စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, October 15, 2012

KNU ခေါင်းဆောင် ပဒိုဒေးဗစ်ထော မင်္ဂလာဒုံ၌ ကွယ်လွန်


15 Oct, 2012

 ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ဗဟိုတရားရေးတာဝန်ခံ ပဒိုစောဒေးဗစ်ထောသည် အောက်တိုဘာလ (၁၄)ရက်နေ့ မြန်မာစံတော်ချိန်ည (၁၀)နာရီခွဲ၌ ရန်ကုန်၊ မင်္ဂလာဒုံစစ်ဆေးရုံ၌ ကွယ်လွန်သွားပြီ ဖြစ်သည်။

 ပဒိုဒေးဗစ်ထောသည် ကွယ်လွန်ချိန်၌ အသက် (၇၅) နှစ်ရှိပြီဖြစ်ပြီး ၎င်း၏ သေဆုံးခန္ဓာအား ရန်ကုန်မှ ကရင်ပြည်နယ် မြ၀တီမြို့နယ်၊ သင်္ကန်းညီနောင်သို့ ပြန်လည်ပို့ဆောင်ရန် မြန်မာအစိုးရဘက်က စီစဉ်ခဲ့ကြောင်းကိုလည်း သိရသည်။

 ယမန်နေ့ညပိုင်းက ပဒိုမကွယ်လွန်မီ မင်္ဂလာဒုံစစ်ဆေးရုံကြီးသို့ ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်ဝန်ကြီးများဖြစ်သည့် ဦးအောင်မင်း ၊ ဦုးစိုးသိန်းနှင့် ဦးခင်ရီတို့လာရောက်တွေ့ဆုံခဲ့ကြသည်။ ထိုသင်္ကန်းညီနောင်မှတဆင့် ထိုင်း-မြန်မာနယ်စပ်သို့ ဆက်လက်သယ်ဆောင်ရန် ကေအဲန်ယူဘက်မှ စီစဉ်ထားကြောင်းကိုလည်း ကေအဲန်ယူအသိုင်းအ၀ိုင်းက သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ပဒိုစောဒေးဗစ်ထောကွယ်လွန်ချိန်၌ ဇနီးနော်ဂျင်းဂျာနှင့် သားနှစ်ဦးသမီးသုံးဦးကျန်ရှိသည်။ ပဒို့အား အဘ ဦးရွှေထော၊ နော်မေဖိုးတို့မှ ၁၉၄၈ခုနှစ်၊ မတ်လ (၁၀)ရက်နေ့၌ မွေးဖွားခဲ့ပြီး ရန်ကုန်တက္ကသိုလ်၌ သမိုင်းဘာသာရပ်ဖြင့် ဘွဲ့ရခဲ့သူတစ်ဦးဖြစ်သည်။ ပဒိုဒေးဗစ်ထောသည် KNU ဗဟိုတရားရေးဌာန တာဝန်ခံအဖြစ် တာဝန်ယူခဲ့သူတစ်ဦးဖြစ်ပြီး မကြာသေးမီက ဘားအံမြို့ဆက်ဆံရေးရုံး ဖွင့်လှစ်မှုနှင့်ပတ်သက်၍ KNU က ရာထူးမှ ရပ်စဲခံထားရသူလည်းဖြစ်သည်။

အဆိုပါသဘောထားကွဲမှုများအား ပြန်လည် ညှိနှိုင်းဆဲကာလ၌ သေဆုံးခဲ့ခြင်းဖြစ်သည်။ ပဒို၏ ဈာပနအား KNUဌာနချုပ်ဖြစ်သည့် သေလေထ ၌စီစဉ်နေကြောင်းကိုလည်းသိရသည်။

 by Myit Makha Mediagroup 

0 comments: