
အမျိုးသားဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၂၁ ရက်နေ့ ညနေ ၃း၀၀ နာရီအချိန်မှာ ဗြိတိသျှပါလီမန် ဝက်မင်စတာ (Wesminster) ခန်းမကြီးမှာ မိန့်ခွန်း ပြောကြားခွင့် ရခဲ့ပါတယ်။ သက်တမ်း နှစ် ၉၀၀ ကျော်ပြီဖြစ်တဲ့ အဲ့ဒီခန်းမကြီးမှာ စကားပြောခွင့်ရတာဟာ အမျိုးသမီးတဦး အနေနဲ့ ပထမဦးဆုံးဖြစ်ပြီး အာရှနိုင်ငံသားတွေထဲမှာလည်း ပထမဆုံး စကားပြောခွင့်ရတာ ဖြစ်ပါတယ်။ တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလား၊ အမေရိကန်သမ္မတ ဘာရက်အိုဘားမား၊ ပုပ်ရဟန်းမင်းကြီး စတဲ့ ကမ္ဘာကျော် ခေါင်းဆောင်တွေ စကားပြောခွင့်ရခဲ့တဲ့ အဲ့ဒီ ခန်းမကြီးမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြားခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်လို့ ၁၉၉၀ ပြည့်နှစ် ပန်းဘဲတန်းလွှတ်တော်အမတ် ဦးမောင်မောင်အောင်နှင့် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးခွန်ဆိုင်းတို့မှ ဘားမားဗီဂျေမီဒီယာကို ပြောကြားလိုက်ပါတယ်။
by BurmaVJMedia
Welcome to SeekaHost
10 months ago










0 comments:
Post a Comment