မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံလိုကြတဲ့ နိုင်ငံခြားကုမ္ပဏီ ၂၀၀ ကျော်လောက် ပူးပေါင်းပါဝင်တဲ့ ရင်းနှီးမြှပ်နှံမှု ထိပ်သီး ညီလာခံကို မနေ့က ရန်ကုန်မြို့မှာ စတင်ဖွင့်လှစ်လိုက်ပါတယ်။
ရင်းနှီးမြှပ်နှံမှု ထိပ်သီးညီလာခံကို စင်္ကာပူနိုင်ငံ အခြေစိုက် နည်းပညာ စီမံခန့်ခွဲမှု စင်တာ CMT က စီစဉ် ကျင်းပတာ ဖြစ်ပြီး ၂ ရက်ကြာ ရန်ကုန်မြို့မှာ ကျင်းပတာ ဖြစ်ပါတယ်။
ရင်းနှီးမြှပ်နှံမှု ညီလာခံကို နိုင်ငံပေါင်း ၂၀ ကျော်က ကုမ္ပဏီ ၂၀၀ ကနေ ၃၀၀အထိ ပါဝင်ကြပြီး ဗြိတိန်၊ အမေရိကန်၊ သြစတေးလျ၊ ကနေဒါ ပြင်သစ် စတဲ့နိုင်ငံတွေကလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံက ရေနံနဲ့ သဘာဝဓါတ်ငွေ့၊ ရေလုပ်ငန်း၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းစတဲ့ကဏ္ဍတွေမှာ ရင်းနှီးမြှပ်နှံမှု အတွက် စိတ်ဝင်စားကြတဲ့ ကုမ္ပဏီတွေ ပူးပေါင်းပါဝင်ကြတာလို့ ဆိုပါတယ်။
ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်ကတည်းက ရှိနေပြီးသား နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဥပဒေကိုတော့ ပြန်လည် ပြင်ဆင်ရေးဆွဲပြဌာန်းဖို့ လိုအပ်နေသေးပြီး လာမယ့် ဇူလိုင်လ ၄ ရက်နေ့မှာ စတင်မဲ့ လွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးနိုင်တယ်လို့ သိရပါတယ်။
Welcome to SeekaHost
10 months ago










0 comments:
Post a Comment