စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, June 25, 2012

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက သူ့ မဲဆန္ဒနယ်ထဲက ချို့တဲ့တဲ့ မူလတန်းကလေး အယောက် ၁ ထောင့် ၇ ရာအတွက် ကျောင်းသုံးပစ္စည်း တွေ လှူဒါန်းဖို့ စီစဉ်နေ





ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက သူ့ မဲဆန္ဒနယ်ထဲက ချို့တဲ့တဲ့ မူလတန်းကလေး အယောက် ၁ ထောင့် ၇ ရာအတွက် ကျောင်းသုံးပစ္စည်း
တွေ လှူဒါန်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

မင်္ဂလာတောင်ညွန့် မြို့နယ် ထဲက အချို့တဲ့ဆုံး ရပ်ကွက် (၈) ခုက ကလေးသူငယ် တွေကို ထောက်ပံ့သွားမယ်လို့ ဒေါ်ဖြူဖြူသင်းက
ပြောပါတယ်။

ဒေါ်ဖြူဖြူသင်းဟာ သူရရှိမယ့် လွှတ်တော်အမတ် လစာငွေ ကျပ်ငွေ ၃ သိန်းကိုလည်း အခု ထောက်ပံ့မယ့် ရန်ပုံငွေထဲမှာ ထည့်ဝင်သွားမယ်လို့ သိရပါတယ်။

ထောက်ပံ့ပေးမယ့် အထဲမှာ ပုသိမ်ညွန့်၊ ကူးတို့ဆိပ်၊ ဆားစက်ဝင်း စတဲ့ ရပ်ကွက်တွေက ကလေးတွေ ပါဝင်မှာ ဖြစ်ပြီး စုစုပေါင်း ၂၃ သိန်း
ဖိုးလောက် ထောက်ပံ့နိုင်မယ်လို့ မျှော်လင့်ကြောင်း ဒေါ်ဖြူဖြူသင်း ကပြောပါတယ်။


0 comments: