စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, June 29, 2012

ဗကသ ဟာ တရားဝင် အဖွဲ့အစည်း မဟုတ်တဲ့အတွက် မှတ်ပုံတင်ဖို့လိုကြောင်းနဲ့ ကျင်းပဖို့ စီစဉ်ထားတဲ့ ဆဲဗင်းဂျုလိုင် အခမ်းအနားကိုလည်း ပြုလုပ်ခွင့် မပြုကြောင်း ပြောဆို


ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (အထက်ဗမာပြည်) လုပ်ငန်းကော်မတီက ကိုမိုးထက်နေ၊ ကိုအောင်မှိုင်းဆန်း၊ ကိုရဲရင့်ကျော်နဲ့ ကိုသန်းထိုက်တို့ (၄)ဦးကို မန္တလေးတိုင်း ဒေသကြီး၊ အထွေထွေ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ဒီကနေ့ခေါ်ယူတွေ့ဆုံပြီး ဗကသ ဟာ တရားဝင် အဖွဲ့အစည်း မဟုတ်တဲ့အတွက် မှတ်ပုံတင်ဖို့လိုကြောင်းနဲ့ ကျင်းပဖို့ စီစဉ်ထားတဲ့ ဆဲဗင်းဂျုလိုင် အခမ်းအနားကိုလည်း ပြုလုပ်ခွင့် မပြုကြောင်း
ပြောဆိုတယ်လို့ သိရပါတယ်။

တိုင်းအုပ်ချုပ်ရေးမှူး ဦးအုန်းလွင် အပါအဝင် တိုင်းဥပဒေအရာရှိနဲ့ တိုင်းရဲမှူး အဆင့်ရှိသူ တဦးတို့က ဒီကနေ့နေ့လည်ကတိုင်းအုပ်ချုပ်ရေး မှူး ရုံးမှာ ခေါ်ယူတွေ့ဆုံပြီး ပြောကြားခဲ့တာလို့ ဗကသကျောင်းသား ကိုမိုးထက်နေ က အခုလိုပြောပါတယ်။

“နံပါတ်(၁) အချက်ကတော့ဗျာ။ ကျနော်တို့ဒီ ဗကသလှုပ်ရှားမှုတွေဟာ ၁၉၈၈ ခုနှစ်က ထုတ်တဲ့ အသင်းအဖွဲ့ ဥပဒေတွေနဲ့ ညှိစွန်းနေတယ်၊ ကျနော်တို့ တကယ်လို့ အသင်းအဖွဲ့ ဖွဲ့ချင်တယ်ဆိုလည်း သဘောက မှတ်ပုံတင်ရမယ်။ အဲဒါကို တိုင်းဥပဒေအရာရှိက ကျနော်တို့ကို ဖတ်ပြတယ်၊ ဒုတိယအချက်က ကျနော်တို့ အသင်းအဖွဲ့က တရားလည်းမဝင်ဘူး။
နောက်တခါ 7 July ကလည်း တရားဝင် သတ်မှတ်ထားတဲ့ နေ့
မဟုတ်ဘူးပေါ့နော်။ အဲဒါကြောင့်မို့လို့ 7 July ကျင်းပခွင့်ကို သူတို့အနေနဲ့ ခွင့်မပြုနိုင်ပါဘူးပေါ့ အဲဒီ(၂)ချက်ပြောတာပါ။”

သူတို့အနေနဲ့ကတော့ ဗကသဟာ တက္ကသိုလ် အက်ဥပဒေအရ တရားဝင်ကြောင်း ဒါကြောင့် မှတ်ပုံတင်မှာ မဟုတ်ဘဲ တက္ကသိုလ် အက်ဥပဒေ ပေါ်ထွက်လာဖို့ကိုသာ ဇောင်းပေးလုပ်ဆောင်မှာ ဖြစ်ကြောင်း သူက အခုလို ဆက်ပြောပါတယ်။

“ဗကသ ဆိုတာက ၁၉၆၂ခုနှစ်မှာ မတရားဖျက်သိမ်းခံလိုက်ရတဲ့ ကျနော်တို့ ဒီ တက္ကသိုလ်အက်ဥပဒေ အရ ဗကသဟာ တရားဝင်မှုရှိတယ်။
နောက်လက်ရှိ အနေအထားမှာ လွှတ်တော်တွေ ပေါ်လာပြီဆိုတော့ တက္ကသိုလ် အက်ဥပဒေ အရလည်း ပြန်လည်ပြုစုပေးရမယ်၊
ပြန်လည်အသက်သွင်းပေးရမယ်လို့ ကျနော်တို့ ယုံကြည်တယ်။ အဲဒီကြားကာလမှာ ကျနော်တို့က မှတ်ပုံမတင်ဘဲနဲ့ ပွင့်လင်းမြင်သာမှု ရှိအောင် ကြိုးစားပြီးလုပ်နေတယ်၊ လုပ်နေတဲ့အတွက် ကျနော်တို့က
လောလောဆယ် ခုနကသူတို့ပြောတဲ့ ဥပဒေနဲ့တော့ မှတ်ပုံတင်မှာ မဟုတ်ဘူးဆိုတာ ကျနော်တို့ ပြန်ပြောခဲ့ပါတယ်ခင်ဗျ။”

အနှစ် (၅၀) ပြည့် 7 July အခမ်းအနား ပြုလုပ်ဖို့အတွက် တက္ကသိုလ် အဆောက်အဦးတွေကို ခွင့်မပြုနိုင်ရင် အခြားနေရာတွေကော ခွင့်ပြုမလားလို့ မေးမြန်းရာမှာလည်း တရားမဝင် အဖွဲ့အစည်း ဖြစ်လို့ ခွင့်မပြုနိုင်ဘူးလို့ အာဏာပိုင်တွေက ပြောကြားတယ်လို့လည်း ကိုမိုးထက်နေက ပြောဆိုပါတယ်။

RFA

0 comments: