ထိုင်းနိုင်ငံမှာ လူကုန်ကူးခံရသူ မြန်မာ နိုင်ငံသား ၃ ဦးကို ထိုင်းအစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့နဲ့ ထိုင်းနိုင်ငံ အခြေစိုက်
မြန်မာ နိုင်ငံသားများ အသင်းတို့ ပူးတွဲပြီး ကယ်တင် လိုက်နိုင်တယ်လို့ သိရပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့မှာ နေထိုင်တဲ့ ဇနီးမောင်နှံက မြန်မာနိုင်ငံသား ၁ဝ ဦးလောက်ကို ထိုင်းနိုင်ငံ ကန်ချနဘူရီ ခရိုင်က မွန်အမျိုးသား တဦးထံမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ အတွင်းက ရောင်းစားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် သက်ဆိုင်ရာ မိသားစုတွေက သိရှိပြီး ဘန်ကောက်မြို့ အခြေစိုက် မြန်မာ နိုင်ငံသားများ အသင်းထံမှာ အရောင်းစား ခံရတဲ့
မြန်မာ နိုင်ငံသားတွေရဲ့ ဓာတ်ပုံတွေနဲ့ တကွ အကူအညီ တောင်းခံခဲ့ပါတယ်။
မြန်မာ နိုင်ငံသားများ အသင်းက ထိုင်း အာဏာပိုင်တွေ နဲ့ ကုလသမဂ္ဂ လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့တွေကို သတင်းပေးခဲ့ပြီး လူကုန်ကူးခံရသူ ၁ဝ ဦးထဲက ၃ ဦးကို ဇွန်လ ၂၂ ရက်နေ့မှာ ကယ်တင်ခဲ့ တယ်လို့ ဆိုပါတယ်။
သူတို့ ၃ ဦးကို ထိုင်းနိုင်ငံ ပထုံဌာနီ မြို့မှာ ရှိတဲ့ ကယ်ဆယ်ရေး စခန်းကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
How to Get Free Money on Pana365 Casino 2025?
22 hours ago
0 comments:
Post a Comment