စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, June 27, 2012

ပြင်သစ်သမ္မတ ဝက်ဆိုဒ်သတင်းစာမျက်နှာတွင်ဖေါ်ပြသော သမိုင်းဝင် နိုင်ငံတော်အထူးဧည့်သည်တော်မှတ်တမ်းဓါတ်ပုံများ



ပြင်သစ်သမ္မတ Francois Hollande ရဲ့ အထူးဧည့်သည်တော် မြန်မာပြည်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်..
အပြိုင်အဆိုင် ခမ်းခမ်းနားနားကို ကြိုဆိုကြတာပါ..။Reuters



မြန်မာ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်
အား ပြင်သစ်နိုင်ငံသမ္မတFrançois Hollandeက
ပြင်သစ်သမ္မတအိမ်တော်Elyseeနန်းတော်မှ
နိုင်ငံတော်အထူးဧည့်သည်အဖြစ်ကြိုဆိုနှုတ်ဆက်။


ပြင်သစ်နိုင်ငံရဲ့ အစိုးရဧည့်သည်တော် အဖြစ်ရောက်ရှိနေတဲ့
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ်သမ္မတ Francois Hollandeမှ Elysee နန်းတော်မှာ လက်ခံတွေ့ဆုံ ခဲ့ပါတယ်..
ပြင်သစ်သမ္မတ Francois Hollande ရဲ့ အထူးဧည့်သည်တော် မြန်မာပြည်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်..။ အပြိုင်အဆိုင် ခမ်းခမ်းနားနားကို ကြိုဆိုကြတာပါ..။


ပြင်သစ်သမ္မတရဲ့ အမေစုအပေါ် အင်မတန် လေးစားတဲ့ အမူအရာတွေကို မြင်တွေ့နိုင်ပါတယ်..AP










By/ Aung Pan ပြင်သစ်သမ္မတ ဝက်ဆိုဒ်သတင်းစာမျက်နှာတွင်ဖေါ်ပြသော သမိုင်းဝင် နိုင်ငံတော်အထူးဧည့်သည်တော်မှတ်တမ်းဓါတ်ပုံများ။ 

Entretien avec Mme AUNG SAN SUU KYI, députée birmane, prix Nobel de la Paix - 11 Voir la photo suivante © Présidence de la République - L.Blevennec/C.Alix/P.Segrette

ဇွန်လ(၂၆)ရက်နေ့က ပြင်သစ်နိုင်ငံမှာ အစိုးရဧည့်သည်တော် အဖြစ်ရောက်ရှိနေတဲ့ မြန်မာပြည်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ်သမ္မတ Francois Hollandeမှ Elysee နန်းတော်မှာ လက်ခံတွေ့ဆုံ ခဲ့ပါတယ်..။

ပြင်သစ်သမ္မတ ဖရန်ဆွာအော်လွန်ဒ်က ပြင်သစ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ်အကူးအပြောင်းတွင် ပါဝင်သူအားလုံးအား အားပေးထောက်ခံသွားမည်ဖြစ်ကြောင်းနှင့် သမ္မတဦးသိန်းစိန်အနေဖြင့် ပြင်သစ်နိုင်ငံသို့ လာရောက်လည်ပတ်လိုပါက လည်ပတ်နိုင်ပြီး အိမ်ရှင်နိုင်ငံအဖြစ် ကြိုဆိုသွားရန် အဆင်သင့်ရှိနေပါကြောင်း ပြင်သစ်နိုင်ငံ ပါရီမြို့၌ ဇွန်လ ၂၆ ရက်နေ့က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

0 comments: