စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, March 20, 2012

ကြံ့ခိုင်ရေး ပါတီကြီးရဲ့ မဲဆွယ်နည်း


ဟုတ်ကဲ့...မြန်မာနိုင်ငံသားတစ်ယောက်အဖြစ် သင်ဂုဏ်ယူလို့ ရပါပြီ။

အထူးသဖြင့် ဒီလို မဟာ့ မဟာ ဥာဏ်ကြီးရှင်တွေ ဦးစီးတဲ့ ကြံ့ခိုင်ရေး ပါတီကြီးရဲ့ အုပ်ချုပ်မှုအောက်မှာ လူဖြစ်ခွင့်ရတာကိုပဲ သေမယ်ဆိုရင် သေပျော်ပြီလို့ ကျေကျေနပ်နပ် မှတ်ယူနိုင်ပါပြီ။

တိုင်းပြည်ကို ခေါင်းဆောင်မယ့် ပါတီဝင်လူကြီးမင်းများက
တာမွေဈေးကို မပြောင်းစေရပါဘူးလို့ ဒီလိုလေး အတိတ်ပြပြီး မဲဆွယ်ခဲ့ပါတယ်...တဲ့။
(ပြောင်းဖူးပေါ်မှ “မ” လို့ ထင်ထင်ရှားရှားရေးပြထားပါတယ်)

ဟုတ်ကဲ့.. ဒီကမ္ဘာပေါ်တွင်သာ မက .. ဘယ်ကမ္ဘာပေါ်မှာမှ မတွေ့နိုင်တဲ့ ခန့်ခန့်ငြားငြား မဲဆွယ်နည်းဖြစ်ပါသည်။

အို.. နိုင်ငံသူ၊ နိုင်ငံသား အပေါင်းတို့..
သင်တို့သည် သေပျော်သူများ ဖြစ်သွားကြပါပြီ တမုံ့။

(မှတ်ချက် ။ ထိုနေ့ ညနေဂဏန်းအဖြစ် ၅၅ အပူးထွက်ကာ တာမွေတစ်ဈေးလုံး ၀က်ဝက်ကွဲ ပေါက်ကြလေသတည်း) :P


[ Facebook မှာ တွေ့ရတဲ့ ဓာတ်ပုံ နဲ့ ရေးသားချက်များ ဖြစ်ပါတယ် ]

0 comments: