စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, May 24, 2012

အီးပီးစီက ဒီလောက်တောင် လျှပ်စစ်လိုချင်တယ်လို့ တောင်းဆိုတဲ့ မြို့နယ် အ၀ ပေးလိုက်သည် ထင်ပါသည်။


မိမိတို့ တောင်ဒဂုံတွင် လျှပ်စစ်မီး ရရှိရေး မနေ့က ငြိမ်းချမ်းစွာ စီတန်းလမ်းလျောက်ခဲ့ကြသည်။ ည ဘယ်အချိန်ကတည်းက ပျက်နေမှန်း မသိသော လျှပ်စစ်မီး ယနေ့ မနက် ၁၁ နာရီ နှစ်ဆယ်မိနစ်တွင် တချက်လာသည်။ ပြည်သူတွေ ပျော်ရွှင်စွာဖြင့် အိမ်သုံးလျှပ်စစ်အသုံး အဆောင်များကို ဖွင့်လိုက်ကြသည်။ လျှပ်စစ် ဗို့လ် အားသည် ရုတ်ခြည်း ဗို့လ် အား ဆောင့်တက်လာသည်။
ဗို့လ်အား သုံးရာကျော် မီတာဒိုင်ခွက်များ မျှားတံများ ဆောင့်တက်ကုန်သည်။ စက်များ တဖုန်းဖုန်းဖြင့် မီးခိုးများ လွှမ်းကုန်သည်။

ကျနော့်တွင် ကွန်ပြူတာ တစုံ လောင်ကျွမ်းပေါက်ကွဲသွားသည်။ ပန်ကာ တလုံး ဖေါက်ကနဲ့ မီးခိုးထွက်ကာ ရပ်သွားသည်။

အိမ်နံဘေးမှ ရေစုပ် မော်တာ လောင်သွားသည်။ တီဗီ ဆာ့ကစ် မီးခိုးတွေ ထွက်သွားသည်။

ရပ်ကွက်တွင်း နေအိမ်များစွာတွင် လျှပ်စစ် ရှော့ဖြစ်သံ မီးဆောင့်တက်သံကြောင့် ပျက်စီးသံများ တအုန်းအုန်းဖြစ်သွားသည်။

အီးပီးစီက ဒီလောက်တောင် လျှပ်စစ်လိုချင်တယ်လို့ တောင်းဆိုတဲ့ မြို့နယ် အ၀ ပေးလိုက်သည် ထင်ပါသည်။ ကျနော်တို့ ကျောကော့သွားပါပြီ။ အင်မတန် နူးညံ့သော တုန့်ပြန်မှုပါ တကား။ ပညာရှိနည်းဖြင့် ပြည်သူတို့ကို လက်တုန့်ပြန်လိုက်လေခြင်းလား။ ကျနော်တို့ စိတ်ထဲ အင်မတန် မကောင်းဖြစ်မိပါသည်။ ပျက်စီးသွားသော လျှပ်စစ် အသုံးအဆောင်များကို ထိုင်ကြည့်ပြီး ငိုင်နေကြရပါပြီ၊ ပြင်ဆင်ခ စရိတ် တွေ မနည်း ပါလား။

ထိုင်ကြည့်ရင်း ဆုံးဖြတ်ချက် တခု ချလိုက်သည်။ ယနေ့ လျှပ်စစ် ဌာနဧ။် တာဝန်မဲ့ လျှပ်စစ် ဗို့လ်အား ရုတ်ခြည်း ဆောင့်တက်မှုကြောင့် မြို့နယ် အတွင်း နေအိမ် အတော်များများတွင် ပျက်စီးမှုများ မြောက်များစွာ ဖြစ်ပေါ်မည်မုချဖြစ်သည်။

ထိုပျက်စီးသွားသော လျှပ်စစ် အသုံးအဆောင်များအား စနစ် တကျ စုစည်းပြီး တာဝန် ရှိသော လျှပ်စစ် ဖြန့်ဖြူးရာဌာနကို တာဝန်ယူ ဖြေရှင်းပေးပါရန် အရေးဆိုမည် ဟု ဆုံးဖြတ်ပါသည်။
မိမိတို့ အိမ်ကိုယ်စီတွင် ပျက်စီးမှု ကိုယ်တိုင်ကြုံတွေ့ရသော ကြားသော သိသော မြင်သော ဒေသခံပြည်သူအများအား ယခု သတင်းကို လက်ဆင့်ကမ်း အမြန်ဆုံးဖြန့်ဝေပေးကြစေလိုပါသည်။

မနက်ဖြန် ညနေတွင် ယနေ့ ပျက်စီးသွားသော လျှပ်စစ် အသုံးအဆောင်များကိုင်ဆောင်ပြီး လျှပ်စစ်ဌာနရှေ့တွင် စုဝေး အရေးဆိုရန် စီစဉ်ပါမည်။
တာဝန်မဲ့စွာ လူထုအား ထင်သလို လျှပ်စစ်ဓါတ်အား ပြင်းထန်စွာ ဆောင့်တက် ပေးလွှတ်သော တာဝန်မဲ့ လုပ်ရပ်အား ဖြေရှင်းပေးရန် တောင်းဆိုပါမည်။

တာဝန် ရှိပါလျှက် တာဝန်မဲ့ ငြင်းဆိုသည် ဆိုပါလျှင် လျှပ်စစ်ဖြန့်ဖြူးရေး အစိုးရဌာနများအား ပြင်းထန်စွာ ကန့်ကွက် အရေးဆိုမည် ဖြစ်ပါကြောင်း

နေမျိုးဇင်

မြန်မာ့လူမှုဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက် (ရန်ကုန်)

0 comments: