စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, October 9, 2012

ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့တွင် သံဃာတော် အပါး ၃၀၀ ခန့် ဆန္ဒဖော်ထုတ်.

အမေရိကန်သံရုံးရှေ့တွင် လစ်ဗျားနိုင်ငံ၌ ကျဆုံးသွားခဲ့သော အမေရိကန်သံအမတ်အတွက် လွမ်းသူ့ပန်းခွေချစဉ် ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)
ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့တွင် သံဃာတော် အပါး ၃၀၀ ခန့် ဆန္ဒဖော်ထုတ် 


Source:7 Day news journal :Monks Protest against OIC (Organisation of Islamic Cooperation) Supporting Rohingyas-illegal Benghali Migrants Burmese Buddhists Monks expressed that they don't want OIC office opening in Burma and also requested to the Bangladesh Government to protect the Bangladesh Buddhist monks and Buddhist minorities' safety in Bangladesh. Around 300 Buddhist Monks participated in the protest. Earlier this month, around 1000 Buddhist Monks expressed their deep concerns in Magwe Monestry in Yangon. The demonstrations were held in front of the American Embassy and Bangladesh Embassies.

 ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ဖြစ်ပွားခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးကျောင်းများနှင့် ဒေသခံ ဗုဒ္ဓဘာသာဝင်များအား မွတ်စလင်ဘာသာဝင်များမှ အကြမ်းဖက် တိုက်ခိုက်ခဲ့မှုနဲ့ ပတ်သတ်ပြီး တတိယနေ့အဖြစ် ရန်ကုန်မြို့ရှိ သံဃာတော်များ စုပေါင်းပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် လမ်းလျှောက်မှုတခု့  အောက်တိုဘာလ ၈ ရက်နေ့ နေ့လယ် ၂ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ပါတယ်။

 ရဟန်းသံဃာတော် အပါး ၁၂၀၀ ကျော်နှင့် ပြည်သူလူထု အယောက် ၅၀၀ ကျော် စုပေါင်းပြီး ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့မှ စတင်ကာ အမေရိကန်သံရုံးရှေ့သို့ ချီတက် လမ်းလျှောက်ခဲ့ကြပါတယ်။ စက်တင်ဘာလ ၁၁ ရက်နေ့က လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး သေဆုံးခဲ့ရမှုနှင့် ပတ်သတ်ပြီး မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားများမှ ၀မ်းနည်းခြင်းအထိမ်းအမှတ် ပန်းစည်းများကို အမေရိကန်သံရုံးရှေ့ ဆိုင်းဘုတ်ရှေ့တွင် ချထားကာ ဆုတောင်းမေတ္တာ ပို့သခဲ့ကြပါတယ်။

အဆိုပါ ချီတက်လမ်းလျှောက်ပွဲအတွင်း ဘင်္ဂလားဒေ့ရှ်အစိုးရ၊ နိုင်ငံအသီးသီးမှ အစိုးရခေါင်းဆောင်များနှင့် ပါတီခေါင်းဆောင် ဘာသာရေးခေါင်းဆောင်များကို မြန်မာနိုင်ငံတိုင်းရင်းသားရှင်လူများမှ အချက် ၁၄ ချက်ပါ တောင်းဆိုချက်တွေကို တောင်းဆိုခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။ ဆန္ဒဖော်ထုတ်သူများ တောင်းဆိုခဲ့သည့်အချက် ၁၁ ချက် 

1 comments:

ဒီလို ဘာသာရေးစစ်ပွဲတွေ မဖြစ်ဖြစ်အောင် မွတ်ဆလင်အစွန်းရောက်တွေက ဘာကြောင့်ဖန်တီးနေရတာလဲ။ ကမ္ဘာ့နံပါတ်(၁) အသိမ်မွေ့ အနူးညံ့ဆုံး ကိုးကွယ်သင့်ဆုံးဘာသာအဖြစ် သက်မှတ်ခံရတဲ့ ဗုဒ္ဓဘာသာကိုမှ ပစ်မှတ်ထားပြီး ဘာကြောင့်တိုက်ခိုက်နေရတာလဲ။ ကျွန်တော်တစ်နေ့က You Tube မှာ မြန်မာတွေက ဘင်္ဂလီတွေကို သတ်ဖြတ်နေပုံဆိုပြီး ဗီဒီယိုတင်ထားတာတွေ့လို့ ဝင်ကြည့်မိတော့ အတုတွေဖြစ်နေတာတွေ့ရတယ်။ အီရတ်တို့ အစ္စရေးတို့ အာဖရိကတို့လိုနိုင်ငံတွေက ပြည်တွင်းစစ်ဖြစ်လို့ သူတို့လူမျိုးအချင်းချင်းသတ်ဖြတ် မီးရှို့နေတဲ့ ဗီဒီယိုတွေကို လိမ်တင်ထားတာတွေ့လိုက်ရတယ်။ ပြီးတော့ရေးထားသေးတယ်။ သင်သာမွတ်စလင်မှန်ရင် ဒီဗီဒီယိုတွေကို လိုက်ပြီးအချင်းချင်းမျှဝေပေးပါဆိုပြီး သွေးထိုးထားတာကိုပါတွေ့လိုက်ရတာ မယုံနိုင်အောင်ကို အံ့အားသင့်ခဲ့ရပါတယ်။ ပြီးတော့ကာ နာဂစ်တုန်းကသေဆုံးခဲ့တဲ့ လူသေလောင်းတွေကို တန်းစီထားတဲ့ ဓါတ်ပုံတွေကိုလည်း ဗုဒ္ဓဘာသာဝင်တွေ၏ အကြမ်းဖတ် သတ်ဖြတ်ခံခဲ့ရသော အပြစ်မဲ့မွတ်စလင်များဆိုပြီး ဗြောင်လိမ်ပြီးတင်ထားတာတွေကိုပါတွေ့ရတော့ ဒါတွေကို ကမ္ဘာကသိအောင် ကျွန်တော်တို့အနေနဲ့ ရဲရဲတင်းတင်း အစစ်အဆေးခံပြီး သူတို့ကသာ ဒီဘာသာရေးပြဿနာတွေဖန်တီး သူတို့မွတ်စလင်ဘာသာကမ္ဘာကိုကြီးစိုးဝါးမြိုရေးတွေကို အစွန်းရောက်တွေက အောက်တန်းကျကျဖန်တီးနေတယ်ဆိုတာတွေကို ပြသသင့်တယ်လို့ထင်တယ်ဗျာ။ ကျုပ်တို့ဘာသာထဲက အပြစ်ရှိတဲ့လူတွေနဲ့ သူတို့ဘာသာထဲက ပြစ်မှုကျုးလွန်ခဲ့တဲ့ လူတွေကိုလည်း ထိထိရောက်ရောက် ဘက်မလိုက်ပဲ အရေးယူမှုတွေကို ဂရုတစိုက်ပြုလုပ်ပေးကြပါ။ (ဘာသာတရားတိုင်း အေးချမ်းသာယာကြပါစေ)