ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး Mr. Derek Mitchell သည် မြန်မာနိုင်ငံသို့
ခြောက်ကြိမ်မြောက် ခရီးစဉ်အဖြစ် မတ်လ၁၁ရက်တွင် လာရောက်ခဲ့ပြီး ယနေ့ညနေ၄နာရီ(မတ်လ၁၄ရက်) တွင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်တက္ကသိုလ်ရိပ်သားလမ်းနေအိမ်တွင် ၁နာရီမိနစ်၄၀ကြာ
တွေ့ဆုံဆွေးနွေးခဲ့သည်။
တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ယခုလတ်တလောဖြစ်ပေါ်နေသော
မီဒီယာများအား အစိုးရ၀န်ကြီးဌာနများက တရားစွဲဆိုနေသည့် ကိစ္စနှင့်ပတ်သက်၍ “တရားစွဲတယ်ဆိုတာ မဟုတ်မမှန် စွပ်စွဲရင်တော့
တရားစွဲနိုင်တာပေါ့။ အမှန်ကိုအမှန်အတိုင်း ပြောတာကို ပါးစပ်ပိတ်တယ်ဆိုတာဟာ ဒီဟာ မီဒီယာလွတ်လပ်ခွင့်ကို ကန့်သတ်တယ်ဆိုတာ
ဒီနိုင်ငံရဲ့ တိုးတက်မှုကို ကန့်သတ်တာနဲ့တူတူပဲ။ ကျွန်မကတော့ ဒီလိုပဲ ယုံကြည်တယ်”ဟု ပြောကြားသွားခဲ့သည်။
0 comments:
Post a Comment