ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ကိစ္စများနှင့် ပတ်သက်၍ မြန်မာစာနယ်ဇင်း သမဂ္ဂမှ ကြေညာချက် ထုတ်ပြန်
ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားနေသည့် ကိစ္စများနှင့် ပတ်သက်၍ မြန်မာစာနယ်ဇင်း သမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီမှ ဇွန်လ ၁၂ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်သည်။ ကြေညာချက် အပြည်အစုံမှာ -
“မြန်မာစာနယ်ဇင်း သမဂ္ဂမှ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ကိစ္စများနှင့် ပတ်သက်သည့် ကြေညာချက်
ရက်စွဲ။ ။ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၂ ရက်
၁။ သတင်းဌာနများ အနေဖြင့် လက်ရှိ ဖြစ်ပျက်နေသော အခြေအနေတွင် သတင်းများ ရေးသားရာ၌ တိုင်းပြည်၏ အထိခိုက် မခံသော အခြေအနေ အရပ်ရပ်ကို နားလည် သဘောပေါက်ပြီး သတိကြီးစွာဖြင့် ဂျာနယ်လစ် ကျင့်ဝတ်များနှင့်အညီ ရေးသားကြပါရန် မြန်မာ စာနယ်ဇင်းသမဂ္ဂမှ တိုက်တွန်း နှိုးဆော်ပါသည်။
၂။ လက်ရှိ ရှုပ်ထွေးနေသည့် အချိန်အခါတွင် ကောလဟာလ မမှန်သတင်းများ မပြန့်ပွားစေရန် အတွက် ဥပဒေစိုးမိုးရန် တာဝန်ရှိသော နိုင်ငံတော်အစိုးရမှ ဖြစ်ရပ်မှန် သတင်းများကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ သော်လည်းကောင်း၊ နိုင်ငံပိုင် သတင်းမီဒီယာများမှ ပွင့်ပွင့်လင်းလင်းဖြင့် အချိန်နှင့် တစ်ပြေးညီ ဖော်ပြပေး၍ သော်လည်းကောင်း ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံ ပါသည်။
မြန်မာ စာနယ်ဇင်းသမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီ”
ဟူ၍ ဖြစ်ပါသည်။
0 comments:
Post a Comment