စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, June 27, 2012

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) က မနေ့က ကြေညာချက်ထုတ်ပြန်တောင်းဆို




ရခိုင်ဒေသတွင်း ဖြစ်ပွါးခဲ့တဲ့ ပဋိပက္ခတွေကြောင့် ရခိုင်ဒေသခံပြည်သူတွေ
စိတ်လုံခြုံမှုရရှိဖို့အတွက် အစိုးရနဲ့ ရခိုင်ပြည်သူတွေပူးပေါင်းဆောင်ရွက်နိုင်
မယ့် လုံခြုံရေးအစီအစဉ်တွေ ချမှတ်ဆောင်ရွက်ပေးဖို့ရခိုင်တိုင်းရင်းသားများ
တိုးတက်ရေးပါတီ(RNDP) က မနေ့က ကြေညာချက်ထုတ်ပြန်တောင်းဆို
လိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ အခုလို အဓိကရုဏ်းတွေ ပေါ်လာရတာဟာ နယ်စပ်
ပြဿနာကို အစိုးရအဆက်ဆက်က ကိုင်တွယ် ဖြေရှင်းရာမှာ အားနည်းမှုကြောင့်ဖြစ်ကြောင်း (RNDP) ပါတီအထွေထွေ
အတွင်းရေးမှူး ဦးလှစောက ပြောပါတယ်။

(RNDP) ပါတီက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ လက်ရှိ ရခိုင်ဒေသက ပြဿနာတွေကို ပြည်ထောင်စုအစိုးရနဲ့ တနိုင်ငံလုံးက
ပြည်သူတွေပါ ပူးပေါင်းပါဝင်ဖြေရှင်းဖို့လိုကြောင်း RNDP ပါတီ
က တိုက်တွန်းထားပါတယ်။

ရခိုင်ဒေသ အဓိကရုဏ်းတွေကြောင့် ရခိုင်လူမျိုးတွေနဲ့ ဘင်္ဂါလီ မူဆလင်တွေကြားနီးကပ်စွာရောနှော နေထိုင်ဖို့ အခက်ခဲ ရှိလာတာကြောင့်
ဘင်္ဂါလီတွေကို ယာယီအားဖြင့် သီးခြားနေရာချထားပေးဖို့ RNDP
ပါတီက တောင်းဆို လိုက်သလို ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာပူးပေါင်းပြီး အဆိုပါ ဘင်္ဂါလီတွေကို တတိယနိုင်ငံတွေမှာ အခြေချနိုင်ဖို့ရွှေ့ပြောင်း
ပေးစေလိုကြောင်း RNDPပါတီရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

0 comments: