စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, October 1, 2012

သမ္မတကြီးဦးသိန်းစိန် ကို ၀ိုင်းလိမ်ကြသူများ (အသံဖိုင်)


ယနေ့ (အောက်တိုဘာ ၁ရက်) တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာ မည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုရန် စောင့်ဆိုင်းနေကြသည့် ပြည်သူများကိုတွေ့ရစဉ်။
ကြိုဆိုရန်အတွက် ပြည်သူတစ်ထောင်ကျော်သည် ဗီနိုင်းများ၊ ရုပ်ပုံများ၊ အလံငယ်များကိုင်ဆောင်လျှက် စောင့်ဆိုင်းနေကြပြီဖြစ်သည်။

ဓာတ်ပုံ- ဥက္ကာကိုကို - 7Day News Journal


ဒီကနေ့ သမ္မတကြီးကိုလာကြိုတဲ့ လူတွေကို မေးကြည့်တော့ သမ္မတကြီးကို မသိဘူးလို့ ရေးထားတာကို တော်တော် မကျေနပ်ကျလို့ အသံဖိုင်လေးတင်ပေးလိုက်ပါတယ်။


 ဒီလို တိုင်းပြည်အတွက် ပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့ သမ္မတကြီးကို မလိမ်သင့်ပါဘူး ခေတ်အဆက်ဆက် ဒီလို For Show တွေလုပ်ပြီး သတင်းအမှားတွေပေးခဲ့ကျလို့ ခေါင်းဆောင်တွေဆုံးဖြတ်ချက် မှားခဲ့တာတွေ တပုံကြီးပါ။

ခင်ဗျားတို့ ဗျာ သမ္မတကြီး  အတွက် ၁၀ မိနစ်ပဲ အချိန်ပေးလိုက် အမိန့် နဲ့ ခေါ်စရာမလိုဘူး ဒါထက်လူပိုများလာလိမ့်မယ် ဒါလေးပဲရှင်းပြလိုက် သမ္မတကြီးက နိုင်ငံခြားကိုသွားပြီး မြန်မာပြည်မှာ စက်ရုံတွေလာဖွင့်ဖို မြန်မာနိုင်ငံသားတွေကိကူညီဖို့  မြန်မာပြည်က ထွက်တဲ့ကုန်ပစ္စည်းတွေဝယ် ဖို့ နိုင်ငံခြားမှာသွားပြောတာ ။

သမ္မတကြီး နိုင်ငံခြားကို ဘာသွားလုပ်တယ်ဆိုတာလေးပဲ ရှင်းပြလိုက် ဒါကြောင့် ဒို့ သမ္မတကြီးကို သွားကြိုကျမယ်။

ဟော့လိုက် ကျမလားသာပြော ဒီထက်လူ ၃ ဆများသွားလိမ်မယ် အခုကတော့ အသင်းတစ်သင်းလူ ၅၀ ကားပေါ်တက် လေဆိပ်သွားမယ် ဒီဆိုင်းဘုတ် လေးကိုင် ဒါမျိုးတွေဆိုတော့ အကုန်လုံးပေါ်ကုန်ရော စိတ်ချပါ နောက်နောင် အဲဒီလို For Show တွေကိုဆက် လက်ဖွင့်ချပါအုံးမယ်။

Aung Thu Ra (Facebook)

0 comments: