စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, May 25, 2012

သူ့ဘော်လီဘောပုတ်..။ ကိုယ့်ဘော်လီဘောပုတ်နဲ့...။ မှိန်းနေတဲ့သူက မှိန်းနေတယ်..။



မနေ့က လျှပ်စစ်(၁) က တာဝန်ရှိသူတစ်ဦး ရှင်းပြသွားတာကို သတင်းတစ်ခုမှာ ကြားလိုက်ရပါတယ်..။ မြန်မာနိုင်ငံမှာ သဘာဝဓာတ်ငွေ့မရှိလို့ လွန်ခဲ့တဲ့ ၆ နှစ်ကတည်းကစပြီး ရပ်ဆိုင်းထားတဲ့ လျှပ်စစ် ဓာတ်အားပေးစက်ရုံ (၆) ရုံရှိတယ်ဆိုတဲ့သတင်းပါ..။

အဲဒီတော့ ဦးဇော်မင်းရဲ့ လျှပ်စစ်(၁) ၀န်ကြီးဌာနက သူတို့ကိုယ်တိုင် စီမံကိန်းတွေဖက်စပ်လုပ်ပြီး လျှပ်စစ်ကို ရောင်းစား၊ ပြည်သူကို မီးမှိတ်ခိုင်းထားတဲ့ အပြစ် မပေါ်လွင်အောင် ဒေါ်လာကို အမဲရိုးလို အရူးအမူးလိုလိုချင်ချင်ရောင်းချနေတဲ့ ပုလင်းတူးဗူးဆို့ ဖြစ်နေတဲ့ စွမ်းအင်ဝန်ကြီးဌာနကို များဦးလှည့်ပေးလိုက်ပါတယ်..။ လျှပ်စစ် (၁) က သူနဲ့မဆိုင်ဘူးပေါ့ဗျာ..။

တကယ်တော့ ကိုယ့်နိုင်ငံတိုးတက်ဖို့အတွက် အစိုးရဌာနဆိုင်ရာ အားလုံးမှာ တာဝန်ရှိပါတယ်..။ အခုကိစ္စတွေမှာ လျှပ်စစ် ဖြန့်ဖြူးတဲ့ လျှပ်စစ် (၂) ကသာ သူတစ်ဦးတည်း တာဝန်ယူထားသလို ဒိုင်ခံရှင်းလင်းနေပြီး မီးစက်ကြီးတွေ နယ်တွေကိုပို့ပြီး လည်ပတ်စေခြင်း..။ သဘာဝဓာတ်ငွေ့သုံး အင်ဂျင်ကြီးများ မှာယူထားခြင်းကို လုပ်ကိုင်နေတာတွေ့ရပြီး ..

တကယ် လျှပ်စစ်ကို ထုတ်လုပ်ပြီး အိမ်နီးချင်းနိုင်ငံတွေကိုရောင်းစားနေတဲ့ လျှပ်စစ် (၁) ၀န်ကြီးဌာန။
ကိုယ့်ဘက်က အမြဲတမ်းခံရလေ့ရှိတဲ့ စာချုပ်ကြီးတွေချုပ်ပြီး သဘာဝဓာတ်ငွေကို ရောင်းစားလို့ ကိုယ့်နိုင်ငံအတွက်တောင် ချန်မထားတဲ့တဲ့ စွမ်းအင်ဝန်ကြီးဌာနရဲ့ တာဝန်ခံမှုတွေကြောင့် ယခုကိစ္စဟာ ကမ္ဘာ့အလည်မှာ အံ့သြစရာဖြစ်သွားပါတယ်..။

ပြန်စဉ်းစားကြည့်တော့ ရယ်စရာကြီးပါ..။
သူ့ဘော်လီဘောပုတ်..။ ကိုယ့်ဘော်လီဘောပုတ်နဲ့...။ မှိန်းနေတဲ့သူက မှိန်းနေတယ်..။

Yan Aung

0 comments: