စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, March 14, 2012

သတင်း တိုတို ထွာထွာ များစုစည်းမှု




 ဘင်္ဂလားဒေ့ရှ် မြန်မာ ရေပိုင်နက် အငြင်းပွားမှု ပြသနာကို နိုင်ငံတကာ တရားရုံးမှာ ဒီကနေ့ စီရင်ချက်ချမယ် လို့ ဘင်္ဂလားဒေ့ရှ် နယူးစ် တွမ်တီဖိုး အင်တာနက် သတင်းစာက ဖော်ပြ
ဘင်္ဂလားဒေ့ရှ် မြန်မာ ရေပိုင်နက် အငြင်းပွားမှု ပြသနာကို နိုင်ငံတကာ တရားရုံးမှာ ဒီကနေ့ စီရင်ချက်ချမယ် လို့ ဘင်္ဂလားဒေ့ရှ် နယူးစ် တွမ်တီဖိုး အင်တာနက် သတင်းစာက ဖော်ပြ ထားပါတယ်။ ဂျာမနီနိုင်ငံ ဟမ်းဘာ့ဂ် မြို့က ပင်လယ်ဥပဒေဆိုင်ရာ နိုင်ငံတကာ တရားရုံးက တရားစီရင်ချက်ကို ထုတ်ပြန် ကြေညာမယ်လို့ ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာကြား ပင်လယ်ရေပိုင်နက်မျဉ်းကို ၁၉ ၇၄ခုနှစ်က ပမာဏ သဘော တူညီခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ ပြန်အတည်ပြု ထားတဲ့ အတိုင်း ဖြစ်သင့်တယ်လို့ တရားစီရင် ကြေညာပေးဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက နောက်ဆုံး တင်သွင်းချက်အရ တောင်းဆိုထားပါတယ်။
----------------------------
 အမျိုးသားသတင်း ဆုပေးပွဲအခမ်းအနားကို Sky Net ရုပ်သံလိုင်းက တိုက်ရိုက်ထုတ်လွှင့်မယ်
ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ မတ်လ ၁၈ ရက် မွန်းလွဲ ၁ နာရီကစပြိးကျင်းပမဲ့ အမျိုးသားသတင်း ဆုပေးပွဲအခမ်းအနားကို Sky Net ရုပ်သံလိုင်းက တိုက်ရိုက်ထုတ်လွှင့်မယ်လို့ သိရပါတယ်။ အခုချီးမြှင့်မယ့် အမျိုးသားသတင်းဆုကို ၅မျိုးခွဲထားပြီး အကောင်းဆုံးသတင်းဆု၊ အကောင်းဆုံး သတင်းဆောင်းပါးဆု၊ အကောင်းဆုံး သတင်းဓာတ်ပုံဆုနဲ့ အကောင်းဆုံး သတင်းကာတွန်းဆုတွေ ပါဝင်ပါတယ်။ အကောင်းဆုံး အယ်ဒီတာ့အာဘော်ဆုကိုတော့ ရွေးချယ်နိုင်ခြင်း မရှိပါဘူး။ ပြီးခဲ့တဲ့နှစ်အတွင်း ဖော်ပြခဲ့တဲ့ သတင်းနဲ့ ဆောင်းပါးတွေကို စိစစ်ရွေးချယ်တာဖြစ်ပြီး ဆု ၁ ဆုစီအတွက် ကျပ်ငွေ ၁၀ သိန်းနဲ့ ဆုတံဆိပ်တွေ ချီးမြှင့်မှာ ဖြစ်ကြောင်း ဆုချီးမြှင့်ရေး ဦးဆောင်ပြုလုပ်နေတဲ့ ဦးကိုကို (စက်မှု) ကပြောပြခဲ့ပါတယ်။
---------------------------------
မြန်မာနိုင်ငံသို့သွားရန် လေယာဉ်ဈေးကြီးပေး ငှားရမ်းခြင်းမှာ ဒီမိုကရေစီအရေးအတွက်ဖြစ်ကြောင်း နယူးဇီလန်ဝန်ကြီးချုပ်ပြောကြား

နယူးဇီလန်ဝန်ကြီးချုပ် ဂျွန်ကီးက နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မက်လ်ခူလီမှာ ကန်ဒေါ်လာ ၂၆၀၀၀ ကုန်ကျသော စင်းလုံးငှား လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့သွား ရောက်ခြင်းမှာ ဒီမိုကရေစီအကျိုး အတွက် အသုံးပြုခြင်းဖြစ်ကြောင်း ထိုခရီးစဉ်နှင့်ပတ်သက်၍ ဝေဖန်မှုများကိုချေပလိုက်သည်။

ယူးဇီလန် နိုင်ငံခြားရေးဝန် ကြီး မစ္စတာမက်လ်ခူလီဦးဆောင် သောအဖွဲ့ဝင်ငါးဦးပါသည့် ကိုယ် စားလှယ်အဖွဲ့မှာ ဒေါ်လာ ၂၆၀၀၀ ကုန်ကျသော စင်းလုံးငှား လေယာဉ်ဖြင့် မတ်လ ၆ရက်မှ ၈ ရက်အထိ သုံးရက်ကြာခရီး လာရောက်ခဲ့သည်။ နယူးဇီလန် အစိုးရအသုံးစရိတ်ချွေတာရန် အစိုးရ၀န်ထမ်း ၃၀၅ ဦးလျှော့ချ ရန် အဆိုပြုထားချိန်တွင် အမေ ရိကန်ဒေါ်လာ ၂၆၀၀၀ ကုန်ကျ သော စင်းလုံးငှားလေယာဉ်ဖြင့် နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ သွားရောက်ခြင်း ကြောင့် အလုပ်သမားခေါင်း ဆောင်များက ဝေဖန်ခဲ့သည်။ ထို့ ကြောင့် နယူးဇီလန်ဝန်ကြီးချုပ်က နိုင်ငံခြားရေးဝန်ကြီးအပေါ် ဝေ ဖန်မှုများကို ချေပလိုက်ခြင်းဖြစ် သည်။
အလုပ်သမားခေါင်းဆောင် များကမူ စင်းလုံးငှားလေယာဉ် မငှားဘဲ သာမန် ခရီးသွားလေ ယာဉ်များဖြင့် မြန်မာနိုင်ငံသို့ သွားပါက ဒေါ်လာ ၆၀၀၀ သာ ကုန်မည်ဟုဆိုသည်။

မစ္စတာမက်လ်ခူလီ၏ ပြော ရေးဆိုခွင့်ရှိသူက နေပြည်တော် မှာ နိုင်ငံတကာခရီးတင်လေယာဉ် များ မဆိုက်ကပ်ခြင်းကြောင့် ခရီး စဉ်လုံခြုံမှုနှင့် အဆင့်အတန်းအတွက် စင်းလုံးငှားလေယာဉ်ငှား ရခြင်းဖြစ်ကြောင်း Fair Fax မီဒီ ယာသို့ပြောသည်။ နယူးဇီလန် နိုင်ငံခြားရေးဝန် ကြီးမှာ မြန်မာနိုင်ငံခရီးစဉ်တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ ငြိမ်း ချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင် ဆန်းစုကြည်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့နှင့် တွေ့ဆုံခဲ့သည်။ ၎င်းနှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံစဉ် သူမက အခက် ခဲဆုံးကာလများတွင် သူမ သွား ရောက်ချင်ဆုံးနှင့် အနေချင်ခဲ့ဆုံး နိုင်ငံမှာ နယူးဇီလန်ဖြစ်ကြောင်း ပြောခဲ့သည်ဟု မစ္စတာမက်လ်ခူလီကပြောသည်။ နယူးဇီလန်နိုင်ငံမှ နိုင်ငံ ခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ ယခုအကြိမ် လာရောက်မှုမှာ နယူးဇီလန်အစိုးရ၏ အဆင့်မြင့် ဆုံးပုဂိုလ် မြန်မာနိုင်ငံသို့ လာရောက်မှုဖြစ်သည်။

ကိုးကား - New Zealand Herald, MSN NZ News
------------------------------------
 ကုလသမဂဖွံ့ဖြိုးမှု အစီအစဉ် ယူအဲန်ဒီပီ ဟာ မြန်မာနိုင်ငံတွင်း အစီအစဉ်တွေကို အင်အားပြည့် လုပ်ဆောင် သွားဖို့ ကတိပြုလိုက်ပြီလို့ ချန်နယ်နယူးစ်အေးရှား သတင်းဌာနက ဒီကနေ့ ထုတ်ပြန်
ကုလသမဂဖွံ့ဖြိုးမှု အစီအစဉ် ယူအဲန်ဒီပီ ဟာ မြန်မာနိုင်ငံတွင်း အစီအစဉ်တွေကို အင်အားပြည့် လုပ်ဆောင် သွားဖို့ ကတိပြုလိုက်ပြီလို့ ချန်နယ်နယူးစ်အေးရှား သတင်းဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။ ယူအဲန်ဒီပီ ရဲ့ ခေါင်းဆောင် ဟဲလင် ကလာ့ခ်က အစိုးရအဖွဲ့ တည်ဆောက်ရေးနဲ့ အဂတိလိုက်စားမှု ပြသနာလို အရေး ကိစ်စ တွေကို ကိုင်တွယ်ဖြေရှင်းရေးဟာ မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးပါတယ်လို့ ပြောပါတယ်။ အသိဥာဏ် ရှိရာရောက်တဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆုံးဖြတ်ချက်တွေ ချနိုင်ရေး ဗဟိုကနေ ဒေသခံတွေထိ အစိုးရတွင်း အဆင့်တိုင်းမှာ လူ့စွမ်းအားအရင်းအမြစ် နဲ့ကျွမ်းကျင်မှု စွမ်းရည်တွေ တည်ဆောက်ဖို့ အရေးကြီးတယ် ကုလသမဂ အနေနဲ့ ဒါတွေကို ထောက်ပံ့ဖို့ နေရာတခုမှာ ရှိလာမယ်လို့ ထင်တယ်လို့ သူက ပြောပါတယ်ရှင်။ ကြားဖြတ်ရွေးကောက်ပွဲ ကောင်းကောင်း ပြီးစီး အောင်မြင်ခဲ့ရင် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ဖော်ကိုင်ဖက်တွေက ယူအန်ဒီပီ မြန်မာနဲ့ တွဲပြီး လုပ်ဖို့ ထောက်ပံ့နိုင်တယ်လို့လဲ UNDP အကြီးအကဲက ပြောပါတယ်။
DVB TV News

0 comments: