စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, October 1, 2012

 အမေရိကန်ပြည်ထောင်စုမှ ပြန်လည်ရောက်ရှိလာသော သမ္မတဦးသိန်းစိန်အား စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ပြည်သူများ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လာရောက်ကြိုဆို

လာရောက်ကြိုဆိုသူများကို နှုတ်ဆက်နေသည့် နိုင်ငံတော်သမ္မတနှင့်သမ္မတအား ကြိုဆိုနေသူများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်တွေ့ရစဉ် ဓါတ်ပုံ - အောင်ဇော်ထွန်း 

 နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမေရိကန်နိုင်ငံ နယူးရောက်မြို့ရှိ ကုလသမဂ္ဂ ဌာနချုပ်ရုံးတွင် ပြုလုပ်သော ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ခဲ့ပြီး အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

ထိုသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)တို့မှ ပါတီဝင်များ၊ အနုပညာရှင်များ၊ စက်မှုလုပ်ငန်းရှင်ကြီးများနှင့် တိုင်းရင်းသားလူငယ်များ၊ Myanmar Egress သင်တန်းသားများနှင့်အဖွဲ့ဝင်များ၊ အထည်ချုပ်စက်ရုံများမှ ၀န်ထမ်းများ၊ ဌာနဆိုင်ရာ အသီးသီးမှ အဆင့်မြင့်အရာရှိများနှင့် ပြည်သူများက လာရောက်ကြိုဆိုခဲ့ကြသည်ကို တွေ့ရသည်။

လာရောက်ကြိုဆိုသူများကို နှုတ်ဆက်နေသည့် နိုင်ငံတော်သမ္မတနှင့်သမ္မတအား ကြိုဆိုနေသူများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်တွေ့ရစဉ် ဓါတ်ပုံ - အောင်ဇော်ထွန်း 

အဆိုပါ လာရောက်ကြိုဆိုသူများသည် နံနက် ၇ နာရီခန့်မှ စတင်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှေ့တွင် 'နိုင်ငံတကာတွင် မြန်မာ့ဂုဏ်ကို ဆောင်ခဲ့သော နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အား ကြိုဆိုပါ၏'၊ 'Congratulation Mr.President '၊ 'We Support You '၊ 'ပြည်သူသန်း ၆၀ အတွက် သမိုင်းဝင်အပြောင်းအလဲကို ဆောင်ကျဉ်းသူသမ္မတကြီး ဦးသိန်းစိန်အား လှိုက်လှဲစွာ ကြိုဆိုပါ၏'၊ အစရှိသော စာတန်းများကိုင်ဆောင်ကာ စောင့်ဆိုင်းနေခဲ့ကြပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နံနက် ၉ နာရီ ၂၀ မိနစ်တွင် စင်ကာပူ Silk Air လေကြောင်းလိုင်းဖြင့် ရောက်ရှိလာခဲ့ရာ ကြိုတင်စောင့်ဆိုင်း ကြိုဆိုနေသူများက ''သမ္မတကြီး ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ဂုဏ်ယူပါတယ်သမ္မတကြီး''စသည့် ကြွေးကြော်သံများဖြင့် ကြိုဆိုခဲ့ ကြကြောင်း သိရသည်။


ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ နိုင်ငံတော်သမ္မတအား ကြိုဆိုနေသူများကိုတွေ့ရစဉ် ဓါတ်ပုံ - အောင်ဇော်ထွန်း

 မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးဝင်းအောင်က ''နိုင်ငံအကျိုးအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်ပေးနေတဲ့ သမ္မတကြီးကို လာရောက်ကြိုဆိုတာပါ။ တိုင်းသူပြည်သားတွေအားလုံး သာယာဝပြော တဲ့ ဘ၀ရှေ့တက်လမ်းတွေအတွက် တံခါးဖွင့်ပေးတဲ့ သမ္မတကြီးကို ၀မ်းသာပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ သမ္မတကြီးကို လာကြိုချင်ကြတယ်ဆိုလို့ ကျွန်တော်တို့က စီစဉ်ပေးတာပါ။

တစ်နိုင်ငံလုံးက ပြည်သူတွေ စိတ်ချမ်းသာသာနဲ့ နေထိုင် နိုင်အောင်သမ္မတကြီးက အစွမ်းကုန် ဆောင်ရွက်မယ်လို့ ယုံကြည်ပါတယ်''ဟု ပြောပြခဲ့ပါသည်။ ရခိုင်တိုင်းရင်းသူတစ်ဦးက ''ကျွန်မက ရခိုင်ပြည်နယ် စစ်တွေကပါ။ Myanmar Egress မှာ သင်တန်းလာတက်တာပါ။ အခုလို လာကြိုခွင့်ရတာ ၀မ်းသာပါတယ်။ ကြိုဆိုရမယ်လို့ မမျှော်လင့်ပါဘူး။ အခုလို အပြောင်းအလဲတွေလုပ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီထက်မက တိုးတက်အောင်လုပ်ပေးပါလို့ သမ္မတကြီးကို တောင်းဆိုပါတယ်''ဟု ပြောပြခဲ့ပါသည်။


အထည်ချုပ်စက်ရုံ အလုပ်သမများမှ နိုင်ငံတော်သမ္မတအား ဂုဏ်ပြုကြိုဆိုကြောင်း ဖော်ပြသည့် ဆိုင်းဘုတ်များရေး သားနေစဉ် ဓါတ်ပုံ - အောင်ဇော်ထွန်း

 နိုင်ငံသမ္မတကြီးကို ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံများမှ အထည်ချုပ်ဝန်ထမ်းများမှလည်း ''မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းနှင့် အလုပ်သမားများ အကျိုးအတွက် အထူးဆောင်ရွက်ပေးသော နိုင်ငံတော်သမ္မကြီးအား ဂုဏ်ပြု ကြိုဆိုပါသည်''ဟူသည့် ဆိုင်းဘုတ်များနှင့် ကြိုဆိုခဲ့ကြသည်။ လှိုင်သာယာမြို့နယ် လက်ဝါးအထည်ချုပ်စက်ရုံမှ ၀န်ထမ်းအမျိုးသမီးတစ်ဦးက''မနက် ၇နာရီကတည်းက ရောက်နေတာပါ။

စက်ရုံက စီစဉ်ပေးမှုနဲ့ အခုလိုလာကြိုတာပါ။ အခုလိုလာကြိုရတာ အရမ်းဝမ်းသာပါတယ်။ သမ္မတကြီး အနေနဲ့ ဒီ့ထက်အကျိုးပြုလုပ်ငန်းတွေ လုပ်ကိုင်ပေးပါလို့ တောင်းဆိုချင်ပါတယ်။ လူနေမှုအဆင့်အတန်းတွေ ဒီထက်ပိုပြီးကောင်းအောင် လုပ်ဆောင်ပေးမယ်လို့လည်း ယုံကြည်ပါ တယ်''ဟု ပြောပြပါသည်။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအသင်းဝင်များမှ နိုင်ငံတော်သမ္မတအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လာရောက်ကြိုဆိုနေစဉ် ဓါတ်ပုံ - အောင်ဇော်ထွန်း 

''ကျွန်တော်တို့နိုင်ငံရဲ့ သမ္မတလည်းဖြစ်တယ်။ ကျွန်တော်တို့ ပါတီရဲ့ ဥက္ကဋ္ဌလည်း ဖြစ်ခဲ့ဖူးတယ်။ သန်းခြောက်ဆယ်သော ပြည်သူတွေအတွက် ဒီမိုကရေစီဖော်ဆောင်ပေးနေလို့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုရမယ့် တာဝန် ကျွန်တော်တို့မှာ ရှိပါတယ်။ အဲဒါကြောင့် ဒီနေ့အင်အား၁၅၀ခန့်နဲ့ လာရောက်ကြိုဆိုခြင်းဖြစ်ပါတယ်''ဟု ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး တိုင်းကော်မတီအဖွဲ့ဝင် ဦးတင်ဝင်းက ပြောကြားခဲ့သည်။

 နိုင်ငံတော်သမ္မဦးသိန်းစိန်သည် အမေရိကန်နိုင်ငံသို့ စက်တင်ဘာလ ၂၄ရက်နေ့က စတင်ထွက်ခွာခဲ့ပြီး အမေရိကန်နိုင်ငံတွင် ခေတ္တ ရောက်ရှိနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ ဆုံခြင်း အမေရိကန် နိုင်ငံခြားရေးဝန် ကြီး ဟီလာရီကလင်တန်နှင့် တွေ့ဆုံခြင်း၊ အမေရိကန်နိုင်ငံ နယူးရောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်ရုံးတွင်ပြု လုပ်သော ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားခြင်း၊ ဘင်္ဂလားဒေ၀န်ကြီးချုပ်နှင့် တွေ့ဆုံခြင်း၊ နယူးယောက်မြို့ရှိ အာရှအသင်းတွင် တွေ့ဆုံမေးမြန်းဖြေကြားခြင်းများ ပြည်ပမီဒီယာများနှင့် တွေ့ဆုံမေးမြန်းဖြေကြားခြင်းများ၊ ပြည်ပအခြေစိုက် မြန်မာမီဒီယာများနှင့် တွေ့ဆုံခြင်း စသည်တို့ကိုပြုလုပ်ခဲ့ကြောင်း သိရသည်။

Eleven Media Group

0 comments: