရပါတယ်။ ဒီအစီအစဉ် ဘယ်တော့စမယ်ဆိုတာကိုတော့ ဆွေးနွေးနေဆဲဖြစ်ပါ တယ်။ ဒါ့အပြင် လာမဲ့ပညာသင်နှစ်ကစပြီး ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း ၊ ပဲခူးတိုင်းအရှေ့ ခြမ်း၊ ကရင် ပြည်နယ်စတဲ့ဒေသတွေက ဆေးတက္ကသိုလ်တက်ရောက်မယ့် ကျောင်းသူ-ကျောင်းသားတွေဟာ ရန်ကုန် ဆေးတက္ကသိုလ် (၂) ကို ပြောင်းလဲတက်ရောက်ခွင့်ရမယ်လို့ သိရပါတယ်။ ဒါပေမဲ့ သတ်မှတ်ဦးရေထက် ကျော်လွန်ယင်တော့ မကွေးဆေးတက္ကသိုလ်မှာ တက်ရောက်ရမဲ့အကြောင်း တက္ကသိုလ်ပညာရေး အဖွဲ့များ ကောင်စီ အစည်းအဝေးဆုံးဖြတ်ချက်အရ သိရပါတယ်။
DVB TV News