စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, June 28, 2012

“သမိုင်းလမ်းဆုံ အနီး နှစ်ထပ်တိုက်တစ်လုံးပြိုကျမှု ဖြစ်ပွား”




ဇွန်လ ( ၂၈ )ရက်နေ့ နံနက် လေးနာရီ လေးဆယ့်ငါးမိနစ်ခန့်အချိန်က မရမ်းကုန်းမြို့နယ် ရန်ကုန်-အင်းစိန် လမ်းမပေါ် ၊ကျိုက်ဝိုင်းဘုရားလမ်းနှင့် သမိုင်းလမ်းဆုံထောင့်ရှိ နှစ်ထပ်တိုက် လူနေအိမ်တစ်လုံးပြိုကျမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါတိုက်မှာ ၁၉၈၇ ခုနှစ်ကတည်းက တည်ဆောင်ထားခြင်းဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန ( အဆောက်အအုံ )မှ အန္တရာယ်ရှိ အဆောက်အအုံအဖြစ် ယခုနှစ် မေလက သတ်မှတ်ကာ ဖျက်သိမ်းရန် ညွှန်ကြားထားသော အဆောက်အအုံ လည်းဖြစ်ကြောင်းသိရသည်။

ထိုတိုက်ပြိုကျမှုမှာ ပထမ ထပ်အခန်း ( ၈ )တွင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး နောက်ဖေးမီးဖိုချောင်တစ်ခုလုံး မြေညီထပ်သို့ပြိုကျခဲ့သော်လည်း ထိခိုက်ဒဏ်ရာ ရသေဆုံးသူ မရှိခဲ့ကြောင်း အဆိုပါ တိုက်နေ ပတ်ဝန်းကျင် တွင် နေထိုင်သူများ နှင့် မီးသတ်ဦးစီးဌာန တို့မှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန မှ ရရှိသော စာရင်းများအရ ယခုနှစ် ဇန်န၀ါရီလ မှ ဇွန်လအထိ ရန်ကုန်စည်ပင်နယ်နိမိတ် အတွင်း တိုက်ပြိုကျမှု ၃ ကြိမ်ဖြစ်ပွားခဲ့သည်ဟုသိရသည်။

Popular Myanmar News Journal

0 comments: