စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, June 13, 2012

ရခိုင်ပြည်နယ် ယနေ့ အခြေအနေ များ





စစ်တွေမြို့တွင် ယနေ့ ဇွန်လ ၁၃ ရက် နေ့လည်အထိ ပြန်လည်တည်ငြိမ်နေ ကြောင်း စစ်တွေမြို့သို့ ရောက်ရှိနေသော 7DayNews သတင်းထောက်က
ပေးပို့သည်။

ရခိုင်ပြည်နယ်၊စစ်တွေမြို့ ၊လမ်းမတော်တောင်ရပ်ကွက်၊ အမျိုးသားဘုန်းတော်ကြီးကျောင်းတိုက်တွင် ရခိုင်တိုင်းရင်းသားဒုက္ခသည် ၈၁ ဦးကိုလက်ခံစောင့်ရှောက်ထားရကြောင်း The Messenger သတင်း
ထောက်ကသတင်းပေးပို့သည်။အဆိုပါ ဒုက္ခသည် ၈၁ ဦးတွင် ကလေး ၃၀ ဦး၊ကျား ၂၅ ဦး၊မ ၅၆ ဦး
ပါဝင်ပြီး သက်ကြီးရွယ်အိုများနှင့် ကလေးများမှာရေမသန့်ရှင်းမှုကြောင့်ဖြစ်ရသော ဗိုက်အောင့်ဝေဒနာ
ကိုခံစားနေကြရကြောင်းသိရသည်။ ဒုက္ခသည်များကိုကူညီစောင့်ရှောက်ပေးနေသောစစ်တွေဒေသခံ
တစ်ဦးက " အဓိကလိုအပ်နေတာကတော့ဆေးဝါးအကူအညီပါပဲ။အခုလက်ရှိမှာစစ်တွေမြို့ပေါ်မှာဘယ်
ဆေးခန်းမှမဖွင့်တော့ဘူး။တစ်ခုခုအတွက်အရေးပေါ်အကူအညီလိုအပ်လာခဲ့ရင်အခြေအနေကစိုးရိမ်ရတယ်"
ဟုသုံးသပ်ပြောကြားကြောင်း The Messenger သတင်းထောက်ကဆက်ပြောသည်။

ရခိုင်ပြည်နယ်စစ်တွေမြို့တွင် စက်သုံးဆီဈေးနှုန်းနှင့်အခြေခံစားသောက်
ကုန်ဈေးနှုန်းများမြင့်တက်သွားကြောင်းစစ်တွေမြို့တွင်သွားရောက်
သတင်းယူနေသော The Messenger အကြီးတန်းသတင်းထောက်က
တိုက်ရိုက်သတင်းပေးပို့သည်။
" အရင်က ဓာတ်ဆီတစ်လီတာကို ၁၂၀၀ ကျပ်လောက်ပဲရှိခဲ့တာကနေ အခုဒီမနက်မှာ ၁၅၀၀/၂၀၀၀ကျပ်လောက်အထိထိုးတက်သွားတယ်။
စားသောက်ကုန်တွေလည်းဈေးထိုးတက်လာတယ်" ဟု ၄င်းကပြောသည်။

ယခုလက်ရှိတွင် စစ်တွေမြို့၌ သက်ဆိုင်ရာမှပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး အခြေအနေကိုထိန်းသိမ်းဆောင်ရွက်နေသော်လည်းလိုက်နာမှုအား
နည်းနေ ခြင်းကြောင့် မနက်ဖြန်မှစပြီးမလိုက်နာသူများကိုပြင်းပြင်းထန်ထန်အရေးယူ
သွားမည်ဖြစ်ကြောင်းသက်ဆိုင်ရာမှမြို့အနှံလိုက်လံကြေညာနေသည်။
ထို့အပြင် ဓား၊လှံ၊တုတ် များကိုလည်းလုံးဝကိုင်ဆောင်ခြင်းမပြုရန်
သက်ဆိုင်ရာမှသတိပေးနေကြောင်းလည်းသိရသည်။

စစ်တွေမြို့တွင်း ကယ်ဆယ်ရေးစခန်းအချို့သို့ ရောက်ရှိနေသော ဒုက္ခသည် စာရင်း

အဒိဒါန်ကျောင်း ၂၀၀၀ ဦးခန့်
ရွေစေတီကျောင်း ၁၀၀၀ ဦးခန့်
ရဲကျော်သူကျောင်း ၁၀၀၀ ဦးခန့်
ဆင်ကူးလမ်းဓမ္မာရုံ ၆၀၀ဦးခန့်
မင်းခံဓမ္မာရုံ ၅၀၀ ဦးခန့်
ဆုတောင်းပြည့်ကျောင်း ၄၅၀ ဦးခန့်
ဂြစ်ချေကျောင်း ၄၀၀ ဦးခန့်
စပါးထားကျောင်း ၄၀၀ ဦးခန့်
ဥာဏစက္က ၃၅၀ ဦးခန့်
ဓတ်လျင်ကျောင်း ၃၅၀ ဦးခန့်
ယတ္တရာကျောင်း ၃၅၀ ဦးခန့်
ရွာကြီးမြောက်ဓမ္မာရုံ ၃၀၀ ဦးခန့်
စိတ္တသုခကျောင်း ၂၅၀ ဦးခန့်
မရာမာကြီးကျောင်း ၂၅၀ ဦးခန့်
ရွာကြီးတောင် ဓမ္မာရုံ ၂၅၀ ဦးခန့်
ခေါင်းလောင်းကျောင်း ၂၅၀ ဦးခန့်
ဓမ္မစင်္ကြာကျောင်း ၂၀၀ ဦးခန့်
ဝါယမကျောင်း ၂၀၀ ဦးခန့်
ကယိချောင်းကျောင်း ၂၀၀ ဦးခန့်
ဘုရားလေးဆူကျောင်း ၂၀၀ ဦးခန့်
လမ်းမတော်မြောက် ဓမ္မာရုံ ၂၀၀ ဦးခန့်
အမျိုးသားကျောင်း ၁၅၀ ဦးခန့်
ဇေယျာသီရီကျောင်း ၁၅၀ ဦးခန့်
အသောကရုံကျောင်း ၁၅၀ ဦးခန့်
ဓမ္မရိပ်သာကျောင်း ၁၂၀ ဦးခန့်
ဗုဒ္ဓေါမွန်ကျောင်း ၁၂၀ ဦးခန့်
ဇောတိကာရုံကျောင်း ၁၀၀ ဦးခန့်
ဥာဏိကာရာမကျောင်း ၁၀၀ ဦးခန့်
ဘောဂသုခကျောင်း ၁၀၀ ဦးခန့်
သရက်တောကျောင်းတိုက် ၇၀ ဦးခန့်
သာသနာ့ဗိမာန် ၅၀ ဦးခန့်
စစစရုံး ၅၀ ဦးခန့်
မဟာကုသလကျောင်း ၅၀ ဦးခန့်

ယခုဖေါ်ပြထားသော ကယ်ဆယ်ရေးစခန်းများနည်းတူ အခြား ကယ်ဆယ်ရေးစခန်းအချို့လည်း ဖွင့်လှစ်ထားပြီး ယင်းစခန်းများရှိ ဒုက္ခသည် စာရင်းများကိုလည်း ဆက်လက် စုံစမ်းလျက်ရှိပါသည်။

“စစ်တွေမြို့ရဲ့ ယနေ့မွန်းလွဲပိုင်း အခြေအနေကတော့ အေးအေးချမ်းချမ်း ရှိနေတယ်။ မနက်ပိုင်းကတော့ မကျည်းမြိုင် ဘက်မှာ မီးရှို့ဖို့ ကြိုးစားတဲ့ ဘင်္ဂါလီ ၃ ဦးကို ရခိုင်တိုင်းရင်းသားတွေက ဖမ်းဆီးလိုက်တယ်။ ကသဲရွာဘက်မှာလည်း မီးရှို့ဖို့ ကြိုးစားတဲ့ ဘင်္ဂါလီ ၂ ဦးကို ရခိုင်တိုင်းရင်းသားတွေက ဖမ်းမိပါတယ်။ အဲဒါတွေ အပြင် တခြားထူးခြားတဲ့ ဖြစ်စဉ်တော့ မတွေ့ရသေးပါဘူး” ဟု စစ်တွေမြို့သို့ ရောက်ရှိနေသော သတင်းထောက်မှ မွန်းလွဲ ၁း၅၀ နာရီတွင် သတင်းပေးပို့ပါသည်။

စစ်တွေမြို့ပေါ်တွင် မီးရှို့မှုများပြုလုပ်နေသော ဘင်္ဂါလီလူမျိုးများ ရှိနေပြီး စစ်တွေမြို့၊ မြို့သူကြီးရပ်ကွက်ကို မီးရှို့ကာ ပင်လယ်အတွင်း ထွက်ပြေးရန်
ကြိုးစားသော ဘင်္ဂါလီလူမျိုးတစ်ဦးကို လက်ရဖမ်းဆီးရမိကာ အမှတ်(၁) ရဲစခန်းမှ အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

နောက်ဆုံးရရှိသော သတင်းများအရ NGO အဖွဲ့အစည်းတချို့မှ ပုဂ္ဂိုလ်တချို့ ပါဝင်ပတ်သတ်မှုရှိနေပြီး စစ်တွေ AZG အဖွဲ့မှ ဘင်္ဂါလီလူမျိုး ဦးကျော်လှအောင်အား အယ်လ်ကိုင်ဒါများနှင့် ဆက်သွယ်ထားသော စာရွက်စာတမ်းများနှင့်အတူ ဇွန်လ ၁၂ ရက်နေ့ညနေပိုင်းက
ဖမ်းဆီးရမိခဲ့ သဖြင့် စစ်ဆေးမှုများပြုလုပ်နေကြောင်း အမှတ်(၁) ရဲစခန်းမှ ရဲအရာရှိတစ်ဦးက 7Day News သို့ပြောသည်။

0 comments: