စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, May 30, 2012

၂၄ နှစ်အတွင်း ပထမဦးဆုံး နိုင်ငံရပ်ခြားခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံသို့ ရောက်ရှိ (ရုပ်သံ)


ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်သို့ TG 306 လေယာဉ်ဖြင့် ထိုင်းနိုင်ငံ ဒေသစံတော်ချိန် ည ၉နာရီ မိနစ် ၃၀ အချိန်တွင် ရောက်ရှိခဲ့ပါသည်။

ထိုသို့ ရောက်ရှိစဉ် အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို အထူးရဲအဖွဲ့မှ တာဝန်ယူပေးခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည်သုဝဏ္ဏဘူမိ လေဆိပ်သို့ ရောက်ရှိခဲ့ပြီး နောက် သီးခြားအထူးဧည့်သည်များ ထွက်ခွာလေ့ရှိသော ဂိတ်မှ မထွက်ခွာပဲ ဂိတ်အမှတ် (၁၀)မှ ထွက်ခွာခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဘန်ကောက်မြို့၌
နေထိုင်စဉ်ကာလအတွင်း World Economic Forum on East Asia 2012 ကျင်းပပြုလုပ်နေသည့် ရှန်ဂရီလာ ဟိုတယ်၌ပင် ခေတ္တတည်းခိုမည် ဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်သို့ TG 306 လေယာဉ်ဖြင့် ထိုင်းနိုင်ငံ ဒေသစံတော်ချိန် ည ၉နာရီ မိနစ် ၃၀ အချိန်တွင် ရောက်ရှိခဲ့ပါသည်။ ထိုသို့ ရောက်ရှိစဉ် အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို အထူးရဲအဖွဲ့မှ တာဝန်ယူပေးခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် သုဝဏ္ဏဘူမိလေဆိပ်သို့ ရောက်ရှိခဲ့ပြီး နောက် သီးခြားအထူးဧည့်သည်များ ထွက်ခွာလေ့ရှိသော ဂိတ်မှ မထွက်ခွာပဲ ဂိတ်အမှတ် (၁၀)မှ ထွက်ခွာခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဘန်ကောက်မြို့၌ နေထိုင်စဉ်ကာလအတွင်း World Economic Forum on East Asia 2012 ကျင်းပပြုလုပ်နေသည့် ရှန်ဂရီလာ ဟိုတယ်၌ပင် ခေတ္တတည်းခိုမည် ဖြစ်ပါသည်။

မေလ ၂၉ ရက်နေ့ညပိုင်းမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိလာတဲ့
ဒေါ်အောင်ဆန်းစုကြည်ကို ဘန်ကောက်လေဆိပ်မှာ စောင့်မျှော်နေကြသူ ကြိုဆိုသူတွေ၊
Bay Dah
မြန်မာပြည် က စတုတ္ထ မဏ္ဏိုင် ဆိုပြီး သတင်းထောက် မာန် တက် နေ တဲ့ မနေ့တနေ့၊ ဒေါ်စု စည်းရုံးရေး ဆင်း မှ နာမည်လေး ရ လာ တဲ့ Paparaza အဆင့်လောက် ရှိ တဲ့ ဓါတ်ပုံဆရာ ယောင် ကိုယ့်ကို ကိုယ် သင်းထောက် နာမည် ယူ ထား သူ တွေ၊ တွေ့ပြီလား ၊ သူများတိုင်း ပြည် က၊ သတင်းထောက်တွေ၊ လုံခြုံရေး အစီအစဉ် ကို ဘယ်လို အလေးထား တယ် ဆို တာ၊ ဒေါ်စု သွားမဲ့ လမ်းကြောင်း ကို ပိတ်ပြီး ဓါတ်ပုံ မ ရိုက် ဘူး၊ လုံ ခြု ရေး စည်း အပြင် က ဘဲ ဓါတ်ပုံ ရိုက် ကြ တယ်။ သူတို့နေရာ သူတို့ သိ တယ်။

အဲဒီတော့ မြန်မာပြည် က သတင်းထောက် အမည်ခံ ဓါတ်ပုံဆရာ တ္မေ ၊ ကိုယ်နေရာ ကိုယ် သိ ကြ ပေါ့။ တခုခုဖြစ်ရင် ကျီးတွေလို ဝိုင်းအာ မ နေ နဲ့။


43 minutes ago · Like · 4
Bay Dah Thai women secret agent!! great!!!
42 minutes ago · Like · 2

NyiToe Aung အဲဒီကောင်မလေး ညာဘက်ခါးမှာ ၉ မမ ပစ္စတိုတလက်ပါတယ်။
36 minutes ago · Like · 5

Philosophermg Myathar
အမေစုကို ထိုင်းအထူးလုံခြုံရေးအဖွဲ့က အထူးအစီအစဉ်နဲ့စောင့်ရှောက်ပေးတာတွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းကပုဂ္ဂိုလ်တွေက အထူးအလေးထားစောင့်ရှောက်ပေးတာ ..ပြည်တွင်းက မီဒီယာတွေ lobbyလုပ်ထားသလားမှ မသိတာ ..အဟီးဟီး သိပ်ရီရတယ်... ဒါကြောင့်ကျနော်ပြောခဲ့ပါတယ်..ပေါက်စ လေးတွေကို ..ဘ၀မမေ့နဲ့ ..ဘ၀င်မမြင့်နဲ့လို့.. ဘ၀မေ့ပြီးဘ၀င်မြင့်ရင် ရူး တတ်တယ်လို့ ...ကျနော်အဲလို ဘယ်သူကိုပြောခဲ့လည်းသိချင်ရင် ပြည်တွင်းကပေါက်စ သတင်းမီဒီယာလေးများကို မေးမြန်းကြည့်တော်မူပါ..

EMG မှ ကွန်မင့်များကို အများသိစေရန်ဖော်ပြအပ်ပါသည်.။


0 comments: